Sunday, December 28, 2008

[                 ရင်မှ ခံစားမှုများ] 2 New Entries: ထင်ရာမြင်ရာ ဟင်းချက်ရာဝယ်

ထင်ရာမြင်ရာ ဟင်းချက်ရာဝယ်

ပုဇွန်ခရမ်းချဉ်သီးချက်ကြက်သားကြော်

ကြက်သားအားလူးချက်(အရောင်တင်မှုန့်မပါတော့ ဖြုစုပ်စုပ်နဲ့ :p )ကြက်သွန်ကြော်

ဟိ ဟိ ၊ ထင်တာမြင်တာ လျှောက်ချက်ထားတာ။ :z
ချက်နည်းလား မမေးပါနဲ့။ သေချာသိတော့ဘူး။ လိုအပ်မယ်ထင်တာတွေ ထည့်လိုက်တာပဲ။ အစာပလာအနေနဲ့ ဆား၊ အချိုမှုန့်၊ ဆနွင်း၊ မဆလာ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးတောင့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငံပြာရည်၊ ဆီ၊ အကြော်မှုန့်၊ ကြက်သား၊ ပုဇွန်ထုပ်တွေ ပါတယ်။ ကောင်းမကောင်းတော့ သိဘူး။ ကိုယ့်ဟာကိုတော့ စားဖြစ်တယ်။ အရသာရှိတယ်လို့လည်း ထင်တယ်သိလား။ :p

ကြိုက်ရင် စားသွားကြနော်။ အားမနာပါနဲ့။ (မကြိုက်ရင်လည်း အားနာနဲ့နော်၊ ကိုယ့်အရည်အချင်းကိုယ်အသိဆုံးဆိုတော့ ;) )

အဆက်အသွယ်

"တိုင်းတပါးမှာ တစ်ယောက်တည်းနေရတဲ့အခါ ဘယ်အရာကို အကြောက်ဆုံးပါလဲ"................လို့ မေးရင် ကိုယ်ခင်တဲ့ ချစ်တဲ့လူတွေနဲ့ အဆက်အသွယ်မရမှာကို အကြောက်ဆုံး...............လို့ ဖြေချင်ပါတယ်။ တကယ်ကို ကြောက်ပါတယ်။ ပြောမပြတတ်အောင် ကြောက်ပါတယ်။

ဂျပန်ရောက်ပြီး တစ်နှစ်လောက်နေတော့ အဖေ့ဘက်က အဖွားဆုံးသွားခဲ့တယ်။ ဆုံးသာ ဆုံးသွားတာ အဆက်အသွယ်မရခဲ့။ အဲဒီတုန်းက အဲဒီအိမ်ကို ဖုန်းဆက်တိုင်း အဖွားက လာမကိုင်ခဲ့။ မအားလို့၊ အိပ်နေလို့ ၊ ဘာလို့ ညာလို့နဲ့ အကြောင်းအမျိုးမျိုးပြပြီး ဖုန်းမကိုင်ခဲ့။ ဒါကို တုံးသော ၊ အသော ကျမက သတိမထားခဲ့။ လုံးဝကို သတိမထားခဲ့။ အိမ်ကို ယုံတာလည်း ပါတော့ သူများတွေကိုလည်း မေးမကြည့်ဖြစ်ခဲ့။ နေမကောင်းဖြစ်တာတောင် အမေ့ဘက်က အဒေါ်က ပြောမှ သိရတော့ ဖုန်းဆက်ပါသေးတယ်။ ဆေးရုံမှာ ရောက်နေတော့ ဖုန်းကိုင်လို့ မရခဲ့ပါ။ နောက်ဆုံးတော့ အဖွားနဲ့ စကားလေးတောင် မပြောဖြစ်ခဲ့ပဲ ဆုံးသွားခဲ့တယ်။ ဆုံးသွားတာတောင် ချက်ချင်းမသိရ။ ခဏခဏ ဖုန်းဆက်ရက်သားနဲ့ မပြောခဲ့ကြပါ။ သဂြိုလ်ခါနီးကြမှ သိရတယ်။ ဘာလို့လည်းမသိ အဲဒီအချိန်တုန်းက ထူးထူးဆန်းဆန်း နေ့လည် ကြီးဘာရယ်မဟုတ် အိမ်ကို ဖုန်းခေါ်မိတော့မှ အဒေါ်က ဟိုအိမ်မှာ အဖွားဆုံးသွားလို့ ဖုန်းဆက်ကြည့်လိုက်ပါ ...........ဆိုမှ သိရတော့တယ်။ အရမ်းကို အံ့ဩလွန်းလို့ ငိုတောင်မငိုဖြစ်ခဲ့။ နေမကောင်းဖြစ်ပြီး ဘယ်လောက်မှမကြာဘူး။ ချက်ချင်းဆုံးသွားခဲ့တာလေ။
အိမ်ကို မေးကြည့်တယ်။ ဘာလို့ နေမကောင်းကတည်းက မပြောရတာလဲလို့။........... နေမကောင်းဖြစ်တာတောင် ဟိုဘက်ကအဒေါ်က ပြောမှ သိရတာ.................လို့။ ဘာလို့လည်း............လို့။

