Wednesday, December 10, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 7 New Entries: အဖေ့အိမ်ကို လွမ်းမိပါတယ်

အဖေ့အိမ်ကို လွမ်းမိပါတယ်

ကယားမော်

လောကမှာ အဖေရယ်လို့ မရှိပါပဲ မွေးလာမယ့်သူ ရှိမယ်မထင်၊ ဒါပေမဲ့ အဖေကို အဖေရယ်လို့ မသတ်မှတ်သူ၊ အဖေဖြစ်သူကလည်း ကိုယ့်သားသမီးကို ငါ့သားသမီးပါလား ဆိုပြီး ချစ်ခင်ကြင်နာမှု၊ နွေးထွေးလုံခြုံမှု ပေးနိုင်စွမ်းမရှိပဲ ဥပေက္ခာပြုနိုင်တဲ့ အဖေမျိုးရှိ ကောင်းရှိလိမ့်မယ်။ (ကျမအထင်)

ဒါပေမယ့်လဲ အဖေဟာ အဖေပါပဲ။ သားသမီးဟာလဲ သားသမီးပါပဲ။ သွေးကတော့ ဘယ်တော့မှ သစ္စာဖောက်မသွားဘူးလို့ အဖေများစွာနဲ့ သားသမီးတွေကြားထဲမှာ မတူညီတဲ့ သဘောထားတွေ မေတ္တာသက်ရောက်မှုတွေဟာ တယောက်နဲ့တယောက် ကွဲပြားမှုတွေ အနည်းငယ် ရှိကောင်းရှိနိုင်တယ် ဆိုတာကိုတော့ ယုံမှားသံသယပွားဖွယ်ရာမရှိပေ။ ဘယ်လိုအကြာင်းပဲ ဖြစ်နေပါစေ၊ ကျမအတွက်ကတော့ အဖေဟာ ကျမအတွက်ကတော့ ရသမျိုးစုံ၊ မေတ္တာမျိုးစုံ၊ ပေးနိုင်စွမ်းတဲ့ တစ်ဦးတည်းသော ယောင်္ကျားလူသား တယောက်ပါ။ကျမအဖေဟာ အနုပညာသည်တွေ သရုပ်ဆောင်ထားတဲ့ ဖခင်ရဲ့အချစ်ကို တေးကဗျာ တွေဖွဲ့ပြီး သားသမီးတွေနဲ့ မေတ္တာမပြတတ်ပေမဲ့ အဖေ့ရဲ့မျက်ဝန်းအစုံဟာ ကျမအပေါ် ဘယ်လောက်ထိ နွေးထွေးမှု၊ လုံခြုံမှု ပေးနိုင်သလဲဆိုတာကိုတော့ ကျမသာလျှင် အသိဆုံးပါ၊ သားသမီးတွေဟာ ဘယ်လောက်အသက်တွေကြီးသွားနေပါစေ၊ မိဘမျက်စိရှေ့မှာတော့ သူတို့အတွက်ကလေးတွေလိုပါပဲ၊ ချစ်ခင်မှုအရာ လုံးဝလျော့ပါးမသွားတာကို ကျမကိုယ်တွေ့ ခံစားခဲ့ရပါတယ်။( ဆက်ဖတ်ရန် ) ငယ်စဉ်ကတည်းက ဗိုက်အောင့်ဗိုက်နာလေ့ရှိတဲ့ ကျမဟာ တတိယမြောက်ကလေး မွေးဖွားပြီးချိန်မှာ ဗိုက်နာတဲ့ရောဂါ (ငယ်ငယ်ကစပြီး အဲဒီအချိန်ထိ) အပြင်းထန်ဆုံးပါပဲ။ အဲဒီအချိန်မှာ ကျမအလူးအလဲခံစားခဲ့ရပါတယ်။ အဖေဟာ ထိုင်မရ၊ထမရနဲ့ ကျမကို စိတ်ပူနေတာ ကျမမျက်မှောက်တင် အထင်းသားတွေ့ခဲ့ရပါတယ်။ ဗိုက်နာတဲ့ ရောဂါက တညလုံးအိပ်ရတာ အလွန်ဆုံး (၁၀) မိနစ်ပေါ့။ အဲဒီ (၁၀) မိနစ်ပြီးတိုင်း အော်ဟစ်ငိုကြွေးခဲ့ရ တယ်၊ ဒါကို အဖေဟာ စိတ်ပူပြီး ကျမအဖေဟာ သူ့နှုတ်က တတွတ်တွတ်ရွတ်ဆိုလိုက်၊ ဆေးတိုက်လိုက်နဲ့ ပက်လက်ကုလာထိုင်လေးပေါ်မှာ မိုးလင်းပေါက်သွားတာကို ကျမခုထိ မြင်ယောင်နေရဆဲပါ။

