Wednesday, December 10, 2008

[Padauk Myay] 2 New Entries: အဝေးရောက် လေချစ်သူများ

အဝေးရောက် လေချစ်သူများ

ချိုမွှေး

(၂၀၀၈ ခုနှစ် နိုဝင်ဘာလထုတ် Living Color မဂ္ဂဇင်းက ဆောင်းပါးဖြစ်ပါတယ်။ တိုင်းပြည်ကို ဘယ်လိုချစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး တွေးစရာမို့ ဖြန့်ဝေပေးလိုက်ပါတယ်။ ကြိုတင် ခွင့်ပြုချက် မယူနိုင်တဲ့အတွက် Living Color နဲ့ စာရေးသူကို တောင်းပန်ပါတယ်။)

ရုံးခန်းသည် နေ့ခင်းကလို အပူချိန်ခပ်များများဖြင့် လှောင်အိုက်နေသော၊ တယ်လီဖုန်းသံများ၊ စကားသံများဖြင့် ဆူညံနေသော အခန်း တစ်ခု မဟုတ်တော့။ ညသည် ၁၁နာရီထိုး လုပြီဖြစ်ရာ မဖြစ်မနေ အလုပ်ပြီးအောင် လုပ်ရမည့် သူများနှင့် ရုံးပျော်များမှအပ ရုံးသူရုံးသား အများစု ရှိနေတတ် သောအချိန် တစ်ခုမဟုတ်တော့။ ယနေ့ညအဖို့ ချိုမွှေးက လက်စသတ် ရမည်ဖြစ်သောကြောင့် ဒီအချိန်ထိရှိ နေရခြင်းဖြစ်လေသည်။ ကွန်ပျူတာသုံးချိန် ကြာလာသည် နှင့်အမျှ ချိုမွှေး၏ လက်ပြင်တစ်လျှောက်နှင့် ကျောများသည်လည်းကောင်း၊ လက်ချောင်းများသည် လည်းကောင်း ကိုက်ခဲ၍ နေကြသည်။ ကွန်ပျူတာမှ G-talk ခေါ် အဝေးအနီး တစ်နေရာနှင့် တစ်နေရာ အသံဖြင့်လည်းကောင်း၊ စာသားရိုက်ထည့်ခြင်း အားဖြင့်လည်းကောင်း စကားပြောနိုင်သော Function တစ်ခုမှာ ဖွင့်လျက်သား ရှိနေသော်လည်း ချိုမွှေးသည် မိမိအလုပ်များ နေကြောင်းကို G-talk ရှိ မိတ်ဆွေများ သိရှိစေရန် မီးစိမ်းမဟုတ်ဘဲ မီးနီပြ၍ထားလေသည်။ မီးစိမ်းပြထားသည်ဖြစ်စေ၊ မီးနီပြ ထားသည်ဖြစ်စေ နှုတ်ဆက်ရုံ တင်မကဘဲ စကားအမျှင် မပြတ်ပြောလိုသော မိတ်ဆွေအချို့အတွက် ချိုမွှေးမှာ ချဉ်ဖတ် ဖြစ်နေသည်က ကြာပြီဖြစ်သည်။ တကယ်အလုပ်များသောကြောင့် စကားပြန် မပြောနိုင်ကြောင်း ပြသည့်အနေဖြင့် မီးနီပြထားခြင်း ဖြစ်သော်လည်း အချို့မိတ်ဆွေများကမူ ချိုမွှေးသည် ဗန်းစကားဖြင့် အလွန်ပဲများ၍ ဟန်ဆောင် အလုပ်များပြ နေသည်ဟုထင်ခြင်း၊ အချိုကမူ အမှန်တကယ် အရေးကြီးသော စကားများပြောလိုခြင်းတို့ကြောင့် G-talk မှ လှမ်းလှမ်း ခေါ်တတ်သည်မှာ ကြုံနေကြဖြစ်၏။ ဤသို့ မီးနီဖြတ်ဖြတ်ပြသော မိတ်ဆွေစာရင်းတွင် ချိုမွှေး၏ အရင်းအချာဖြစ်သော တစ်နိုင်ငံတည်းသား ရွှေမြန်မာများသာ ပါဝင်ကြလျက် နိုင်ငံခြားသားများ ပါခဲလှသည်။ နိုင်ငံခြားသား အများစုမှာ အလုပ်ကိစ္စနှင့် ပတ်သက်၍ ပြောစရာရှိလျှင်ပင် မီးနီဖြတ် ပြောရမည်မှာ မသင့်တော်ကြောင်းကို လက်ခံထားသည့် အနေဖြင့် အီးလ်မေးဖြင့်သာ လှမ်းပြောကြ မည်ဖြစ်သည်။

