Monday, December 1, 2008

[ချစ်သူ့ ပုံရိပ်] 1 New Entry: " ခံစားမှုများစွာ ..December "

" ခံစားမှုများစွာ ..December "

ကိုယ့်မွေးနေ့လ ဖြစ်လို့လားမသိဘူး
ငါ ..နင့်ကို သိပ်ချစ်တယ် ဒီဇင်ဘာ …..

သိပ်ချစ်ခဲ့ဖူးသူတစ်ယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရလို့လား မသိဘူး
ငါ ..နင့်ကို အမြဲသတိရတယ် ဒီဇင်ဘာ …..

မြဲမြံမယ်ထင်တဲ့ လက်ကလေးတစ်စုံကို
အမှတ်မထင် ဖြုတ်ချခံခဲ့ရလို့လားမသိဘူး
ငါ ..နင့်ကို ဘယ်လိုမှ မေ့လို့မရဘူး ဒီဇင်ဘာ …...

နူးညံ့ချိုသာခဲ့တဲ့ စကားလုံးတွေ
ရုတ်တရက် အရောင်ပြောင်းသွားလို့လား မသိဘူး
ငါ ..နင့်ကို အမှတ်ရနေတုံးပဲ ဒီဇင်ဘာ …..

နင့်ကို ရူးသွပ်တမ်းတဆဲ ငါက
မှတ်မှတ်ရရ .. ဒီကဗျာကို ရေးခဲ့ဖူးတယ် ..ဒီဇင်ဘာ

{{{ "December" မှာ
လက်စွပ်ပြန်အပေးခံရတဲ့ မိန်းကလေးတစ်ယောက်
မင်းဘ၀ထဲက ပျောက်ကွယ်သွားတာ
ဘာမှ ....မဆန်းပါဘူး ကောင်ကလေးရယ် ...
ကိုယ်ဟာ ..ဘယ်သူ့အတွက်မှ
တမ်းတချင်စရာကောင်းတဲ့သူလဲ မဟုတ်ခဲ့ဘူး ။

"New Year Eve" မှာ
ငါ့ဘ၀ထဲက မင်းထွက်သွားတော့လို့
ရက်စက်စွာအပြောခံရဖူးသူတစ်ယောက်
ရန်ကုန်မြေကပျောက်ကွယ်သွားတာ
ဘာမှ ..မကြာသေးပါဘူး ကောင်ကလေးရယ် ..
ဘယ်လိုပဲဖြစ်ဖြစ် ..ကိုယ်ဟာ ..
လွမ်းလောက်စရာလူလဲ မဟုတ်ခဲ့ပါဘူး ။

"August 15" မှာ
မွေးနေ့ဆုတောင်း E.Card ကို
အငြင်းပယ်ခံရတဲ့သူတစ်ယောက်
Online ပေါ်က ပျောက်ကွယ်ခဲ့တာ
ဘယ်သူမှ ၀မ်းမနည်းပါဘူး ကောင်ကလေးရယ် ..
တကယ်တော့လဲ ..ကိုယ်ဟာ
ပြန်ငဲ့ကြည့်ချင်စရာကောင်းသူတစ်ယောက်
တကယ့်ကို မဟုတ်ခဲ့ပါဘူး ။။။ }}}

by ...DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.