Friday, November 14, 2008

[goldmyanmar] 1 New Entry: ၀ဋ်ကြွေးရှိရင် ကျေပါစေ

ဝဋ်ကြွေးရှိရင် ကျေပါစေ

သြော်....
ဘာလိုလိုနဲ့ လွတ်ကျသွားတဲ့ မြို့တော်နဲ့အတူ
ဘ၀နိဂုံး ပျောက်ဆုံးသွားတဲ့ မြို့စားကြီးတစ်ယောက်
ဘလောဂ့်ရပ်ဝန်းက ထွက်ခွာသွားခဲ့တာ
တစ်နှစ်ကျော်ခဲ့လေပြီ....
ခုတော့ ကံကြမ္မာရဲ့စေစားရာအတိုင်း
မြို့တော်ကြီးကို တကယ်ပဲ ကျောခိုင်းသွားခဲ့လေသလား...
ဘ၀ရဲ့အလှည့်အပြောင်းမှာ
ဖြစ်သမျှအကောင်း
ကြုံသမျှ ဘ၀၀ဋ်ကြွေးအဖြစ် သတ်မှတ်လိုက်ပါ မြို့စားကြီးရေ....
ခုတော့ ကြားရသူအပေါင်း
တုန်လှုပ်ချောက်ချားစေတဲ့
မြို့စားကြီးရဲ့ ဘ၀ရှေ့ရေးအတွက်
နှစ် ၂၀ ဆိုတဲ့ အချိန်အတိုင်းဟာ
ဘယ်ကာလထိများ တည်မြဲသွားမှာလဲ
လွှတ်ကျခဲ့တဲ့မြို့တော်ကို
ပြန်ကောက်ဖို့ကော ကြိုးစားနိုင်ခွင့်ရှိပါ့မလား
မတတ်သာ ဒီဘ၀မှာဖြင့်
ခပ်ခွာခွာ ဝေးတစ်နေရာက
လွတ်ကျခဲ့တဲ့ မြို့တော်ကြီးကို ပြန်လည်မွမ်းမံမယ့်အချိန်
အမြန်ပြန်ရောက်လာနိုင်ပါစေလို့
ဘလောဂ့်ရပ်ဝန်းတစ်ခုလုံးက
မျှော်လင့်ခြင်းများစွာနဲ့
စောင့်နေလျှက်ပါ.....


(လွတ်ကျခဲ့သော မြို့တော်ကြီးကို တည်ဆောက်ခဲ့တဲ့ မောင်လေး နေဘုန်းလတ်ရေ... နှစ် နှစ်ဆယ်ဆိုတဲ့အသံထက် နှစ်နှစ်ဆိုတဲ့အသံကို ပဲ နားထဲမှာ ပင့်တင်သံကြားယောင်နေမိတော့တယ်။ ၀ဋ်ကြွေးရှိရင် ကျေပါစေလို့ ရွှေမြန်မာမှ ဆုတောင်းနေပါတယ်။)

You received this email because you are subscribed to the real_time feed for http://goldmyanmar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.