Monday, November 24, 2008

[M Y] 1 New Entry: ဦးနာအောက်၊ အောက် မအောက် (၅)

ဦးနာအောက်၊ အောက် မအောက် (၅)

ဒီဧရာဝတီသင်္ဘောကုမ္ပဏီရဲ့ လမ်းကြောင်း ဟာဧရာဝတီ မြောက်ဖက် ဗန်းမော် နဲ့  တရုတ်ပြည်ဝင်ပေါက်အထိ၊ ဧရာဝတီ မြစ် တောင်ဖက်မှာ ပြည်၊ ရေနံချောင်း၊ ပုဂံ၊ပခုကူ၊ မန္တလေးအထိ၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ မင်းကွန်း၊ မြစ်သား၊ ကလေးဝ၊ စစ်တွေ၊ မြစ်ဝကျွန်းပေါ်ပိုင်းဆို မအူပင်၊ ပုသိမ်၊ တောင်ဖက်ကမ်းရိုးတန်းမှာ ထားဝယ်၊ မောင်းမကန်၊ မော်လမြိုင်၊ သံလွင်မြစ်ရိုးတစ်လျှောက် မှာ ဖားအံအထိ..ရှိရှိသမျှ မြန်မာ့မြစ်ရေပြင်မှာ သယ်ယူပို့ ဆောင်ရေးကို ချယ်လှယ်လက်ဝါးကြီးအုပ်ခဲ့ပါတယ်။

ဒီ ဧရာဝတီ သဘောင်္ကုမ္ပဏီဟာ စကော့တလန်သားများပိုင်တဲ့ ကမ္ဘာ့အဆင့် မီစီးပွားရေး လုပ်ငန်းကြီးဖြစ်ခဲ့တဲ့ အတွက် ကိုလိုနီအစိုးရရဲ့ နောက်ကွယ်က ထောက်ပံ့ကျားကန်ပေးထားမှုကို လဲ တပိုင်းတစတွေ့ မြင်နိုင်ပါတယ်။
.
.

...
ရေကြောင်းကုန်သွယ်မှု စီးပွားရေးမှာ IFC ဟာ အကျိုးဖြစ်ထွန်းခဲ့သလောက်တစ်ချို့ နေရာတွေမှာ အခွန် ဥပဒေ ကို ချွင်းချက် ပေးပြီး လုပ်ကိုင် ခွင့်ပေးထားခဲ့တဲ့ အထောက်အထားတွေလဲတွေ့ ရပါတယ်။ ၁၈၈၈ ခုနှစ် မေလ မှာ အိန္ဒိယအစိုးရထံ မြန်မာနိုင်ငံမှာ ပြည်တွင်း ရေကြောင်း ပို့ ဆောင်ရေးလုပ်နေတဲ့ ဧရာဝတီသဘောင်္ကုမ္ပဏီ ဟာ ကုန်တွေသယ်တဲ့ ဘေလ်တွေအတွက် အခွန် တံဆိပ်ခေါင်းကြေး မဆောင်စေဘဲ ခြွင်းချက်ထား ပေးနေတဲ့ အကြောင်း တိုင်စာပို့ ခဲ့တာတွေ့ ရပါတယ်။

ပြည်တွင်း က ဒေသခံစီးပွားရေးသမားတွေကို တင်းကျပ်တဲ့ တံဆိပ်ခေါင်းခွန် ဥပဒေ တွေ ကို ပြဌာန်းပြီးအခွန်ကို တင်းတင်းကျပ်ကျပ်ကောက်ခံနေတဲ့အချိန်မှာ ဒီစကော့တလန် ပိုင် IFC ကို ဘာကြောင့် ချွင်းချက်ပြု ထားခဲ့ သလဲဆိုတာကို the Under Secretary of State for India ထံကန့် ကွက်စာပို့ ခဲ့တဲ့အဖြစ်ပါ။
အိန္ဒိယ အစိုးရထံ မှာ ထပ်ဆင့် ပါးခဲ့ပြီး အကြောင်းပြန်ခဲ့ရာမှာ ဥရောပတိုက်သားနဲ့  ဒေသခံဗမာ လူမျိုးတွေ အကြား အခွန် ဥပဒေခြားနားမှုမရှိပါလို့ ပြန်ခဲ့ပေမယ့် Chief Commissioner ရဲ့  အစီရင်ခံစာမှာတော့ ဒီ IFC ဟာ ကုန်စည် သယ်ယူတဲ့ ဧရာဝတီ သဘောင်္ ရဲ့ ငွေ လက်ခံဖြတ်ပိုင်းတွေကို အစားထိုး လဲလှယ်ခဲ့ကြောင်း တင်ပြထားခဲ့ပါတယ်။

