Friday, November 14, 2008

[We Fight We Win. -- " More than Media "] 1 New Entry: ချမ်းသာသော နိင်ငံများ စီးပွား ရေး ကျဆင်းမှု ကိုကြုံတွေ့ နေရပြီ။

ချမ်းသာသော နိင်ငံများ စီးပွား ရေး ကျဆင်းမှု ကိုကြုံတွေ့ နေရပြီ။




ပြင်သစ်နိင်ငံ အခြေစိုက် နိင်ငံတကာ စီးပွားရေးဖွင့်ဖြိုးမှုနှင့်တိုးတက်မှုအကဲဖြတ်အသင်း(Organization for Economic Cooperation and Development OECD)က ဒီနေ့အစီရင်ခံ စာတစောင်ကို ထုတ်ပြန် လိုက်ပါတယ်။ ဤအစီရင်ခံစာမှာ နိင်ငံတကာ ငွေကြေး အကြပ်ရိုက်မှုကြောင့် ဖွင့်ဖြိုးပြီးနိင်ငံများ စီးပွားရေး ကျဆင်းမှု Global Recession ထဲသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်းနဲ့ဒီကာလက၂၀၀၉ခုနစ်အလယ်ပိုင်းလောက် အထိ ကြာမြင့်နိင်ဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။ ထုတ်လုပ်မှု က ၁.၄ရာခိုင်နှုန်းလောက်ကျဆင်းလာတယ်။ အမေရိကန် စီးပွားရေး ကတော့ ၂၀၀၉ ခုနစ် နောက်ဆုံးသုံးလပတ်မှာ ၂.၈ရာခိုင်နှုန်းကျဆင်သွားမှာဖြစ်ပါတယ်။ ဂျပန်က ကတော့ ၀.၁ ရာခိုင်နှုန်း နဲ့ ဥရောပ ၀.၅ ရာခိုင်နှုန်း အထိ ကျဆင်းလာမှာဖြစ်ပါတယ်။ ၁၉၇၄ -၇၅ ခုနစ်ကာလ အာရပ်နိင်ငံတွေက စက်မှုနိင်ငံများကို ပြစ်ဒဏ် ပေးတဲ့ အနေနဲ့ ရေနံ ထုတ်လုပ်မှု ကို လျော့ချပြီး ခဲ့တယ်။ ထိုစဉ်က ချမ်းသာသောနိင်ငံတွေ မှာ စီးပွားရေး အကြီးအကျယ် ကျဆင်းမှု ဖြစ်ခဲ့တယ်။ အိုအီးစီဒီ အသင်းရဲ့  ပေါ်လစီလေ့လာရေး ဒါရိုက်တာ ဂျောဂင် အဲလ်မီဇော်ဗ် ( Jorgen Elmeskov ) က စရင်းဇယားတွေ အရ စီးပွားရေးကျဆင်းမှုကို ဖေါ်ပြနေပါတယ် လို့ ဆိုပါတယ်။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.