Wednesday, December 10, 2008

[We Fight We Win. -- " More than Media "] 7 New Entries: ကြားဖြတ်သတင်း

ကြားဖြတ်သတင်း

ရန် ကုန်တိုင်း မြို့ နယ်အတော်များများ မှာ မီးတွေပျက်နေတယ်လို့ သိရတယ်။မီးမလာတာ တပတ်ခန့် ရှိသွားပြီ။ ဓါတ်ငွေ့ ကိုလည်း အလုံအလောက်မဖြန့် ဖြူးနိင်ဘူး ဓါတ်ငွေ့ သုံးကားတွေ အခက်ခဲဖြစ်နေတယ်။

ဓါတ်ပုံများ ကပြောတဲ့ ကမ္ဘာ ကြီး အကြောင်း


ဇင်ဘာဘွေနိင်ငံမှာ ၀မ်းရောဂါ အကြီးအကျယ်ဖြစ်ပွားနေတယ်။ အစိုးရက မထိန်းချုပ်နိင်တော့ဘူး။ ဓါတ်ပုံမှာ လူတွေ ၀မ်းရောဂါဘေးကြောင့် အိမ်နီးခြင်းနိင်ငံတွေကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်များ ကို တွေ့ ရစဉ်။


Summary

Rest of your post

အမေရိကန် အောက်လွှတ်အမတ် အဖြစ် ဗီယက်နမ်လူမျိုး ဂျိုးဇတ်ဂေါင်းကို ရွေးချယ်

အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် ဂျိုးဇတ်ဂေါင်း (Anh "Joseph" Cao )
"As you can see, really anything can happen."
First Vietnamese-American elected to House 'speechless'


-မြတ်စိုး-

ဂျိုးဇတ်ဂေါင်းဟာ အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် တယောက် ဖြစ်လာပါပြီ။ အမေရိကန် အောက်လွှတ်တော်မှာ တာဝန် ထမ်းဆောင်ရတော့မဲ့ ရီပါပလက်ကင် ပါတီ၏ အောက်လွှတ်တော် အမတ် အဖြစ်ရွေးချယ်ခံခဲ့ရမှုအပေါ် ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်လို့ ဂျိုးဇတ်ဂေါင်း က ပြောဆိုသွားသည်။ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်းက သူ့ကို အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၏ အောက်လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းဟာ လူငယ်များ နိုင်ငံရေးကို ပိုမိုစိတ်ဝင်တစား ဖြစ်လာအောင်တွန်းအား ဖြစ်စေလာပါလိမ့်မယ်လို့ ပြောဆိုသွား ပါတယ်။ သူကို ရွေးချယ် တင်မြောက်ခဲ့ ခြင်းကြောင့် အမေရိကန်လူငယ်များ ဟာ လူထု အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လာစေလိမ့်မယ်လို့ ပြောဆိုသွားပါသည်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံ ရှိ လူငယ်တွေ ဟာ ဘယ်ကဘဲလာလာ၊ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို မီးမှောင်းထိုးပြလိုက်တာပါဘဲလို့ ပြောဆိုသွားပါသည်။ နိုင်ငံခြားသားမုန်းတီးတဲ့ စစ်အုပ်စု အုပ်ချုပ်နေတဲ့ မြန်မာ နိုင်ငံမှာတော့ တိုင်းပြည် ခေါင်းဆောင်ဖြစ်လာနိုင်မဲ့ လူငယ်တွေကိုတောင် ထောင် အကျဉ်းချထားကြတယ်။

လူမဲဒီမိုကရက် တွေ ကြီးစိုးထားတဲ့ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူး အော်လင်းမြို့ မှာ ရီပါပလက်ကင် အောက်လွှတ်တော်အမတ် ဂျိုးဇတ်ဂေါင်းဟာ သက်တမ်း (၉)ကြိမ် အနိုင်ရယူခဲ့ တဲ့ လူမဲ ဒီမိုကရက်တစ်အမတ် ၀ီလီယံဂျက်ဖါဆင်ကို စနေ့က အနိုင်ရသွားခဲ့ပါတယ်။ အရွေးချယ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ် သမ္မတ အိုဗားမား ထောက်ခံသူ၊ သက်တမ်းရင့်သော လူမဲအမတ် ၀ီလီယံဂျက်ဖါဆင် ဟာ လူမဲအများစု နေထိုင်သော အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူးအော်လင်းမြို့ မှာ အနိုင်ရဖို့ အခွင့်အရေး အများဆုံးရရှိခဲ့ သော်လည်း၊ သူအပေါ် ဗဟိုအစိုးရက တရားစွဲဆိုထားသော အမှုပေါင်း ၁၆ ခု နှင့် အတူ ငွေးရေးကြေးရေး လာဘ်ပေးလာဘ်ယူမှု၊ တရားရုံးကို လိမ်လည်ထွက်ဆိုခဲ့မှု၊ တရားမ၀င် ငွေကြေး မှောင်ခိုမှု၊ လွှဲပြောင်းခဲ့မှု၊ အကျင့်ပျက်ခဲ့မှု အရှုပ်တော်ပုံကြောင့် ၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရရှိခဲ့တော့ပါဘူး။

