Friday, November 14, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 11 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,14th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,14th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက်ချမှတ်

( 2 )Jailed poet gets HIV virus from forcible injection in Insein prison

( 3 )Appointment of Michael Green

( 4 )Myanmar allows Mercy to build hospitals

( 5 )မကြောက်တရားကို စွဲကိုင်ကြ

( 6 )ရတနာပုံ ဆိုက်ဘာစီးတီး ပြပွဲသို့ သွားဖို့အရေး ကွန်ပြူတာလုပ်ငန်းရှင်များ ၀န်လေး

( 7 )13 more dissidents jailed

( 8 )အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ

( 9 )Burma sentences dozens to lengthy prison terms

( 10 )၀' ဘိန်းဘုရင်တွေနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန် တားမြစ်မိန့်ထုတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ပန်ကြားလွှာ

စာမူများဖိတ်ခေါ်ခြင်း

ခေါ်သံ

BCD urges for suspension of SPDC from BIMSTEC's memberships

X warriors ဆိုဘဲ

ကိုမျိုးချစ်ရေ

အဲဒါ ထောက်လှန်းရေးဟောင်း တွေလို့ ယူဆပါတယ် သတိနဲ့ ယုံကြပါ ပြည်သူတွေဘက်ကတကယ်ရပ်တည်ချင်တာလဲဖြစ်နိုင်ပါတယ်

email က ရသမျှ ဘာမှမဆင်မခြင် ဖမ်းတင်တတ်တဲ့ ဘလော့ တွေကိုတော့ သတိထားကြပါ

မျိုးချစ်မြန်မာတစ်ဦး ( ရန်ကုန် )

လူတွေကို အကျိုးမပေးတဲ့ တိရိစ္ဆာန် တစ်မျိုး

Freedom from Fear 2

ဗားစလဗ် ဟာဗဲလ်၏ စကားဦး

ဗားစလဗ်ဟာဗဲလ် (Vaclav Havel) သည် အထူးရိုလေးစားခြင်းခံရသောပြဇာတ်နှင့် စာရေးဆရာ ဖြစ်ပြီးယခုအခါတွင်ချက် (Czech) နိုင်ငံ၏ သမ္မတ ဖြစ်သည်။ ချာတာ"၇၇" ဟု ထင်ရှားသော လူ့ အခွင့်အရေးလှုပ်ရှားမှုကို "၁၉၇၇" ခုနှစ်၌စတင်တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုကြောင့်ချက်ကိုစလိုဗားကီးယား (Czechoslovakia) တွင်ဒီမိုကရေစီကို ကျင့်သုံးလာနိုင်ခြင်း ဖြစ်၏။ တပါတီအာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ထောင်ချခံရခြင်း၊နေအိမ်တွင် အကျယ်ချုပ်ဖြင့်ဖမ်းဆီးခံရခြင်း စသည့် အတွေ့ အကြုံများ ရှိခဲ့သူ ဖြစ်သဖြင့်"ဗားစလဗ်ဟာဗဲလ်" သည်
အောင်ဆန်းစုကြည်အပေါ်တွင် အထူး စာနာထောက်ထား၊ ရိုသေလေးစားသူ ဖြစ်သည်။ သူမကို "၁၉၉၁" ခုနှစ်၌နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးရန် အဆိုပြုသူများထဲတွင် ၎င်းပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဘဲလ် ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့ ပြီ ဖြစ်သည်။ လွတ်လပ်မှုနှင့် လူ့ ဂုဏ်သိက္ခာအတွက် အာဏာရှင်စနစ်အား ဆန့် ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။ သူမသည် ဤဆုနှင့် အလွန်ပင် ထိုက်တန်သူတဦးဖြစ်သည်။ သူမသည် ရှင်းလင်းပြတ်သားသားခိုင်မာစွာ ပြောဆိုသူ ဖြစ်သည်။ သူမအား နှုတ်ဆိတ်သွားစေရန် ရည်ွယ်၍ နိုင်ငံခြားသို့  အမြဲတမ်း သွားရောက်နေထိုင်ပါရန် ဆွဲဆောင်ကမ်းလှမ်းလာသည် ကို သူမက လက်မခံဘဲ ငြင်းပယ်ထားပါသည်။ အကျယ်ချုပ် ကျခံနေရသည့်ဘဝတွင် သစ္စာတရားကို စောင့်ထိန်းလျက်ရှိသည်။ အာဏာမဲ့သူတို့ ၏ စွမ်းအား ကို သူမက အလွန်ထင်ရှားစွာဥပမာပြနေပါသည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် သူမအား အဆိုပြုခဲ့ရသည် ကို ကျနော် လေးနက်စွာ ဂုဏ်ယူမိသည့်အလျောက် သူမအား ရွေးချယ်လိုက်သည် ကို ကောင်းချီးဩဘာပေးကြသူများတွင်
ကျနော်အပါအဝင် ဖြစ်သည်။

