Monday, December 1, 2008

[We Fight We Win. -- " More than Media "] 3 New Entries: သန်းရွှေ စစ်အုပ်စု ၏ သေမင်းတမန် RoadMap - Burmese Junta's RoadMap for Democracy

သန်းရွှေ စစ်အုပ်စု ၏ သေမင်းတမန် RoadMap - Burmese Junta's RoadMap for Democracy

Burma Road ၏ ၂၁ကွေ့ တောင်ပေါ်လမ်း

သန်းရွှေ စစ်အုပ်စု ၏ တုတ်တဖက် နှင့် သေမင်းတမန် RoadMap ကိုကွက်ကွက်ကွင်းကွင်းမြင်ကြည့်ရန် ဖော်ပြလိုက်ပါသည်။ လမ်းမှားရောက်နေသော ယနေ့မြန်မာစစ်တပ် ဟာ
သန်းရွှေရဲ့ လက်ကိုင်ဒုတ် သဖွယ် ခံယူပြီး၊ အာဏာရှူးတို့၏ လိမ်ညာ ကွေ့ကောက်နေတဲ့သေမင်းတမန်လမ်း ကို ဆက်လက် လျှောက်လှမ်း နေကြပြီ။ ယနေ့ မြန်မာစစ်တပ် လိုက်ပါလျှောက်လှမ်းနေသော သေမင်းတမန်လမ်း ကို မြင်တွေ့ လိုလျှင် ဒီပုံကိုနမူနာ အဖြစ်ကြည့်ပါ။ အနှစ် ၂၀ အတွင်း အကွေ့ ၄ ကွေ့ ကိုသာ လျှောက်လှမ်းနိုင်ပါသေးတယ်။

ပထမ အကွေ့ - မဆလ မှ
န၀တ နှင့် န၀တ မှ နအဖ အဖြစ် ဆိုင်ဘုတ်သစ်တင်ခြင်း အကွေ့ ( ၈၈
လူသတ်မှု အကွေ့)

ဒုတိယ အကွေ့ -
ဒီပဲယင်းလူသတ်မှု အကွေ့

တတိယ အကွေ့ - ရွှေ ၀ါရောင်ဘုန်းကြီးသတ်မှု အကွေ့

စတုတ္တ အကွေ့ - နားဂစ် လူသတ်မှု အကွေ့

နောက်ထပ် ၁၇ ကွေ့ ကျန်ပါသေးသည်။ မြဲမြဲကိုင်ထားကြပါ။ ဒရိုက်ဘာ ကတော့ သန်းရွှေ ပါဘဲ။


Rest of your post

မြွေပူရာကင်းမှောင့် ဖြစ်နေသောဇင်ဘာဘွေ


ရောဂါပေါင်းစုံ ခံစားနေရသော ဇင်ဘာဘွေ ကလေးငယ်များနှင့်
ဝမ်းရောဂါသည်များအား ဆေးခန်းသို့ သယ်ယူလာပုံ


-သာကျော်-
နိုဝင်ဘာ ၃၀၊၂၀၀၈

ဇင်ဘာဘွေ နိုင်ငံ၊ မြို့ တော် ဟဲရာရေးလ်ရှိ ချီတွန်ဝိဇာရပ်ကွက်တွင်နေထိုင်ကြသော လူများက ဇင်ဘာဘွေ အစိုးရမှ ကြီးကြပ်ထား သော ဇင်ဘာဘွေအမျိုးသား သောက်သုံးရေ ဌာန(Zimbabwe National Water Authority – ZINWA) မှ အာဏာပိုင်များကို နိုင်ငံ ၏ အဆင့်မြင့် တရားရုံး၌ အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ပါသည်။ အစိုးရ သောက်သုံးရေဌာန မှ ၀န်ထမ်းများ၏ ပေါ့ဆမှုကြောင့် မသန့်ရှင်းသော ရေများ လူနေရပ်ကွက်များ သို့ ရောက်ရှိခဲ့ရပြီး ၀မ်းရောဂါနှင့်အခြားဆိုးရွား သောရောဂါ များဖြစ်ပွားလာကာလူအများ သေကြေ ခဲ့ရခြင်းအပေါ် အမှုဖွင့်ခဲ့ ကြခြင်းဖြစ်ပါသည်။ ZINWA ၏ ကြီးကြပ်မှု အောက်၌ မိလ္လာစနစ်များ ကောင်းမွန်ခြင်းမရှိသဖြင့်၊ မိလ္လာတွင်းများသည် ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့ကာ ကလေးသူငယ်များ သာမက လူကြီးများအတွက် ပင် အန္တရာယ် ဖြစ်နေပါသည်။ ရပ်ကွက်လူကြီးများ မှလည်း အစိုးရ၏တာဝန်ဟု ဆိုကာ ၀ိုင်းဝန်းထိန်းသိမ်းခြင်း မပြုလုပ်ကြပါ။

ဝမ်းရောဂါ နှင့် အခြား မသန့်စင်သော ရေကြောင့်ဖြစ်ပွားသော ရောဂါများသည် စက်တင်ဘာလအတွင်းမှ စတင်ဖြစ်ပွားခဲ့ပြီး လူ ၄၀၀ ကျော်အသက်ဆုံးရှုံး ခဲ့ရသည်။ ကမ္ဘာကြက်ခြေနီအဖွဲ့ မှ စာရင်းအရ ၀မ်းရောဂါဖြစ်ပွားသူပေါင်း ၉၅၀၀ ကျော်ရှိသည် ဟုထုတ်ပြန်ခဲ့ပါသည်။



