ရှီးမင်တျင်း ရဲ့ ခရစ်စမတ်ည
ခရစ်စမတ်ပွဲတော်ကို နိုင်ငံတကာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပစမြဲပါ။ ဘလော့ဂါ မောင်နှမတွေရဲ့ နိုင်ငံတကာ ခရစ်စမတ်ရှုခင်း လှလှလေးတွေကို အရမ်းအားကျမိပြီး မနေ့ည (ခရစ်စမတ်နေ့) က ရှီးမင်တျင်း/西門町 ဆိုတဲ့ နေရာလေးကို ပူတူတူလေးနဲ့အတူ အလည် သွားရောက်ခဲ့ပါတယ်။ ဟဲ ဟဲ..
အဲဒီနေရာလေးကို လူငယ်၊ လူလတ်ပိုင်းအရွယ်တွေ အလာများပြီး fancy ပစ္စည်းဆန်း လေးတွေ၊ အိမ်နီးနားချင်း ဂျပန်၊ ကိုရီးယား စတာတွေရဲ့ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းလေးတွေ တော်တော်စုံလင်တာကို တွေ့မြင်ရပါတယ်။ မနေ့ညက အပူချိန် ၁၇ ဒီဂရီ စင်တီဂရိတ်သာရှိပေမဲ့ လေအရမ်းတိုက်တော့ အရမ်းအေးသလို ခံစားမိပါတယ်။
အပေါ်ပုံကတော့ ဆိုင်တစ်ဆိုင်လုံး သစ်သားနဲ့ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေသာ အထူးရောင်းချတဲ့ နေရာလေးပေါ့။ အောက်ပုံကတော့ ခရစ်စမတ် ပစ္စည်းတွေ သီးသန့်ရောင်းတဲ့ ဆိုင်လေးပါ။
ဒီနေရာလေးက 紅樓劇場 လို့လူသိများတဲ့ တိုက်နီနီကြီးကို နောက်ခံထားပြီး အမှတ်တရ ရိုက်ခဲ့ပါတယ်။ Red House Theater လို့လဲ ကျော်ကြားပါသေးတယ်။ ခရစ်စမတ်သစ်ပင် တစ်ပင်လုံးကို ကတ်ထူစက္ကူနဲ့သာ ပြုလုပ်ထားတာပါ။
ရှီးမင်တျင်းရဲ့ နေ့ခင်းဘက်ရှုခင်းတစ်ချို့ကို ပူတူတူလေးရဲ့ ဒီပို့စ် လေးမှာ ကြည့်သွားနိုင်ပါတယ်နော်...
ဘလော့ဂါမောင်နှမ တွေအားလုံး မကြာခင် ကျရောက်တော့မယ့် ၂၀၀၉ နှစ်ကူးမှာ ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ။