Sunday, December 28, 2008

[Laminkhin] 2 New Entries: ၂၇၄၈ နှစ် ကရင်နှစ်သစ်ကူးပွဲတော် ထိုင်းနိုင်ငံတွင်ကျင်းပ

၂၇၄၈ နှစ် ကရင်နှစ်သစ်ကူးပွဲတော် ထိုင်းနိုင်ငံတွင်ကျင်းပ

က၇င်နှစ်သစ်ကူးပွဲ ကို ထိုင်းနိုင်ငံတစ်နေရာမှာဒီကနေ့ ည တေးဂီတ၀ိုင်းနဲ့ ဖျော်ဖြေ ကျင်းပခဲ့ပါတယ်
ကျမတို့ ရန်ကုန်မှာရှိတုန်းငယ်စဉ်တုန်းကတော့အင်းစိန် အ ထ က (၁) ကျောင်းကြီးဟာ ကရင်ဒုံးရိန်း
အကပြိုင်ပွဲတွေ နဲ့ပျော်စရာည ဖြစ်ခဲ့သလို အင်းစိန်စော်ဘွါးကြီးကုန်း ရဲ့ ဆေးဝင်္ဂဘာ အာလိန်ငါးဆင့်
မှာဆို ကရင့်ခေါင်းဆောင်ကြီးတွေ ရဲ့တွေ့ ဆုံမှု နဲ့ ပျော်ပျော်ရွင်ရွင် ပေါ့ ဒေါ်အောင်ဆန်းစုကြည်တောင်
ကရင်ခေါင်းဆောင်ကြီးတွေ နဲ့ တွေ့ ဆုံမဲ့ အာလိန်ငါးဆင့်က ပွဲတစ်ခုမှာစစ်အုပ်စုယာယီ ထိမ်းသိမ်းတာ
ခံခဲ့ရဖူးပါတယ်။
ကျမဒီကနေ့  ကရင် နှစ်သစ်ကူးပွဲကြည့် နေတော့ အဲဒီ့တေးဂီတ၀ိုင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်း
တွေဖြစ် တဲ့ ကို ၀င်းဇော် နဲ့ ကို ဘိုလေး ကို ဘေ့(စ်) ဂစ်တာနဲ့  ရက်သန် တီးခတ်နေတာတွေ့ လိုက်ရ
တယ် ကျမ လည်း အနုပညာဆို အဆို မှအတီးမှာမှ ရူးသွပ်ခဲ့ဖူးတော့ ရင်ထဲ မှာ ထောင်ထွက်တွေစင်ပေါ်
တက်တီးနေတာ ပီတိအတော်ဖြစ် သွားတယ် ။ မြန်မာပြည်မှာလည်း ခု ချိန်ထိ (၇၄ ဘတ်(စ်)) တွေလို
ကျမတို့ ခေါ်ပြောတက် တဲ့ နိုင်ငံရေး လိုင်းက သူတွေ တီးခတ်နေမှု ရေးနေမှု ဆို နေမှုတွေ ရှိဆဲမှာ မနေ့ 
တနေ့ က ပဲ ထောင်ထဲ ကို စက်တင်ဘာ လှုပ်ရှားမှု နဲ့ ထပ်ဝင်သွားရတဲ့ အလင်္ကာ တေးဂီတ (အရင်က
ရွှေသံစဉ်)ပေါ့ အဲဒီက ကိုဝင်းမော် ကို သတိသွားရလိုက်မိပြန် တယ် --ခု ၀ိုင်းမှာ ဘေ့(စ်) င်္တီးနေတာ
ကိုဝင်းမောင်ရဲ့ ညီ ကိုဝင်းဇော် လေ --
ကျမကြည့်သာကြည်နေတာ လိုက်သာဆိုနေတာ ရင်ထဲ မှာ ကျမ တို့တိုင်းရင်းသား တွေကိုသနားလိုက်တာ
လေ ကျမတို့ တိုင်းရင်းသားလို့ ပြောရတာ ကျမ ကိုယ်တိုင်ကလည်းမြန်မာတိုင်းရင်းသားပေ ပဲကိုး ဒါပေမဲ့
