Monday, December 1, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်] 1 New Entry: အတိတ် အား နမ်းရှိုက်ခြင်း

အတိတ် အား နမ်းရှိုက်ခြင်း

အနာဂတ်အား ပွေ့ ဖက်ရန် အတိတ်၏ သက်သေ ကို နမ်းရှိုက်ရမည်။ ထို့ ကြောင့်
" အမှန်သည် သက်သေမတွေ့ သေးသော အမှား" ဖြစ်နိုင်သည်။
" အမှားသည် သက်သေစောင့်နေသော အမှန် " ဖြစ်နိုင်သည်။



အချိန်သည် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်မည့်ကာလ ဖြစ်၏ ။ ဖြစ်နေဆဲ အခိုက်အတန့် ဖြင့် ဖြစ်ပြီး ဖြစ်မည့် အရာများကို တိုင်းတာရသည့် အတွက် ချိန်စရာ တစ်ခုအဖြစ် အချိန်ဟု သတ်မှတ်လာပုံရသည်။ သို့ မဟုတ် တစ်ခုသည် တစ်ခုဖြင့် ချိန်ဖို့ တိုင်းတာဖို့ ၊ နှိုင်းယှဉ်ဖို့ သတ်မှတ်ပေမည်။ ယင်းအချိန်သည် လူသားအတွက် ကင်းကွာမရသော ကိရိယာ တစ်ခုဖြစ်လာသည်။ တိုင်းတာမရသော အကျိုးများ ရှိသည့် အတွက် အချိန်မရှိ ၊ အချိန်မသိလျှင် ဘာမှ လုပ်ကိုင်ဆောင်ရွက်မဖြစ်ချေ။

ဖြစ်ပြီးခဲ့သည်ကို လေ့လာမှတ်သားရသည်။ ဖြစ်နေဆဲကိုလည်း မှတ်နေရသည်။ ဖြစ်လာမည်ကိုလည်း မှတ်ရသည်။ ကုန်ဆုံးသွားသောနေ့ ကို မှတ်ရသလို ရောက်နေသော နေ့  ကိုဖြတ်သန်းရသည်။ ရောက်လာမည့်နေ့ ကို ကြိုတင်မှန်းရသည်။ ဤသည်မှာ အချိန်ဖြစ်သည်။ တစ်နေ့ တာကာလကို မှတ်နိုင်သမျှ အပုံပုံ နာရီသတ်မှတ်ကြသည်။ သို့ သော် ယနေ့ ခေတ်တွင် ကမ္ဘာက နေကို ပတ်ခြင်း၏ ကြာမြင့်သော ကာလကို အဆင့်ဆင့် ချုံ့ လိုက်သည်။ ကမ္ဘာ၏ နေတစ်ပတ်ကို (၃၆၅) ရက်ဖြင့် သတ်မှတ်လျက် ၄င်းရက်များကို လဖြင့် (၁၂)လ ခွဲလိုက်သည်။တစ်လကို ရက်သင့်သလို ထားသည်။ တစ်ရက်ကို (၂၄) နာရီ ၊ တစ်နာရီ မိနစ် (၆၀) ၊ တစ်မိနစ် စက္ကန့် (၆၀) စသည်ဖြင့် အဆင့်ဆင့် ခွဲသည်။

ရှေးအခါက "လ" ဖြင့် ရေတွက်လေ့ရှိသည်။ "လ" ၏ အတိုးအဆုတ်ဖြင့် "လ" ကိုရက်များ သတ်မှတ်သည်။ အဖြစ်အပျက်များကို "နေ" ဖြင့် မှတ်သည်။ နေ့ အခါ ကြာမြင့်သော ကာလ၏ မတူညီမှုကို သတိထားလျက် "နေ" သွားလမ်းကြောင်း၏ အပြောင်းအရွှေ့ ကို သတ်မှတ်လျက် ဘယ်နှစ်လကြာလျှင် ဆောင်းရောက်မည် ၊ နွေရောက်မည် ၊ မိုးရောက်မည်ကို ခန့်  မှန်းကြသည်။ တစ်ဖြည်းဖြည်းဖြင့် လူသည် ကာလကို ပိုင်ဆိုင်လာသည်။

