Sunday, December 28, 2008

[We Fight We Win. -- " More than Media "] 8 New Entries: မြန်မာ အလုပ်သမားများ နစ်သစ်ကူးပွဲတော်ကျင်းပ

မြန်မာ အလုပ်သမားများ နစ်သစ်ကူးပွဲတော်ကျင်းပ


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (Grassroots HRE)မှ ဖွင့်လှစ်ထားသော ရွှေ့ပြောင်းမြန်မာကလေးများ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ နှစ်သစ်ကူးပွဲတော်ကို တကွန်ပါမြို့နယ် ဘန်နီယန် အလယ်တန်းကျောင်းတွင် ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

၂၀၀၈- ၂၉ ပညာသင်နှစ်အတွက် ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် (Grassroots HRE)မှဖွင့်လှစ်ထားသည့် စာသင်ကျောင်း (၁၂) ကျောင်းအနက် ကျောင်း(၇)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၀၀)ခန့် ပူးပေါင်းပါဝင်ခဲ့သည်။

အခမ်းအနားကို နံနက်ပိုင်း ၁၀ နာရီတွင်စတင်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေး ဌာနမှ တာဝန်ခံ ဖီးအမ်နှင့် ပညာရေးဌာနမှ လက်ထောက်တာဝန်ခံ ဦးမင်းသိမ်းကျော်တို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ပြီးနောက် ကျောင်းသား ကျောင်းသူကလေးများရဲ့ ကဗျာရွတ်ဆိုခြင်းများ၊ ထိုင်းရိုးရာအကများ၊ မြန်မာရိုးရာ အကများနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။


ရန်ကုန်သတင်းများ

ရဲကားများထပ်မံချထား

ခရစ်စမစ်ပွဲတော်ကာလနဲ့ နစ်သစ်ကူး ကြို ပွဲအတွက် နအဖ စစ်အစိုးရက လူထုအတွက်ပျော်ပွဲရွှင်ပွဲတွေ ဘာမှ ပြုလုပ်ပေးတာမရှိပါဘူး။ ပုလိပ်တပ်ဖွဲ အမှတ် ၉ - ပဲခူး ကျောက်တန်း ဖက်က ပုလိပ် ကား ၁၂ စီး အင်အား ၂၃၀ ခန့်  ဟာ ရန်ကုန်ကိုစေလွှတ်ပြီး လူထုလှုပ်ရှားမှုများ ဖြစ်လာရင် နိမ်နင်းဖို့  ပြင်ဆင်ထားကြောင်းသိရပါတယ်။

ရဲတွေကို ကမ္ဘာအေး ဘုရားလမ်း တလျောက်နဲ့ ဟာမစ်တစ် ဆိုနီအရောင်း ပြခန်း ( Sony Show Room) အနီးကား ရပ်နေရာ အဆောင်ဦးဟောင်း မှာ တပ်များချထားကြောင်းသိရပါတယ်။ ပုလိပ်များမှာလား စားဝတ်နေရေး မပြေလည်မှုကြောင့် ရဲထဲဝင်ထားရသော်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အမူအယာများ
သူတို့ မျက်နာတွင် အထင်သားပေါ်လွင်နေကြောင်းသိရပါတယ်။ တချို့ ပုလိပ်များက အသက်မပြည့် တဲ့ အသက် ၁၈ နစ်အောက် ကလေးများ ဖြစ်ပါတယ်။ ပုလိပ် တပ်ရင်း ၉ မှာ ၂၀၀၇ ခုနစ် ရွေဝါရောင်အရေးတော်ပုံ ကိုဖြိုခွင်းရာတွင် ရက်ရက်စက်စက် နိမ်နင်းခဲ့သူများ ဖြစ်ပါတယ်။


ဒေါ်စုသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရန်ကုန် အသိုင်းဝိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် မနက်ဖန် လွတ်တော့မယ်လို့  သတင်းများ ထွက်ပေါ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အလုပ်အမှုဆောင်များ ဟာ အသက်အရွယ်အလွန်အမင်းကြီးမြင့်မှုတို့ ကြောင့် ဘာမှ ထိထိရောက်ရောက်မလုပ်နိင်ကြတော့ပဲ ဒေါ်စုလွတ်လာမည့် နေကို သာထိုင် ပြီး မျှောင်လင့် နေမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်း လူငယ်မျိုးဆက်သစ်များ စိတ်ဝင်စားခံရမှု ကျဆင်းလျှက်ရှိနေပါတယ်။

