Monday, November 24, 2008

[Laminkhin] 2 New Entries: Time to Unite

Time to Unite

ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)


ကျွန်တော်လည်း သင်ယူမှုဆိုင်ရာကိစ္စတွေနဲ့ အတော်ကြီး နပန်းလုံးနေရလို့ ဘလော့ဂ်မှာတောင် စာမရေးဖြစ်
တာ တော်တော်ကြာသွားပါပြီ။ ဒါပေမဲ့ ဒီရက်ပိုင်း ဗမာပြည်တွင်းမှာ တရစပ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာ
တွေကြောင့် ဒီစာကို ကျွန်တော် ရေးဖြစ်သွားတယ်။

ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ဒီရက်ပိုင်းအတွင်းမှာ စစ်အဆိုးရက ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်
တွေကို ထောင်ဒဏ် (၆၅)နှစ်စီချမှတ်လိုက်တယ်။ ဒါ့အပြင် တရားရုံးမှာ အမှု ရင်ဆိုင် နေရတဲ့ NLD ပါတီဝင်
တွေနဲ့ အစွပ်စွဲခံ နိုင်ငံရေးခေါင်းဆောင်တွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ
ကြီးတွေကိုပါမချန် စစ်အဆိုးရက ထောင်သွင်း အကျဉ်းချပစ်လိုက်ပြန်တယ်။

ကဲ...ဘယ်မှာလဲ တရားမျှတမှု။
စစ်အဆိုးရက သူတို့ စိတ်ထဲ ထင်ရာမြင်ရာ၊ လုပ်ချင်ရာစွတ်လုပ်နေတဲ့အခုလိုအချိန်အခါမျိုးမှာတရားမျှတမှု
ဆိုတာ ကျွန်တော်တို့ ဗမာပြည်တွင်းမှာ လုံးဝ ပျောက်ဆုံး၊ ပျက်သုဉ်းသွားပါပြီ။

ဒီအခါမှာလူမိုက်(စစ်အဆိုးရ)ကံကောင်းဖို့ဖြစ်နေစေတဲ့အချက်တစ်ချက်ကိုဘွားကနဲသွားတွေ့လိုက်ရတယ်။
အဲဒါကတော့ ပြည်ပရောက်နေတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အခုအချိန်ထိ အချင်းချင်း စည်းလုံး
ညီညွတ်မှုမရှိ၊ ပေါင်းစည်းလို့ မရနိုင်သေးတာပါပဲ။ ဥပမာ- NCGUB နဲ့ MPUအဖွဲ့တွေကြားမှာဖြစ်နေတဲ့ ငြင်း
ခုန်၊ ကွဲလွဲ၊ ရန်စောင်မှု သတင်းတွေကို အများကြီး ကျွန်တော် တို့ ကြားနေရတယ်။ ဒီနေရာမှာ ကျွန်တော်
တစ်ခု အကြံပေးလိုတာကတော့ ဒီလိုတွေ ငြင်းခုန်ကွဲလွဲရန်စောင်နေမယ့်အစား၊NCGUB အစရှိသောပြည်ပ
ရောက် အဖွဲ့အစည်းတွေမှာ နေရာတစ်နေရာရဖို့ လုပ်နေကြမယ့်အစား (ရှင်းရှင်းပြောရရင်) နေရာလု၊ ခွက်
စောင်းခုတ် နေကြမယ့်အစား ကျွန်တော်တို့ဟာ ကိုယ့်ဗမာပြည် ဒီမိုကရေစီ ရရှိဖို့အရေး၊ ကိုယ့်တိုင်းပြည်
အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ဖို့အရေးအတွက် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ ရှေးရှု လုပ်ကြဖို့
အထူးအာရုံစိုက်ရမယ့် အချိန် ရောက်နေပါပြီ။

သမိုင်းကပဲ အရာရာကို ဆုံးဖြတ်သွားပါလိမ့်မယ်။
တကယ်တော့လည်း အခြားသူတွေ ဘယ်ခြေလှမ်းလှမ်းနေမှာပဲဆိုပြီး စိုးရိမ်တွေးတောပူပန် နေတာထက်
ကိုယ့်တိုင်းပြည်အတွက် ခင်ဗျားဘာလုပ်ပေးနိုင်မလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်ပါပြီ။

