Monday, December 1, 2008

[အမှန်တရားကို လိုလားတဲ့ ရွှေညာသား] 5 New Entries: အနီးခေတ်ဗမာပြည်

အနီးခေတ်ဗမာပြည်

20 ရာစု ဗမာပြည် သမိုင်းကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင်-
= ၁၉၀၁ ခုနှစ်မှ ၁၉၄၇ ခုနှစ်ထိဟာ ကိုလိုနီခေတ် ဗမာပြည်သမိုင်း၊
= ၁၉၄၈ ခုနှစ်မှ ၂၀၀၈ ပြည့်နှစ်ထိဟာ လွတ်လပ်ရေးကြေညာပြီးခေတ54မာပြည်သမိုင်း ။ တနည်းအားဖြင့် မျက်မှောက်ခေတ် အနီးခေတ်
ဗမာပြည်သမိုင်း ။
ကိုလိုနီခေတ် ဗမာပြည်သမိုင်းဟာ "ကျွန်ခေတ်ဗမာပြည်သမိုင်း" လို့ပြောရမှာ
ဖြစ်သလို လွတ်လပ်ရေးကြေညာပြီး ဖေတ်ဗမာပြည်သမိုင်းဟာလဲ
"အမှောင်ခေတ် ဗမာပြည်သမိုင်း" လို့ပဲ ထပ်ဆင့်ဖွင့်ဆိုရမှာဖြစ်ပါတယ်

အခုဖေါ်ပြမယ့် သမိုင်းဟာအကျဉ်းဟာ အမှောင်ခေတ်ဗမာပြည်သမိုင်း
ဖြစ်ပါတယ်။ အမှောင်ခေတ် ဗမာပြည်သမိုင်းဟာ အမှေင်ထဲကဗမာပြည်
အကြောင်းပဲဖြစ်ပါတယ် ။ အမှောင်ခေတ်ဗမာပြည်သမိုင်းကို ပြည်ကြည့်
လိုက်တဲ့ အခါ -----------------------------------------------------------
=ဗမာပြည်လွတ်လပ်ရေးကို စတင်ကြေညာလိုက်တဲ့ ၁၉၄၈ ခုနှစ်ကနေ
၁၉၅၈ ခုနှစ်အထိ ဖဆပလ (၁၀)နှစ် ဆယ်မိုးခေတ်………………..
=၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ အထိ အိမ်စောင့်အစိုးရ စစ်အစိုးရခေတ်….
=၁၉၆၀ ကနေ ၁၉၆၂ ခုနှစ်အထိ ပထစ ခေတ်………………….
=၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်အထိ မဆလ စစ်အစိုးရခေတ်……..
=၁၉၈၈ ကနေ ၂၀၀၈ အထိ နဝတ ၊ နအဖ ၊ ခေတ် ဒီခေတ်တွေကို
ထပ်ပြီးချုပ်ကြည့်လိုက်မယ်ဆိုရင်
ဖဆပလ ခေတ်နဲ့ ပထစ ခေတ်က ပါလီမန် ဒီမိုကရေစီ ခေတ်
မဆလ ခေတ်နဲ့ နဝတ ၊ နအဖ ခေတ်က စစ်အာဏာရှင်ခေတ်
နောက်ဆုံးအချုပ်က ပါလီမန် ဒီမိုကရေစီ ခေတ်နဲ့ စစ်အာဏာရှင်
စနစ်ခေတ်ဆိုတာပဲတွေရပါလိမ့်မယ် ။
ပါလီမန် ဒီမိုကရစီ ခေတ်ကြီးအောက်မှာ မှောင်နဲနဲ မည်းမည်းဖြစ်ခဲ့ရတဲ့
ဗမာပြည်ဟာ စစ်အာဏာရှင်စနစ်ခေတ်အောက်မှာ ပိန်းပိတ်အောင် မှောင်
တဲ့ဘဝရောက်ခဲ့ကြရပါတယ် ။
စစ်အာဏာရှင်စနစ် မှောင်တဲ့အောက်မှာ ဗမာပြည်ကြီးဟာ အဆင်းရဲ့ဆုံး
အငတ်ပြတ်ဆုံး ရုပ်အဆိုးဆုံး အနာကျင်ရဆုံးဖြစ်ခဲ့ပါတယ်၊ ဖြစ်နေပါတယ်၊
ဗမာပြည် ပြည်သူများရဲ့ ညည်းညူသံ ငိုကြွေးသံ အံကြိတ်သံ တက်ခေါက်သံ ရုန်းကံသံ လှုပ်ရှားသံတွေဟာလည်း တရံမလပ် ကြားနေရတယ်။