သန်းရွှေ ခဲတလုံးနဲ့ ခွေး နစ်ကောင်ကို ပြစ်လိုက်ခြင်း

သန်းရွှေ က ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲက နေ အာဏာရရန် ကြိုးပန်းမှုများ လုပ်ဆောင်နေပါတယ်။ တပ်မတ်ာအတွင်း မှာ အရည်အချင်းရှိတဲ့ အရာရှိများကို ဖိအားပေး နှုတ်ထွက်စေခိုင်းပြီး။ မ၀တ - ရ၀တ များနေရာတွင်အစားထိုးနေပါတယ်။ အစားထိုးဝင်ရောက်လာတဲ့ တပ်မတော်သားတွေနဲ့  ရ၀တများ လုပ်ငန်းခွင်တွင် မကြာခန အဆင်မပြေမှုများ နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ညီညီထွေး
ရန်ကုန်

မလေးနိင်ငံရောက် မြန်မာ အလုပ်သမားများ ဒုက္ခရောက်


ကျော်သိင်္ခ
ဒီဇင်ဘာ ၂၇

ကမ္ဘာ့စီးပွားရေ အကြပ်အတည်းက မလေးရှားနိုင်ငံကိုလည်း ရိုက်ခတ်လာတဲ့အတွက်ကြောင့် မလေးရှားနိုင်ငံသားတွေလည်း အလုပ်ပြုတ်သူကပြုတ်၊ အလုပ်ရှာနေသူတွေကရှာနဲ့ တော်တော်ကို သောင်းကနင်းဖြစ်နေပါတယ်။ ဒီကြားထဲမှာ အဆိုးဆုံးကတော့ မလေးရှားမှာ တရားဝင်၊ ရော တရားမ၀င်ပါ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဗမာအပါအ၀င်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား အလုပ်သမားတွေပါဘဲ။

မလေးမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေးအဖွဲ့ ရေလာ (RELA) ဆိုတာရှိပါတယ်။ ခါတိုင်းဆို RELA တွေက စနေ၊ တနင်္ဂနွေ ဆိုရင် လူစည်ကားရာဘူတာရုံ၊ ကားဂိတ်စတဲ့ နေရာတွေမှာ စနေနေ့ ညနေ ၃ နာရီလောက်ဆိုစဖမ်းနေပြီ။ တနင်္ဂနွေနေ့တွေလိုမျိုးဆိုရင် လမ်းကြောင်းပေါ်ပြေးနေတဲ့ လိုင်းကားတွေကို ပိတ်ဆို့ပြီး၊ ကားပေါ်က လူတွေကို အကုန်ဆင်းခိုင်း၊ မှတ်ပုံတင်ကဒ် စစ်တာတို့၊ နိုင်ငံခြားသားဆိုရင် ပတ်စ်ပို့ ပါ၊ မပါ စစ်တာတို့ လုပ်ပါတယ်။

အခုကျတော့ တရားမ၀င်နိုင်ငံခြားသားတွေကိုဖမ်းတာ RELA တစ်ဖွဲ့တည်း မဟုတ်တော့ပါဘူး။ DBKL လို့ခေါ်တဲ့ စည်ပင်သာယာကားလာရင် အလုပ်သမားတွေ ၀ရုန်းသုန်းကား ပြေးကြရပါတယ်။ စည်ပင်သာယာဝန်ထမ်းတွေကပါ နိုင်ငံခြားသားအလုပ်သမားတွေကိုတွေ့ရင် စစ်ဆေးမေးမြန်းပြီး၊ အမှန်အကန်မဟုတ်လျှင် ရဲခေါ်ပြီး၊ ရဲလက်ထဲအပ်သည်။ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး မလေးရှားအလုပ်သမားတစ်ချို့ရဲ့ ပြောပြချက်တွေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