ဝမ်းနည်းဖို့ကောင်းတဲ့၊ ကျွန်တော်မြင်နေရတဲ့အချက်တစ်ချက်ကို ပြောရရင် ပြည်ပရောက် အချို့သော
အတိုက်အခံနိုင်ငံရေးသမားတွေ (အားလုံးကို မဆိုလိုပါ) ဟာ ဗမာပြည်အတွက်၊ ဗမာပြည်အတွက် ဟစ်
ကြွေးပြီးသကာလ ပြည်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်ဖို့အတွက် ၀င်ငွေတွေထပ်ထပ်
တိုးအောင်သာလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပါ။ ကဲ...ဘယ်လောက် ဆိုးတဲ့ အဖြစ်လဲ။ ဘယ်လောက်
စိတ်ပျက်စရာ ကောင်းသလဲ။
ဒါပေမဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်၊ လုပ်ကိုင်နေတဲ့ ပြည်ပရောက် အတိုက်အခံနိုင်ငံ
ရေးသမားတွေလည်း မရှိမဟုတ်ပါဘူး။ ရှိပါတယ်။

ကဲ...အခု ကျွန်တော်တို့ ဗမာပြည်အတွက် နောက်ထပ် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။

၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း မကြာခင် တကယ် ရောက်လာတော့မှာလား။

စစ်အဆိုးရကို ကျွန်တော်တို့အချင်းချင်း စုပေါင်း၊ စုစည်းပြီး တိုက်မလား၊
အခုလိုပဲ အယူအဆအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုးခွဲပြီး ကွဲပြီး တကွဲတပြား တိုက်မလား။

ပြည်တွင်းမှာတော့ များစွာသော အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲကို ၀င်ပြီးရင်း ၀င်နေ
ကြရတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော ဗမာပြည်သူပြည်သားတွေခမျာမှာတော့ ပြောင်း လဲမှုကို
မျှော်လင့်စောင့်စားရင်းနဲ့သာ ရင်မောပြီးရင်း မောနေကြရတယ်။

"ပြည်ပရောက်နေတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးနိုင်သလဲ။"

ဒီနောက်ဆုံးမေးခွန်းအတွက် အဖြေဟာ တစ်ခုပဲ ရှိတယ်။

"ကျွန်တော်တို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ပေါင်းတိုက်မှ ရတော့မယ်။ ဗမာပြည်ပြင်ပ တိုင်းပြည်အ
သီးသီးမှာရောက်နေတဲ့ အတိုက်အခံတွေရော၊ ပြည်တွင်းမှာရှိတဲ့ အတိုက် အခံတွေရောနဲ့ပါ အားလုံး
ချိတ်ဆက်စုပေါင်းထားတဲ့ တစ်ခုတည်းသော အဖွဲ့ အစည်းကြီးတစ်ခုကို ကျွန်တော်တို့ ညီညွတ်စွာ
ပေါင်းဖွဲ့မှရတော့မယ်" ဆိုတာပါပဲ။

ဒါကြောင့်မို့လို့ ဒီအချိန်ဟာ အတိုက်အခံတွေအချင်းချင်း တစ်ဦးကို တစ်ဦး ရိုသေလေးစားပြီး၊ ကိုယ်
ရေးကိုယ်တာ ပုဂ္ဂလိက ခံစားချက်ပြဿနာတွေကို မေ့ဖျောက်ထားပြီး ဗမာပြည်ရဲ့ အနာဂတ်အတွက်
ရှေ့ခရီးဆက်ရမယ့် အချိန်ကို ရောက်နေပါပြီ။
အဲဒါမှသာ ကျွန်တော်တို့ဟာတိုင်းပြည်အတွက်အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်
နိုင်နိုင်နဲ့ အောင်မြင်ပေါက်မြောက်အောင် ဆုံးဖြတ်ချမှတ်နိုင်ပါလိမ့်မယ်။ ။

စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)

Ref: http://saveburma.sosblog.com/Burma-political-blog-

မှတ်ချက် ။ ကျမမေအိခင် အမြင်ကိုပြောရရင် မတူတဲ့ အယူအဆရေးရာ တွေမှာ အငြင်းပွါးနေကြတာပဲ
ဖြစ်ပြီး သိတ်ကြီးကျယ်တဲ့ အကွဲအပြဲမျိုး စာရေးသူမြင်သလောက်မဟုတ်ပါဘူး ကျမတို့ လည်းရှိနေကြား
နေရတာပဲ ညီညွတ်ဖို့ တိုက်တွန်းချက်တွေ က သိတ်လိုအပ်ပါတယ် လက်ညိုးထောင် ခေါင်းငြိမ့်  တွေ
မဟုတ်ပဲ ခုလို သဘောထားကွဲလွဲမှုမျိုးရှိနေတာကို က ဒီမိုကရေစီကိုကျင့်သုံးနေနိုင်တာပါပဲတစ်ခုတော့
ရှိတာပေါ့ တော်လှန်ရေးမှာ ဘယ်သူကစုန်ချင်တယ်ဘယ်သူကဆန်ချင်တယ် ဆိုတာလေးတွေတော့ ရှိ
မှာပေါ့လေ ဒီတော့ ရန်သူက ဒီပုံစံ ဒီအရိပ် တွေပိုလန့် ပါတယ်ရန်သူ အားမရပါဘူး သတိရှိဖို့ ကတော့
ရန်သူသပ်လျိုတာမျိုး ပါမလာဖို့ ပါဘဲ ဥပမာ ကေအမ်ယူ ကနေ ဒီကေဘီအေ ခွဲထွက်သွားတဲ့ဖြစ်ရပ်မျိုး
ပေါ့။။။။။။။

