ချစ်တတ်ရအောင်
နောက်တခုကတော့ မာနထားတာပါပဲ။ တချို့လူတွေဟာ ချစ်သူအပေါ်မှာ တလွဲမာနထားပြီး ချစ်တတ်ကြပြန်ပါတယ်။ တခါတလေ ကိုယ့်ချစ်သူက ဘာရယ်မဟုတ်ပြောလိုက်တဲ့ စကားလေးတခွန်းကို အတွေးတွေလွန်ပြီး ငါ့မာနကို စော်ကားတာပဲဆိုတဲ့ အတွေးဝင်သွားတတ်ကြတယ်။ အဲဒီအတွေးဝင်သွားရင်တော့ သေချာတာတခုကတော့ ပြဿနာတခုဖြစ်ဖို့ သေချာသွားပါပြီ။ ပွင့်ပွင့်လင်းလင်း ထုတ်မပြောတတ်တဲ့ သူဖြစ်မယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ တေးမှတ်ထားမှာပါ။ စိတ်ထဲမှာ မှတ်ထားပြီဆိုမှတော့ ကိုယ့်ချစ်သူအပေါ် အမြင်မကြည်တော့ဘူးပေါ့။ တကယ်လို့များ ကိုယ့်ချစ်သူရဲ့ စိတ်ဓါတ်ကို သေချာနားလည်နေမယ်ဆိုရင် အခုလိုဖြစ်မှာ မဟုတ်ပါဘူး။
ချစ်သူတွေကြားမှာ နွေးထွေးမှုကလဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ "နေလို့ကောင်းရဲ့လား" ဆိုတဲ့ စကားလေးတစ်ခွန်းကလဲ ကိုယ့်ချစ်သူကို စိတ်ချမ်းသာစေနိုင်ပါတယ်။ မိုးရွာလာရင် ထီးဆောင်းရမယ်ဆိုတာကို ကိုယ်မပြောလဲသိပေမယ့် "မိုးရွာထဲသွားရင် ထီးယူသွားဖို့မမေ့နဲ့နော်" ဆိုပြီးပြောလိုက်တာက ကိုယ်သူ့အပေါ် ဘယ်လောက်ဂရုစိုက်သလဲဆိုတာ ချစ်သူဖြစ်တဲ့သူ စိတ်ထဲမှာ ကျေနပ်စေနိုင်ပါတယ်။ တစ်ခါတလေ အရေးမကြီးဘူးဆိုပြီး ပြောလိုက်တဲ့ စကားလေးတွေက နွေးထွေးမှုကို ဖြစ်စေတယ်လို့ထင်ပါတယ်။
ချစ်သူအပေါ် စိတ်ဆိုးစိတ်ကောက်တာမျိုးကိုလဲ ခဏခဏ မလုပ်မိစေနဲ့နော်။ ကိုယ်ကအချော့ခံချင်လို့ စိတ်ကောက်လိုက်ခါမှ သူကလဲစိတ်မကြည်တဲ့အချိန်ဆိုရင် အချောမခံရတဲ့အပြင် ပြဿနာပါဖြစ်နိုင်ပါတယ်။ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကိုလဲ ထပ်ခါထပ်ခါပြောပြီး သူစိတ်ညစ်အောင် မရစ်မိစေနဲ့နော်။ မူလီတွေတောင် ရစ်တာလွန်သွားရင် တခါတလေ အရစ်ပြုန်းသွားတတ်သလို တခါတလေလဲ ပြတ်ထွက်သွားတတ်တယ်။ လူဆိုတော့ ပိုဆိုးတာပေါ့။
ဒါတွေကတော့ နှင်း တွေ့မြင်နေရတဲ့ ချစ်သူစုံတွဲလေးတွေကို ကြည့်ပြီး တွေးမိတာတွေကို ချရေးမိတာပါ။ အချစ်အကြောင်းကို သိပ်သိတာပဲနော်လို့ ပြောရဘူးနော်။ နှင်း က မာမားလို အပျိုကြီးလုပ်မှာဆိုတော့ အချစ်အကြောင်းကို မသိဘူး............
ချစ်သူကို အေးအေးချမ်းချမ်းနဲ့ ချစ်တတ်ကြပါစေ...........
ဒေါ်ရှုတည်ဆိုင်
ဈေးဝယ်တဲ့အခါမှာ တစ်ခါတလေလဲ ဒီလိုအဖြစ်မျိုးလေးတွေကို မကြာခဏ ဆုံဖူးကြမှာပါ။ ဆိုင်ထဲဝင်သွားလို့ရှိရင် ကိုယ်လိုချင်တာလေးတွေ့လို့ ဆိုင်ရှင်ကိုပဲဖြစ်ဖြစ် အရောင်းစာရေးကိုပဲ ဖြစ်ဖြစ် ပြောလိုက်ရင် သူတို့စိတ်ထဲမှာ တကယ်မ၀ယ်နိုင်ဘူလို့ ထင်ရင် မျက်နှာထားက ခပ်တင်းတင်းနဲ့ စိတ်မရှည်သလို အမူအရာမျိုးနဲ့ ထုတ်ပြတတ်ကြတယ်။နောက်တစ်ခုလောက်ထပ်ပြပါဦး ပြောမိလို့ကတော့ အတူတူပါပဲ ဆိုပြီး ပြောချင်ပြောတတ်ကြတယ်။ မ၀ယ်နိုင်ဘူးလို့ထင်တော့ ထပ်ပြီး ထုတ်မပြချင်တော့ဘူးလေ။ သူထုတ်ပြတဲ့ထဲက တစ်ခုတလေကိုများ ဒါလေးယူမယ်နော်လို့ ပြောလိုက်လို့ကတော့ မျက်နှာမှာ အပြုံးတွေပြောင်းသွားပြီး နောက်အမျိုးအစားတွေကိုပါ ထုတ်ပြတတ်ကြတယ်။ လူတွေရဲ့စိတ်ကလဲ ခက်သားပဲ။ တကယ်လို့များ အဲလိုဆိုင်မျိုးမှာ ဈေးဝယ်မိရင်လေ ဆိုင်နာမည်ဘာလဲဆိုတာကို ကြည့်မနေနဲ့တော့နော်။ "ဒေါ်ရှုတည်" ဆိုင်လို့သာပေးလိုက်ပေတော့။ ဈေးရောင်းတာကို ရှုတည်တည်ကြီးနဲ့ဆိုတော့ တခြားနာမည်တွေကို ပေးထားလဲ လိုက်မှ မလိုက်တာနော်။
အင်း နှင်း ဈေးရောင်းရင်တော့ အဲဒီနာမည် အပေးမခံရအောင် အမြဲတမ်း ရယ်ပြနေမှာ........:P
You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.