Monday, November 24, 2008

[Talkii about freedom] 1 New Entry: ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း

ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း

မေမေက ကျွန်တော့်ကို အမြဲမေးတဲ့ မေးခွန်းတစ်ခုရှိတယ်။ "ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကဘာလဲ" တဲ့။ ကျွန်တော် ငယ်ငယ်ကတည်းက မေးတဲ့ မေခွန်းပေါ့။
အဲလိုမေးလိုက်တိုင်း ကျွန်တော်စိတ်ထဲမှာ မှန်တယ်ထင်တဲ့အရာကို ခန့်မှန်းပြီး ဖြေရတယ်။ ကျွန်တော်ထင်တာကတော့ လူတစ်ယောက်အနေနဲ့ အသံဟာ အရမ်းအရေးကြီးတယ်ပေါ့။ ဒါကြောင့်မို့လို့ "မေမေ ကျွန်တော့်နားရွက်တွေက အရေးအကြီးဆုံးပေါ့"။
"မဟုတ်ဘူးသားရဲ့ လောကမှာ နားမကြားတဲ့သူတွေအများကြီးရှိတယ်ကွယ့် ၊ စဉ်းစားထားဦး မေမေနောက် ထပ်မေးဦးမယ်။"တဲ့။
ဒီလိုနဲ့ နှစ်နှစ်၊ သုံးနှစ်လောက်နေတော့ ထပ်မေးတယ်။ ပထမတစ်ခါ ဖြေပြီးကတည်းက ကျွန်တော် နောက်ထပ်သေချာမယ့် အဖြေကို သေချာစဉ်းစားပြီးသွားပြီ။ ဒီတစ်ခါတော့ ကျွန်တော်က "မေမေ လူတိုင်းအတွက် အမြင်အာရုံက အရေးကြီးတော့ ကျွန်တော့်မျက်လုံးတွေက အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ရမယ် မှန်တယ်မို့လား မေမေ"။
အဲဒီတော့ မေမေက ကျွန်တော်ကို ကြည့်ပြီးပြောတယ်။ "သား မင်းသင်တာတော့ မြန်သားပဲ ဒါပေမယ့် အဖြေမှန်တော့ မဟုတ်သေးဘူးကွယ့် ၊ လောကမှာ မျက်စိမမြင်တဲ့သူတွေလည်း အများကြီးရှိတာပဲ" တဲ့။
ကျွန်တော်စဉ်းစားရကြပ်သွားတယ်။ ဒါပေမယ့် ကျွန်တော်ဉာဏ်မီသလောက် ဆက်စဉ်းစားသေးတယ်။ နောက်နှစ်တွေမှာလည်း နှစ်ခါ သုံးခါထပ်မေးတယ်။ မေမေဆီကအဖြေကတော့ ထုံးစံအတိုင်း "မဟုတ်သေးဘူး သားရဲ့ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ်တော့ သား စဉ်းစားတတ်လာပြီ" တဲ့။
ဒီလိုနဲ့ မနှစ်တုန်းကတော့ ကျွန်တော် အရမ်းချစ်ရတဲ့ ဖိုးဖိုး ဆုံးသွားတယ်။ အိမ်က လူတိုင်းအားလုံးက ၀မ်းနည်းကြတာပေါ့။ ငိုလည်း ငိုကြတယ်။ ကျွန်တော့် ဖေဖေတောင် ငိုသေးတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဖေဖေငိုတာကို ဒုတိယအကြိမ် မြင်ဖူးတာပဲ။ ဖိုးဖိုးကို နောက်ဆုံး ကန်တော့ကြမယ့် အချိန်မှာ မေမေက ကျွန်တော်ကို ကြည့်ပြီးမေးတယ်။
"သား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရေးအကြီးဆုံး အစိတ်အပိုင်းကို သိလား"