ယနေ့ညမှာလည်း ထိုနည်းနှင်နှင်ပင်။ G-mail တွင် Invisible ဟူ၍ ပြထားနိုင်ပြီး G-talk တွင်မူကား Invisible မလုပ်နိုင်သေးရာ G-talk ဖွင့်ထားသည့်အခါတိုင်း ကိုယ်ကိုယ်တိုင်ကြောင့်ဖြစ်စေ၊ အခြား သူကြောင့်ဖြစ်စေ အလုပ်က အနည်းနှင့် အများဆိုသလို ပျက်ရမြဲ။ အလောတကြီးနှင့် အချိန်မီ ရေးနေသောစာသည် ပြီးခါနီးမှပင် ပို၍ကြာနေသလို ခံစားရသည်။ နည်းနည်းစောလျှင် အိမ်ပြန် အိပ်မည်။ ည ၁၂နာရီ ကျော်လျှင်တော့ အိမ်မပြန်တော့ဘဲ ရုံးနှင့်သာ နှစ်ပါးသွားမည်။ ဤကား ချိုမွှေး၏ အတွေး။ ဖြတ်ခနဲ မျက်လုံးထောင့်၌ ပေါ်လာသော သူငယ်ချင်းတစ်ယောက်က ရိုက်ထည့် လိုက်သည့်စာကို အလုပ်လုပ်ရင်းမှ လှမ်းဖတ်လိုက်သည်။ မြန်မာလို ရိုက်ထားခြင်း ဖြစ်သည်။ ``မိချို အားသလား´´ဟူ၍ဖြစ်သည်။ ဒီလိုညအချိန်ထိ မီးနီပြပြီး အလုပ်မပြီးမချင်း ထိုင်ရာမထရမည့် သူကို `အားလား´ ဆိုတော့ `NO´ဟု ရိုက်ထည့်လိုက်ရုံသာ။ သို့သော် သူက မကျေနပ်သေး။ ``နင်အားရင် ငါ့ Essay တစ်ပုဒ်လောက် စစ်ပေးစမ်းပါ၊ ငါဒီနေ့ ကျောင်းမှာ တင်ရမှာမို့လို´´။ တစ်ဖက်မှ စာရိုက်နေသူမှာ ကျွန်မ၏ ကျောင်းနေဖက် နယူးယောက်မှ သူငယ်ချင်းမတစ်ဦး ဖြစ်သည်။ ကျောင်းပြီး၍ အမေရိကန်ပြည်ထောင်စုသို့ ရောက်နေသော သူ့ဆွေမျိုးများရှိရာသို့ လိုက်သွားသည်မှာလည်း သုံးလေးနှစ်ပင် မကတော့။ မဖြစ်မနေ အင်္ဂလိပ်လိုသာ ပြောရ၊ သင်ရမည့် နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ယောက်က သူ့အက်ဆေးကို စစ်ပေးပါဟု ဆိုလာသောအခါ သူငယ်ချင်း အနေနှင့် အားနာသွားသည့်တိုင်အောင် ``NO´´ ဟုသာပြောရန် မဲတင်းလိုက်သည်။ ``ငါမအားသေးဘူး၊ ငါ မအားတာကို ည ၁၁နာရီလောက် ငါရုံးမှာပဲ ရှိနေသေးတာကို ကြည့်ရင် သိနိုင်တယ်´´ဟု အဓိပ္ပာယ် ရသောစာဖြင့် သူ့ကိစ္စကို မလုပ်ပေးနိုင်ကြောင်း ပြောပြလိုက်ရသည်။ တစ်ဖန် သူက ယနေ့ သူကျောင်းသွားချိန်အမီ စစ်ပေး စေလိုကြောင်း ပြောလာသဖြင့် ချိုမွှေးက ``ငါ အခုတော့ မလုပ်ပေးနိုင်သေးဘူး။ ငါ့အလုပ်ကို လက်စသတ်ရဦးမယ်။ မနက်မှ ကြည့်ပေးလို့ ရလား။ E-mail ထဲ ပို့ထားလိုက်လေ´´ဟု နောက်ဆုံး နှစ်သိမ့်လိုက်လေသည်။ ထိုအခါကျမှ သူက ကျွန်မ၏ အနေအထားကို ပြန်စဉ်းစားပေးရန် သဘောပေါက်သွားပုံရသည်။ ``အခု နင် ဘယ်ရောက် နေတာလဲ´´ဟု ပြန်မေးသည်။ စောစောက သူ ကျွန်မကို အကူအညီတောင်းစဉ်က ကျွန်မရောက် ရှိနေသော နေရာသည် သူနှင့် အချိန်ပြောင်းပြန် ၁၂နာရီ တိတိကွာသော အရပ်တစ်ခုဖြစ်ကြောင်း သတိထားမိသည့် ပုံစံဖြင့် ဖြစ်သည်။ အလုပ်လုပ်လက်စမှပင် ``ငါ အခု ရန်ကုန်မှာလေ´´ဟု ပြန်ပြောလိုက်သည်။ ထိုအခါသူက ``ဘုရားရေ နင်ရူးနေလား ရန်ကုန်လိုနေရာမျိုးမှာ ည ၁၁နာရီခွဲ အထိ ရုံးမှာ အလုပ်လုပ်နေရ လောက်အောင် နင်ရူးနေလား´´ဟု ပြန်ပြောသည်။ ``ဘယ်သူမှ ဒီအချိန်အထိ ကြိုးစားပြီး အလုပ်လုပ်ရလောက်အောင် တန်တဲ့နေရာမဟုတ်ပါဘူးဟာ။ နင် အဲဒီ နေရာကို ထားခဲ့စမ်းပါ´´ဟု ဆိုသည်။ ပြီးတော့ ကျွန်မသာ အမေရိကားကို လာချင်ရင် သူ အကူအညီပေးဖို့ ၀န်မလေးဟုဆိုသည်။ ငယ်ငယ်ကပေါင်းသည့် သူငယ်ချင်းဖြစ်သည့်အတွက် သူ့စေတနာကို လေးစားပါသည်။

