Monday, November 24, 2008

[Sai Wunna] 3 New Entries: ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ၊ ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်

ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ၊ ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်

ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုက ယနေ့တွင် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ထောင်ဒဏ်မှာ ၆၈ နှစ် ကျခံရတော့မည် ဖြစ်သည်။

လူရွှင်တော် ကိုဇာဂနာ ရဲ့ အပြုံးဇတ်ထုတ်တွေ က န၀တ နှလုံးသွေး ကြော ကို ရပ်သွားလို့ ဒီကနေ့ပဲ နာဇီ အင်းစိန် အကျဉ်းထောင်ထဲက တရားရုံးမှာ ထောင်ဒဏ် ၄၅ နှစ် စီရင်ချက် ချ မှတ်လိုက်သည်။ လူရွှင်တော် ကတော့ အပြုံးမပျက် ပါဘဲ။

komoethee

ကိုမင်းသိန်း သို့ မဟုတ် ၆၅ နှစ်ကို စိန်ခေါ်လိုက်တဲ့ ခြသေ့င်္တကောင်

အေပီ

နိုဝင်ဘာ ၂၁ ရက် နေ့ ရန်ကုန်မြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးရှေ့ မှာ တကိုယ်တော် ဆန္ဒပြပွဲ တရပ်ဖြစ်ပွားခဲ့ပါတယ်။ ကိုမင်းသိန်းဆိုသူက ဒေါ်အောင်ဆန်းစုကြည် ကိုလွတ်ပေးဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရှေ့ ရုံးရှေ့ မှာ တကိုယ်တော် ဆန္ဒပြပွဲ ကို ဦး ပြခဲ့ခြင်းဖြစ်ပတယ်။ သူဟာ မင်းကိုနိင်နဲ့ အခြား သော နိင်ငံရေး အကျဉ်းသား တွေကို လွတ်ပေးဖို့ ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရ ပါတယ်။

အရပ်ဝတ်ယူနီဖေါင်းဝတ်ထားတဲ့ ရဲ များနဲ့  ကြံဖွတ်များက ကိုမင်းသိန်းကို ဗီဒီယိုနဲ့ ဓါတ်ပုံရိုက် ယူသွားကြတယ်။ ဖမ်းဆီးမှု တော့မရှိဘူးလို့ သိရပါတယ်။ ကျနော်ခံစားချက်ကို ကျနော်မှာ လွတ်လပ်စွာ ထုတ်ဖေါ်ပိုင်ခွင့်ရှိတယ်။ ဘယ်လို အပြစ်ပေးမှု မျိုးကို မှ ကျနော်မကြောက်ဘူး။ ၆၅ နှစ် မကလို နှစ် ၁၀၀ ပဲချချ၊ သတ်ပဲသတ်သတ် ကျနော် အဆင်သင့်ပ၊ဲ မတရားတာကို တော့ တရားတယ်လို့ မပြောနိင်ဘူး လို့ ကိုမင်းသိန်းက ဆိုပါတယ်။

http://komoethee.blogspot.com/

လူငယ်တွေရဲ့အစီအစဉ်

ယနေ့ ၂၂.၁၁.၂၀၀၈ မွန်းလွဲ ၁၁နာရီခွဲ ခန့်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၊ မြေနီကုန်း လမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ မင်္ဂလာဈေး ယုဇန ပလာဇာ တို့တွင် တချိန်ထဲ တပြိုင်နက်ထဲ ဖြန့်ဝေ ခဲ့သော စာစောင် များအားတွေ့ရစဉ် (အမျိုးသား ဒီမိုကရေစီ ရုံးချုပ်တွင် အမျိုးသားနေ့ ကျင်းပခြင်း) အခန်းနား စ တင် ချိန် ၁၂နာရီ ကကျင်းပခဲ့ပါတယ်။ နံရံ ကပ် စာစောင်များပြ ခဲ့တယ်။ စာပေ ဟောပြောပွဲ တွင် က ဗျာ ဆရာ နှစ် ဦးမှ ဟော ပြော ( ဦးကြည်အောင်နဲ့ ကိုလေး အင်းဝဂုဏ်ရည် ) မှာ ၃နာရီက အခန်းအနား ပြီ ဆုံးခဲ့ပါတယ်။

၁၁နာရီ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးချုပ်ရှေ့  တဖက် ခြမ်းရှိ စောင့်ကြည့် နေ သော အာဏာပိုင်များ ရှေ့မှောက်တွင်ပင် ဗိုလ်ချုပ် အောင်ဆန်းပုံ နှင့်  မိန့် ခွန်း များ ပါဝင်သော စာရွက်များအား လိုင်းကားများပေါ်မှ ၂ ကြိမ်တိုင် တိုင်ကြဲဖြန် သွားသည် ။ လူငယ် များ မှ ဇာတိမာန် သီချင်း နှင့် နဂါးနီ သီချင်းများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်ဟု ကြားရပါတယ်။ ( ဓါတ်ပုံ- လူငယ်တွေ ဖြန့် ဝေခဲ့တဲ့ ပိုစတာ)

ကိုမိုးသီဇွန်

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.