ဇင်ဘာဘွေ တချို့နေရာတွေမှာ ပြန့်နှံ့စီးဆင်းနေသော ညစ်ညမ်းနေသည့် ရေ

များမကြာမှီ တရက်လျှင် လူ ၅၀ ခန့်အသက်ဆုံးရှုံးဖွယ်ရှိသည် ဟု နိုင်ငံတကာ ပရဟိတ အဖွဲ့များက သုံးသပ် တင်ပြကြ သော်လည်း အာဏာရ မူဂါဘီ အစိုးရ ၏ နိုင်ငံခြားရေးဝန်ကြီးကမူ ၀မ်းရောဂါသည် အာဖရိက နိုင်ငံများအတွက် အထူးအဆန်းမဟုတ်ပါ ဟုပြောဆိုသွားပါသည်။

ဆယ်စုနှစ် ၃ခု နီးပါးအစိုးရ ၏ ခြစားမှု၊လုပ်ငန်းမကျွမ်းကျင်မှု၊ ဖိနှိပ်ညှင်းပန်းမှုတို့ကြောင့် ဇင်ဘာဘွေ၏ အခြေအနေမှာ အဆိုးဝါးဆုံးအခြေအနေသို့ရောက်ရှိနေပါပြီ ဟု အမေရိကန်သမ္မတ ဟောင်း ဂျင်မီကာတာ ၅ရက်ကြာ အာဖရိက ခရီးစဉ် အပြန်၌ ဝေဖန်သွားပါသည်။ ကာတာ၊ ကိုဖီအာနန် နှင့် နယ်ဆင်မင်ဒဲလား၏ ဇနီးတို့သည် ဇင်ဘာဘွေ သို့သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မူဂါဘီအစိုးရမှ ဗီဇာတားမြစ်ခဲ့မှုကြောင့် အိမ်နီးချင်းအာဖရိကနိုင်ငံများသို့သာ သွားရောက်ခဲ့ပြီး ဒေသတွင်း ရှိ အစိုးရများ၊ကုလသမဂ္ဂအရာရှိများ၊ အင်ဂျီအို အဖွဲ့အစည်းများ၊ ဇင်ဘာဘွေလူထုခေါင်းဆောင်များနှင့်သာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တိုင်းပြည်၏ အဓိက ဆေးရုံကြီး ၄ ရုံအားပိတ်ပစ်ခဲ့ပြီး အကြမ်းဖျင်း အေအိုင်ဒီအက်စ်လူနာ ၃၅၀၀ ခန့်သည် အပတ်စဉ်တိုင်း သေဆုံးနေကြသည် ကာတာမှပြောဆိုသွားပါသည်။

လူလတ်တန်းစားများမှာ တိုင်းပြည်အတွင်းမှထွက်ခွာသွားနေကြပြီး၊ အခြေအနေမဲ့ ဆင်းရဲသားလူထု နှင့် စီးပွားရေးဂယက် ပေါ်၌ အမြတ်ထုတ်နေသော ကြသော မူဂါဘီအနီးအနားရှိ အခွင့်ထူးခံလူနည်းစုလေးသာ ကျန်ရှိနေတော့သည် ဟု အမေရိကန်သမ္မတ ဟောင်း ကာတာမှ ပြောဆိုသွားပါသည်။

စားနပ်ရိက္ခာ၊ဆေးဝါးများ၊ ငွေကြေးအလှုငွေများကို CARE၊ World Vision၊ Save the Children အစရှိသော ပရဟိတ အဖွဲ့အစည်းများ ကို အမြန်ဆုံး ထောက်ပံ့သင့်ကြောင်း၊ သို့သော် ဇင်ဘာဘွေလူများ လက်ထဲသို့ တိုက်ရိုက်မပေးသင့်ကြောင်း၊ထိုဇင်ဘာဘွေအသင်းအဖွဲ့များသည် ဇင်ဘာဘွေအစိုးရမှ ၄င်း၏ အကျိုးစီးပွား အတွက်အလို့ဌာ လက်လျှိုဝင်ထား သော အဖွဲ့အစည်း များ ဖြစ်သည်ဟု ကာတာမှပြောဆိုသွားပါသည်။

အာဏာရှင်များ ချုပ်ကိုင်ထားသော ဇင်ဘာဘွေ၊ မြန်မာ အစရှိသော တိုင်းပြည်များ၌ အလားတူ ပြသနာများ ဖြစ်ပွားလျက် ရှိနေကြပြီး တိုင်းပြည်၏ ပြည်တွင်းရေးကို တွေ့ဆုံဆွေးနွေး၍စေ့စပ်ညှိနှိုင်းမှု ပြုကာ ပြည်သူ ထောက်ခံသော အစိုးရ တခှ ပေါ်ပေါက်လာမှသာ ၄င်းပြသနာများကို ရှာဖွေအဖြေရှာနိုင်ပေလိမ့်မည်။



၂၀၁၀ မှာပြုလုပ်မည့် ရွှေကောက်ပွဲအပေါ် ပြည်သူ့သဘောထား



ပြည်သူ့သဘောထား


  • လက်နက်အားကိုး မိစ္ဆာမျိုး စစ်ဝါဒီ နအဖ အားဆန့်ကျင်ကြ။
  • နိုင်ငံတော် တိုးတက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
  • နိုင်ငံတော်၏ ပြည်တွင်းရေး ကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်ပြီး သံယာဇာတများကို ခေါင်းပုံဖြတ် အမြတ်ထုတ် နေသော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
  • ကြံ့ဖွတ်၊စွမ်းအားရှင် အဖျက်သမားများအား ဘုံရန်သူ အဖြစ်သတ်မှတ်ချေမှုန်းကြ။


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.