"ကျနော်တို့မှာ ဟိုတုန်းက RELA ဘဲကြောက်ရတယ်။ အခုဆိုရင် စည်ပင်ကား လာတာနဲ့တောင် ကျနော်တို့ ပတ်ပြီးပြေးနေရတယ်။ နောက်ပြီး အလုပ်ကလည်း မရှိတော့ဘူး။ အခု အလုပ်အသစ်တစ်ခု ထပ်ရှာနေရတယ်။ အရင်လို အလုပ်ရဖို့က မလွယ်တော့ဘူး။ မလေးအစိုးရက အလုပ်ရှင်တွေကို ပြောထားတယ်။ တရားမ၀င်အလုပ်သမားတွေကို အလုပ်ခန့်ရင် သူတို့ ရဲ့ လုပ်ငန်းလိုင်စင်တွေပါ သိမ်းပစ်မယ်ပြောထားတော့၊ အလုပ်ရှင်တွေကပါ ကျနော်တို့ကို အလုပ်မခန့်ရဲဘူး"

ကိုဇော်သိန်း (ဂျိုဟိုးဘာရူး နယ်မြေ)

"ဟာ.. အစ်ကိုကလည်း တရားမ၀င်အလုပ်လုပ်တဲ့ သူတွေမပြောနဲ့ ကျနော်တို့ ပတ်စ်ပို့၊ အလုပ်ပါမစ်သမားတွေတောင် လွယ်တာမဟုတ်ဘူး။ တော်တော်များများ အလုပ်ပြုတ်တယ်။ တစ်ချို့ဆို စက်ရုံက မြန်မာပြည်ပြန်ပို့မယ် ပြောလို့၊ ကြားကြားချင်း ထွက်ပြေးကြတယ်။ ပတ်စ်ပို့ကတော့ သူဋ္ဌေးလက်ထဲမှာ ကျန်ခဲ့တာပေါ့။ မြန်မာပြည်ပြန်လည်း ဘာထူးတာမို့လို့လဲ။ ဒီမှာဒုက္ခတော်တော်ကို ရောက်နေတယ်။ မြန်မာပြည်ပြန်သွားလည်း ထွက်လာတာ အရင်းတောင် မကျေသေးဘူး။ ပြန်ရမယ်ဆိုရင် ကိုယ့်ဘက်ကအရှုံးချည်းဘဲ။ ဟိုရောက်ရင် လည်း ဟိုမှာက တစ်လ လေး၊ ငါးသောင်းလောက်နဲ့ ရန်ကုန်မှာဆို သွားလာတဲ့ စရိတ်နဲ့ ဘာမှ လုပ်လို့မရဘူး။ ဗမာပြည်ကိုတော့ မပြန်ချင်ဘူး။ ဘာဆက်လုပ်မလဲ တစ်ခုခုတော့ စဉ်းစားနေတုန်း။"

ကိုသောင်းထွန်း (ပီနန်- ဖိနပ်စက်ရုံ)

"ပြီးခဲ့တဲ့ ညကတင် ဒီမှာ အော်ပရာစီ (operation) ၀င်သွားတယ်။ ဆိုင်တွေထဲမှာ အလုပ်လုပ်တဲ့ သူတွေကို ၀င်ဆွဲတာ။ ကျနော့် အခန်းမှာနေနေတဲ့ ကောင်လေး သုံးယောက်ပါသွားတယ်။ ကျနော်ကတော့ လွတ်သွားတယ်။ အခုသူတို့ကို ရဲစခန်းမှာ တခြားသူတွေနဲ့ အတူချုပ်ထားတယ်။ သူတို့ကတော့ ယူအင်န် ကဒ် ကိုင်ထားတယ်။ ဒါပေမယ့် ယူအင်န် က လိုက်လည်း ရဲက ပြန်မလွှတ်ဘူး။ မလေးအစိုးရ နဲ့ ယူအင်န် နဲ့က အစေးမကပ်ဘူး။ အခု အဖမ်းခံထားရတဲ့သူတွေကို ထောင်ထဲကို ထည့်မှာ။ သူတို့ကို မလေး-ထိုင်းနယ်စပ်ကို သွားပစ်တော့မှ ကျနော်တို့ ပိုက်ဆံတွေ စုပေါင်းပြီး ပွဲစားကို ပိုက်ဆံပေးပြီး၊ သူတို့ကို သွားခေါ်ခိုင်းရမှာ။ ဖြစ်ချင်တော့ အလုပ်မကောင်းတဲ့အချိန်ကျမှ ဒီလိုဖြစ်တော့၊ ကျနော်တို့လည်း ပိုက်ဆံသိပ်မလိုက်နိုင်ဘူးပေါ့။ ဒါပေမယ့် တစ်ခုခုတော့ လုပ်ရမှာပေါ့။"