အဖေ့ရဲ့ မေတ္တာတွေကို ပြန်မြင်ယောင်တိုင်း မျက်ဝန်းအစုံဟာ မျက်ရည်မိုးတွေ စွေ ခဲ့ရပါတယ်။

အဖေ့ရဲ့ နှုတ်က သူ့သားသမီးတွေ အားလုံးတွေထဲမှာ ဘယ်သူ့ကို အချစ်ဆုံးပါလို့ ဖွင့်ပြောလိုက်တဲ့အချိန် အဲဒီသမီးဟာ ကျမ မဟုတ်ဘူးဆိုတာကို သိခွင့်ရလိုက်ပေမဲ့ ကျမ အပေါ်မှာ ထားတဲ့ အဖေ့ရဲ့ ချစ်ခြင်းမေတ္တာဟာ သူ့သားသမီးတွေ အားလုံးတွေထက် မလျော့ဘူး ဆိုတာကို ကျမယုံကြည်တယ်၊ ဘာကြောင့်လဲဆိုရင် ကျမဟာ အဖေ့သွေးက ဖြစ်တည်လာတဲ့ အဖေ့သမီးအရင်းဖြစ်နေလို့ပါပဲ၊ "တောင်းစုတ် ပလုတ်စုတ်သာ ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဘူး" ဆိုတဲ့ စကားပုံလိုပဲ အဖေဟာ သူ့သားသမီးတွေ အားလုံးတွေထဲက အဆိုးဆုံးလောက်ကျတဲ့ ကျမကို ပစ်မသွားခဲ့ပါဘူး။ ဆယ်တန်းအောင်ရင် ဆိုင်ကယ်ဝယ်ပေးမယ်လို့ ပြောခဲ့တဲ့ အဖေဟာ ကျမကို "ဆင်စီး ပြီး မြင်ရတာကို မြင်ချင်ခဲ့ပေမဲ့ ကျမဟာ မိုက်တွင်းနက်ထဲ ဆင်းခဲ့သလို ဆယ်တန်းကို အောင်အောင်မဖြေနိုင်ခဲ့ပါဘူး၊ အဖေ့အတွက် ကြေကွဲမှု အဖြစ်ဆုံးအဖြစ်အပျက် တစ်ခုက တော့ သူလုံးဝသဘောမတူတဲ့လူ (နှစ်ဦးနှစ်ဖက် ခါးခါးသီးသီး) ငြင်းဆန်ခဲ့သူကိုမှ ကျမက ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့လို့ပါပဲ၊ ဒီကိစ္စဟာ သာမန်လူတွေလိုပဲ သဘော မတူရင်လဲ ခဏပေါ့။ ပြီးရင်ပြန်ခေါ်လိမ့်မယ့်လို့ ထင်ခဲ့မိပါတယ်။ ကံကြံမ္မာကတော့ အဲဒီလို ဖြစ်အောင် မဖန်တီးခဲ့ပါဘူး၊ ကျမအဖေဟာ ကျမအတွက်ကြောင့် မျက်ရည်မြေခခဲ့ရပါတယ်၊ ဒါတွေတင်မကပဲ အဖေ့အတွက် အသက်အန္တာရာယ်ဖြစ်စေနိုင်မယ်မှန်း ကျမမသိခဲ့လို့ အမှန်ပါ။