နောက်တစ်ခါ ဧရာဝတီသဘောင်္များ သဘာဝဘေးကြောင့်ဖြစ်စေ၊ရေလမ်း အန္တရာယ်ကြောင့်ဖြစ်စေ၊ ရေနွေးငွေ့ အင်ဂျင် နဲ့ သဘောင်္ပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့်ဖြစ်စေ၊ တိုက်ခတ်ခံရမှု သေဆုံး ဒါဏ်ရာရ ခဲ့တဲ့ဝန်ထမ်းတွေအပေါ် တာဝန်ယူမှု ၊လျော်ကြေးပေးမှု ၊ ပင်စင်ခံစားမှု၊ တွေကိုရရှိဖို့ တောင်းဆိုခဲ့ရာမှာ IFC ၀န်ထမ်းတွေဟာ အစိုးရအမှုထမ်းများမဟုတ်တဲ့အတွက် IFC ကုမ္ပဏီ က သာမိမိအစီအစဉ်နဲ့ ဆောင် ရွက်ရမှာဖြစ်တယ်လို့ ပြန်ကြားခဲ့တာတွေ့ ရှိရပါတယ်။

ဒီ IFC ရေနွေးငွေ့ သင်္ဘောတွေ နဲ့ စက်တပ် သင်္ဘောကြီး တွေဟာဆန်တစ်ခုထဲတင်မဟုတ်ဘဲ အခြားအရေးပါတဲ့ ထုတ်ကုန် ၊ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ရေနံ စိမ်းဆီ၊ ကျွန်းသစ်၊ နဲ့ အခြားထုတ်ကုန်မျိုးစုံ နဲ့ ပြည်တွင်းဖြစ် ယွန်းထည်၊လက်မှုထည်တွေ ကို သယ်ယူပို့ ဆောင်ရာမှာ အားကိုးရာ ဘုရင်တစ်ဆူအလား ရပ်တည်နိုင်ခဲ့ပါတယ်။ ( နောက်ပိုင်းမှာ ဘီအိုစီက ရေနံ တွေကိုရေလမ်းခရီး သင်္ဘောနဲ့ မသယ်တော့ဘဲ ပိုက်လိုင်းတွေဖောက်သယ်ဖို့ အဆိုပြုလွှာတင်သွင်းခဲ့ပါတယ်။)

IFC ကို ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်မ တစ်ခုအဖြစ် မြင်နိုင်တဲ့သာဓက နောက်တစ်ခုကတော့ ဗန်းမော် ဈေး သဘောင်္ကြီး ပဲ ဖြစ်ပါတယ်။ အဲဒိရေနွေးငွေ့ သဘောင်္ကြီးဟာ နောက်တွဲ ဇက်ကိုဆွဲထားပြီး၊အဲဒိပေါ်မှာ အမြဲအခိုင်အခန့် ကာထားတဲ့ အကာတစ်ခြမ်းမှာ ဒေသခံမြန်မာ ရွာသားတွေရဲ့ ဈေးခင်းလေးတွေ ရှိပါတယ်။ အဲဒိပေါ်မှာ ရွာသားတွေဟာ သူတို့ ဒေသထွက်ကုန်တွေ၊ကုန်ပစ္စည်းတွေရောင်းချဖို့  ဆိုင်ခန်းတွေ ခင်းထားပါတယ်။အဲဒိ ဇက်တွဲ ဈေးခင်းကြီးပေါ်မှာပဲ ဒေသတစ်ခုကတစ်ခုဆီအသွား ရောင်း ၀ယ်ဖောက်ကားကြပါတယ်။ ဒီအတွက် IFC ဟာ စီးပွားရေးလက်ကြီးသမားတွေအတွက်သာမက ဒေသခံ ရွာသားတွေရဲ့ နေ့ စဉ် စားဝတ်နေရေး အတွက် မှီခို အားထားရာ စီးပွားရေး မဏ္ဍိုင်ကြီးတစ်ခုလဲဖြစ်ခဲ့ပါတယ်။