စစ်မှန်တဲ့လွတ်လပ်ရေးရဲ့အရသာ ဗမာပြည် ပြည်သူများမခံ စားရသေးပါ
အေးမြတဲ့ ငြိမ်းချမ်းရေးအစစ်ရဲ့အရသာ ရဿတွေကို ပြည်သူများ
မထိတွေ့ရသေးပါ ၊ တန်းတူညီမျှတဲ့အခွင့်ရေးနဲ့ စစ်မှန်တဲ့ အမျိုးသား
သွေးစည်းညီညွတ်ရေး မတည်ဆောက်နိုင်သေးပါ ဘာကြောင့်လဲ
ဘာတွေလဲ ဘယ်လိုလဲ ဘာတွေဖြစ်ခဲ့လဲ သိဖို့မလိုဘူးလား?\
မှန်မှန်ကန်ကန် ပြန်လည်ကြည့်မြင်ကြဖို့ လိုပါမယ် ။
အတိတ်ကို ပြန်ကြည့်တာဟာ သမိုင်းကိုပြန်ကြည့်တာဖြစ်ပါတယ်
သမိုင်းကို ပြန်ကြည့်ကြဖို့ ကျွန်တော်နှိုးဆော်ပါတယ် ………………
သမိုင်းကို သိမှသာလျှင် အလုပ်လုပ်ရတာ ပိုပြီးတော့ အရသာရှိပါတယ်
သမိုင်းကိုပြန်ကြည့်ကြပါစို့ …………………..ရွှေညာသား

တိုက်တွန်းလွှာ

ကျွန်တော်တိုမြန်မာနိုင်ငံမှာ စစ်အစိုရဟာ
မတရားတဲ့ နည်းနဲ့ ၂၀၀၈ ခုနှစ်မေလမှာ ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲမှာ အနိုင်ယူခဲ့ပြီးပါပြီ၊
၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ကျင်းပဖို့စီစဉ်နေပါတယ်
ဒါကို ကျွန်တော်တို့ပြည်သူပြည်သားတွေကော အဖွဲ့စည်းတွေကော ကန့်ကွတ်ဖို့လိုနေပါတယ်
ဘာ့ကြောင့်လည်းဆိုတော့ စစ်အာဏာရှင်စနစ်ဟာတရားသလား မတရားသလားဆိုတာ
အနီးကပ်ဆုံးကိုကြည့်မယ်ဆိုရင်ပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာပဲ ဘုရားသားတော်
သံဃာတော် အရှင်သူမြတ်တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖျက်ခဲ့တာ ပြည်သူပြည်သားတွေ
သိကြပါတယ်၊ စီပွားရေး၊ ကျမ္မာရေး ၊ ပညာရေး ၊အားလုံးဆုတ်ယုတ်နေပါတယ်၊
ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကြရမယ် ဖတ်ရှားရမယ် ဒါမှသာလျှင်
ပြည်သူတွေလိုလားတဲ့ လွတ်လပ်တဲ့နိုင်ငံ တရားမျှတတဲ့ ဥပဒေ လူ့အခွင့်ရေးတွေပြည့်ဝစွာ
ရရှိမှာဖြစ်ပါတယ်။ ပြည်သူအားလုံး ပါဝင်ကြပါရန်တိုက်တွန်းအပ်ပါသည်၊.
အမှန်တရားကိုမြတ်နိုးတဲ့ တို့တတွေရဲ့ အစုအဖွဲ့