ကိုအေးမင်း (အလော့စတား နယ်မြေ)

"ကျနော်တို့ ခါတိုင်းလို မြို့ထဲတောင် သိပ်မသွားရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကဆို လမ်းမှာ ကားတွေကို ပိတ်ပြီး ဖမ်းနေတယ်လို့ ကြားရင်၊ ကျနော်တို့က ရထားစီးသွားတာကိုး။ အခုဆို ဟိုတစ်လောက ရထားဘူးတာတွေကနေ RELA တွေရော၊ တစ်ခြား အာဏာပိုင်တွေပါ တက်လာပြီး ရထားပေါ်မှာ ရှိသမျှလူတွေကို မှတ်ပုံတင်လိုက်စစ်တယ်။ အထောက်အထားတစ်ခုခု မပြနိုင်တဲ့သူတွေကို နောက်ဘူတာ ရောက်ရင် အကုန်ဆင်းခိုင်းပြီး ဘူတာနားမှာ အသင့် ချထားတဲ့ ထရပ်ကားတွေနဲ့ ခေါ်သွားတာ။ အများကြီးဘဲ။ ဘယ်လို ရှောင်သွားသွား မလွတ်တော့ဘူး။"

ကိုသန်းဇော် (ဆာဒန်း နယ်မြေ)

အဲဒါတွေကတော့ မလေးမှာ ရှိတဲ့ ဗမာ အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပက်သက်ပြီးတော့ အလုပ်သမားတစ်ချို့ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ မလေးနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ခြောက်သိန်းကျော်အနက် ထက်ဝက်နီးပါးဟာ တရားမ၀င်အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ အခုလို စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အလုပ်ရှင်တွေဘက်က စာနာမှုနဲ့ အလုပ်ခန့်တာမျိုးတွေ ရှိပေမယ့်၊ မလေးအစိုးရရဲ့ တရားမ၀င်အလုပ်သမားတွေကို အလုပ်ပေးတာကို ကန့်ကွက်မှုတွေလုပ်လာတာကြောင့် ဘယ်သူမှ အလုပ်မခန့်ရဲပါဘူး။ သို့သော်မြန်မာအလုပ်သမားများအနေနှင့် ငါးယောက်စုပြီးနေထိုင်တဲ့အုပ်စုမှ နှစ်ယောက်က အလုပ်မရှိလျှင် ကျန်တဲ့ သုံးယောက်မှာရှိတဲ့ ၀င်ငွေလေးနဲ့ မျှတပြီး စားသောက်ကြတာကြောင့် တစ်ခြားနိုင်ငံသားတွေနှင့် စာလျှင် တော်သေးသည်ဟု ဆိုရမည်။ တစ်ခြားနိုင်ငံသားတွေနှင့် စာလျှင် မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီသည့် စိတ်ဓာတ်ကြောင့် အရေးကြုံလျှင်၊ ဒုက္ခကို မျှဝေခံစားကြတာလည်းရှိသည်။