ခုချိန်မှာ မေးခံလိုက်ရတာ ကျွန်တော် တော်တော် တုန်လှုပ်သွားတယ်။ ဒီမေးခွန်းမေးတာဟာ ကျွန်တော်နဲ့ မေမေ ကစားနေကြတယ်လို့ပဲ ထင်ထားတာ။ ကျွန်တော် စိတ်ရှုပ်သွားတာမြင်တော့ မေမေက ပြောတယ်။ "သား ဒီမေခွန်းက အရမ်းအရေးကြီးတယ်။ အဲဒါကို ဖြေနိုင်မှ သား ရင့်ကျက်ပြီလို့ ဆိုနိုင်မှာ။ အရင်ကဖြေခဲ့ဖူးတဲ့ အဖြေတွေက ဘာကြောင့်မှားတယ်ဆိုတာ မေမေ ရှင်းပြခဲ့ပြီးပြီ။ ဒါပေမယ့် ဒီနေ့တော့ သား ဒီအရေးကြီးတဲ့ သင်ခန်းစာကို သင်ရလိမ့်မယ်။" ။
မေမေက ကျွန်တော်ကို ကြင်ကြင်နာနာနဲ့ ကြည့်လိုက်တယ်။ မေမေမျက်ဝန်းထဲမှာ မျက်ရည်တွေ ၀ဲနေတာကို တွေ့ရတယ်။ ပြီးတော့မှ " သား အရေးအကြီးဆုံး အစိတ်အပိုင်းတွေက မင်းရဲ့ ပခုံးတွေပဲသားရဲ့" တဲ့။
"ဘာဖြစ်လို့လဲ မေမေ ကျွန်တော့်ခေါင်းကို ထိန်းထားလို့လား"
"မဟုတ်ဘူး သားရဲ့ အဲဒီ ပခုံးတွေက သားချစ်တဲ့သူ ဒါမှ မဟုတ် သားသူငယ်ချင်းတွေ ငိုတဲ့အခါ ထိန်းထားပေးဖို့ပဲကွယ့်။ လူတိုင်းရဲ့ ဘ၀မှာ ငိုတဲ့ အချိန်မှာ ထိန်းထားပေးဖို့ ပခုံးတစ်ခုတော့ လိုတယ်သားရဲ့။ မေမေ့သားအတွက်ကတော့ သားငိုချင်တဲ့အချိန်မှာ အချစ်ဆုံးသူတွေ၊ သူငယ်ချင်းတွေရဲ့ ပခုံးတွေ အဆင်သင့် ရှိနေမယ်လို့ အမေမျှော်လင့်ပါတယ်။"
အဲဒီအချိန်ကစပြီး ကျွန်တော်သိလိုက်တာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရေးအကြီးဆုံး အစိတ်အပိုင်းဟာ ကိုယ်တစ်ယောက်ထဲအတွက် မဟုတ်ဘူးဆိုတာပါပဲ။ အဲဒါက တစ်ခြားလူတွေရဲ့ နာကျဉ်ခံစားမှုတွေကို မျှဝေခံစားပေးဖို့အတွက်ဆိုတာပါပဲ။ လူတိုင်းဟား ခင်ဗျား ဘာပြောခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာကို အချိန်ကြာလာတာနဲ့အမျှ မေ့သွားကြမှာပါပဲ။ ဒါပေမယ့် ခင်ဗျား သူတို့တွေကို ခံစားစေခဲ့တယ် ဆိုရင်တော့ သူတို့က ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ဒီပုံပြင်လေးက ခင်ဗျားကို ခဏတော့ အတွေးပေါ်စေမှာပါ။ လူတိုင်းအပေါ် ကြင်နာသနားပါ။ ကြင်နာမှုတွေကို ခံယူပါ။ ခင်ဗျားရဲ့ ပခုံးကို ကိုယ့်သူငယ်ချင်း၊ ချစ်ရသူတွေအတွက် အဆင်သင့် ပြင်ထားပါ။

You received this email because you are subscribed to the real_time feed for http://talkii.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.