Monday, November 24, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: ကြည့်ဖြစ်တဲ့IceAgeကာတွန်းကား

ကြည့်ဖြစ်တဲ့IceAgeကာတွန်းကား








ဒီကာတွန်းကားလေးမှာ ဆင်ရယ် ရှဥ့်ရယ် ကျားရယ်နဲ့ ကလေးလေး တယောက် ပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ တောင်စွန်းတစ်ခုရဲ့ အောက်မှာ မိသားစုတစ်စု နေထိုင်ပါတယ်။ တနေ့တော့ ကလေးအသားကို စားဖို့ ကျားဆိုးတွေ လာရောက် သောင်းကျန်းပါတယ်။ ဒါကို အဖေလုပ်သူက ကျားဆိုး အန္တာရယ်ကို ခုခံကာကွယ်ရင်း အမေဖြစ်တဲ့ သူက ကလေးလေးကို ချီကာ ထွက်ပြေးရင်း ကျားဆိုး ကိုက်ခံရကာ ကလေးနဲ့အတူ မြစ်ထဲ မျောသွားပါတယ်။

တစ်နေရာမှာ သောင်တင်နေတာကို ရေသောက် ဆင်းလာတဲ့ ဆင်တစ်ကောင်က တွေ့တော့ အသက် မရှိတော့တဲ့ မိခင်ရဲ့လက်ထဲက အသက်ရှင် နေသေးတဲ့ ကလေးကို မွေးစားလိုက်ပါတယ်။ သွားလေရာ ကလေးကို ချီယူသွားပါတယ်။ လမ်းမှာ မတည့်အတူနေ မိတ်ဆွေရှဥ့်ကို တွေ့တော့ ကလေးကို နင်မွေးငါမွေးနဲ့ နောက်ဆုံး နှစ်ယောက်အတူတူ ထိန်းသိမ်း စောင့်ရှောက်ဖို့ သဘောတူ လိုက်ကြတယ်လေ။

တစ်နေ့တော့ ကျားခေါင်းဆောင်က ကလေးဟာ ဆင်နဲ့ ရှဥ့်ဆီမှာ ရှိနေတယ်ဆိုတာ သိရတော့ တစ်ချိန်လုံး ကလေးကို ယူဖို့ပဲ ချောင်းနေတာလေ။ မရတဲ့အဆုံး ခေါင်းဆောင်ကျားက နောက်ဆုံးမှာ သူ့တပည့်ဖြစ်တဲ့ ကျားကို ပရိယာယ်လုပ်ခိုင်းပြီး ဆင်နဲ့ရှဥ့်ရဲ့ အယုံအကြည်ကို ယူစေပါတယ်။ အဲဒီမှာ ဆင်ရယ် ရှဥ့်ရယ် ကျားတကောင်ရယ်ဟာ မိတ်ဆွေဖြစ်သွားကြတာပေါ့။ ကောက်ကျစ်တဲ့ကျားက ဆင်နဲ့ရှဥ့်တို့ရဲ့ အယုံအကြည်ကို ရတော့ ခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ကလေးကို ယူမယ် အလုပ်မှာ ကျားအုပ်နဲ့ ဆင်၊ရှဥ့်တို့ရဲ့ ကလေးအပေါ်ထားတဲ့ ချစ်မေတ္တာကို အသက်ပေးကာကွယ် ပြီး နောက်ဆုံး ဖခင်ဖြစ်သူထံ ပြန်လည်ရောက်ရှိ သွားပုံကို IceAge ကာတွန်း ဇာတ်လမ်းတွဲ တွေမှာ ရှာဖွေကြည့်ရူ နိုင်ပါတယ်။ Iceage ဇာတ်လမ်းတွဲတွေ အများကြီးပါ။ အဲဒီထဲကမှ အကြိုက်ဆုံး ဇာတ်အိမ်ကို ပြောပြတာပါ။ လူနဲ့ တိရစ္ဆာန်တို့ရဲ့ ဖြစ်လာတဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းလေး ကိုရိုက်ပြထားတာပါ။ ကျားကို ကောက်ကျစ်စဉ်းလဲ တဲ့ဇာတ်အိမ်နဲ့ ရှဥ့်လေးကို အကြင်နာနဲ့ ပြည့်ဝပြီး ဟာသနေရာက ပါဝင်စေပြီး ဆင်ကိုတော့ ကြင်နာသနားတတ်တဲ့ မေတ္တာရှင် နေရာက ပါဝင်ထားတဲ့ ဒီဇာတ်အိမ်မှာ ရသတွေ အများကြီးပေးပါတယ်။

ကြိုက်လွန်းလို့ အခွေကို အပိုင်ဝယ်သိမ်း ထားပါတယ်။ အဲဒီအခွေကို သူများတွေလည်း ကြည့်ရအောင်ဆိုပြီး အပြင်ထုတ် ပေးထားရင်းနဲ့ အခုတော့ ပျောက်ဆုံးသွားပါတယ်။ ဟင့်.. ဟင့်... :(

အဲဒါနဲ့ You tube မှာရှာကြည့်တော့ နီးစပ်တဲ့ ဇာတ်အိမ်ကိုပဲ တွေ့ပါတယ်။ အင်မတန် ကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့ လက်တို့ လိုက်ပါတယ်နော်။

ကဲ..ဦးဦးဘီဘီ(ကိုဗီလိန်) ၊တီတီချုနယ် (ညီမလေးဆုငယ်) နဲ့ တားတားဂျယ်လီ (မောင်လေးဂျယ်ဂျဲ) တို့ရေ..
အင်မတန် ခင်လို့ တကယ်ကို မအားတဲ့ ကြားထဲက အချိန်ပေးပြီး ရေးပေးလိုက် ပါတယ်နော်...... ကျေနပ်တော့.... :)

မက်မက် Ice Age ကာတွန်းကား ကြည့်နေတယ် လာမနှောင့်ယှက်နဲ့... အဟတ်အဟတ် :P :P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.