Friday, November 14, 2008

[နေနတ်နွယ်] 1 New Entry: ဒီဗွီဒီလေးရဲ့ ပုံပြင်

ဒီဗွီဒီလေးရဲ့ ပုံပြင်

အလိုဗျာ .. ကျနော့် ဇာတိဘယ်အရပ်ကဆိုတာတောင် မေ့တေ့တေ့ပါ .. တချို့ တလည်း တရုတ်ပြည်နယ်စပ်က တချို့ ကလည်း ယိုးဒယားနယ်စပ်က လာတာလို့ အမျိုးမျိုးပြောကြတာပါပဲ .. ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း ပလတ်စတင် ဗန်းလေးထဲထည့် ရောင်းခံရတာပါပဲ … လမ်းဘေးမှာပေါ့ ..

ဈေးကလည်းအနေတော် တထောင်နဲ့ နှစ်ထောင်ကြား .. အစားစားပေါ့ ..

ဒါပေမယ့်လည်း သတင်းစာတွေ အင်တာနက် တီဗွီတွေ ထဲကလိုတော့ ဘယ်သူကမှ ခိုးကူးခွေရယ်လို့ ကျုပ်

တို့ ကို မခေါ်ပေါင် …

'' ဒီဗွီဒီ ၀ယ်ဖြစ်သေးလား … ဘာ အခွေတွေရှိလည်း … ''

'' အလုပ်က အပြန် လမ်းမှာတွေ့ လို့ ဒီဗွီဒီတချပ် ၀ယ်လာသေးတယ် ပိတ်ရက်ကြည့်ရတာပေါ့ … '' ဆိုတာ ကျုပ်တို့ ကိုပြောတာဗျ ..

ဟုတ်တယ်လေ… အရင်က တလကိုးသတင်း ဆင်ဆာ ဘုတ်ရှေ့ ငုတ်တုတ်ထိုင်ပြီးမှ နိုင်ငံခြာ ရုပ်ရှင်လေးတခွေ ငှား ကြည့်ခွင့်ရတဲ့ အနေအထားကနေ .. ဟော.. ၁၀ကားတွဲယူမလား .. ကား ၂၀တွဲယူမလား .. လမ်းဘေးမှာ တင် အောတိုက် ဈေးပေါပေါနဲ့ အပိုင်ဝယ်လို့ ရတာ .. ဘယ်သူကများမကြိုက်ရှိမလဲ .. ရုပ်ရှင်ရုံကြီးတွေကလည်း နိုင်ငံခြားကားတိုင်း တင်တာမှ မဟုတ်တာ .. ဈေးကလည်းကြီးဘာဘိနဲ့ ..

အဂ်လိပ်လို မတတ်ရင်တောင် ကလေးကား ခွေးကား လောက်တော့ ၀ယ်ထားကြတာပါပဲ ..

မြန်မာဗီစီဒီ သီချင်းတွေ ခွေကတော့ တပိုင်းပေါ့လေ .. ဒါပေမယ့်လည်း အသေကျပ်အနေကျပ် ခေတ်ကျပ်ကြီးမှာ အပမ်းဖြေစရာ ဆိုလို့ .. ဒီအရုပ်လေးတွေပဲကြည့်ရတာ … သီချင်းလေးပဲနားထောင်ရတာ ..တီဗွီက ကိုရီးယားကားဆိုတာကလည်း မီးလာတဲ့အချိန်နဲ့ မတိုက်ရင် ကြည့်ခွင့်ရတာ မဟုတ်ဘူးမှလား ..

ထားပါလေ.. အဆိုတော် ရင့်မကြီးတွေ ကားတ၀ီဝီနဲ့ ကျုပ် ထိုင်နေတဲ့ရှေ့ တင်ဖြတ်နေကြတာပဲ ဟာ ..

နေဦးဗျ… ကျုပ်က ဒီဗီဒီခွေချင်းအတူတူ နည်းနည်းတော့ ထူးတယ်.. သူများလို ဗန်းထဲတော့ ထည့်ရောင်းမခံရဘူး .. ဆိုင်ရှင်လွယ် အိတ်ထဲမှာ … တိတ်တိတ်ပုန်းရောင်းခံရတာ..

ဟာ……. တမျိုးတော့ မထင်ပါနဲ့ …. ကျုပ်က Rambo 4 အခွေပါ … လူတွေရဲ့ ထုံစံအတိုင်း မကြည့်ရဘူးဆို မှ ပိုကြည့်ချင်တာကလား … တနေ့ တနေ့ ဆိုင်ရှင်မှာ ရောင်းရတာ မနည်းဘူးရယ်.. အဲ.. ဒီဗီဒီခွေဗန်းထဲမှာတော့ .. RamBo 4 မရောင်းပါလို့ .. စာလေးထောင်ထားတာပေါ့ ..

ဒါကလည်း .. သူ့ ဝမ်းစာရေးလေ.. ကာကီရောင်ဝတ်.. အစိမ်းရောင်ဝတ် .. အပြာရောင်ဝတ်.. ယူနီဖောင်းဝတ်တွေလာတိုင်းမျက်နှာပျက်ပျက်နဲ့ သူ့ ခမျာ လိုင်းကြေးခေါ်လား ..ဆက်ကြေးခေါ်လား .. မျက်နှာပျက်ပျက်နဲ့ ပေးရရှာတယ်.. ခြေသလုံဖက်မတတ်လည်း .တောင်းပန်ရသေးတာ..