ကျွန်မသိသလောက်တော့ သူတို့ဟုဆိုသည့် ကျွန်မ၏ ပြည်ပရောက် Online ပေါ်မှ သူငယ်ချင်း အချို့မှာ နိုင်ငံကို လေထဲမှာ အလွန်ချစ်ကြ၏။ တစ်နေ့တစ်နေ့ သူတို့ဆီမှ နိုင်ငံကို ချစ်ကြောင်း တစ်နည်းမဟုတ်၊ တစ်နည်းပြသနေသည့် စကားတွေ၊ တစ်ဆင့်ဖြန့်ချီလိုက်သော မြန်မာ နိုင်ငံသား သန်းပေါင်းများစွာကို ကရုဏာသက်လှချည်ရဲ့ ဆိုသောစာတွေ ကျွန်မဆီကို မကြာခဏ ရောက်ပါသည်။ ယုတ်စွအဆုံး အခု စကားပြောနေသော သူငယ်ချင်းမ၏ G-talk Custom Message များပေါ်တွင် မြန်မာနိုင်ငံကြီးကို မည်မျှလွမ်းကြောင်း၊ ဖွံ့ဖြိုးအောင် လုပ်ပေးလိုကြောင်း၊ ဆန္ဒများကို သွယ်ဝိုက်၍ လည်းကောင်း မကြခဏ ပြသထားလေ့ ရှိပါသည်။ သို့သော် တစ်ခါက ကျွန်မ၏ မိတ်ဆွေ ဇနီးမောင်နှံ ကမကထပြု ဆောင်ရွက်နေသော ဆင်းရဲသည့် မူလတန်း ကျောင်းသားကလေးများအတွက် အလှူကို အကြောင်းပြု၍ သူ့မှာ ငွေစအချို့ လှူဒါန်းလိုစိတ်ရှိ မရှိ ကျွန်မ ဖွင့်မေးဖူးပါသည်။ သူ၏ နိုင်ငံချစ်စိတ်ထဲတွင် မြန်မာနိုင်ငံမှ ကလေးငယ်များလည်း ခိုတွယ် နေလိမ့်နိုးနိုး မျှော်လင့်ချက်ဖြင့် ဖြစ်သည်။ သို့သော် သူ့ဆီက ပြန်ရခဲ့သော အဖြေမှာ သူက ပညာရေး အလှူကို စိတ်မ၀င်စားသေးပါတဲ့။ အဲဒီကတည်းကပင် ကျွန်မ သူ၏ စိတ်ရင်းကို သဘော ပေါက်ခဲ့ပါ သည်။ ကျွန်မအတွက် သူ့လိုလူမျိုးကို ပေးစရာနာမည် အသင့်ရှိပါသည်။ `လေချစ်သူ´ သာဖြစ်ပါသည်။ နိုင်ငံကို လေဖြင့်သာ ချစ်နိုင်မည့် သူလေ။ တကယ်တော့ မြန်မာနိုင်ငံကြီးကို တကယ့်ကို မြတ်မြတ်နိုးနိုး ချစ်ပြီး စိတ်ထားဖြူစင်စွာဖြင့် အကျိုးပြုလိုသူ ပြည်ပရောက် မြန်မာတွေ အများကြီးရှိပါလိမ့်မည်။ ကျွန်မ၏ `လေချစ်သူ´ဟူသော ခေါင်းစဉ်အောက်တွင် ထိုသူတို့ကို လုံးဝ ထည့်သွင်းမထားပါ။