တစ်ခြားနိုင်ငံသားများထက် ဆိုးသည့်အချက်က မြန်မာနိုင်ငံသားများ မြန်မာပြည်ကို ပြန်သွားလျှင် အခြေအနေက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း သလိုဖြစ်မည်။ ပြန်လျှင်လည်း ဒုက္ခ၊ မပြန်ဘဲ နေလျှင်လည်း၊ အဖမ်းအဆီးတွေကြားက အလုပ်လုပ်နေကြရ။ မလေးရှားမှာ တရားမ၀င် အလုပ်လုပ်ရသည်က ထောင်နှုတ်ခမ်းဝမှာ အလုပ်လုပ်နေကြသည့် အခြေအနေ။ တစ်ချို့ကလည်း မြန်မာပြည်က အေးဂျင့်အဆက်အသွယ်နှင့် ထွက်လာတာ တစ်လဘဲရှိသေးကြောင်း၊ ဒီရောက်တော့မှ အလုပ်ရှင်က အလုပ်မပေးနိုင်တော့၍ တစ်လအတွင်း over-stayed ဖြစ်သွားကြောင်း၊ ထိုအခါ အေးဂျင့်ကို ဆက်သွယ်တော့လည်း၊ အေးဂျင့်က ဖုန်းမကိုင်ကြောင်း၊ မလေးရှားကို ရောက်ရောက်ချင်းပင် အို (overstayed) သွားကြောင်း ပြောပါသည်။





Rest of your post

ပဲရစ်မြို့ က ဒေါ်အောင်ဆန်းစုကြည်

လူစည်ကားရာ ပဲရစ်မြို့ လမ်းမကြီးများ ပေါ်က ဒေါ်အောင်ဆန်းစုကြည် ပိုစတာများ

-အက်ရှ်မီ( ပဲရစ်)-

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ MARIE CLAIRE မဂ္ဂဇင်းမှ ကမကထပြုလုပ်သည့် နှစ်ခြောက်ဆယ်ပြည့် လူ့အခွင့် အရေး အထိမ်းအမှတ် လှုပ်ရှားမှု မှ စတင်၍ ရက်ပေါင်းများစွာ ကြာအောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ ပိုစတာ များကို လူစည်ကားရာ ပဲရစ်မြို့ လမ်းမ ကြီးများ နှင့် ထင်ရှားသော အဆောက်အအုံများ အနီး၌ ချိတ်ဆွဲထားသည် ကို တွေ့မြင်ရသည်။ ရုပ်ပုံ ပိုစတာများချိတ်ဆွဲပွဲသို့ လူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီး၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ နဲ့ ပြင်သစ်အစိုးရ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြသည်။

MARIE CLAIRE မဂ္ဂဇင်းနဲ့ ဓာတ်ပုံများကိုပေးပို့ပေးသော ကျနော်တို့ မိတ်ဆွေများကို အထူးကျေးဇူး တင်ရှိ ပါတယ်လို့ ဒီနေရာကနေ ဖော်ပြ ပေးပါရစေ။


















Rest of your post

ခရစ်မတ်ဘုရားကျောင်းဓမ္မတေးအဖွဲ့ကိုကြံ့ဖွံ့ ကနှောင့်ယှက်


ခရစ်တော်ဖွားမြင်ရာ ခရစ်စမတ်အချိန်ကာလတွင် ခရစ်ယာန် ဓမ္မတေး သီချင်းများဖြင့် လှည့်လည် သီဆိုဖျော် ဖြေသည့် ရန်ကုန်ဘုရားကျောင်း ဓမ္မတေးအဖွဲ့တစ်ဖွဲ့ ကိုအာဏာပိုင် တို့၏ လက်ကိုင်တုတ် အဖွဲ့ဖြစ်သည့် ကြံ့ဖွံ့ အဖွဲ့ နှောင့်ယှက်မှု တစ်ခု ယမန်နေ့က ဖြစ်ပွား ခဲ့ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်၊၊ ဒီဇင်ဘာ ၃ရက် ည၁၂း၄၅ မိနစ် အချိန်ခန့်တွင် ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းရှိ အိမ်တစ်ခုတွင် ဓမ္မတေးအဖွဲ့ တစ်ဖွဲ့ က လာရောက် သီဆို ဖျော်ဖြေစဉ် လူခုနှစ်ဦးခန့် က "ဟေ့ဆူတယ် ဘာကောင်တွေလဲကွ. ဒီမှာ လာမဆိုနဲ့ မင်းတို့ အဖေပိုင်တဲ့လမ်းမဟုတ်ဘူး" စသည်ဖြင့် အော်ဟစ် ဆူပူ ကြိမ်းမောင်း သွားသည်ဟု သိရသည်၊၊