မျိုးချစ်ရဲဘော်တစ်ဦးဖြစ်ခဲ့တဲ့ ကျမရဲ့ ခင်ပွန်းလောင်းဟာ အပစ်ခတ်ရပ်စဲယူထားနေတဲ့ အချိန်မှာ သာမန်ပြည်သူတွေ တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် နေထိုင်တော့မယ်လို့ ဆုံးဖြတ်တဲ့ အချိန်မှာ ကျမတို့နှစ်ယောက် လက်ထပ်ဖို့ ဆွေးနွေးပြီးခဲ့ကြတဲ့ည၊ ညသန်းကောင် ကျော်မှာပဲ အချင်းချင်းထဲက သစ္စာဖောက်လို့ နအဖလက်ထဲကို အပ်လိုက်တယ်။ အဲဒီအကြောင်းတွေကို (၂) ရက်အကြာ ကျမအမပြောပြမှ သိခဲ့ရပါတယ် အဲဒီအချိန်မှာ ကျမဟာ ကိုယ်ဝန် (၁) လရှိနေပါပြီ။ ကျမဘာလုပ်ရမလဲ ကျမဦးနှောက်တစ်ခုလုံး ချာချာလည်သွားခဲ့ပါတယ်။ ကျမရဲ့ ဦးနှောက်ဟာ ပူထူပြီး ဘာဆက်လုပ်ရမှန်း မသိတော့လောက်အောင် ပူလောင်ခဲ့ပါတယ်၊ တကယ်လို့ တခုခုဖြစ်သွားခဲ့ရင် မွေးလာမယ့် ကလေးအတွက်အနာဂတ်၊ ပြီးတော့ခေါ်စရာအဖေ ကျမဆက်မတွေးရဲလောက်အောင်ပါပဲ။

ဒီလိုနဲ့ နှစ်ဖက်သော မိဘတွေ သိသွားချိန်မှာ အစကနဦးကတည်းက သဘောထားအတိုင်း စွန့်ကြမှာ ကြောက်တဲ့အတွက် သူတို့ မစွန့်ခင် ကျမဟာ အ၀တ်အထည် အနည်းအကျဉ်းကို ယူပြီး မိဘအိမ်ကနေ ဆင်းလာ ခဲ့ရပါတယ်။ ဇာတ်လမ်းက ဒီမှာတင် ရပ်မသွားပါဘူး၊ ကျမအဖေကို သူပုန်ယောက္ခမဆိုပြီးတော့ အကြိမ်ကြိမ်လာရောက်ဖမ်းဆီးပြီး ခြိမ်ခြောက်ကြိမ်းမောင်းတာတွေ လုပ်ခဲ့တယ်။ ဒီအချိန်မှာ ကျမအဖေရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ ကြောက်ရွံ့တုန်လှုပ်နေမယ်ဆိုတာ ကျမမတွေးရဲ လောက်အောင်ပါပဲ။ ဒီအချိန်မှာ ကျမအဖေဟာ ငါ့သမီးငါ့ကို သေတွင်းပို့လိုက်ပြီလို့ ပြောတာကို ကြားလိုက်ရတော့ ကျမရဲ့ နှလုံးသားကို အက်ဆစ်မီးနဲ့ အပက်ခံရသလို အဖတ်ဆယ်လို့ မရတော့တဲ့ စိတ်ဓါတ်ကျမှု အကြီးအကျယ်ဖြစ်ခဲ့ရပါတယ်၊ ဒါတင်မကဘဲ ကျမအဖေကို ကျမတကယ်သတ်ရာ ကျနေပြီလားလို့ တွေးမိတဲ့အခါ ကျမရဲ့ အသိစိတ်ဟာ ရက်ပေါင်းများစွာ အသိစိတ်ကင်းမဲ့သွားခဲ့ရပြီး ငရဲမင်းကြီးကို ရုတ်တရက်တွေ့လိုက်ရသလို အကြီးအကျယ် ဆုံးသော ကြောက်ရွံ့တုန်လှုပ်မှုတွေ ဖြစ်ခဲ့တယ်။ လောကမှာ သေမထူးနေမထူးဆိုတဲ့ စိတ်ဓါတ်နဲ့ အာဏာရှင်တွေဆီ သွားပြီး ကျမ ယောင်္ကျားကို တွေ့ခွင့်ပေးပါလို့ တိုးလျှိုးတောင်းပန်ခဲ့ပါတယ်၊ ဒါကို သူတို့က "နင့်ယောင်္ကျားကို ငါတို့ဖမ်းတယ်လို့ ဘယ်သူပြောသလဲ ဘာသက်သေအထောက်အထားနဲ့ ပြမှာလဲလို့" မေးတဲ့အခါ ကျမရင်ထဲက စိတ်အားငယ်မှုဟာ ရုတ်ချည်းဒေါသအသွင် ကူးပြောင်းသွား ခဲ့ပါတယ်၊ လက်ညှိးငေါက်ငေါက်ထိုးပြီး နင်တို့မှမဖမ်းရင် ဘယ်သူဖမ်းမှာလဲ အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါမျိုးပေါ့လို့ ရင်ထဲက ကြိုတင်မစဉ်းစားထားတဲ့ စကားလုံးတွေဟာ နှုတ်ဖျားကနေ အပြင်းစားအက်ဆစ်လို ပေါက်ကွဲထွက်ခဲ့တယ်၊ အရာရှိလို့ သူ့ကိုယ်သူဘ၀င်မြင့် နေတဲ့သူက ယောင်္ကျားမှ မရှားပါဘူး သူသေရင် ထပ်ရှာပေါ့လို့ ကျမကို ခနဲ့စော်ကားသွား သေးတယ်၊ ကျမကလဲ ဒေါသဖြစ်ဖြစ်နဲ့ အေးကောင်းပြီ၊ ငါ့ယောင်္ကျား သေပြီကြားရတဲ့နေ့တော့ ငါဟာ ခုနမင်းပြောတဲ့စကားအတိုင်း လုပ်ယုံပဲလို့ စိတ်ပေါက်ပေါက် နဲ့ ပြန်ပြောခဲ့မိတယ်။