ကျွန်မ၏ လေချစ်သူ သူငယ်ချင်းမလေးနှင့် အလားတူ အဖြစ်အပျက်မျိုး ကျွန်မမကြာခဏ ကြုံခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ `လေချစ် သူ´များနှင့် ကြုံရသည်က ဒေါသဖြစ်ချင်စရာ ကောင်း၏။ တစ်ခါတစ်ခါ ပြုံးချင်စရာ ကောင်း၏။

ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများကို ပေးသည့် ပညာသင်ဆုများသည် Well Rounded ခေါ် ပညာရေး တစ်ခုတည်းတွင် ထူးချွန်သူမျိုးအစား ပညာ ထူးချွန်သူများနှင့်အတူ အခြားလူမှုရေး လုပ်ငန်းများတွင်ပါ ထူးချွန်သူ၊ ဘက်စုံအောင်မြင် သူများကို ဦးစားပေး ရွေးချယ်လေ့ ရှိပါသည်။ အရည်အသွေးပြည့် ပညာရေးသည် ဈေးကြီးလွန်း ရကား အလကားရသော ပညာသင်ဆု တစ်ခုရရန်အတွက် မြန်မာကျောင်းသား အတော်များများမှာ ၎င်းတို့၏ ပညာသင် ဆု လျှောက်လွှာတွင် အလှူရှင် စိတ်ကြိုက်ဖြစ်အောင် လူမှုရေး လုပ်ငန်းများကို စိတ်ဝင်စားကြောင်း၊ ပညာသင်ယူမှု ပြီးမြောက်ပါက နိုင်ငံ၏ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်မည် ဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် ရေးရ၊ ပြောရပါသည်။ ကျွန်မ၏ မိတ်ဆွေများထဲတွင် ပညာသင်ဆု လျှောက်လွှာထဲတွင် သာမက ဘ၀တစ်ခုလုံးနှစ်၍ နိုင်ငံကို ချစ်သူ တစ်နည်းနည်းဖြင့် နိုင်ငံဖွံ့ဖြိုးရေး ဟူသော တာဝန်လေးလေးကြီးကို နေရပ်ပြန်လာပြီး စိတ်လိုလက်ရ ထမ်းလိုသူ မိတ်ဆွေတွေလည်း မနည်းလှပါ။ ထိုနည်းတူ နိုင်ငံဖွံ့ဖြိုးရေးကို ပညာသင်ဆု လျှောက်လွှာရှိ အက်ဆေးများ ၌သာ စွမ်းစွမ်းတမံ လုပ်လျက် လက်တွေ့တွင်ကား ကျောင်းပြီးလျှင် အိမ်မပြန်ဘဲ အလုပ်တန်းဝင်ရန်၊ အခြား တစ်နေရာသို့ ကူးသွားရန် တက္ကသိုလ်အသစ်သို့ ခြေလှမ်း စသည်နှင့် စိတ်ကူးယဉ်ခြင်း၊ အကွက်ချ စီစဉ်ခြင်းများ ပြုလုပ်လေ့ရှိသူ မိတ်ဆွေများလည်း ပါဝင်ပါသည်။ ဤသို့ အပြောနှင့် လက်တွေ့ အလုပ် ကွာခြားသူတို့ အနက်မှ မိတ်ဆွေနှစ်ဦး၏ အဖြစ်ကမူ မမေ့နိုင်စရာ ဖြစ်သည်။

လူပေါင်းများစွာကို ဇီဝိန်ခြွေခဲ့သော နာဂစ်ဆိုင်ကလုန်း ပြီးခါစ နေ့ရက်များတွင် ဖြစ်သည်။ ဆိုင်ကလုန်း ဖြစ်ပြီးနောက် အသစ်ထွက်ရှိသော မြန်မာတို့၏ Civil Society နှင့် ပတ်သက်သည့် စာအုပ်စာပေများ၏ ပါရာဒိုင်းပြောင်းသွားနိုင်လောက်အောင် နာဂစ်၏ စွမ်းဆောင်မှုက ကြီးမားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အရပ်ဘက် လူ့အဖွဲ့အစည်း အားထုတ်မှုများကို စာတင်ရလောက် အောင်ပင် လူငယ်အတော်များများ၌ လူမှုရေး စိတ်ဓာတ်များ တက်ကြွနေခဲ့သည့် အချိန်ဖြစ်သည်။ မိမိတို့ မိသားစုများ ကိုယ်တိုင် ဒုက္ခနှင့် မကင်းသေးသော်လည်း အပျက်အစီး အများဆုံး ဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ ရတတ်သမျှ အကူအညီများ သွန်၍ပေးရန် ရုန်းရုန်း ရုန်းရုန်းနှင့် လူစုနေကြချိန်လည်း ဖြစ်သည်။