ထိုဓမ္မတေးအဖွဲ့တွင်လိုက်ပါသီဆိုဖျော်ဖြေသူတစ်ဦးက ထိုသို့ပြောရာတွင် 'ကျွန်မတို့ လည်း အစက အမူးသမား တွေပဲထင်တာ နောက်သူတို့ ဆူသံတွေကြောင့် လမ်းထဲက လူတွေ ထွက်လာတော့ မှရှဲသွားကြတယ်ဟု ဖြစ်ပျက်ပုံကို ပြောဆိုခဲ့သည်၊၊ လမ်းသားတွေ ကတော့ သူတို့ကကြံ့ဖွံ့က ကောင်တွေလို့ သတင်းပြောပြီး ကျွန်မတို့တွေ ပြန်သည်ထိ စောင့်ရှောင့်မှုပေးခဲ့တယ်လို့ ဖြစ်စဉ်ကို ပြောပြခဲ့သည်။ ကြံ့ဖွံ့၊ လုံထိန်းနှင့် မီးသတ်အဖွဲ့ ဝင်များမှာ ခရစ်ယာန်ဘုရားကျောင်း Funfairများ တွင်လည်းလာရောက်၍ စောင့်ကြပ် ကြည့်ရှုမှုများ ရှိသည်ဟု သိရသည်၊၊

Source: http://longwalktofreedom.wordpress.com



အိန္ဒိယ - ပါကစ္စတန် တင်းမာနေမှု

( အိန္ဒိယ- ပါကစ္စတန် စစ်ပွဲကာလ က အိန္ဒိယကြည်းတပ် စစ်ချီစဉ်)

အိန္ဒိယ-ပါကစ္စတန် နဲ့ဟာ စစ်ဖြစ်ပွားခါနီး အထိ တင်းမာနေပြီ ဖြစ်ပါတယ်။ တင်းမာနေတဲ့အခြေ အနေတွေကို အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ပါကစ္စတန်တပ်များ က အိန္ဒိယ နယ်စပ်ကို ရွေှ့နေကြ ပါတယ်။ အိန္ဒိယ အစိုးရက သူရဲ့ နိင်ငံသားတွေကို ပါကစ္စတန် ကို မသွားကြဖို့  တားမြစ်လိုက်ပါတယ်။ နယ်စပ် မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် တိုက်ပွဲငယ် တခု ဖြစ်ပွားခဲ့ပါ တယ်။ ပါကစ္စတန်ကတော့ အနိမ့်ဆုံးခုခံမှု (Minimum Defensive Measure ) လို့ သုံးနှုန်းထား ပါတယ်။ ပါကစ္စတန် အစိုးရက အာဖဂန် နိင်ငံနယ်စပ်မှာ တပ်စွဲ ထားတဲ့ ပါကစ္စတန် တပ်တချို့ ကိုလည်း တပ်ခေါက် ပြီး အိန္ဒိယနယ်စပ်ကို ပို့လိုက်ပါတယ်။

အိန္ဒိယအနေနဲ့ မုန်ဘိုင်း မြို့ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့မှု ကိုလက်တုန်ပြန့်တဲ့အနေနဲ့ ပါကစ္စတန် နယ်မြေ အတွင်းရှိ လာဟာကာ တိုင်ဘာ (Lashkar-e-Rajiba) အကြမ်းဖက် သမားတွေ ခိုအောင်း တယ်လို့ ယူဆ တဲ့ နေရာများကို ချိန်ထားပြီး တိုက်ခိုက်မှု ( Surgical Strike) ပြုလုပ်လာနိင် တယ်လို့ ယူဆထားပါတယ်။ အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂေါတန် ဂျွန်ဒိုးက မလိုအပ်တဲ့ တင်းမာမှုတွေ ကို ရှောင်လွဲ နိင်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