ဂျိုးစက်ဂေါင်းကတော့ လူမဲအများစုနေထိုင်သော နယူးအော်လင်းမြို့ မှာ လာရောက် မဲပေးသူအရည်အတွက် နည်းပါးခဲ့ခြင်းဟာ သူ အရွေးချယ်ခံရဖို့ အတွက် အခွင့်ကောင်းတရပ် ကိုဖြစ်စေခဲ့ တယ်လို့ ပြောဆိုသွားပါသည်။ ရွေးကောက်ပွဲဟာ မူလက နိုဝင်ဘာ ၄ ရက်မှာ ကျင်းပဖို့ရှိခဲ့ ပေမဲ့ လူဆီယားနားပြည်နယ်တောင်ပိုင်း မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဂတ်စ်တာဗ် ကြောင့် ရွေးကောက်ပွဲကို ပြီခဲ့တဲ့ စနေနေ့ အထိ ရွေှ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်အစိုးရလက်အောက်ရောက်ရှိခဲ့ပြီးနောက် ၊
ဂျိုးဇတ်ဂေါင်း ဟာ မိသားစုနှင့်အတူ ဗီယက်နမ်နိုင်ငံက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ အသက် ၈ နှစ် ကတည်းက ရောက်ရှိ လာခဲ့သည်။ သူဟာ အသက် ၉ နှစ်မှာ ပညာ ပြန်လည် ဆည်းပူးနေစဉ်၊ သူ့ဖခင်၏စာကိုလက်ခံရရှိခဲ့ပါတယ်။ သူဖခင်က "သူ့ကို အလုပ်ကို ကျိုးစားလုပ်ပါ။ ပညာ ကျိုးစားသင်ယူပါ။ တိုင်းပြည် ပြန်လာပြီး၊ ပြည်သူအတွက် အလုပ်အကျွေးပြု လုပ်ငန်းတွေမှာ အကူအညီပေးပါလို့" ပြောဆိုခဲ့ကြောင်း သူကပြန်ပြောင်း သတိတရ ပြောဆိုခဲ့ပါသည်။ ဂျိုးဇတ်ဂေါင်း ဟာ အမေရိကန်မှာ ရူပဗေဒ၊ ဥပဒေ ပညာဘွဲ့ တွေကို ရယူခဲ့ပြီး၊ လူမှုရေး လုပ်ငန်း၊ ကျန်မာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း တွေမှာတက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါသည်။ သူဟာ ကျောင်းတွေမှာလည်း ဥပဒေပညာကို သင်ကြားပို့ချပေးခဲ့ကြောင်းလည်းကြားသိရပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုးက အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား ဘော်ဘီဂျင်ဒဲလ် ဖြစ်တာကြောင့်၊ အာရှနွယ်ဖွားတွေ အမေရိကန်နိုင်ငံရေးမှာ ပိုမိုဝင်ရောက် လာနေကြ ပြီဆိုတာပြသနေပါတယ်။ အမေရိကန် နှင့် ကမ္ဘာ့နိုင်ငံတချို့မှာ လူမျိုးရေးမဟာတံတိုင်းကြီးကို ရိုက်ချိုး ဖျက်ဆီး လာနေသော်လည်း၊ မြန်မာနိုင်ငံမှာ ကတော့ ဆက်လက် ရှိနေဆဲပါ။ နောင်တိုင်းပြည်မှာ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်ခွဲခြားရေး တွေကို ရပ်တန်းကရပ်သင့်နေပါပြီ။ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ထက် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး ဘယ်လောက် လုပ်ပေးနိုင် မလဲ ဆိုတဲ့ အရည်အချင်းကို ဦးစားပေးသင့်ပါသည်။

အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး အိန္ဒိယနွယ်ဖွား ဘော်ဘီဂျင်ဒဲလ် နှင့်မိသားစု

လက်ရှိ မြန်မာ့နိုင်ငံရေးလောက မှာ INPUT( ဘယ်သူလဲဆိုတာ) ကို ကြည့်တက်ကြပါသည်။ တနည်းအားဖြင့် ဘယ်သူ က ထောင်ဘယ်လောက် ကျခဲ့သလဲ၊ ဘယ်သူက တောထဲမှာ လက်နက်ကိုင် တိုက်ခဲ့သလဲ၊ ဘယ်သူက ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၏ သားသမီး၊ ဘယ်သူက ဘယ်နှစ် ခုနှစ်ကလုပ်ခဲ့တာ၊ ဘယ်သူက ဘာလူမျိုး၊ ဘာ ဘာသာ စသဖြင့်ပေါ့။ ကမ္ဘာ့နိုင်ငံရေးမှာက OUTPUT (သို့) RESULTS ကိုကြည့်ကြတယ် ဆိုတာ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်း ကို အမေရိကန်နိုင်ငံ လူဆီယားနား ပြည်နယ်၏ လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းအချက်က က ထပ်မံ ထောက်ခံ ပြောဆို နေပါသည်။