လူမျိုးစု အရည်အတွက် ပမာန နည်းတဲ့ကျမတို့ သွေးချင်းတွေဟာ လွတ်လပ်တဲ့ကိုယ်ပိုင်ပြဌါန်းခွင့်တွေမပြည့်
စုံရရှာတော့ ခု လိုပွဲလေးမှာ ပျော် နေရပုံလေးကျမတကယ်ကိုဂရုဏာဖြစ်မိပါတယ် ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုဘိုလေး ဆို လိုက်တဲ့သီးချင်း က ပြန်ခဲ့တော့တဲ့ ကိုလေးဖြူ တို့ ဝိုင်းက ဆိုနေကျ
သီချင်းလေး လေ--- အားလုံးသြဘာသံတွေ နဲ့အတူ လိုက်ဆိုလိုက်ကြတာ ကျမ မျက်ရည်တွေလိမ့်ကျလာ
တယ်။။ အလကားနေမငိုတက်ပေ မဲ့ ခါးသီးတဲ့စစ်အာဏာ၇ှင်ကြောင့် သူများတိုင်ပြည်မှာခိုလုံနေရပြီး ကိုယ့်
တိုင်းရင်းသားတွေရဲ့ လေးနက်တဲ့နှစ်ကူးဟာ ဒီလိုမျိုးပုံစံနဲ့ ပဲကျော်ဖြတ်ခဲ့ရတာကြာပြီပေါ့ လေ --
ကိုဘိုလေး ဆိုတဲ့ -- ငါတို့ ရဲ့မိသားစုကမ္ဘာလေးထဲ --- အိမ်ကိုပြန်ခဲ့တော့ --- ဆိုတဲ့စတဲ့သံစဉ်တွေ ကျမ
ရင်ထဲအတော်ရိုက်ခတ်တာ ဘယ်တော့ မှ များကျမလည်း ဖခင်အိုကြီးဆီ ပြန်ရလေမလဲ လို့ ပေါ့ --
တေးသံသာသာ နဲ့ဆို သွားတဲ့ကရင်တိုင်းရင်သူတိုင်းရင်းသားလေးတွေရဲ့ အနုပညာအစွမ်းက လည်း
အတော့ကိုမြင့်ပါတယ် -- သူတို့ လေးတွေရဲ့အရည်အသွေးတွေ တိမ်မြုတ် လို့  - တစ်ယောက်ကများဆို မနှစ်
ကထဲကသီချင်းဆိုချင်နေတာပါတဲ့ ---
အဲဒီလိုရိုးသားမှုတွေပြည့်နှက်နေတဲ့ကျမတို့  သွေးချင်းတွေကြား နည်းမျိုးစုံနဲ့သွေးခွဲ အိမ်ကြက်ချင်းအိုးမဲသုတ်
ခွပ်ခိုင်းသလို ရန်တွေတိုက် နှစ်ဖက် နာပြီးမောပမ်းရင် အနိုင်နဲ့ပိုင်း ခုတ်ပိုင်းနေတဲ့စစ်အုပ်စု စနစ်ဆိုးကိုကျမတို့ 
ဒီ ၂၀၀၉ မှာအပြီးသတ်ကြရအောင်လား --ဒီအတွက် သွေးစည်းမှရိုင်းပင်းမှဖြစ်မယ် --ကျမတို့ သွေးချင်းတွေ
ငြိမ်းချမ်းဖို့ တိုးတက်ဖို့  ရောက်ရှိနေတဲ့ဘ၀အခြေအနေလေးမှာပဲ တိမ်မြုတ်မနေပဲ အားခဲပြီး တော်လှန်ကြပါစို့ 
ကရင့်အမျိုးသားတို့  လိုရာဆန္ဒပြည့်ဝကြပါစေ ။။

မေအိခင်(လယ်ဝေး)






၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ

မြန်မာ့နိုင်ငံရေး မဟာ ဗျူဟာ နည်းဗျူဟာများ-

၂၀၀၈ မေလမှာ စစ်ကောင်စီက မြန်မာ့နိုင်ငံရေး သမိုင်းမှာ တတိယမြောက် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို
အတည်ပြုကြေငြာလိုက်ပါတယ်။ အဲဒီဥပဒေ အရ ၂၀၁၀ မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပ
ပေးမယ် လို့ လည်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီကို အာဏာလွဲပြောင်းပေး
ပါ့မယ် လို့ လည်း ကမ္ဘာသိ ထုတ်ပြန်လိုက်တယ်။

ရှစ်လေးလုံး အရေးတော်ပုံဆိုတာ မြန်မာ့ နိုင်ငံရေးမှာ မှတ်တိုင်ကြီး တတိုင်ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း၊
ဗိုလ်စန်းယု တို့ ရဲ့  တစ်ပါတီ အာဏာရှင်စနစ်ကို နိဂုံး ချုပ်စေခဲ့တယ်။ အာဏာ လွှဲပြောင်း ရယူခဲ့တဲ့ စစ်
ကောင်စီ (န၀တ) ဟာ ဈေးကွက် စီးပွားရေး စနစ်နဲ့  ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေး
မယ်လို့  အာဏာသိမ်းစဉ်က ထုတ်ပြန်လိုက်တယ်။


လွတ်လပ်၍ တရားမျှတတဲ့ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ စစ်ကောင်စီရဲ့  မဟာမိတ်ပါတီ ဖြစ်တဲ့ တိုင်းရင်း
သား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တာကြောင့် ရွေးကောက်ပွဲ အပြီး
(၆)လ အတွင်းမှာ လွှတ်တော် ခေါ်ယူ ကျင်းပပေးရမယ့် အစား ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးနဲ့ 
ဗိုလ်ချုပ်ခင်ညွန့်  တို့ ဟာ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကတိ က၀တ်တွေကို ပယ်ဖျက်လိုတာကြောင့်
ဦးနေ၀င်း ဦးစန်းယုတို့ ရဲ့  သဘောတူညီချက်နဲ့  စစ်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်ခဲ့တာ အခု
ဆိုရင် အနှစ်(၂၀) ကြာမြင့်ခဲ့ပြီ။ မြန်မာ ပြည်သူတွေ ရှစ်လေးလုံး အရေးတော်ပုံ ကာလက မျှော်မှန်း
တမ်းတခဲ့တဲ့ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ အစိုး ရ ဆိုတာတို့ ဟာ " ရွှေပြည်တော် မျှော်တိုင်းဝေး'' ရှိနေ
ပါသေးတယ်။

ဒါ့ကြောင့်မို့  လက်ရှိစစ်ဝါဒီတွေ ခံယူကျင့်သုံးနေတဲ့
(၁) ဗြူရိုကရက် အရင်းရှင်စီးပွားရေး စနစ် မြေယာ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်
(၂) စစ်ဗြူရိုကရက် ယန္တရား ငါ့မင်း ငါ့ချင်း အုပ်ချုပ်မှုစနစ်
(၃) စစ်အာဏာရှင်စနစ် (ခေတ်သစ် ဖက်ဆစ် စနစ်) တို့ ကို တိုက်ဖျက်ခြေမှုန်းပစ်ရေး တို့ ဟာ မြန်မာ ပြည်
သူတွေ ထမ်ဆောင်ကြရမယ့် သမိုင်းပေးတာဝန် ဖြစ်ပါတယ်။

အထက်ပါစနစ် (၃) မျိုးတို့ ကို ဖျက်ဆီးပစ်ပြီး
(၁) ဈေးကွက် စီးပွားရေး စနစ် (တံခါးပွင့် ၀ါဒ) တို့ ကိုကျင့်သုံးရမယ်။
(၂) ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တို့ ကို ထူထောင်ရမယ်။
(၃) ပါတီစုံ ဒီမိုကရေစီစနစ်တို့ ကို အသက်သွင်း အကောင်အထည်ဖော်ကြရမယ်။

