Sunday, December 28, 2008

[mAunG mYo] 1 New Entry: ငရုတ်သီး

ငရုတ်သီး


ကိုယ်တိုင်ပဲ ပျိုးစိုက်ခဲ့တာ
ရေလည်းလောင်း
ပေါင်းလည်းသင်
တယုတရနဲ့ အရိပ်တကြည့်ကြည့်ပါပဲ
အခုတော့လေ............
မခံစားနိုင်လွန်းလို့ ရင်နာနာနဲ့ပဲ
ရေနွေးပူနဲ့လောင်း ပြာပူတွေဖို့ပြီး
ကိုယ်ပျိုးတဲ့အပင် ကိုယ်တိုင်ပဲ သတ်လိုက်တယ်
ထပ်မပျိုးတော့ဘူး ငရုတ်ပင်
မင်းသီးလာမယ့် အသီးကို ငါစားရမှာကြောက်တယ်။





P>S = တကယ်တော့ အချစ် ဆိုတာ ငရုတ်သီးပါ စားမိရင် စပ်တယ် ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.