Sunday, December 28, 2008

[MYANMAR POLITICAL NEWS, ART AND IDEA] 1 New Entry: Shameful Error from Military Junta's Newspaper

Shameful Error from Military Junta's Newspaper

မြန်မာစစ်အဆိုးရ၏ လေသေနတ်
မြန်မာ့အလင်း သတင်းစာထဲမှ အလွဲအမှား



(၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈) ရက်၊ စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင် ဖော်ပြပါရှိသော သတင်းတစ်ပုဒ်၏ ခေါင်းစဉ်နှင့် သတင်းပါစာသား အလွဲတစ်ခုကို တင်ပြလိုက်ပါသည်။
(ပူးတွဲပါ ပုံများကို ကြည့်ရှုပါ)

သတင်းစာသည် တိုင်းပြည်နိုင်ငံ့အကျိုးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်ရမည့်အစား ယခုအခါ မြန်မာ့အလင်း၊ ကြေးမုံ အစရှိသော သတင်းစာမှန်သမျှသည် စစ်အဆိုးရအလိုကျ၊ အယောင်ဆောင် ၀ါဒဖြန့်ချိရေး သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများသက်သက်ကိုသာ နေ့စဉ်လိုလို ထည့်သွင်းပုံနှိပ်ဖော်ပြပြီး ပြည်သူပြည်သားများ၏ အသိဥာဏ်တိုးတက်မှု၊ စဉ်းစား-ဝေဖန်-ဆန်းစစ်-ပြုပြင်ဥာဏ်တိုးတက်မှု နှေးကွေးစေအောင် အတင်းကာရော မှိုင်းတိုက်၍ထားသည်ကို တွေ့ ရှိရပါသည်။

ယခု (၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈)ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ပထမဆုံး စာမျက်နှာမှ စ၍ စစ်ဆေးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲက ကိုသန်းရွှေ၏ ဓာတ်ပုံ၊ စကားများကို ဖတ်မိ၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်လာခဲ့ရာ စာမျက်နှာ(၆)က သတင်းခေါင်းစဉ်နှင့်စာသား အလွဲအမှားကြီးတစ်ခုကို ဖတ်ရှုမိလိုက်ရပြီးမှသာ စိတ်ဆင်းရဲမှုများ အတန်ငယ် အယားပြေသွားကာ ခန္ဓာကိုယ်+စိတ်အတွင်းမှ အမှတ်တမဲ့ ပေါ်ထင်းလာသော ရယ်ချင်စိတ်ကိုတောင် မနည်းကျိတ်မှိတ် မျိုချ၊ ထိန်းသိမ်းထားလိုက်ရပါကြောင်း...။ ။

ညိုကြီး

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.