ကျွန်နော့်အနေဖြင့် မြန်မာနိုင်ငံမှာ တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ မွန်၊ရှမ်း၊ ကချင်၊ချင်း၊ ကယား၊ရခိုင်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ ဖြစ်ဖြစ် တိုင်းပြည်နဲ့ ပြည်သူ ကို တိုးတက်ကြီးပွားအောင်လုပ် ပေးနိုင်ယင် ဘယ်သူမဆို တိုင်ပြည်မှာ ခေါင်းဆောင် လုပ်နိုင်တယ်။ One Man One Vote ဖြစ်သင့်ပါသည်။ ဘယ်လူမျိုး ဘယ်သူ မှ အထူးအခွင့်အရေး ပိုမပေးသင့်ဘူး။ ၆၂ ၇၄ ၈၈ ဆိုပြီတော့လည်း နိုင်ငံရေးမှာ အထူးအခွင့် အရေး ရမှာမဟုတ်ဘူး။ အရည်အချင်း ရှိတဲ့ သူ ခေါင်းဆောင် ဖြစ်ရင် အမြဲထောက်ခံသင့်တယ်လို့ တင်ပြရင်း။


မြန်မာလူငယ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်နိုင်ပါစေ။


Rest of your post

ဓါတ်ပုံ များ ကပြော တဲ့ ကမ္ဘာ ကြီး အကြောင်း


ဖိလစ်ပိုင်နိင်ငံ မာကတီ မြို့ ထောင်မှာ ထောင်သား ၁၄ ဦးက ထောင်တွင်းမှာ လက်ထပ်တဲ့အခန်းအနား ကို ပြုလုပ်ခဲ့တယ်ဆိုပဲ။ သူတို့ က ရာဇ၀တ်အကျဉ်းသားတွေပါ။ လောလောဆယ်ပြစ်မှု အတွက် ထောင်ဒဏ် ကျခံနေရသူတွေပါ။ အော်သူများနိင်ငံမှာတော့ ရာဇ၀တ်မှုနဲ့ ထောင်ကျတာတောင် လူ့ အခွင့်အရေး ရှိပါပေတယ်။


ဓါတ်ပုံ များ ကပြော တဲ့ ကမ္ဘာ ကြီး အကြောင်း


ကာဇာတ်စတန် နိင်ငံ ဘိုင်ကိုနော် ( Baikonur ) စခန်း မှ ရုရှားလုပ် ပရိုတွန် အမ် ဒုံးပျံ (Proton-M Rocket ) အမျိုးအစား ဒုံးပျံတခုကို လွတ်တင်ဖို့ သယ်ယူလာပုံ ကိုတွေ့ ရစဉ်။ ပရိုတွန်အမ် အမျိုးစား ဒုံးပျံမှာ အာကာသ ဆက်သွယ်ရေး အတွက် အသုံး ပြု တဲ့ ဒုံပျံလို့ သိရပါတယ်။

ဘောပင်စီးပွားရေးစနစ်



-ဇော်မင်း-

နိုင်ငံတခုတိုးတက်လာဖို့ ဆိုတဲ့နေရာမှာ လူသားရင်းမြစ်တိုးတက်လာဖို့ Developement of Human resources အရေးကြီး ပါတယ်။ အားလုံးသိထားပြီးတဲ့ အတိုင်း လူသားရင်းမြစ် တိုးတက်ဖို့ ဆိုတဲ့နေရာမှာ နိုင်ငံသားတွေ ကျန်းမာဖို့၊ ခေတ်နဲ့အညီ ပညာတတ်ဖို့လိုပါ တယ်။ အဲတာကြောင့် နိုင်ငံသားတွေရဲ့ ပညာရေး ကျန်းမာရေး လူမှုရေး ကိစ္စတွေကို အစိုးရက ကူညီဖို့ လိုသလို အစိုးရမဟုတ်တဲ့ အဖွဲ့စည်းများက ကူညီလာတာ တွေကိုလည်း လက်ကမ်းကြိုဆို ရမှာ ဖြစ်ပါတယ်။ သည့်အပြင် နိုင်ငံသား တို့ကိုယ်တိုင် ကိုယ့်ရပ်ကိုယ့်ရွာမှာ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ self-sufficiency စနစ်နဲ့ သူတို့ရဲ့ စားဝတ်နေရေး၊ စီးပွားရေးတို့အတွက် အချင်းချင်း ပြန်လည်စောင့်ရှောက်မှု ပြုလုပ်တာကိုလည်း မတားမြစ် မပိတ်ပင်ဘဲ ကူညီ အားပေးဖို့ လိုပါတယ်။ နိုင်ငံတကာက တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ကူညီ လာတာကို လည်း လက်ခံပြီး အကျိုးရှိရှိအသုံးချဖို့ လိုပါ တယ်။ အဲသလို နိုင်ငံတကာကပေးတဲ့ အကူအညီများကို အမှန်တကယ် လိုအပ်သူ များထံ ရောက်ရှိဖို့လည်း အရေးကြီးပါတယ်။ ဆိုလိုတာက မခိုးမဝှက်ဖို့ ပြောတာပါ။