ခရီဒင်ရှယ် ချဲလင်း နှင့်လမ်းပျောက်သွားတဲ့ MPU

ပြည်သူ့ ဘက်တော်သားတစ်ဦး

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ်များပေါင်းစု ဖွဲ့ စည်း ထားတဲ့ MPU ဟာ
မဲဆောက် တော်လှန်ရေး နယ်မြေမှာ အခြေစိုက်တယ်။ NCUB ရဲ့  ဒေါက် တိုင်လည်းဖြစ်တဲ့ MPU ဟာ NCUB က
ချမှတ်တဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်းလျှောက်လှမ်း ပြီး NCGUB ရဲ့ ထောက်ပံ့ကြေးနဲ့ ရပ်တည်နေခဲ့ ရ တယ်။
မဲဆောက်မှာ အခြေပြု လှုပ်ရှားနိုင်ဖို့  NCGUB ရဲ့ ထောက်ပံ့မှုဟာ အရေးပါခဲ့ပါတယ်။

NCUB ရဲ့ မဟာဗျူဟာမြောက် အချို့ နိုင်ငံရေး လမ်းစဉ်တွေဟာ၊ ပြည်သူ့ ဆန္ဒ (mandate) ရ ရှိထားတဲ့ MPU က
ပူးပေါင်းဆောင်ရွက်မှ သာလျှင် အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။ ၂၀၀၇ ခု နှစ်က စလို့  ၂၀၀၈ ခုနှစ်နှစ်ဆန်းပိုင်း
မှာ NCUB က ၀ါရှင်တန်မှာ NCGUB ကို ဆွေးနွေးခဲ့ တယ်။ ဇူလိုင်လမှာဗိုလ်ချူပ်ကြီးတာမလာဘောကလက်မှတ်
ရေးထိုး တရားဝင် မေးမြန်းခဲ့တဲ့ ခရီဒင်ရှယ် ကိစ္စကို NCGUB က အချိန်ပေး မဆွေးနွေးဘူး ဆိုပါတယ်။

တိုင်းပြည် အုပ်ချူပ်နေတဲ့ အစိုးရတရပ်ဟာထစ်ကနဲဆို ဘာသိချင်လဲ ? ဘယ်လို ဖြစ်ခဲ့သလဲ?ဘယ်တိုင်းပြည်မှာ
ဒီလိုမျိုး ကြိုးစားခဲ့ကြ သလဲ? ထစ်ကနဲ သိနိုင်ရမှာပါ။ ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာ ဇော်ဦး၊ ဦးတင်ထွဋ်
တို့ ဟာ ယခင်က အကြံပေး ပုဂ္ဂိုလ်တွေပါ။ ကုလသမဂ္ဂနဲ့  ရင်းနှီးတဲ့ ဒေါက်တာ သောင်းထွန်းဆို အားလုံးသိ နိုင်
ပါတယ်။

NCGUB ကထုတ်တဲ့ ညွန့် ပေါင်း သတင်းစဉ်ကို ဖတ်ရင်တောင်မှ ဟေတီ၊ဆီရီယာလွန်၊ စတဲ့ နိုင်ငံတွေ တင်သွင်း
ခဲ့လို့  ကုလသမဂ္ဂမှာ စစ်အစိုးရပါဝင်မှု လစ်လပ်ထားခဲ့တာကို သိရမှာပါ။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ
ဒါတွေကို အလေးအနက် NCGUB ၀န်ကြီး အချင်းချင်း၊ MPU နဲ့ ကော ဆွေးနွေးခဲ့ပါသလား။