ကျွန်တော့်ချစ်သူ မမရေ

မင်းကိုငါသတိရတယ်ကွာ
မင်းလဲငါ့ကိုချစ်မှန်းသိပါတယ်
ငါအတွေးလွန်နေတယ်….
တကယ်လို့များ……..ဆိုတဲ့
ငါ့ကိုပြစ်ထားခဲ့ရင် ……
မတွေးပါရစေတော့နဲ့ချစ်သူ
ငါတကယ်မခံစားနိုင်လို့ပါ…
သတိရစရာ
အချိန်တွေကိုလွမ်းတယ်
နာရီတွေကို နှမျောတယ်
နေရာလေးကိုတမ်းတမိတယ်.
ပျော်ရွှင်စရာ
မင်းပြောတဲ့စကားတွေကို
ကြားရောင်နေမိတယ်…..
အိပ်လို့မရဘူးချစ်သူရယ်
ဘယ်လိုပဲတွေးတွေး
ခပ်ဝေးဝေးမှာ မနေရပေမယ့်
အချိန်တိုင်းသတိရတယ်…
ချစ်သူရေ…………
ပျော်ရွှင်မှုတွေကို စာမစီချင်ဘူး
ဟိုး…….အဝေးကြီးကိုလဲမတွေးချင်ဘူး
ခပ်ဝေးဝေးရောက်မှ
ခပ်ဆွေးဆွေးလေး စာရေးတော့မယ်..
အခုတော့အိပ်မရဘူး
သတိရတယ်………….
ချစ်ရတဲ့သူရယ်………..။ ။
"၁၃.၁၄."၆.၂၀၀၈
ကြည်သာရွှင်ပြ
နင်နှင့်အမျှပေါ့..။ ။။