ကနေဒါနိုင်ငံ၏လူသားအရင်းအဖြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ

ကောင်းပါပြီ လူသားရင်းမြစ်လည်း ကိုယ့်နိုင်ငံထဲမှာ တိုးတက်လာပြီ ဆိုပါတော့။ ဘာတွေတိုးတက်ဖို့ လိုသေးသလဲဆို တော့ Economic growth လို့ခေါ်တဲ့ စီးပွားရေးတိုးတက်ဖို့ လိုပါသေးတယ်။ နိုင်ငံတခုစီးပွားရေး တိုးတက်ဖို့ဆိုတဲ့ နေရာမှာ ဆင်းရဲ တဲ့ နိုင်ငံတွေဟာ ကိုယ်တဦးတည်း မစွမ်းဆောင်နိုင်ပါ။ အဲတာကြောင့်မို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးများနဲ့ နိုင်ငံ တကာ အစိုးရ များရဲ့ အကူအညီများ၊ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများ ကိုယ့်နိုင်ငံထဲ ရောက်လာဖို့ လိုပါသေးတယ်။ အဲသလို ရောက်လာအောင် လည်း ဖိတ်ခေါ်ရပါတယ်။ ကိုယ်ကဖိတ်ခေါ်ရဲ့သားနဲ့ သူတို့ရောက်မလာရင်၊ လာရင်လည်း လိုအပ် သလောက် အတိုင်းအတာ အထိ မရှိသေးရင် တခုခုအားနည်း မှားယွင်းနေပြီလို့ ပြောနိုင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အရှုတ်အထွေးကြောင့် မလာကြ တာလား၊ ကိုယ့်နိုင်ငံမှာရှိတဲ့ အနေအထားက (စွမ်းအင်၊ လမ်းတံတား၊ ဆက်သွယ်ရေး စနစ်၊ ငွေကြေးစနစ်၊ ဥပဒေစနစ်) မကောင်းလို့ မလာကြတာလား၊ စစ်ဖြစ်နေလို့လား၊ ရင်းနှီးမြှုတ်နှံသူများကို ဆွဲဆောင် နိုင်ဖို့ သဘာဝသယံဇာတအရင်းအမြစ် national resources မရှိလို့လား (သို့မဟုတ်) ရှိတာလေးတွ ကုန်ခမ်းသွားလို့လား အစရှိသဖြင့် သုံးသပ်ဖို့လိုပါတယ်။

ကိုယ့်နိုင်ငံမှာ ကိုယ်ဆန္ဒရှိသလောက် ရင်းနှီးမြှုတ်နှံသူတွေ ရောက်မလာတာ ကိုယ့်မှာရှိနေဲ့ ပြဿနာကြောင့် ဖြစ်ပါတယ်။ ဟိုလူ့ကြောင့် သည်လူ့ကြောင့် ဖြစ်ရတာလို့ စွပ်စွဲရင် မမှန်ကန်ပါဘူး။

ကောင်းပါပြီ။ အားလုံးဘာ ပြဿနာမှမရှိဖူး ဆိုပါတော့။ ဒါဆိုရင်တော့ ယေဘုယျအားဖြင့် ယခင်ကထက် စီးပွားရေး တိုးတက် လာဖို့ အခြေအနေက ကောင်းနေပါပြီ။ လမ်းပွင့်နေပါပြီ။ သို့သော် စီးပွားရေးတိုးတက်လာဖို့ တခုတည်းကို ကြည့်ပြီး နိုင်ငံခြား စီးပွားရေး ကုမ္ပဏီများ အပါအဝင် ဒေသခံစီးပွားရေးအုပ်စုများကို သူတို့လုပ်ချင်သလို လုပ်ဖို့ခွင့်ပြု လိုက်မယ်ဆိုရင် ရေတို အတွက်တော့ စီးပွားရေးတိုးတက်လာပြီး ရေရှည်မှာ ဆိုးကျိုးတွေကို ဆက်ပြီးရင်ဆိုင် ရပါလိမ့်မယ်။

တဖက်မှာလည်း စီးပွားရေးတိုးတက်လာမှုဟာ လူနည်းစုအတွက်ပဲ ဖြစ်နေရင်၊ အဲသလို စီးပွားရေးတိုးတက်လာဖို့ မိမိ နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို ကုန်ခမ်းသွားအောင် အသုံးပြုလိုက်ရင် စီးပွားရေးတိုးတက် လာတယ်ဆိုတာ ရေတို အတွက်ပဲ ဖြစ်သွားပါလိမ့်မယ်။ အဲတာကြောင့် ဒို့နိုင်ငံတော့ စီးပွားရေးတက်လာပြီ။ စာရင်းထဲမှာတော့ ကြည့်လိုက်ရင် Gross Doemstic Product (GDP) လို့ခေါ်တဲ့ ပြည်တွင်းထုပ်လုပ်မှု တန်ဖိုးဟာ မြင့်တက်လာနေတာ တွေ့ရပြီဆိုပါစို့။ ကုမ္ပဏီတွေ အတွက် ကတော့ အမြတ်တွေထွက်နေပြီ ဆိုပါစို့။ သို့သော် တဖက်မှာ နိုင်ငံသားအများစုဟာ ဖြစ်သင့်တာ ထက်ပိုပြီး ဆင်းရဲမွဲတေမှု အောက် under poverty line ရောက်နေရင် ဒါဟာ တိုင်းပြည် တခုအတွက် အမှန် တကယ် တိုးတက်လာပြီလို့ မဆိုနိုင်ပါဘူး။