ကျုပ်လို မြိုးမြိုးမြတ်မြတ် သတ္တ၀ါလေးတွေနဲ့ မှ သူ့ မှာလည်းအသက်ရှုချောင်ရှာတယ်…

လွယ်အိတ်ထဲမှာ ကျုပ်တယောက်ထဲတော့ မဟုတ်ဘူးဗျ … စိန်စီသော ၀က်မ လို့ အများခေါ်တဲ့ စိန်စီသော ည အခွေလည်း သူ့ လွယ်အိတ်ထဲမှာပဲ … စိန်ရောင်ပြောင်လက်လက်ညှီစို့ စို့ မို့ လို့ စီဒီခွေချင်းတောင်

သူ့ နားမကပ်ချင်ပါဘူး .. ဒါတောင် ဒီ ၀က်မ မျက်နှာကို စီဒီ ကာဗာ မှာ ကပ်မထားပေလို့  ..

ကျုပ်ကြားဘူးတာတော့ .. အရင်တုန်းက လူအများပေါက်ကွဲချင်ရင် ဘောလုံးပွဲကြည့်ပီး ဆဲကြသတဲ့ .. အခုခေတ် အဲဒီ ၀က်မ အခွေများကြည့်ပြီး လူများ ဆဲကြသလား မှတ်ရတယ်.. တော်တော်တော့ ရောင်းရသားဗျ

ထားပါလေ… တနေ့ တော့ ဘယ်ကဘယ်လိုရောက်တယ်မသိ … ကွန်ပြူတာရှေ့ ထိုင်ထိုင်နေတတ်တဲ့ ကောင်လေး တယောက် အိမ်ကျုပ်ရောက်သွားပါတယ်.. သူ့ ဆီမှာ အဲဟို .. ၀က်မအခွေလည်းရှိသပေါ့ .. မြန်မာမှန်ရင် မကြည့်ဘူးတဲ့ သူ မရှိဘူးတောင် ထင်ပါတယ်လေ..

ဟောဗျာ … တနေ့ အစိမ်းရောင်ဝတ်များ ကောင်လေးအိမ်လာပြီး မွေနှောက်ကြပါလေရောလား ..

အစကတော့… ကောင်လေးနှယ်.. ဆက်ကြေးများ လိုင်းကြေးများ မပေးပဲ ဒီဗွီဒီရောင်းနေလို့ လားလို့ ..

ဘယ်ဟုတ်မလဲ .. အီလက်ထရောနစ်အက်ဥပဒေဆိုလား .. အဲဒီကတည်းက ခမျာလေး ပျောက်သွားလိုက်တာ

ဟော .. နဲနဲကြာတော့ ထောင် အနှစ် ၂၀ကျော်သူ ကျသွားသတဲ့ ..

ကျုပ်လည်းပဲ စိတ်မချမ်းသာပါဘူး .. ကျုပ်ကြောင့်လေလား .. ၀က်မကြောင့်လေလား ကျုပ်လည်းမသိပါဘူး ..


ဒါနဲ့ ပဲ .. ကျုပ်ကိုရောင်းခဲ့တဲ့ ဆိုင်ရှင်နဲ့ အခြားအမျိုးတူ နာမယ်တူ အခွေတွေ ၀ယ်ထားကြတဲ့ ပိုင်ဆိုင်တွေလည်း၁၅နှစ် နှစ်၂၀ကျ ကြတော့မှာပဲရယ်လို့ စိတ်ပူမိသား ..


ဘာမှတော့မကြားရပါဘူး .. ကျုပ်ကောင်လေးတယောက်ပဲ ကံဆိုးရှာပါတယ်ထင်တယ် ..


ဟုတ်တယ်လေ.. အဲလောက် လမ်းဘေးမှာ ဗန်းကိုစီနဲ့ ဝမ်းစာရှာနေကြ .. တချို့ ကလည်းဆိုင်ကြီးကနားကြီးနဲ့ အကြီးအကျယ်ရောင်းကြ ..ဖောက်သည်ဖြန့် ကြ ..


ဘယ့်နှယ်.. ကျုပ် အိမ်က ကောင်လေးမှ ဒီလိုဖြစ်ရတယ်လို့ ..


တနေ့ တော့ ကျုပ်သူငယ်ချင်း တယောက်ကို ဖုန်းဆက်မေးမိတယ်.. အခြားဘော်ဒါများသတင်းလည်းကြားလို ကြားငြားပေါ့လေ ….


''ဟလို .. သူငယ်ချင်း .. ငါ့ကို ခေါ်ထားမိတဲ့ကောင်လေးတော့ ဒုက္ခ ရောက်ရှာပီ.. မင်းအိမ်မှာရော..


အဆင်ပြေရဲ့ လားကွာ ..''


''ငှင်း.. ငှင်း … ပြေပါတယ်ကွာ..''


'' မင်းအသံက အဆီရစ်နေတဲ့ အထက်စီးက အသံပါလားကွာ .. မင်းဘယ်များရောက်နေပါသလဲ… လုံခြုံရဲ့ လား..တော်ကြာ လမ်းကြိတ်စက်နဲ့ မိနေဦးမယ်.. ''


''ပြေပါတယ်ကွာ.. ငါရောက်နေတာ XXXX ၀န်ကြီးရဲ့ အိမ်မှာကွ .. ၀က်မလည်း ငါနဲ့ ရှိနေတယ်..''


''ဟောဗျာ …. !! ''


ကျနော့မှာ လမ်းကြိတ်စက်အောက် မရောက်ပဲ စိတ်တွေ ပြားချပ်သွားပါလေရော ....


မလေးမေ

You received this email because you are subscribed to the real_time feed for http://www.naynatnwe.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.