MPU အနေနဲ့ ကတော့ NCGUB ရဲ့ ရှုံးမှာ ကြောက်တယ်၊Dialogue ထိခိုက်မှာစိုးတယ်၊ နအဖကို Isolation မလုပ်
နိုင်ဘူး၊ သံတမန် ဖြတ်မယ် ဆိုတာ တိကျပြတ်သားတဲ့ ဆင်ခြေဆင်လက်လို့ မယူဆနိုင်ဘူး။ ရှုံးရှုံးနိုင်နိုင်ကြိုးစား
ကြည့်ရမှာဘဲ။ ရှုံးရင် ဘာ့ကြောင့် - နိုင်ရင် ဘယ်လို ဆိုတာ သိရမယ်။ အချက် အလက် အထောက်အပံ့ ပေးနေ
တဲ့ ရှေ့ နေအဖွဲ့ လည်း ယုံတယ်။ NCUB က Team ဖွဲ့  လုပ်နေတာလည်း ထောက်ပံ့ပေးချင်တယ်။ သံတမန်
ဖြတ်ဖို့ ဆိုတာက ခရီဒင်ရှယ် ကော်မတီမှာ ပါတဲ့ နိုင်ငံတွေက ဘော့စ်ဝါနာ၊ ဆိုက်ပရပ်၊ မက္ကဆီိ ကို၊လူဇင်ဘတ်၊
မိုဇမ်ဘစ်၊စင်တင်နီဗစ်(ကျွန်းနိုင်ငံ)အားလုံးတို့ ဟာ မြန်မာ နိုင်ငံနဲ့  သံတမန် အဆက်အသွယ် မရှိကြ ပါဘူး။

အရေးကြီးတာက ဗွီတိုနဲ့  ပယ်ချနိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ ဗွီတို မသုံးနိုင်ဘူး။ အရှုံးမရှိ နိုင်ပါလို့  ယုံကြည်တယ်။
ဒါပေမယ့် Lobby လုပ်တဲ့ နိုင်ငံတွေ၊ Lobbyလုပ်ပေးဖို့  ချဉ်းကပ်တဲ့ နိုင်ငံတွေက " မင်းတို့  စင်ပြိုင်အစိုးရဘာလို
့မလုပ်တာလဲ ၊ MPU ဘာလဲ?" လို့  အမေးခံရ တော့ " မင်းတို့  စင်ပြိုင်ကတောင် မလုပ်တာ ၊ နေသာသပ
ရွှေညာက " လို့ ပြောလိုက်တော့ ဘာလုပ်ကြမလဲ ? ။

အဲဒီတော့ ညီလာခံလုပ်မယ်၊ အခြား MP တွေကို တီး ခေါက်ကြည့်တော့ ခရီဒင်ရှယ် ကိစ္စ ဆက် လုပ်ချင်တယ်။
ထောက်ခံမယ်၊ ညီလာခံမှာ အားလုံး သဘောတူရင် ၀န်ကြီးချူပ်က လက်မှတ် ထိုးမှာလား။ ညီလာခံကို NCGUB
က ၂၀၀၉ ခုနှစ် နှစ်စ Jan လကုန် Feb ရောက် ချင်ရောက်မယ် ဆိုတော့ ခရီဒင်ရှယ် ကိစ္စကို Dec မှာ တင်ရင်
ရသေးတယ်၊ ကြိုးစား ကြည့်ချင်တယ်၊ NCGUB မလုပ်ပေးရင် ကိုယ်ဘာသာကိုယ်ငွေချေးငှား ရှာဖွေပြီး လုပ်မယ်
ဆိုတော့ "NCGUB က လုပ်ချင်လုပ်လေ၊ ကျူပ်တို့ မတက်ဘူး" တဲ့ ။

အဲဒီတော့ Dr တင့်ဆွေ ပြောသလို၊ အကြေအလည် ဆွေးနွေးသဘောတူခဲ့တယ် ဆိုတာက၊ Nov မှာ ညီလာခံ
မလုပ်ကြနဲ့ ၊ အထူးစည်းဝေးပွဲ လုပ်ကြ၊ ဘာလုပ်လုပ် ကျူပ်တို့  မတက်ဘူး၊ ဆိုတဲ့ NCGUB ရဲ့  တချက်လွှတ်
Dialogue နဲ့ အဆုံးသတ်သွားတာပါ။ဝန်ကြီးချူပ်က MP တွေ ၁၀၀% လက်မှတ်ထိုး ဆုံးဖြတ်လည်း သူကတော
့ လက်မှတ် မထိုးနိုင်ဘူး လို့ ပြောမှ တော့ MPU လမ်းပျောက်သွားရှာပြီ ပေါ့။