နောက်တခုကလည်း နိုင်ငံတကာစီးပွားရေး ကုမ္ပဏီကြီးတွေက အမြတ်တခုကိုသာကြည့်ပြီးလုပ်မယ်၊ profit oriented အစိုးရကိုယ်တိုင်ကလည်း အဲသည့်အမြတ်များကို ခွဲယူဖို့အတွက်ပဲ စိတ်ဝင်စားမယ်။ အဲသလို လုပ်ချင်တိုင်းလုပ် နေကြတာ ကိုလည်း တဖက်မှာ ပြန်ထိန်းညှိဖို့ နည်းနာတွေ၊ ဥပဒေတွေ မရှိရင် (ရှိလည်းအသုံး မပြုအသက်မဝင်ရင်) အရင်ဦးဆုံး ဆိုးကျိုး ကို ခံစားရမဲ့ သူတွေကတော့ တောနေဆင်းရဲသားတွေနဲ့ မြို့နေ ဆင်းရဲသားတွေပဲ ဖြစ်ပါတယ်။ အဲသည့်အတွက် အဆိုပါ ဆင်းရဲသားများ ဆက်လက်မွဲတေမြဲ မွဲတေနေပါလိမ့်မယ်။ မွဲကြတဲ့အတွက် ပညာရေး ကျန်းမာရေး လူမှုရေးတွေပါ တိုးတက် မလာတော့ဘဲ နိမ့်ကြမြဲ နိမ့်ကြနေပါလိမ့်မယ်။ ဒီတော့ လူသားရင်းမြစ် တိုးတက်လာ ဖို့ မလွယ်တော့ပါ။ မုံ့လုံးစက္ကူကပ် ဇတ်လမ်းကနေရလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာဖို့ မက်ခရိုစီးပွားရေး Macro-economy ကျင့်သုံးလုပ်ကိုင်ဖို့ လိုသလို မက်ခရို စီးပွားရေး ကို ကိုယ်စားပြုတဲ့ စီးပွားရေးအဖွဲ့စည်းကြီးများနဲ့ ကုမ္ပဏီကြီးများ အမြတ်တခုတည်းကို ကြည့်ပြီး လုပ်ချင်သလို မလုပ်ရလေ အောင် နည်းတွေ စည်းတွေ စနစ်တွေ ဥပဒေတွေ လိုအပ်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာပြည်လို ဆင်းရဲတဲ့နိုင်ငံများမှာ အသေးစားစီပွားရေး Micro economy မိုက်ခရိုစီးပွားရေးကိုလည်း ဦးမော့လာအောင် အားပေးဖို့ လိုပါတယ်။ အဲသည့် စီးပွား ရေး ပုံစံနှစ်ခု အကြားမှာ ထိန်းညှိပေးဖို့ အထူးလိုအပ်ပါတယ်။

အခုမြန်မာပြည်မှာ စီးပွားရေးဟာ မက်ခရိုအဆင့်ရော မိုက်ခရိုအဆင့်ရော ဘယ်လောက်တိုးတက်နေသလဲ ဆိုတာ စောကြော ဖို့ လိုပါတယ်။ တိုးတက်ရင် တိုးတက်တယ် မတိုးတက်ရင် မတိုးတက်ဖူး ဆိုတာကို ရဲရဲပြောရဲဖို့ သုံးသပ်ဖို့ လိုပါတယ်။ လိမ်နေ ကြရင်တော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ အဝေးကြီးမှာပဲ နေပါလိမ့်မယ်။

မြင်သလောက် ပြောရရင်တော့ မြန်မာပြည်မှာ အခုကျင့်သုံးနေတဲ့ စီးပွားရေးစနစ်ကို ဘောပင်စီးပွားရေးစနစ်လို့သာ အမည် တတ်ရမှာပါပဲ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲ ဆိုတာကို ရှင်းပါ့မယ်။