သူတို့ပြောတာတော့ တစ်ယောက်တည်း နိုင်ငံခြားမှာ နေရတာ ဒုက္ခတွေ ၊ အခက်အခဲတွေ များရတဲ့အထဲ မိသားစုအရေးနဲ့ ပတ်သတ်ပြီး စိတ်မဆင်းရဲစေချင်လို့တဲ့။

ဪ........................ အိမ်ရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမယ့်၊ ကိုယ့်အဖွားအရင်းခေါက်ခေါက်ကြီးဆုံးသွားတာကို အဖွားနဲ့ဘာမှ မဆိုင်တဲ့ ဟိုဘက်က အဒေါ်ပြောမှ သိရတယ်ဆိုတော့ စိတ်က လုံးလုံးမကောင်းခဲ့ပါ။ ဒါပေမယ့် ပြီးတာတွေလည်း ပြီးပါစေတော့ ဆိုပြီး တရားနဲ့ ဖြေခဲ့ပါသေးတယ်။ နောက်တစ်နှစ်လောက် ကြာတော့ အလားတူအဖြစ် နောက်တစ်ခါ ထပ်ဖြစ်တယ်။ အဖိုးဆုံးသွားတယ်။ ဒီတစ်ခါလည်း သဂြိုလ်တဲ့နေ့မှ သိတယ်။ ဘယ်လောက် ကံဆိုးလိုက်တဲ့ ကျမလဲ။ ပြုစုဖို့ နေနေသာသာ ဆုံးသွားတာတောင် မသိဘူး။ အဖိုးကော အဖွားကော ကျမကို အရမ်းချစ်တယ်။ သူတို့နေမကောင်းဖြစ်တဲ့အချိန်မှာ ကျမကို တွေ့ချင်ကြမှာပဲ။ ဘာမှမလုပ်ပေးခဲ့ရင်တောင် ဘေးနားမှာ နေပေးတယ်ဆိုရုံနဲ့ ကျေနပ်ကြမှာပဲ။ အခုတော့......... အခုတော့ သိတောင် မသိခဲ့တဲ့ ကျမဟာ ဘာတစ်ခုမှ မလုပ်ပေးခဲ့ပါ။ စကားလေးနဲ့တောင် နှစ်သိမ့်မပေးနိုင်ခဲ့ပါ။

ဘာကြောင့်လည်း၊ အဖြေက တစ်ခုတည်းရှိတယ်။ အဆက်အသွယ် ကောင်းကောင်းမရခဲ့လို့။ အဖြစ်မှန်ကို မပြောခဲ့ကြလို့။

အိမ်က ပြောတဲ့အကြောင်းပြချက်ကို နားလည်ပေးလို့ ရပေမယ့် လက်ခံပေးလို့မရပါ။ အိမ်ကသာ အမှန်အတိုင်းပြောခဲ့ရင် တစ်ခုခုတော့ လုပ်နိုင်ခဲ့မှာပါ။ (မြန်မာနိုင်ငံပြန်တာပဲဖြစ်ဖြစ်ပေါ့။) အခုတော့ ပြီးသွားမှချည်း သိသိခဲ့ရတယ်။ နောက်တစ်ခါ အဲလို ထပ်ဖြစ်ရင် ကျမ ခံနိုင်ရည်ရှိမှာမဟုတ်တော့ပါ။ ဘယ်သူမှ ဘာမှမဖြစ်ပါစေနဲ့၊ ဖြစ်ခဲ့ရင်တောင် ချက်ချင်းသိခွင့်ရချင်ပါတယ်။ ပြီးသွားမှ၊ လွန်သွားပြီးမှ မသိပါရစေတော့နဲ့ ................လို့ အမြဲဆုတောင်းမိခဲ့တယ်။

အခုလည်း စိတ်က ထင့်နေတယ်။ အရမ်းကြောက်တယ်။ ဖုန်းမဆက်ရဲဘူး။

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.