Monday, November 24, 2008

[ချစ်သူ့ ပုံရိပ်] 2 New Entries: Until the Doomsday

Until the Doomsday


လာမဲ့ ၂၀၁၂
ကမ္ဘာကြီး ပျက်စီးမဲ့အဖြစ်
ဟုတ်သလို မဟုတ်သလိုနဲ့ အော်ဟစ်
ငါကတော့ ပိုပျော်တယ် အချစ်
မင်းနဲ့ အတူသေချင်တဲ့ စိတ်ကူးအသစ်
ဆုတောင်းတွေပြည့်တော့မဲ့ ၂၀၁၂ ……

by ...DecemberCinderella

( ချစ်သူလေးရေ ..ကျေနပ်ပါတော့)

ပုန်းရှောင်တတ်သူများသို့ ....


မင်းကို မြင်ချင်တဲ့ ငါဟာ
ကမ္ဘာပတ်ပြီး ရှာခဲ့တယ်
ငါ့ကို မမြင်ချင်တဲ့ မင်းက
အမြဲတမ်း Invisible ဖြစ်နေတယ် …

မင်းရှိမရှိ သိရဖို့
Off Record နဲ့ message ပို့ဖို့တောင်
ငါ့လက်တွေက ဟန်ဆောင်မကြိုးစားဘူး
ငါမလိုလားတဲ့ အဖြေတစ်ခုအတွက်
မျက်ရည်တွေကို သနားလို့လေ …

သွားလိုက်ပါ အဝေးဆုံး
မင်းဘယ်လောက်ပုန်းနိုင်မှာမို့လို့လဲ
တစ်ယောက်တည်း မြင်နေခွင့်ရဖို့
မျှော်လင့်ရှာတဲ့ မင်းအတွေးလေးကို
ငါ ..နားလည်ပေးချင်လွန်းလို့ပါ …

Leo လေးရေ
သံယောဇဉ်တွေ မကုန်သေးသရွေ့
ဒီလိုပုံစံနဲ့ မင်းရှောင်ပုန်းရတာ
စဉ်းစားတိုင်း ကိုယ်ချင်းစာပါတယ်
ဘာပဲဖြစ်ဖြစ် Internet ပေါ်မှာတော့
လွတ်လပ်စွာ လွမ်းခွင့်လေးတစ်ခု
မင်းဆုမတောင်းပဲ ငါ ဖြည့်ဆည်းပေးလိုက်တယ် ….

by ..DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.