အာဏာပိုင်တွေက ကိုယ်ရဲ့အုပ်စု ကိုယ်နဲ့အလွမ်းသင့်သူ စီးပွားဖက်များကိုသာ ကြည့်ရှု့ပါတယ်။ မိုဘိုင်းဖုံး အလုံး တရာချ ပေး လိုက်တယ် ဆိုပါစို့။ အဲသည့်အတွက် ဘောပင်နဲ့ လက်မှတ်ထိုးပေးလိုက်တာပဲ။ အဲသည့်အခွင့်အရေး ရသူကတော့ မိုဘိုင်းဖုံး တလုံး ဒေါ်လာတထောင့်ငါးရာနှုံးနဲ့ အတော်လေးကိုက်သွားပြီ။ နောက်တဦးကိုတော့ မော်တော်ကား အစင်း သုံးရာ နိုင်ငံခြား က တင်သွင်းခွင့်ကို ဘောပင်နဲ့ လက်မှတ်ထိုးပေးလိုက်တယ်။ ရမဲ့အမြတ်ကတော့ အောလပုံပါပဲ။ နောက်တဦးကိုတော့ (သို့ မဟုတ်) တဖွဲ့ကိုတော့ (သို့မဟုတ်) တဌာနကိုတော့ တရားမဝင် မော်တော်ဆိုင်ကယ် တွေကို တစင်းကျပ်တသိန်း၊ နှစ်သိန်း နှုန်းနဲ့ မှတ်ပုံတင်ပေးခိုင်းပြီး ဆိုင်ကယ်ပိုင်ရှင်တွေဆီက ငွေကိုယူလိုက်တဲ့ နည်းပါ။ ဒါတွေဟာ ကိုယ်ကကုန်ထုတ်လုပ်လို့ အဲသည့်ထုတ်ကုန်ကို ပြန်လည်ရောင်းချလို့ ရတဲ့ အကျိုးအမြတ် မဟုတ်ပါ။ မိမိပြည်တွင်းမှာ ကိုယ့်အချင်းချင်းထဲမှာ ဘိုင် ပွတ် ပွတ်တဲ့ နည်းသာဖြစ်ပါတယ်။

နောက်တခုကလည်း ဗိုလ်ချုပ်တယောက်က ပြည်တွင်းကုမ္ပဏီပိုင်ရှင် တဦးကို ရဟတ်ယာဉ်ပေါ် တင်ခေါ်လိုက်ပါတယ်။ ပြီးတော့ ဟူးကောင်းတောင်ကြား ဒေသတွင်းမှာရှိတဲ့ သစ်ကွက်တခုကို ရဟတ်ယာဉ်ပေါ်ကနေ လက်ညှိးထိုးပြီး "အဲဒါ မင်း လုပ်ခွင့်ရတဲ့ သစ်ကွက်" ဆိုပြီး အောက်ရောက်တော့ ဘောပင်နဲ့သစ်ခုတ်ခွင့်ကို လက်မှတ်ထိုးပေးလိုက်ပါတယ်။

လတ်တလောမှာလည်း တေဇပိုင် ထူးကုမ္ပဏီကို ရှမ်းပြည်အတွင်းမှာ သစ်ထုတ်လုပ်ခွင့် ပေးတယ်လို့ ကြားရပါတယ်။ ထုံးစံ အတိုင်း ဗိုလ်ချုပ်တွေက လုပ်ပိုင်ခွင့်ကို ဘောပင်နဲ့လက်မှတ် ထိုးရုံပါပဲ။ ကြားရတဲ့ သတင်းကတော့ စိတ်ကုန်စရာပါ။ ဘာလဲ ဆိုတော့ တေဇက သစ်လုပ်ငန်းမှာ ဦးစီးမဲ့ ကျွမ်းကျင်သူကို မေးပါတယ်တဲ့။ သစ်တတန်ဆိုတာ ဘယ်လိုမျိုး တိုင်းတာပါသလဲ တဲ့။ ကျွမ်းကျင်သူရဲ့ အဖြေက ဟိုတုံးကဆိုရင် သစ်တပင်ခုတ်ရင် သစ်တန်သုံးတန် ထွက်တယ်လို့ ယေဘုယျ ဖြေပါတယ်။ (သစ်တန်ကို အလေးချိန်နှင့်မတိုင်းပါ။ ပေနဲ့တိုင်းတဲ့အတွက် တန်ပေလို့ သုံးနှုံးပါတယ်)။

သို့သော်လည်း ဒီခေတ်မှာတော့ သစ်ပင်တွေဟာ အရင်လောက် မကြီးတော့တဲ့အတွက် သစ်တပင်ခုတ်မှ သစ်တန်ပေ တတန်ပဲ ထွက်ပါတယ်လို့ ပြန်ဖြေပါတယ်။ တေဇခုတ်ခွင့် ရတဲ့ သစ်တန်ပေက တစ်သိန်းလို့ ဆိုပါတယ်။ ဒီလိုဆိုရင် အကြမ်းဖျဉ်းအားဖြင့် သစ်ပင်တသိန်း ခုတ်ရမှာပေါ့လို့ တေဇက ပြန်မေးပါတယ်။

