Friday, November 14, 2008

[ဗုဒ္ဓတရားတော်များ] 2 New Entries: အက္ကောဓနသုတ်- (အမျက်ထွက်ခြင်းကင်းသော)

အက္ကောဓနသုတ်- (အမျက်ထွက်ခြင်းကင်းသော)

အက္ကောဓနသုတ်- (အမျက်ထွက်ခြင်းကင်းသော)

အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား -

{{အသျှင်ဘုရား အကျွန်ုပ်သည် အထူးသဖြင့် သန့်ရှင်းသော လူတို့၏ အမြင်ကို လွန်သော နတ်၌ ဖြစ်သော {ဒိဗ္ဗစက္ခုအဘိညာဉ်} မျက်စိဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်သော မာတုဂါမကို မြင်ပါ၏၊ အသျှင်ဘုရား အဘယ်မျှသော တရားတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်း သော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ပါ သနည်း}} ဟု လျှောက်၏။

အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

အဘယ်ငါးမျိုးတို့နည်း...

၁။ ယုံကြည်မှု {သဒ္ဓါ} လည်း ရှိ၏၊
၂။ အရှက်လည်း ရှိ၏၊
၃။ အကြောက်လည်း ရှိ၏၊
၎။ အမျက် မထွက်တတ်၊
၅။ ပညာရှိ၏။

အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၁ - အက္ကောဓနသုတ်၊ ဒုတိယပေယျာလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

တီဟိ ဓမ္မေဟိသုတ်-

တီဟိ ဓမ္မေဟိသုတ်-

ရဟန်းတို့ ...
တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ်ပျက် စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ဤလောက၌ မာတုဂါမသည် ...

၁။ နံနက်အခါ ၀န်တိုမှု {မစ္ဆေရ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊
၂။ နေ့လယ်အခါ ငြူစူမှု {ဣဿာ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊
၃။ ညချမ်းအခါ အလိုရမ္မက် {ကာမရာဂ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၎ - တီဟိ ဓမ္မေဟိသုတ်၊ ပဌမပေယျာလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.