Dr လွဏ်းဆွေ blog က စိုင်းနောင့် (ဆောင်းပါးရှင်) ကတော့ NCGUB ကို ပညာပေးဖို့ ၊ အရှက်ခွဲဖို့ ၊ သိက္ခာချဖို့ 
အဓိကဦးတည်မယ်ဆိုရင် ပြည်သူတွေက စိတ်မ၀င်စားပါဘူးဆိုပါတယ်။ ပြည်တွင်းက လှမ်းပြီး ၊နအဖအကြိုက်
မဖြစ်ပါစေနဲ့ ၊ ညီညွတ်ကြပါ၊ဒေါက်တာစိန်ဝင်း မဖြုတ်ပါနဲ့ လို့ ပြောပါတယ်။ မဖြုတ်ချင်ပါဘူး၊ဒေါက်တာစိန်ဝင်း
ိုးသားတာ လူတိုင်း သိ၊အားလုံး ကြည်ညို ကြပါတယ်။ NCGUB ၀န်ကြီးတွေလည်းကိုယ့်သမိုင်းကိုယ်ရေးတာပါ။
သူတို့  မရှိရင် မဖြစ်ပါဘူး။ဘယ်သူက နိုင်ငံတကာသွားပြီး Lobby လုပ်ရအောင်ဘာသာစကားကျွမ်းကျင့်သလဲ၊
Pass port ရှိသလဲ၊ MPU မှာ ဒါတွေ မရှိပါဘူး။

"နအဖ မောင်းထုတ် ခံရရေးထက် ကိုယ့်တဦး တယောက်၊ တသင်း တဖွဲ့ နာမယ်ရဖို ၊့ ငွေရဖို့  ကြည့်ကြတဲ့
အတွက် ခရီဒင်ရှယ် ချဲလင်းကြီးဟာ ဖွတ်ရှူး ဖြစ်သွားပြီ " တဲ့။ မဟုတ်ပါဘူး။ NCUB က ဒီကိစ္စ လုပ်ဖို့ တပြားမှ
ငွေမရှာပါဘူး။ ဦးမောင်မောင်ကို ငွေရသလားလို့  Review လုပ်မယ် တကဲကဲ ဖြစ် နေသူတွေလည်း ငွေမရှာ
ငွေမရမှန်းသိလို့  NCUB မှာ မဆွေးနွေးဖြစ် ပါဘူး။

တဦး တယောက်ကခိုင်းလို့  MP တွေက လုပ်ရတယ် ဆိုတဲ့ လက်ညိုးထိုးတာလဲငါမလုပ်နိုင်ရင်သူများလုပ်တာ
ကဖျက် ယဖျက်၊ မနာလိုလို့  ပြောကြတာပါ။MPUကသူများခိုင်းတိုင်းလုပ်ရအောင်ဦးနှောက်မရှိတာမဟုတ်ပါ။
MP တွေရဲ့ Mandate ဟာ ၂၀၁၀ မှာ သေဆုံးပါပြီး။အခုကို ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတဲ့ အခါမှာMandate
ကို အသုံးပြုဖို့ NCUB နဲ့ MPU ကသဘောထား ရှိကြတယ်။ Dialogue ကို ဆွေးနွေးပွဲ ၊Dialogue စားပွဲပေါ်ကို
တွန်းပို့ တဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့  MPU က သဘောထားပါတယ်။

ခရီဒင်ရှယ် ချဲလင်း ကိစ္စမှာ NCGUB ၀န်ကြီးချူပ်က ဆိုတဲ့ "အများ ဆန္ဒ မလိုက်လျောနိုင်ဘူး၊ ကိုယ့် ယုံကြည်
ချက်နဲ့ ကိုယ်" ဆိုတဲ့ ဒီမိုကရေစီ ဖွင့်ဆိုချက်ဟာ မှန်လား? မှားလား?

၂၀၁၀ နအဖ ရွေးကောက်ပွဲ မတိုင်ခင်မှာ နအဖ သည် တရားဝင်အစိုးရ မဟုတ်လို့ ၊ ကုလသမဂ္ဂ မှာတောင်
နေရပေး မခံရတဲ့ အစိုးရ ဖြစ်လို့  ၊ သူလုပ်တဲ့ ရွေးကောက်ပွဲဟာ လည်း တရားမ၀င် အတင်းအကြပ် မတရား
ပြုလုပ်နေတာ ဘွင်းဘွင်းကြီးပေါ်အောင် MPU က Credential Challenge နဲ့  မလုပ်နိုင်တော့ဘူးလား။
ခုတော့ MPU လမ်းပျောက်သွားခဲ့ပါပြီး။ ။

ပြည်သူ့ ဘက်တော်သား တစ်ဦး

အီးမေး(လ်) ဖြင့်ပေးပို့ သူအား ကျေးဇူးတင်ပါသည် ။(လမင်းခင်)

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.