ထိုနေ့က ကျွန်မသည် အလုပ်အားလုံး ရပ်ထားရသော ဤရုံးခန်း၌ပင် ရှိနေခဲ့သည်။ မီးမရှိ၊ ရေမရှိ နေ့ရက်များတွင် အလုပ်လုပ်၍ မရသော်လည်း အိမ်တွင် နေရသည်ထက်စာလျှင် ရုံးတွင် နေရသည်က စိတ်သက်သာသောကြောင့် ဖြစ်သည်။ မီဒီယာ ရုံးခန်းတစ်ခု ဖြစ်သောကြောင့် မုန်တိုင်းသင့် ဒေသများမှ ရောက်လာသမျှ သတင်းများနှင့်အတူ စိတ်နှလုံးအစုံလိုက်ပါ ခံစားလျက် ခက်ခဲစွာ ဖြတ်သန်းရသော နေ့များလည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း မီဒီယာ သမားတစ်ဦး၏ တာဝန်၊ တစ်ဖက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း၏ တစ်ထောင့် တစ်မှုန်စာအဖြစ် ကိုယ်တတ်နိုင် သလောက်တော့လုပ်ရန် အားယူနေခိုက်လည်း ဖြစ်သည်။ ဤတွင် ရုံးခန်းရှိရာသို့ ဧည့်သည် နှစ်ယောက် ရောက်ရှိလာလေသည်။ တစ်ဦးမှာ မျက်နှာစိမ်း ဖြစ်သော်လည်း နောက်တစ်ဦးမှာ မုန်တိုင်း မဖြစ်ခင် မေလ ၁ ရက်နေ့ကတင် ရုံးအနီး လက်ဖက်ရည်ဆိုင်၌ စကားလက်ဆုံကျခဲ့သော မိတ်ဆွေဖြစ်သည်။

သူသည် ပြည်ပ တက္ကသိုလ်ကြီး တစ်ခု၌ ပညာဆည်းပူးနေသူ တစ်ဦးဖြစ်ရာ ထိုနေ့ စကားဝိုင်း၌ သူမြန်မာနိုင်ငံသို့ ခေတ္တ ပြန်လာပြီးနောက် လက်ရှိ လုပ်နေသော သုတေသနများ အကြောင်း၊ အချိန်လည်း ရသောကြောင့် မေလအကုန်လောက်တွင် မြန်မာနိုင်ငံမှ ပြန်ထွက်မည် ဖြစ်ကြောင်း ပြောပြသွားခဲ့သေးသည်။ မုန်တိုင်းအပြီး နှစ်ရက်အကြာ သူရုံးကို အလည်လာနေခြင်းမှာ ကျွန်မ၏ ရုံးခန်းအနီးရှိ လေယာဉ်လက်မှတ် အရောင်းဌာနကိုလာရင်း ကျွန်မကို လာနှုတ်ဆက်ခြင်း ဖြစ်သည်တဲ့လေ။ ``မုန်တိုင်းပြီးသွားတော့ အရမ်းစိတ်ညစ်စရာ ကောင်းတယ် မမရဲ့။ ရေမီးက ဘယ်လိုမှ အဆင်မပြေဘူး။ မြို့ပဲ ပြန်ပြေးတော့မယ်´´ ဟု ညည်းချင်းချသည်။ ကျွန်မသိသလောက် သူသည် သက်ဆိုင်ရာ တက္ကသိုလ်၏ မြန်မာကျောင်းသား အသိုင်းအ၀ိုင်းရှိ မြန်မာ့အရေး၌ အလွန်တက်ကြွသူ တစ်ဦး ဖြစ်လျက် နိုင်ငံကို ချစ်ကြောင်း၊ အလုပ်အကျွေး ပြုမည်ဖြစ်ကြောင်း၊ သူ့ကို ပညာသင်ဆု ပေးထားသော တက္ကသိုလ် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်ကြီးငယ်များ ရှေ့တွင် မပြတ်ကြွေးကြော်နေခဲ့ သူလည်း ဖြစ်သည်။ ယခု ရေမရှိသော အရပ်တွင် မနေလို၍ ချက်ချင်း လေယာဉ် လက်မှတ် ရက်ပြောင်းယူပြီး ပြန်ထွက် သွားရက်သော သူ့ရဲ့ အချစ်ကို မည်သည့် အမျိုးအစားဟု ကျွန်မ သတ်မှတ်သင့်ပါသနည်း။ သူသည်လည်း လေချစ်သူတစ်ဦးပင် မဟုတ်ပါလော။ ထို့နောက် အင်တာနက် ၀န်ဆောင်မှုများ စတင်လည်ပတ်နိုင်ချိန်၌ ကြားသိရသော သတင်းများအရ သူတို့ တက္ကသိုလ် အတွင်းရှိ နာဂစ်လှုပ်ရှားမှု အတွက် ဖျော်ဖြေရေးဖြင့် အလှူခံရန်၊ ကွယ်လွန်သူ များအတွက် ၀မ်းနည်းကြေကွဲကြောင်း အခမ်းအနားများ ပြုလုပ်ရန် လှုပ်ရှားနေခဲ့သည်တဲ့။ ကောင်းပါ သည်။ အဝေးက ချစ်ခြင်းက လူသက်သာသည်ပေါ့။ ရွှံ့ထဲ မြောင်းထဲမှာ ပုပ်ပွနေတဲ့ အလောင်း တွေရဲ့ အနံ့အသက်ကို ရှူနေတာထက် စာရင် လှပသော ကျောင်းပရ၀ဏ်မှာ မျက်ရည်ကျရ တာက ပိုကောင်းတာပေါ့။