ကျွမ်းကျင်သူက ဒီလိုဖြေပါတယ်။ ခုတ်ရမဲ့သစ်ပင်ကတော့ အကြမ်းဖျဉ်းအားဖြင့် တစ်သိန်းမှန်ပါတယ်။ သို့သော် ကိုယ်လိုချင်တဲ့ သစ်ပင်အမျိုးအစားနားမှာ ပေါက်နေတဲ့ ကိုယ်မလိုအပ်တဲ့ သစ်ပင်ကြီးငယ်တွေကို ရှင်းပြီးမှ ခုတ်ရတဲ့ အတွက် မိမိလိုချင်တဲ့ သစ်တပင်ခုတ်တိုင်း အနည်းဆုံးအားဖြင့် အခြားသစ်ပင်ငါးပင်ကိုပါ ခုတ်ပစ်ရတယ်လို့ ပြန်ဖြေ ပါတယ်။ ဆိုလိုတာကတော့ ကိုယ်လိုချင်တဲ့ သစ်ပင်တသိန်းခုတ်ဖို့ အခြားသစ်ပင် ငါးသိန်းကိုပါ စတေးလိုက်ရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အဲဒီလို စီးပွား ရေးလုပ်ဖို့ ဗိုလ်ချုပ်တယောက်က တေဇအတွက် သစ်လုပ်ခွင့်ကို စာရွက်ပေါ်မှာ လုပ်စေခုတ်စေဆိုပြီး ဘောပင်နဲ့ လက်မှတ် ရေးထိုး ပေးလိုက်ပါတယ်။ လွယ်လိုက်တဲ့ စီးပွားရေးစနစ် လို့ ဆိုရတော့မှာပါ။ ဒီကြားထဲမှာ တရုတ်အပါအဝင် အိမ်နီးချင်း ကုမ္ပဏီတွေ ခုတ်နေလို့ သစ်တောတွေ ပါးလာတယ် ဆိုတာကလည်း ငြင်းလို့မရပါဘူး။

အဆိုးအကောင်း အကျိုးအကြောင်း ဘာကိုမှ ထည့်သွင်းတွက်ချက်ခြင်း မပြုဘဲ စာရွက်ပေါ်မှာ ဘောပင်တချောင်းနဲ့ လက်မှတ် ထိုးပေးတဲ့ ပေါ်လစီဖြစ်သောကြောင့် ဘောပင်ပေါ်လစီ စီးပွားရေးလို့ အမည်တပ်လိုက်ရတာ ဖြစ်ပါတယ်။ သဘာဝအရင်း အမြစ်ကို သုံးစွဲချင်ရင် ဘယ်လိုစီစဉ်ပြီးမှ ဆောင်ရွက်ရတယ် ဆိုတာကို နားလည်ဖို့လိုပါတယ်။ တေဇကတော့ ဘာကိုထည့် စဉ်းစားမှာလဲ သူနဲ့ အလွမ်းသင့်တဲ့ ဗိုလ်ချုပ်များ အာဏာရှိနေတုံး လုပ်စရာရှိတာကို သွက်သွက်လက်လက်နဲ့ များများရအောင် လုပ်မှာပါပဲ။ ဗိုလ်ချုပ်တွေကလည်း ငွေပေါ်မြန်တဲ့ သစ်လုပ်ငန်းလိုဟာမျိုး ကို ပိုပြီးနှစ်သက်ပါလိမ့်မယ်။ သစ်တောပြုန်းတီးခြင်း Deforestation ဆိုတာကို နှစ်ဖက်စလုံးက ထည့်သွင်းစဉ်း စားခြင်း မပြုကြပါ။ ထိုဒေသအတွင်း သစ်တောကို မှီတင်းနေထိုင်တဲ့ လူများတိုင်းရင်းသားများ ရေရှည်မှာ တောပြုန်းတဲ့ ဆိုးကျိုး ဒဏ် အရင်ဆုံးခံရမှာ ဖြစ်ပါတယ်။

စစ်အစိုးရကတော့ ပြောမှာပါ။ ခုတ်လိုက်တဲ့ သစ်ပင်တွေနေရာမှာ အစားထိုး ပြန်စိုက်မှာပါလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ သို့ သော်လည်း အစုလိုက်အပြုံလိုက် အချိန်အနည်းငယ်အတွင်း ခုတ်လိုက်တဲ့ နေရာမှာ ချက်ခြင်းအစားပြန်ထိုး စိုက်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။