ကျွန်တော်ချစ်သူ မမကြည်ဖြူ

တစ်သက်မှာတစ်ခါ အိမ်ထောင်ပြုရဆိုတော့ ကျွန်တော်စဉ်းစားတယ်ဗျာ
ကျွန်တော်မှာ ချစ်သူရှိနေပါပြီ သူနာမည်နဲ့ လူပုံကိုကျွန်တော်ချစ်တယ်ဗျာ
ကျွန်တော့်အပေါ်တော်တော်လေးကောင်းပါတယ် မိဘနှစ်ပါးပြီးရင်
သူ့ကိုကျွန်တော်အချစ်ဆုံးပါပဲ.................
သူဟာလည်း ကျွန်တော့်လိုပါပဲဗျာ ကျွန်တော်ဟာတော်လှန်ရေးသမား
တစ်ယောက်လို့ခံယူထားတယ် ၊ ကျွန်တော်ချစ်သူကလည်း ဘာမှမပြောဘူး
ကျွန်တော့်ကိုလည်းအလိုလိုက်သလို သူကိုယ်တိုင်လည်း သဘောထူပါတယ်ဗျာ
ကျွန်တော်တို့ရဲ့ မင်္ဂလာဆောင်ပြီးရင် နအဖ စစ်အာဏာရှင်လက်အောင်က
လွတ်မြောက်သွားခဲ့ရင် ချစ်စွာသောစာရှုသူအပေါင်းကို ကြွားလိုက်ချင်တယ်ဗျာ
ကျွန်တော်ရုပ်ဆိုးသလောက်မိန်းမရကံကောင်းမှာပါဗျာ ၊ကံကောင်းတယ်လိုလည်း
ယူဆထားပါတယ်ဗျာ ၊ အခုတော့ကျွန်တော့်ချစ်သူ ကြည်ဖြူလေးနဲ့ခွဲနေရတယ်ဗျာ
တော်လှန်ရေးသမားတစ်ယောက်ရဲ့ နှလုံးသားတွေ မာကြောသွားပြီလား၊
ဒါမှမဟုတ် အချစ်တွေပဲတိုးနေလား ဘယ်လိုမှ ကိုယ်ပဲစဉ်းစားလို့မရဘူးဗျာ၊
ကျွန်တော့်ချစ်သူ မမကြည်ဖြူကိုတော့ ကျွန်တော်အရမ်းချစ်တယ်ဗျာ၊
သူနဲ့သာဆိုရင် တစ်သက်မကဘူး နှစ်သက်လောက်ချစ်ပြစ်လိုက်ချင်တယ်ဗျာ
ကျွန်တော့်ချစ်သူ မမကြည်ဖြူကို သတိရတယ်ဗျာ တစ်ယောက်နဲ့တစ်ယောက်က
ဟိုးအဝေးကြီးတွေမှာဆိုတော့ စာလေးတောင်မဖတ်ရပါဘူးဗျာ..................
မမ ရေ မင်းတစ်ယောက်ပျော်ရွှင်လို့ လုပ်ငန်းတွေအောင်မြင်ပါစေလို့
ချစ်လျှက်နဲ့ခွဲနေရတဲ့ တော်လှန်ရေးသမားလေးကျွန် ဆုတောင်းလိုက်ပါတယ်မမရယ်
အမှန်တရားအတွက်ဘယ်လောက်ခွဲရအုံးမလည်း မမရေ ကြားနိုင်မယ်ဆိုရင်ပြောပြပါဗျာ
မမ ပြန်အလာကိုစောင့်ရင် ကျွန်တော်ပြန်အလာကို မျှော်နေပါနော်..ချစ်လွန်းလို့ပါမမရယ်..
စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးသမားလေး ကျွန်တော် ဘယ်လိုပြောရမလည်း
ကျွန်တော်ချစ်သူ မမကြည်ဖြူကို လွမ်းလိုက်တာဗျာ ဒေါနတောင်တန်းကြီးလည်းသိပါတယ် မမရယ်
သောင်ရင်းမြစ်ကရေတွေတောင်မှီမှာမဟုတ်ပါဘူးမမရယ် သတိရလွန်းလို့ပါ။ ။

တော်လှန်ရေးသမား

ငါတို့တွေရဲ့အကြောင်း သမိုင်းကြောင်းလည်းများလှပြီ
ချစ်ခြင်းမေတ္တာနဲ့အကြာင်နာတွေလည်းဝေးခဲ့ရပြီ
ငါတို့ချစ်တဲ့ ရဲဘော်တွေလည်း ဆုံးရှုံးခဲ့ရတယ်
ဘယ်တော့မှမေ့မရတဲ့သမိုင်းတွေလည်းတွင်ခဲ့ပြီ
ငါတို့ရဲ့ တော်လှန်ရေးလည်းမပြီးဆုံးသ၍
နှစ်ကာလအတိုင်းတာမရှိ-ဆက်လက်တို့တော်လှန်မည်
စစ်အာဏာရှင်စနစ် မပျက်သုဉ်းသ၍
တော်လှန်ရေးသမားဘဝတွေလည်း အဆုံးမရှိတဲ့နေ့တွေပေါ့
စစ်အာဏာရှင်စနစ် ပျက်သုဉ်းသွားလည်း…
တော်လှန်ရေးသမားတွေ တည်ရှိဆဲပါပဲ…
အမှား မြင်တဲ့ထိုလူတစ်စုကို
အမြင်ဖြစ်ဖို့ငါတို့ပြင်ရအုံးမယ်……………..
ဒီခေတ် ဒီစနစ်မှ မဟုတ်သေး…….
နောင်ခေတ် နောင်စနစ် ကြရင်လည်း
အမှန်တရားဘတ်တော်သားတွေ-
ငါတို့တော်လှန်ရေးသမားတွေလည်းတည်နေကြအုံးမှာပါ။

You received this email because you are subscribed to the real_time feed for http://mightymgmg.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.