သို့ ရာတွင် လူသည် အနာဂတ်ကို ခန့် မှန်းလာနိုင်သော်လည်း အတိတ်ကို ပြန်မြင်ဖို့ ခက်သည်။ မိမိမျက်မြင်ကာလတွင် ဖြစ်ခဲ့သော အရာကိုသုံးသပ်လျက် အတိတ်ကို ပြန်လည်ပုံဖော်သည်။ မိမိပုံဖော်သော အတိတ်သည် မိမိသာ လက်ခံသည်။ မိမိသာ သက်သေဖြစ်သောကြောင့် မိမိသာ ယုံသည်။ လူတိုင်း မိမိတို့ မြင်တွေ့ ထိတွေ့ ခဲ့သော အရာကို လက်ခံသည်။ သို့ သော် သူတစ်ပါးကို လက်ခံအောင် ၊ ယုံအောင် အဘယ်သို့ သက်သေပြမည်နည်း ။ တိုးတက်လာသော ခေတ်တွင် ဖြစ်နေဆဲကို ဖမ်းယူထားခြင်းဖြင့် အတိတ်ကို ပြန်လည် သက်သေပြသည်။ သို့ ရာတွင် ယင်းသက်သေသည် ယင်းကာလ၏ ဖြစ်ဆဲသာ ဖြစ်သည်။ အတိတ်ကို သက်သေပြဖို့ ခက်ခဲသည်။

အတိတ်ဆီသို့ ဆန်းသစ်လှပါသည် , တိုးတက်လာပါသည် ဆိုသော သိပ္ပံပညာဖြင့်ပင် မလှမ်းနိုင်သေး ။ အတိတ်ကို ပြန်လည်ဖော်ထုတ် နိုင်သော အဖြေကို မတွေ့ မချင်း လူသည် "လူတော်" ဟု မဆိုနိုင် ။ လူသားသည် အရာရာ စွမ်းဆောင်နိုင်သည်ဟု လက်မထောင်နေသော်လည်း အတိတ်ကို မတူးဖော်နိုင်သေး။ အကယ်၍ အတိတ်ကိုသာ တူးဖော်နိုင်ပါက လူသားပြဿနာ အားလုံးလိုလိုကို ဖြေရှင်းနိုင်ပေမည်။ အထူးအားဖြင့် ရာဇ၀တ်မှုကို အလွယ်တစ်ကူ ဖော်ထုတ်နိုင်ပေမည်။ အတိတ်ကို တူးဆွဖော်ထုတ်ဖို့  ကြိုးပမ်းခြင်းသည်သာ အများအကျိုးကို ပိုစွမ်းဆောင်နိုင်သော လုပ်ငန်းဖြစ်မည်။ သို့  သော်လည်း အနာဂတ်ကို ဖော်ထုတ်နိုင်ပါက ပိုမိုတန်ဖိုးရှိပေမည်။

အနာဂတ်ကို ဖတ်ဖို့ အတိတ်ကို အခြေခံအဖြစ် ကြည့်ရသည်။ ရှေးအာကာသ ဆရာတို့ သည် ကောင်းကင်ပေါ်သို့ လူတက်မကြည့်သော်လည်း နေသွား , လသွား များကို အောက်မှနေလျက် သိအောင် လေ့လာမှတ်သားကြသည်။ အမြင်များ အဆင့်ဆင့် ပြောင်းလဲလျက် ကောက်ချက်အမျိုးမျိုး ဒဿန အမျိုးမျိုးဖြင့် အမှန်ဆုံးဖြစ်အောင် ကြံဆကြသည်။ နေက ကမ္ဘာကို ပတ်သွားသော သာမန်အမြင်မှ ကမ္ဘာက နေကို ပတ်သွားကြောင်းကို ထောက်ပြလာကြသည်။ အဆင့်ဆင့်သော အတွေ့ အကြုံမှ ယနေ့ လက်ခံလာသည့် အနေအထားအထိ ပြောင်းလဲလာသည်။