သူတင်ပဲလားဆိုတော့ မဟုတ်သေး။ ကျွန်မ၏ ရန်ကုန် ပတ်ဝန်းကျင်မှ ရှိရှိသလောက် လူငယ်တွေ တက်တက် ကြွကြွဖြင့် ဆောင်ရွက်၍ အရေးပေါ် အကူအညီများ အရှိန်ရလာချိန်တွင် ကျွန်မရုံးသို့ နောက်ထပ် ဧည့်သည် တစ်ဦး ရောက်လာပါသည်။ ကျွန်မစိတ်မှ မှန်းဆလိုက်သည်က သူသည် မုန်တိုင်းသင့်ဒေသများသို့ ကျောင်းပိတ်ရက်အတွင်း တစ်တပ်တစ်အား ကူညီရန် မြန်မာနိုင်ငံသို့ ပြန်လာခြင်း ဖြစ်မည်ဟု အသေအချာ ထင်လိုက်သည်။ ထင်လည်း ထင်လောက်စရာ ဖြစ်သည်။ ကျွန်မသည် သူနှင့် နိုင်ငံရပ်ခြားရှိ မြို့တစ်မြို့ထဲတွင် ပညာသင်ယူခဲ့စဉ်က သူသည်လည်း ကျောင်းပရ၀ဏ်များ၌ မြန်မာမျိုးချစ်အဖြစ် ကျော်ကြားသူသာတည်း။ အချိန်ပြည့် online တွင် မြန်မာနိုင်ငံ အကြောင်း ပြောလိုက်ရသည်မှာ အမော။ ကျွန်မဆီ ပို့လိုက်ရသည်။ မြန်မာ့သတင်း ဆိုတာကလည်း တရစပ်။ သည်တော့ ကျွန်မ သူ့ကို မုန်တိုင်းအကူအညီအတွက် ပြန်လာသည်ဟု ထင်သည်က မလွန်ချေ။ သို့သော် . . . သို့သော် နှုတ်ဆက် စကားအပြီးတွင် ကျွန်မသိလိုက် ရသည်ကား သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကား ကုန်သွယ်ရေးအတွက် သက်သက် ဖြစ်သည်တဲ့။ `ကုန်သွယ်ရေး´ဟုဆိုက ကြီးကျယ်လွန်းပါလိမ့်မည်။ အမှန်က သူကျောင်းတက်သော မြို့မှ ဈေးချိုလှသော အ၀တ်အထည်များကို လက်ကားဖြင့် ၀ယ်လာပြီး ကျောင်းပိတ်ရက် အိမ်အပြန်၌ သယ်လာ၍ မြန်မာနိုင်ငံတွင် လာရောင်းခြင်းသာ ဖြစ်လေသည်။ သူ့အဖြေကို ကြားသော ချိုမွှေးကား ငိုရအခက် ရယ်ရအခက် ဖြစ်ရသည်။ တစ်ဖက်တွင် မုန်တိုင်းအပြီး ဒီလောက်ကြီး ဖြစ်နေတဲ့ ဒုက္ခ သုက္ခသတင်းတွေ ကြားထဲမှာ သူမို့လို့ အထည်ကုန်သည်လုပ်ဖို့ စိတ်ကူးရရက်လေခြင်းဟု ၀မ်းနည်းလေသည်။ တစ်ဖက်မှာလည်း သူတစ်ချိန်က ပြောခဲ့သော မျိုးချစ်တရားများကို ဆက်လက် နားထောင်၍ မနေလိုတော့ဘဲ လက်လှမ်းမီရာ အလုပ်များဖြင့် ဒုက္ခရောက်နေသူများကို ကူညီရင်း လေသက်သက်ဖြင့် မချစ်တတ်အောင် ကြိုးစားနေလေသည်။ ချိုမွှေး လေချစ်သူဖြစ်မှာ စိုးလှသည်။