အိန္ဒိယ- ပါကစ္စတန် တင်းမာမှုဖြစ်ပွားနေသော ဂျမှုးနှင့် ကပ်ရှ်မီးယားဒေသ

ကျနော်တို့ သုံးသပ် ချက်အရတော့-

  • အိန္ဒိယက ကန့်သတ်စစ်ပွဲ( Limited War) ပြုလုပ်နိင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ အာဏာရ ကွန်ကရက်အိုင် ပါတီက အကြမ်းဖက်သမားတွေ ရန်က ပြည်သူတွေကို ကာကွယ်မှုပေး နိင်တယ် ဆိုတာကို ပြသနိင်ဖို့ လိုပါတယ်။ (ဒါမှ ပါတီအနေနဲ့ နောက် ရွေး ကောက် ပွဲ မှာ လူထုထောက်ခံ မှု ပိုမိုရရှိနိင်ဖို့ လိုနေပါတယ်။)
  • အမေရိကန် ရော တရုပ်ကပါ ပါကစ္စတန် စစ်တပ်ကသွယ်ဝိုက်အားပေးနေတဲ့ အကြမ်းဖက် သမားတွေ ကို စိတ်ပျက်နေမှုက မန်မိုရမ်ဆင်း အစိုးရ အတွက် အခြေအနေကောင်း လို့ ယူဆနိင်ပါတယ်။
  • ပါကစ္စတန် အာဏာရအစိုးရ က အကြမ်းဖက်သမားတွေကို စစ်တပ်က ကျားကန်ပေးနေမှု ကို မဟန့်တားနိင်တာကို အိန္ဒိယအစိုးရက သိနေပါတယ်။ ဒါကြောင့် ကန့်သတ်စစ်ပွဲ များ ပြုလုပ်ကောင်း လုပ်လာနိင်ချေ ရှိတယ်။
  • ပါကစ္စတန် စစ်တပ် က ပါကစ္စတန် လက်ရှိ ဒီမိုကရက်တစ် အစိုးရကို ဖိအားပေးပြီး၊ ပြည်သူတွေက စစ်တပ်ကို ပြန်လည်ထောက်ခံမှုရရှိအောင် ပြန်လည်ပြုလုပ် လာနိုင်တယ်။
  • ပါကစ္စတန်အစိုးရဟာ စစ်ပွဲကို အကြောင်းပြပြီး၊ အမေရိကန်၏ ငွေကြေး အကူအညီ ကို တိုးပြီး တောင်းခံ လာနိုင်တယ်လို့ တင်ပြလိုက်ရပါတယ်။

- We Fight We Win -



မြန်မာဘလော့ဂ် အကယ်ဒမီဆုပေးပွဲ ၂၀၀၈

ဒီမှာနှိပ်ပြီး မဲပေးကြပါ

မြန်မာ ဘလော့ဂ်အကယ်ဒမီဆု ဆိုတာကိုကြားရတော့ ၀မ်းသာမိတယ်။ ဒီမိုကရေစီကျင့်စဉ်တခုကို ဒို့ မြန်မာ လူငယ်တွေ လုပ်တာ ဖြစ်တော့ အားရမိတယ်။ မြန်မာ့ ဒီမိုကရေစီရရှိရေး အတွက် လူငယ်တွေ အတော်များများ ဘလော့ဂ်တွေလုပ်ပြီး သတင်းတွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေ ဝေငှလာကြတာ ဟာ တကယ် အားရစရာ ပါဘဲ။
ဒီရွေးချယ်မှုဟာ ဒီမိုကရေစီ ကျင့်စဉ် တခု ဖြစ်လို့လည်း အားပေး ရမယ်။ ရွေးချယ်မှုထဲမှာပါတဲ့ ဘလော့ဂ်တွေကို အလွန့် အလွန်ကို အားရမိတယ်။ တချို့ ဘလော့ဂ်တွေဟာ အရည်အသွေးတွေ ပိုမိုတိုးတက် ကောင်းမွန် လာတယ်။ စာဖတ်သူ၊ အားပေးနေသူများလည်း ဗဟုသုတ ပိုမို စုံစုံလင်လင် လေ့လာဆည်ပူး လာကြရတယ်။