အင်္ဂလိပ်ခေတ်တုံးကတော့ သစ်တောဥပေဒဆိုတာ ရှိပါတယ်။ ဥပဒေအတိုင်း လိုက်နာရပါတယ်။ သတ်မှတ်ထားတဲ့ သစ်ကွက် တခုကို ခုတ်ပြီးရင် ချက်ခြင်းပြန်စိုက်ပါတယ်။ ရှိရင်ရှိသလောက် ခုတ်ယူသွားတာမျိုး လုပ်လို့မရပါ။ ချန်ထား ရမဲ့ အကွက်ကို သွားထိလို့မရပါ။ ခုတ်သွားတဲ့ သစ်ကွက်မှာ နောက်အနှစ်နှစ်ဆယ်သုံးဆယ် ဆိုရင် နောက်တခေါက် ပြန်လာပြီး သစ်ထုတ်လို့ ရအောင် အလှည့်ကျစနစ် Rotating system နဲ့စီစဉ်ထားတာ ဖြစ်ပါတယ်။ ဥပမာ ကျွန်းပင်တိုင်းမှာ အပင်ရဲ့ ကိုယ်ပိုင်နံပါတ် ရှိပါတယ်။ သစ်ပင်သက်ရင့်တဲ့ သတ်မှတ်ထားတဲ့ နံပါတ်ကိုသာ ခုတ်ခွင့် ပေးပါတယ်။ အဲဒီလို စနစ်နဲ့ ဆောင်ရွက်တာဟာ သစ်ထုတ်လုပ်ငန်းကို စဉ်ဆက်မပြတ် sustainable လုပ်ကိုင် နိုင်အောင်ဖြစ်ပြီး သစ်တော ပြုန်းတီးခြင်း ကိုလည်း ကာကွယ် ရာရောက်တဲ့ အတွက်ဖြစ်ပါတယ်။ ရွှေဥမှန်မှန်ဥပေးတဲ့ ငန်းကိုသတ်ပြီး ဗိုက်ခွဲ ရွှေဥ ရှာတာမျိုး မဖြစ်အောင် ထိန်းသိမ်းတဲ့ စနစ်ပါ။

အခုမြန်မာပြည်မှာ မြင်တွေ့နေရတဲ့ စီးပွားရေးစနစ်ကတော့ ဘောပင်စီးပွားရေးစနစ်ဖြစ်လို့ ရှေ့လျှောက် ဆိုးကျိုးတွေ သာ တွေ့ရမဲ့ ကိန်းပါပဲ။

(စာဖတ်သူများခင်ဗျား အင်္ဂလိပ်လို ညှပ်ရေးထားတာတွေဟာ ဘိုဆန်အောင် ရေးချင်လို့ မဟုတ်ကြောင်း ရှင်းလင်း တင်ပြပါရ စေ။ မိတ်ဆွေစာဖတ်သူ အချို့က အကြံပေးပါတယ်။ တချို့စာလုံးတွေ အသုံးအနှုံးတွေကို ကြုံရင်ကြုံသလို အင်္ဂလိပ်လို ထည့်ရေး ပေးဖို့ အကြံပြုကြပါတယ်။ တချို့အသုံးအနှုံးများက သိပြီးသားသူတွေ အတွက်တော့ အဆန်း မဟုတ်ပေမဲ့ မသိရှိသေးသော သူများအတွက် ယေဘုယျအားဖြင့် တနိုင်တပိုင် ဗဟုသုတရစေနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက် ဒီဇင်ဘာလ ၂ဝဝ၈ ခုနှစ်

From - ရွက်မွန် ဘလောက်မှာ

Rest of your post

တေဇ နဲ့ န၀တ စစ်အုပ်စု

ခေတ်ပျက် အချောင်သမား တေဇ နှင့် န၀တ စစ်အုပ်စုခေါင်းဆောင် များ၏ စီးပွားရေးကွန်ယက်

Azawgyi
တေဇဟာ ကချင်ပြည်နယ် ပူတာအိုဒေသမှာ တောင်ပေါ်အပန်းဖြေစခန်းများ တည်ဆောက် လုပ်ကိုင် စားသောက် ခွင့်ရရှိသွားပြီး၊မကြာမီလုပ်ငန်းများ စတင်ဖွယ်ရှိတယ်လို့ ကြားသိရပါတယ်။ လတ်တလောမှာလည်း မေမြို့ (သူတို့အခေါ် ပြင်ဦးလွင်) ကန်တော်ကြီးဥယျာဉ်ရဲ့ စီမံခန့်ခွဲ လုပ်ကိုင်စားသောက်ခွင့်အဝဝကိုလည်း သစ်တောရေးရာဝန်ကြီးဌာန ဆီက နေလွှဲပြောင်းရယူ တော့မှာဖြစ်ပြီး၊ ရတနာပုံ ဆိုက်ဘာစီးတီးနဲ့ မလှမ်းမကမ်းကပြင်စာရွာ၊ သုံးထောင်ရွာအနီးမှာဂေါက်ကွင်းအသစ်တစ်ခုကိုလည်း တည်ဆောက်လျှက် ရှိတယ်လို့ကြားသိရကြောင်းပါခင်ဗျာ။ကန်တော်ကြီးဦးယျာဉ်နဲ့ဟော်တယ်သာမကမူလကန်ထရိုတ်ရထားတဲ့
woodlandကုမ္ပဏီရထားတာ တခုဖြစ်တဲ့ ပုပ္ပါး ရီဆော့ ကိုပါ ရသွားတယ် လို့ ကြားရပါတယ်။ သူ့ ရဲ့လုပ်ငန်းများအရှုံး ပြနေတဲ့အတွက်ငွေရဖို့သေချာတဲ့လုပ်ငန်းတွေကိုကောက်သင်းကောက်လိုက်ချုပ်နေတာလို့ လည်းကြားရပါတယ်ဗျား။

Source: from myanmarcupid

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.