အရာရာ အမျိုးမျိုးသည် အပြောင်းအလဲ အမျိုးမျိုးဖြင့် ကြီးထွားလာကြသဖြင့် ဒီနေ့  လက်ခံနေရသော အရာများကို ရဲရဲတင်းတင်း မဆုပ်ထားရဲ။ "ဒီနေ့ မှန်တယ်ဆိုသော အရာက မနက်ဖြန် မှားသွားမလား" ဖြင့် မ၀ံ့မရဲ ခံစားရသည်။ အမြင်အားလုံးသည် သက်သေ အပေါ် မူတည်လေသည်။သက်သေအရ အမှားအမှန်ကို ဆုံးဖြတ်ရသည်။ ထို့ ကြောင့် စကားလုံးတစ်လုံးပင် ဆိုချင်လာသည်။

" အမှန်သည် သက်သေမတွေ့ သေးသော အမှား" ဖြစ်နိုင်သည်။
" အမှားသည် သက်သေစောင့်နေသော အမှန် " ဖြစ်နိုင်သည်။

လူသား၏ အမြင်သည် သက်သေကို ကျော်လွန်မဖြစ်နိုင်။ သက်သေဖြင့်သာ အမြင်အမျိုးမျိုး , ဒဿန အမျိုးမျိုး ဖြစ်လာသည်။ သက်သေမဲ့သော အယူအဆ ၊ ဒဿန မရှိ။ သို့ သော်လည်း သူသိသော , သူတွေ့ သော သက်သေကို မိမိမတွေ့ သဖြင့်သာ အမှားဟု ယူဆသည်။ မိမိတို့  သည် အဖေ , အဘိုးများက "ဒါဟာ ဘုရား" ဆို လို့ "ရား" လိုက်သည်။ " ဒါဟာ နတ်" ဆိုတော့ "နတ်" လိုက်သည်။ ထိုအခါ သက်သေမဲ့ ယုံကြည်မှု ဖြစ်သွားသည်။ မိမိထားသော သက်သေသည် ကိုယ်ကိုယ်တိုင် သိသော , ကြုံတွေ့ သော သက်သေ မဟုတ်ဘဲ သူတစ်ပါး သိသော သက်သေကို လက်ခံထားခြင်း ဖြစ်သည်။ အဖေက ဘုရား ဆိုရုံဖြင့် ဘုရား ယုံလိုက်ရာတွင် သက်သေကို မိမိအဖေအဖြစ် ထားခြင်း ဖြစ်သည်။

အများအားဖြင့် လူသည် အငှားသက်သေဖြင့် ယုံနေသည်။ လူသည် ယုံကြည်ရာတွင် တိရစ္ဆာန်ထက် မိုက်မဲလေသည်။ တိရစ္ဆာန်သည် အငှားယုံခြင်း လုံးဝမရှိ။ ကိုယ်ကိုယ်တိုင် တွေ့  ကြုံမှ ယုံလေသည်။ လူသည် အသိပညာတွင် တိရစ္ဆာန်ထက် သာလွန်သော်လည်း အားကိုး ရာ ယုံကြည်ရာတွင် ပိုမိုမိုက်မဲသည်။ ထို့ ကြောင့် သူများ ပြောတိုင်း ယုံလေသည်။ သို့ သော်လည်း အငှားယုံ ယုံသောအခါ မိမိယုံကြည်လောက်သော စံပြပုဂ္ဂိုလ် ရှာသည်။ သူယုံကြည်သည့်အတိုင်း ယုံလေသည်။ ယင်းစံပြပုဂ္ဂိုလ်သည် အငှားဖြစ်သည်။

အရာရာ မိမိထိတွေ့ ပြီးမှ ယုံသင့်သည်။ လူသည် သက်သာခိုတတ်သဖြင့် ကိုယ်ကိုယ်တိုင် မလုပ်ဘဲ သူများပြောသလို လိုက်ပြောလေသည်။ ဘာသာရေးတွင် ဘုန်းကြီးများ , ဓမ္မဆရာများသည် ဘာသာရေးအငှား ကိုယ်စားလှယ်များဖြစ်သည်။ သူတို့ ယုံသည့်အတိုင်း နောက်ပါများ ယုံကြည်ကြသည်။

