Wednesday, December 10, 2008

[dawnmanhon(ဒေါင်းမာန်ဟုန်)] 2 New Entries: ၂၀၀၈ မေမြို့ ဗိုလ်လောင်း သင်တန်းဆင်းပွဲ အမှတ်တရ

၂၀၀၈ မေမြို့ ဗိုလ်လောင်း သင်တန်းဆင်းပွဲ အမှတ်တရ

သတင်း မှာ ရေးတဲ့ အတိုင်း ၊ လက်သီး နဲ့ အထိုးခံရတာ ၊အထိုးခံ ရတဲ့၊ အငယ်ဗိုလ်လောင်း က ဆုံးသွားတာ မှန်ပါတယ်။ ဖြစ်ပုံ က ဒီ လို ပါတဲ့ ဗျ။ အခုမကြာခင် ဗိုလ်လောင်း ကျောင်းဆင်းပွဲ ရှိပါတယ်။ဒီ ကျောင်းဆင်း ဗိုလ်လောင်းတွေ က အငယ် ပထမ နှစ်ဗိုလ်လောင်း တွေ ကိုနှုတ်ဆက်တာ ဆိုဘဲ ၊ အကြီးတွေ က အငယ်တွေ ကို တန်းစီခိုင်းပြီး လက်သီးနဲ့ စိတ်ကြိုက်ထိုးကြတာ တဲ့ ဗျ။ အထက် အောက် အမိန့် နာခံတတ်မှုကို သရုပ်ဖော်တာ ပါတဲ့ဗျ။ အဲဒီ ဆုံးသွားတဲ့ ဗိုလ်လောင်း က ဂျပိန်လေး၊အခြောက် ကလေး နဲ့ တူလို့ ၊ မာအောင်ဆိုပီး ၊ သူ က ပို အထိုးခံရရှာပါတယ်။အပေါ်မှာ ရေးထားသလို နံရိုးကျိုးပြီး အတွင်းကလီစာ ကို စိုက်သွားပါတယ်တဲ့။

အခုတော့ ဘယ်သူ က ဘယ်လိုထိုးသလဲ ဆိုတာ အမှုစစ်နေပါတယ်။ဘယ် ၂ ယောက် က ဘယ်လို ထိုးလိုက် မှန်း ၊ အခု မှ ငြင်းခုံ နေတုံးဘဲ။ ကျောင်းဆင်းပွဲ ကို တောင် ရက်ရွှေ့ထားရပါတယ်။တရားခံ ဖြစ်မဲ့သူ တွေ ၊ ဆို ထောင်ကျ မဲ့ သဘောရှိပါတယ်။

အပွင့် လဲ မရ ၊ ကျောင်း ဆင်းတဲ့ အထဲ မပါနိုင်တော့ဘူးတဲ့ ဗျ။ အမိန့် နာခံ တတ် မှု ၊ သရုပ်ဖော်တာ က ၊ နောက်ဆုံး ကြီးနိုင်ငယ်ညှင်း တတ်အောင်သင်ပေးသလိုပါဘဲ။အရင်ခံရသူ က ၊ ကိုယ် နှိပ်စက် ရ မဲ့ အလှည့် ရောက်ရင်၂ ဆ တိုး နှိပ်စက် တတ် လာပါတယ် ၊ ပထမ နှစ် ကျောင်းသားဆိုရင်အထက် က အတန်းကြီး ကျောင်းသား ကို လစဉ်ကြေး ( ဆက်ကြေး )ပေးရတာတွေ အထိ ဖြစ်လာပါတယ် ၊ ဖီးဂျက်ကက် ဝယ်ပေး ရတယ်။လည်ပြတ် အလှစီး ဖိနပ်ဝယ်ပေးရတယ် ၊ ဒီကြားထဲ ကိုယ် ထိ လက်ရောက်ကလည်း မထင်ရင် မထင် သလို နှိပ်စက်ပါသေးတယ်။

အနာဂါတ် ရဲ့ အောင် စစ် သည် တို့ ရေ ၊နောင် တ ခေတ် အတွက် ရင် လေး ဘွယ် ပါ ဘဲ ။

ကိုမိုးသီး

အမေရိကားရောက် သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့


ဘားမားတူဒေးမှ ကူးယူဖော်ပြပါသည်။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.