Monday, November 24, 2008

[Honey's Private Thought] 1 New Entry: ရွံစရာကောင်းတဲ့ကိစ္စတွေ

ရွံစရာကောင်းတဲ့ကိစ္စတွေ

ငါ့ရှေ့ကနေ ထွန်မကျူးစမ်းပါနဲ့
ဘာမှမကျန်ဘူးဆိုတဲ့အချိန်မှာ ဘာမှမကျန်ဘူးဆိုတဲ့အသိ ကျန်ဖို့လိုတယ်

တမိုးလုံးငါလိုလူတွေချည်း
မရလိုက်သူတွေဆီမှာသာ တချို့လူတွေဟာငါးခပ်ကြီးကြီးဖြစ်ရ
ရေချိုးပြန်သူတွေများလေ ဒီမြစ်ကမ်းကသုန်မှုန်လေ

အကြိမ်တော်တော်များများမှာ ဘ၀ဟာ
ဝီစကီလောင်းပါ ကုတ်လောင်းပါလို့ တောင်းဆိုလို့မရတဲ့ရေခဲတုံးဖြစ်တယ်
တချို့တချို့တွေကလဲ ငါးသေကောင်ရဲ့ပါးစပ်နား လုံးပါးပါးရ

ဘယ်တော့မှမလာတဲ့ဘတ်စ်ကားလို အကျင့်သိက္ခာတွေကြားမှာ
မေတ္တာတရားက မှတ်တိုင်မှားဆင်းခဲ့ပြီ
ငါတို့တွေရော ဘာကိုစောင့်နေကြတာလဲ

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.