ချိုမွှေး

၉.၁၂.၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည် မဇ္စိမ click here

  • စာနယ်ဇင်းလုပ်ငန်းများ ရပ်ဆိုင်းရမည့်အခြေအနေဆိုက် ရိုးမ click here

  • လှိုင်သာယာ အစိုးရဘဏ် မီးလောင် ခေတ်ပြိုင် click here

  • ဆန်ချော ဝယ်ယူစားသုံးသူ လျော့ကျ ခေတ်ပြိုင် click here
  • မြန်မာနိုင်ငံအနှံ့ မှောင်ခိုဓာတ်ဆီဆိုင်များ မှိုလိုပေါက် ခေတ်ပြိုင် click here
  • ဝန်ကြီးဦးအောင်သောင်းကို အမျိုးသမီးများ ဒူးတုပ် ယပ်ခတ်ပေးကြရ ခေတ်ပြိုင် click here
  • ၀ပြည် အစဉ်ငြိမ်းချမ်းနေ၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန်မလိုဟု UWSA တပ်မှူးပြော သျှမ်းသံတော်ဆင့် click here
  • ဘောလုံးလောင်းကစား ပိုမိုကျယ်ပြန့်လာ ဧရာဝတီ click here
  • မြန်မာနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကုလဆောင်ရွက်ဖို့ အာရှလွှတ်တော်အမတ်များ တိုက်တွန်း ဗွီအိုအေ click here
  • ကုလအတွင်းရေးမှူးချုပ် သွားရောက်ဖို့ အာရှလွှတ်တော်အမတ်များ တောင်းဆို အာရ်အက်ဖ်အေ click here
  • တရားရုံးမထီမဲ့မြင်ပြုမှုဥပဒေကို ဖျက်သိမ်းသင့်ကြောင့် ဝေဖန် အာရ်အက်ဖ်အေ click here
  • ရာဇ၀တ်သားများက နိုင်ငံရေးအကျဉ်းသားကို အနိုင်ကျင့် အာရ်အက်ဖ်အေ click here
  • နေပြည်တော်ဘဏ္ဍာငွေအတွက် ပဲခူးမြို့နယ်ထံမှ ကျပ်သိန်း ၁၀၀ တောင်းခံ အာရ်အက်ဖ်အေ click here
  • လေဘေးဒုက္ခသည်များအတွက် ရေသန့်စက်ကို အာဏာပိုင်များ ဖြုတ်သိမ်း အာရ်အက်ဖ်အေ click here
  • တိုင်းပြည်လွတ်မြောက်ရေး အကျိုးပြုနိုင်ဖို့ နေဘုန်းလတ် ပြောကြား အာရ်အက်ဖ်အေ click here
  • ဦးဝင်းတင်ကို ဆက်လက်စစ်ဆေးကုသနေ ဒီဗွီဘီ click here
  • ဗကသကျောင်းသားခေါင်းဆောင်များကို မကြာမီ စီရင်ချက်ချဖွယ်ရှိ ဒီဗွီဘီ click here
  • ကျောင်းသားခေါင်းဆောင်များကို တကွဲတပြားစီပို့ပစ်၍ မိသားစုအခက်တွေ့ ဒီဗွီဘီ click here
  • လောင်းကစားဒိုင်များတွင် အာဏာပိုင်များ ရှယ်ယာပါဝင် ရိုးမ click here
  • မြန်မာစာရေးဆရာများ စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပ မဇ္ဈိမ click here
  • ထိုင်းနိုင်ငံရှိ ရာဘာခြံမှ အလုပ်သမားများ နေရပ်သို့ ပြန်ကြပြီ သျှမ်းသံတော်ဆင့် click here
  • အာဏာရူးတဲ့ ကြံ့ဖွံ့အတွင်းရေးမှူး ခေတ်ပြိုင်click here
  • သောင်းချီကြက်တူရွေးများ ပြောင်းခြံဖျက်ဆီး၊ ဒေသခံများ ကြက်ငှက်တုတ်ကွေးရောဂါ စိုးရိမ် သျှမ်းသံတော်ဆင့် click here