ဘာသာရေး ခေါင်းဆောင်များကလည်း ဘာသာရေးတွင် ရေးထားသလို ဟောပြောကြသည်။ မိမိတွေ့ ထားသည်ကို ပြောဆိုခြင်း မဟုတ်ဘဲ အဆင့်ဆင့်ပြောဆိုခြင်းကိုသာ ပြောဆိုလာကြသည်။ အကယ်၍ တစ်ဦးတစ်ယောက်က စာအုပ်အတိုင်း မပြောဟောဘဲ သူသိသည့်အတိုင်း ဟောပြောပါက ဒဏ်ခတ်ခံရမည်ဖြစ်သည်။ ယေရှုသည် သူ၏ အတွေ့  အကြုံများကို တိုက်ရိုက်ပြောခြင်းပင် မလုပ်ဘဲ ပေါင်းစပ်ပြောဟောသည်။ စာအုပ်အတိုင်း ဖတ်သူများက စာအုပ်ကိုသာ သက်သေထားသဖြင့် ယေရှုကို အမှားဇတ်သွင်းခဲ့သည်။ ယေရှုသည်လည်း မိမိအသိကိုသာ သက်သေလုပ်သဖြင့် စာအုပ်ကို ပစ်ပယ်ခဲ့သည်။

ဒဿန ဆရာများသည်လည်း ရှေးဒဿနာကို သက်သေပြလျက် ဖျက်ဆီးသည်။ သူ၏ ဒဿနကိုလည်း အခြားသက်သေဖြင့် ပြန်လည် အတိုက်အခိုက် ခံရမည်ဖြစ်သည်။ တည်မြဲသော ဒဿန မရှိချေ။ ရုံးတော်တွင် သက်သေပြနိုင်သူက အောင်နိုင်သူဖြစ်သကဲ့သို့  အယူအဆ လောကတွင်လည်း သက်သေကသာ အနိုင်ယူနိုင်သည်။ ဗုဒ္ဓသည် သူ၏ အယူအဆကို ရှေးအစဉ်လာမှ ထုတ်နှုတ်ပြသည်လည်း မဟုတ်။ သူတစ်ပါးပြောပြချက်ဖြင့် လက်ခံသည်လည်း မဟုတ်။ အားလုံး သက်သေပြသနိုင်ခဲ့သည်။ သက်သေဖြင့်ပင် အခြားသော ၀ါဒများကို လှဲဖြိုနိုင်ခဲ့သည်။ အငြင်းကောင်းလို့ အသင်းပြောင်းနိုင်ခဲ့သည်မဟုတ်။

သက်သေသည် အဘယ်မျှ အခြေခံကျသနည်း ???

နည်းပညာ တစ်ခု တိုးတက်ဖို့ အတတ်ပညာတစ်ခု ရဖို့ ၊ ဆေးပညာတစ်ခု တွေ့ ရှိဖို့ လျှို့  ၀ှက်ချက်သည် သက်သေဖြစ်သည်။ သက်သေရှိမှ သူများယုံအောင် လုပ်နိုင်လေသည်။ နောက်အနှစ် နှစ်ဆယ်ကျော်သောအခါ ဘာသာတရားများ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် သက်သေမဲ့  မယုံကြည်သောကြာင့် ဖြစ်သည်။ အသိပညာ အတတ်ပညာ တိုးတက်လာလေလေ သက်သေများလာလေ ဖြစ်သည်။ ထိုအခါ သက်သေမဲ့သော အယူအဆသည် အလိုလို ပျောက်ကွယ်သွားပေမည်။

လူသား၏ စိတ်ကို ဖမ်းစားဖို့ သည် သက်သေ အရေးကြီးသည်။ သက်သေမရှိလျှင် စိတ်ကူးယဉ်သာဖြစ်သည်။

ဒေါက်တာ မိုဟန် (MA)

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.