မြန်မာပြည်၌ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးရရှိရန် ဦးတည်သော တိုက်ပွဲတွင် ဘဝကို မြုပ်နှံထားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ တိုင်းပြည်၌ တရားမျှတမှုရှိရန်အတွက်သာမက မိမိတို့ ၏ ပန်းတိုင် ကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်လိုသူ အားလုံးအတွက်ပါ ရဲရင့်စွာ ပြောဆိုနေခြင်း ဖြစ်ပါသည်။
ကမ္ဘာတခွင်လုံးတွင် လွတ်လပ်မှုရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်နေသမျှ ကာလပတ်လုံး ဒ်ါအောင်ဆန်းစုကြည်၏ ထုတ်ဖော်ပြောဆိုချက်ကဲ့သို့ သော ပြောဆိုမှုများသည် အခြားသူများ ကိုပါ လှုံ့ ဆော်သိမ်းသွင်းလာလိမ့်မည် ဖြစ်ပါသည်။ လွတ်လပ်ရေး တောင့်တသည့် ဟစ်ကြွေးသံသည်ဥရောပအလယ်ပိုင်းမှ ထွက်ပေါ်လာသည် ဖြစ်စေ၊ ရုရှားမှ ဖြစ်စေ၊ အာဖရိကမှ ဖြစ်စေ၊ သို့ မဟုတ် အာရှမှ ဖြစ်စေ တသံတည်းထွက်နေပါသည်။ ၎င်းမှာ လူသားအားလုံးကို လူ့ ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံပါရန်နှင့် လူသားအားလုံးတွင် မျှော်လင့်ချက်ရှိရန် လိုအပ်သည်ဟူသော ဟစ်ကြွေးသံပင် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍၎င်း၊ သူမ၏ စကားများသည် မြန်မာနှင့် ကမ္ဘာ့အခြေခံအယူအဆ ကို ရောင်ပြန်ဟပ်နေ၍၎င်း၊ သူမအား နှုတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။ လူသား၏ သန္ဓေပါဂုဏ်သိက္ခာ၊ လူသားနှင့် ခွဲခွာ၍မရသော ညီမျှသော အခွင့်အရေးများ ကို အသိအမှတ်ပြုသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်နှင့် ဆင် ခြင်တုံတရားရှိသည်ကို လက်ခံထားသော အယူအဆ၊ လူလူချင်း ညီအကိုမောင်နှမသဖွယ် မေတ္တာထားရန် အကြံ ပြုသော အယူအဆ စသည့် အတွေးအခေါ်အယူအဆတို့ သည် မိမိတို့ ၏ တန်ဖိုးထားမှုများနှင့် မည်ကဲ့သို့ ဆန့် ကျင်ဘက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် နားမလည်နိုင်အောင် ဖြစ်ရပေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားထားပါသည်။ ရဲရင့်သတ္တိရှိသော ဤအမျိုးသမီးအား နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် တရားမျှတမှုကို ကြိုးစားရှာဖွေနေကြသူ ကျနော်တို့ အားလုံးအတွက် သူမက ပြောဆိုနေသည်ကို ရှင်းလင်းစွာပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

ဥက္ကဌ ရောဂါနှင့် ဇတ်လိုက်ကျော်ကြီးတစ်သိုက်

ငယ်စဉ်က.. ကလေးတို့ဘဝမှာ..

လူကြီးပိုင်လို့

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.