  • တခါသုံးလက်ကိုင်ဖုန်း SIM ကတ်များ ဦးတေဇကုမ္ပဏီက ရောင်းချမည် ဧရာဝတီ click here
  • ဘုရားကျောင်းနှင့် မိဘမဲ့များအတွက် ဂီတရန်ပုံငွေပွဲ ကျင်းပမည် မဇ္ဈိမ click here
  • ပြန်ဆုံမယ့်နေ့စွဲမရှိသောခွဲခွာခြင်း မဇ္ဈိမ click here
  • မိဘမဲ့ ရံပုံငွေ ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲ ချင်းမိုင်တွင်ကျင်းပ သတင်းနှင့်မီဒီယာကွန်ယက် click here
  • စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်ဖွဲ့နှင့် ကေအဲန်ပီပီ တိုက်ပွဲဖြစ်ပွား သတင်းနှင့်မီဒီယာကွန်ယက် click here
  • နအဖအဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ (ဆောင်းပါး) မဇ္ဈိမ click here
  • ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်ကျောင်းသားအသင်းမှ ပထမဆုံးအကြိမ် ကွန်ပြူတာ အင်တာနက် သင်တန်းဖွင့်လှစ်
  • နေရဉ္ဖရာ click here
  • ကျပ်နှစ်ရာတန်ထီစတင်ရောင်းချ မြန်မာတိုင်းမ် click here
  • ထိုင်းနိုင်ငံကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကိုမတ်လအထိရွှေ့ဆိုင်း မြန်မာတိုင်းမ် click here
  • ဂျီအက်စ်အမ်ဖုန်းကိုအက်ဖ်အီးစီ ၁၀ ဖြင့်သုံးစွဲနိုင်တော့မည် မြန်မာတိုင်းမ် click here
  • နာဂစ်ပန်းပု ၁၅ သိန်းကျော်ရောင်းချခဲ့ရ လျှပ်တစ်ပြက် click here
  • နေပြည်တော်ရှိ တော်ဝင် အဆင့်မြင့် လေအိတ် ဘတ်(စ်)ယာဉ်ကြီးများ လျှပ်တစ်ပြက် click here
  • နာဂစ်အမှတ်တရ သိန်းငှက် လျှပ်တစ်ပြက် click here
  • ဈေးလျော့မလား၊ အရည်အသွေးမြှင့်မလား ဖောက်သည်တွေအဆုံးရှုံးခံမလား ဝိကလီးအလဲဗင်း click here
  • နိုင်ငံတကာကတ်ဖုန်းများ ကဲ့သို့ ကြိုတင်ငွေအသစ်ထပ်ဆောင်းခြင်းဖြင့် နံပါတ်သက်တမ်းတိုးအသုံးပြုနိုင်သည့် ဂျီအက်စ် အမ်ကြိုတင်ငွေပေးချေကတ် တစ်ခါသုံး SIM ကတ်အရေအတွက် ၂၀၀၀၀ ၀န်းကျင်ကိုသာ ရတနာပုံ ဆိုက်ဘားစီးတီး၌ မိတ်ဆက်ရောင်းချသွားမည် ဝိကလီးအလဲဗင်း click here
  • ရန်ကုန်တိုင်းကုန်စည်ဒိုင်အဖွဲ့အား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းမည် ဝိကလီးအလဲဗင်း click here
  • စင်ကာပူတွင် အစိုးရ၀န်ထမ်း လစာများ လျှော့ချခံရဖွယ်ရှိ ရန်ကုန်တိုင်းမ်click here
  • မြန်မာ့ရိုးရာပစ္စည်းများ တစ်နေရာတည်းတွင် ၀ယ်နိုင်သော စူပါမားကက်ကြီး ညောင်ဦးတွင်ဖွင့်မည် ရန်ကုန်တိုင်းမ် click here
  • ပင်လယ်လိပ်များကျက်စားမှု ဂြိုဟ်တုမှဖမ်းယူ၍ လေ့လာနိုင်ရန် PTTs စက်တပ်ဆင်မည် ရန်ကုန်တိုင်းမ်click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.