အထက်မှာဖော်ပြခဲ့တဲ့ ဖျက်ဆီးရမယ့် စနစ် (၃)မျိုးအနက် တည်ဆောက်ရမယ့် စနစ်(၃)မျိုး တို့ ဟာ မြန်မာ့
နိုင်ငံရေး ရဲ့  မဟာဗျူဟာ တာဝန်တွေ ဖြစ်ကြတယ်။

ဒါတွေတွင်မက စနစ်(၃)မျိုးတို့ ကို တည်ဆောက်နိုင်တဲ့ နိုင်ငံရေး အင်အားစုတွေက (၁) အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် (၂) မျိုးဆက်သစ် ကျောင်းသား လူငယ်များ (၃) လူမျိုးစု ခေါင်းဆောင်များ (၄) ရဟန်းသံဃာတော်
များ နဲ့  ပြည်သူ့  အလွှာပေါင်းစုံတို့  ဖြစ်ကြတယ်။ သူတို့ ဟာ သွေးစည်းညီညွတ်ကြပြီး စစ်အာဏာရှင်စနစ်ကို
ပြတ်သားစွာ တိုက်ပွဲဆင်ရမှာ ဖြစ်ပါတယ်။ ရန်သူ မိတ်ဆွေ စည်းကြောင်းကို ရေးဆွဲလိုက်ခြင်းဖြစ်ပါတယ်။

နောက်ဆက်တွဲ မဟာ ဗျူဟာ ပြဿနာ တချို့ ကို နောက်ဆက်တွဲ ဖော်ပြလိုပါတယ်။
(၁) နိုင်ငံရေးအကျဉ်းသားတို့ ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့ 
ဒီမိုကရေစီ အင်အားစုတွေရဲ့  လွတ်လပ်စွာ ဖွဲ့ စည်းခွင့် စည်းလုံးလှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်။
(၂) အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲတွေ စတင် အကောင်အထည်
ဖော်ပေး ရမယ်။
(၃) ပြည်တွင်းစစ်ကို ချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ကျင်းပရမယ်။
(၄) ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများ ကုလသမဂ နဲ့ နိုင်ငံတကာ အစိုးရများရဲ့  မြန်မာ့ဒီမိုကရေစီရေး
အား ပေးထောက်ခံ ကူညီမှုတွေကို အသိအမှတ်ပြုရမယ်၊ ကြိုဆိုရမယ်။
(၅) စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးအတွက် ဥပဒေတွင်း ဒီမိုကရေစီ တိုက်ပွဲများနဲ့  မြေအောက်တစ်ပိုင်း
ဖွဲ့  စည်းမှု လှုပ်ရှားမှုတွေကို ဆက်လက်ဆင်နွှဲရမယ်။ တိုင်းပြည်အနှံ့ ဒေသအလိုက် တောင်းဆိုချက်များ
တိုက်ပွဲပုံစံ မျိုးစုံတို့ ကို ဖော်ထုတ် ဆင်နွှဲတတ်ရမယ်။

ဒီကနေ့  မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ ဒီမိုကရေစီ တော်လှန်ရေး တိုက်ပွဲတွင် အချောင်သမား အယူအဆ
အတွေးအခေါ် မျိုးစုံတို့ ကို တိုက်ပွဲဆင်နွှဲ ရမယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့  ၂၀၁၀ ရွေးကောက်ပွဲ တို့ ကို
အပြု ဖက်က ချဉ်းကပ်မှုများကို ပြတ်သားစွာ ဆန့် ကျင်ရမယ်။ ပြည်သူတို့ ရဲ့  ရဲရင့်တဲ့ တိုက်စွမ်းရည်ကို
ယုံကြည်သင့် ကြတယ်။ (၄၆) နှစ်ကြာ အာဏာရှင်စနစ်ကို ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းချေမှုန်းကြရမယ်။

အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက် ဖြစ်ပါတယ်။

စိန်ကျော်ဝင်း
၂၅-၁၂-၂၀၀၈

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.