နောက်တစ်ခါ ပြည်ပက စက်မှု နဲ့ စက်ရုံသုံး ကုန်ပစ္စည်းတွေပြန်လည်တင်သွင်းရာမှာလဲ သူမပါရင်မဖြစ်ခဲ့တဲ့အနေအထားပါ။ ပို့  ဖို့ သယ်ဖို့ လိုတဲ့ကုန်ပစ္စည်း မှန်သမျှ ဒီ IFC သဘောင်္တွေက သယ်ယူပို့ ဆောင်ပေးလိုက်တာ နောက်ဆုံး သမား ရိုးကျကုန်မဟုတ်တဲ့ ဆင် လိုမျိုးတိရစ္တာန်ကြီးတွေအထိ တင်တာကို ထူးဆန်းစွာ မြင်ခဲ့နိုင်ပါတယ်။ (photo adapted from www.irrawaddyflotilla.com without permission)

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောအဓိက သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းဟာ မြစ်တွင်းပို့ ဆောင်ရေး ဖြစ်နေတဲ့ခေတ်ကြီးမှာ ဒီလိ ကမ္ဘာ့အကြီးဆုံး အထိ ထွန်းကားခဲ့တဲ့ ဆန်လုပ်ငန်းနဲ့ ပတ်သတ်သမျှ စီးပွားရေးလုပ်ငန်းတွေ ဟာ့  ဒီ IFC ခေါ် ဧရာဝတီ သဘောင်္ကုမ္ပဏီ နဲ့ ဘယ်လိုမှကင်းလွတ်လို့ မရခဲ့ ဘူးဆို တာ ဒီလောက်ဆို ထင်ရှားနေပါပြီ ။

အမှန်ပါပဲ။ နိုင်ငံတကာနဲ့ ကူးသန်းဖောက်ကားဖို့ အတွက်တစ်ခုတည်းသောကုန်သယ်ယူပို့ ဆောင်ရာ ထွက်ပေါက်တစ်ခု ဟာ ပြည်တွင်းရေကြောင်းလမ်းဖြစ်နေတဲ့အချိန်မှာ၊ ကမ္ဘာ့အကြီးဆုံးဆန်စပါးထွက်ရှိတင်ပို့ ရာဒေသအဲဒိ မြစ်ဝကျွန်းပေါ်တလျှောက် မှာ လက်ဝါးကြီးအုပ်တန်ခိုးထွားနိုင်ခဲ့တဲ့ ဒီစကော့တလန်သားတွေပိုင် ဧရာဝတီ သင်္ဘောကုမ္ပဏီ ဟာ အဲဒိခေတ်က ကမ္ဘာ့အကြီးဆုံးမြစ်တွင်းပို့  ဆောင်ရေး ကုမ္ပဏီကြီးတစ်ခု အဖြစ်အမှန်တကယ် ကြီးထွားအကျိုးဖြစ်ထွန်း ခဲ့ပါတယ်။

ဆိုရရင် ဗြိတိသျှလက်အောက်က လယ်ယာစိုက်ပျိုးရေး ပို့ ကုန်ကိုအခြေခံတဲ့ ၁၉ရာစုနှစ်ဗမာ့စီးပွားရေးဟာ လာမယ့်ရာစုနှစ် ၂၀ရာစုအတွက်မြန်မာပြည်စီးပွားရေးကိုပုံသွင်းခဲ့တဲ့ကာလလို့  လဲသတ်မှတ် နိုင်ပါတယ်။

ဒီလို ကမ္ဘာ့စပါးကျီ ကြီး က ဆန်စပါးတင်ပို့ မှု ဟာအာရှသာမက ဥရောပတိုက်အထိ အရေးပါ နေရာ ယူလာခဲ့တဲ့အချိန်မှာ မြစ်ဝကျွန်းပေါ်ဒေသတွေက လယ်ယာစိုက်ပျိုးရေးရဲ့ ကဏ္ဍ ဟာလဲအသက်သွေးကြောတမျှ အရေးပါခဲ့ပါတယ်။ ဒီလယ်ယာတွေရဲ့ အရေးပါမှုကို သိတဲ့ အတွက်လယ်ယာမြေတွေကို လက်ဝါးကြီး အုပ်ဝါး မျိုတဲ့လူမျိုးတစ်စု ပေါ်ပေါက်လာခဲ့တာကတော့ အများသိပြီးဖြစ်တဲ့ Chetties (ခေါ်) ချစ်တီးကုလား သူဌေးများပါပဲ။

Migration ဆိုတာ ခုခေတ်မှသာ မြန်မာနိုင်ငံက သူများနိုင်ငံသွားအလုပ်လုပ်၊စီးပွားရှာပြီးအခြေချကြတာပါ။ ဗမာနိုင်ငံရဲ့ စီးပွားရေးအချက်အချာကောင်းမှု၊ သယံဇာတ ပေါကြွယ်ဝမှုတွေရဲ့ ဆွဲဆောင်မှုကြောင့်တိုင်းတပါးမှ လူမျိုးခြားတွေ ဟာ မြန်မာနိုင်ငံကို Migrate ဆိုတဲ့ ရွှေ့ ပြောင်းအခြေချ ခဲ့ကြတာတွေ့ ခဲ့ရပါတယ်။ ဒီအထဲမှာ အများဆုံးကတော့ အိန္ဒိယနိုင်ငံကပါပဲ။ ဒုတိယကတော့တရုတ်ပြည်ကြီးကပါ။ ဗြိတိသျှတွေကိုလိုနီပြုခါစ ခရစ်နှစ် ၁၈၆၁-၁၈၆၂ ခုနှစ် အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်နဲ့ ဗြိတိသျှဘားမားနယ်ပယ်အတွင်းက သန်းခေါင် စာရင်း ကို ကြည့်ရင်ကို သိသာပါတယ်။

အဲဒိ၁၈၆၁ ခုနှစ်က ဗြိတိသျှဘားမား အင်ပါယာမှာ ခုနှစ်သောင်းကျော်ပဲရှိခဲ့တဲ့ အိန္ဒိယလူမျိုးဦးရေဟာ တစ်နှစ်တစ်နှစ် တိုးပွားလာခဲ့လိုက်တာ ၁၉၀၀ ခုနှစ်မှာ တစ်နှစ်ထဲကို လေးသောင်းခွဲကျော်ဝင်ရောက်အခြေချ လာကြတာကိုတွေ့ ရပါတယ်။ ဒါဟာ ဒီကနေ့ တိုးတက်နေတဲ့ နိုင်ငံကြီးတွေရဲ့ Immigration စာရင်းတွေက migrant population တွေနဲ့ ယှဉ်ကြည့်ရင်ကိုပဲ အဲဒိခေတ်ကာလအရ အလွန်များပြားတဲ့ ရွှေ့ပြောင်း အခြေချ မှုပမာဏပါပဲ။

သူတို့ ထဲကအိန္ဒိယသား အများစု ဟာစီးပွားရေးသမားတွေနဲ့ သာမာန် အခြေခံ အလုပ်ကြမ်းသမား တွေဖြစ်ပါတယ်။ အဲဒိနိုင်ငံခြားသား migrant တွေနဲ့ ပါလာတဲ့ ချစ်တီး ကုလား စီးပွားရေးသမားတွေကတော့ အဲဒိခေတ်က ကမ္ဘာမှာ ရှေ့ပြေးနေတဲ့ဆန်စပါးတင်ပို့ ရာ ဒေသက အဓိက ရေသောက်မြစ် ဖြစ်တဲ့ လယ်ယာမြေ တွေကို အပိုင်စီးဖို့ ငွေထုပ်ပိုက်ဝင်ရောက်ခဲ့တာပါပဲ။

အဲဒိလို ဗမာ့ဆန်စပါးပို့ ကုန် ကမ္ဘာမှာရွှေဖြစ်နေခဲ့တဲ့ကာလမှာ ဆင်းရဲပြီး အင်မတန် ရိုးအ တဲ့ပညာမတတ်တဲ့ မြန်မာတိုင်းရင်းသားလယ်သမားတွေလက်ထဲက မြန်မာ့လယ်ယာမြေတွေကို မက်မက်စက်စက် မတရား ခေါင်းပုံဖြတ်ငွေတိုးချေးစား ပြီး လက်ဝါးကြီး အုပ်၊ သိမ်းပိုက် ခဲ့ တဲ့လူမျိုးစုဟာအဲဒိ ချစ်တီးကုလားများပါပဲ။ သူတို့ ရဲ့ ကြွယ်ဝချမ်းသာမှုများဟာ မြန်မာလယ်သမားတွေရဲ့ မျက်ရည်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ နဲ့  ရင်းနှီးထားခဲ့ တာပါ။ မြန်မာ့လယ်ယာမြေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကျော် အားလုံးနီးပါးဟာ အဲဒိ ချစ်တီးများရဲ့  လက်ထဲ ရောက်သွားခဲ့တာကို" ဟိုးတုန်းကတက္ကသိုလ် "ပို့ စ်မှာပြန်ကြည့်နိုင်ပါတယ်။

ကိုလိုနီခေတ် ဗမာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းကြီး တွေမှန်သမျှ အဲဒိလို လူမျိုးခြားတွေလက်အောက် မှာရာနှုန်း ပြည့်နီးပါး ရောက်ရှိခဲ့ချိန်မှာ…

အပိုင်း (၆) နိဂုံး ဆက်ပါမည်…
မောင်ရင်

.

You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.