ဒီလိုဆုပေးတာဟာ က ပရိသတ်တွေ ကိုယ်တိုင် မဲပေးတာဖြစ်လို့ ဒီမိုကရေစီနည်းလည်း ကျလှတယ်။ မြန်မာပြည်က အကယ်ဒီမီဆုပေးပွဲ ဆိုတာ နားလည်တတ်ကျွမ်းတဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေက ပေးရတာမဟုတ်ပဲ ပါလေရာငပိချက် ဗိုလ်ချုပ်တွေကပေးတာ ဖြစ်တယ်။ ထို့အတူ ပြည်ပရှိ အစိုးရ မဟုတ်သော ငွေကြေးထောက်ပံ့နေတဲ့အဖွဲ့တွေ၊ နိုင်ငံရေးလုပ်နေသော အဖွဲ့ တွေ၊ လူမှုရေး အဖွဲ့တွေ၊ ပရိုပိုဆယ်တင် နိုင်ငံရေးအဖွဲ့ တွေ ကလည်း ရွေးချယ်ကြတာမဟုတ်လို့ နီးစပ်ရာ မျက်နှာကြီးရာ ဟင်းဖက်ပါ ဆိုတာမျိုး ရွေးချယ်ကြမှာ တော့ မဟုတ်ဘူး။ ဆိုလိုတာက "ငါ ပိုက်ဆံပေးထားလို့ သူ့ ကို ငါရွေး ဆိုတာမျိုးလည်း" မဟုတ်ဘူး။ ဒါကြောင်မိုလို့ အင်တာနက် မှ မဲပေးရွေးချယ် ခြင်းဟာ ဒီမိုကရေစီ ကျင့်စဉ် တခုလည်းဖြစ်ပါတယ်။ လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်ကို အားပေးတဲ့ လုပ်ရပ်ဖြစ်လို့ မြန်မာဘလော့ဂ်ဂါ အကယ်ဒမီ ဆုကို ကြိုဆိုပါတယ်။

မိတ်ဆွေတို့ အကြိုက်ဆုံး ဘလော့ဂ်တွေကို သွားပြီး အားပေးခြင်းဖြင့် သတင်း၊ ရသစာပေနဲ့  နည်းပညာတွေကို အခမဲ့လုပ်ဆောင် ပေး နေတဲ့သူတွေကို အားပေးရာရောက်ပါတယ်။ ထို့အတူ မြန်မာဘလောက်ခ်ဂါ တွေကလည်း မိမိတို့၏ ဘလောက်တွေ ကို ဒီထက် ပိုမိုတိုးတက် ကောင်းမွန်အောင်ကျိုးစားလာပါလိမ့်မယ်။ ပထမအကြိမ် ရွေးချယ် ခြင်း ဖြစ်တာကြောင့် ကဏ္ဍအလိုက် ထားရှိရာမှာ အယူအဆတွေ၊ နားလည်မှု လွဲမှားမှု လေးတွေ ရှိနိုင်ကြ လိမ့်ပေမဲ့၊ နောင်နှစ်တွေ မှာပိုမိုကောင်းမွန်သော ရွေးချယ်မှု တွေ ဖြစ်လာနိုင်မယ်လို့ ထင်မြင်ယူဆပါတယ်။

Strategic Team
We Fight We Win


Rest of your post

http://komoethee.blogspot.com/feeds/115535081584629262/comments/default

မီး ၁ ရက် ၂ ရက် မလာရင် အစိုးရမှာ တာဝန်ရှိတယ်။ နှစ်ပေါင်းများစွာ ( ၁၉၆၂ ခုနစ်ကထည်းက ဒီေ န့အထိ) မီးကို မှန်မှန် လာအောင် အစိုးရက မလုပ်နိင်ရင်တော့ အစိုးရ မှာ တာဝန်မရှိတော့ ဘူး။ ပြည်သူလူထုမှာပဲ တာဝန် ရှိတော့တယ်။ မီးလာအောင်မလုပ်နိုင်တဲ့ အစိုးရကို မီးလာ အောင်လုပ်ပေးနိုင်တဲ့ အစိုးရနဲ့  အစား ထိုး ဖို့ တာဝန် ဖြစ်တယ်။

-- မိုးသီးဇွန် -




You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.