 ဒီလိုနဲ့ မွေးရက်စေ့ခါနီးနဲ့ မီးဖွားချိန်မှာ ကျမယောင်္ကျားကို သိပ်တမ်းတခဲ့တယ်။ ဒါပေမဲ့ မမြင်ရသေးတဲ့ ရင်သွေးအတွက် အားမာန်တင်းခဲ့ရတယ် ဒီိချိန်မှာ သူ့ကို တမ်းတမိတာတော့ အမှန်ပဲပေါ့။ ဒါပေမဲ့ ကျမရဲ့တမ်းတမှုဟာ လေကို ဖမ်းဆုပ်သလို အရာမရောက်ဘူးဆိုတာ ကျမသိနင့်နေပြီးသားပဲဟာ။ ဒီလိုနဲ့ပဲ ကျမကလဲ ဒီတနေ့အဖို့တော့ နေ၀င်သွားခဲ့ပြီ မနက်ဖြန်အသစ်ပြန်ထွက်လာမဲ့ နေရောင်လို အားအင်မျိုးနဲ့ အားအင်သစ်မွေး စိတ်သစ်ကိုယ်သစ်နဲ့ မိဘကို ၀န်ချတောင်းပန် ပြီးရင် ဒီတသက်လုံး ဒီသမီးနဲ့ပဲ အသက်တာကို လျှောက်လှမ်းမယ်လို့ ပြင်ဆင်ပြီး မိဘအိမ်ကို (ဆင်းသွားတုန်းကတစ်ယောက်၊ ပြန်တက်လာတော့နှစ်ယောက်) ပြန်ခိုခဲ့တယ်။ဒီချိန်မှာ အဖေဟာ ကျမကြောင့် သူခံစားခဲ့ရတာတွေ စိတ်နာခဲ့ရတာတွေ ကင်းစင်ပြီး ကျမကို ပြန်လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ အဖေ့အိမ်မှာ ရောက်လို့မှမကြာ သမီးအဖေပြန်လာပြီ ဆိုတဲ့ သတင်းကြားတော့ ကျမဟာ အိမ်မက်ဆိုးကနေ လန့်နိုးဘူးလို့ ပြူးတူးကြောင်တောင်နဲ့ ကိုယ်နားကို ကိုယ်မယုံနိုင်ခဲ့ဘူး။ ဒီလိုပဲ အတိုချုံးပြီး ပြောရမယ်ဆိုရင် အတူပြန်နေထိုင်ကြတာ (၅) နှစ်ကျော်အထိပါပဲ။ မိဘရိပ်မှာ ဒီငါးနှစ်ထဲမှာလဲ လွတ်လပ်စွာ ရှာဖွေစားသောက်ရတာ နေထိုင်ရတာ မရှိတဲ့ အပြင် သံသယမျက်လုံးတွေ သံသယမေးခွန်းကို မကြာခဏဆို ရင်ဆိုင်ရတဲ့အတွက် မထူးပါဘူး ဆိုပြီး ဒီဒုက္ခသည်ကို ရောက်ရှိလာခဲ့ခြင်းပါပဲ၊ခုတော့မိုက်တွင်းနက်တဲ့ သမီးကို နွေးထွေးတဲ့ မေတ္တာနဲ့ မေတ္တာခိုလှုံခွင့်ပြန်ပေးခဲ့ရင် ဖခင်ကို ခြေစုံကန်ပြီး ထွက်လာခဲ့ရသလို ဖြစ်နေပြီလား ဘယ်လောက်ပဲဝေးနေပါစေ အဖေရဲ့ အဖေမေတ္တာ ကျမအပေါ် မပျက်သေးဘူးဆိုတာကို ကြားရတော့ ကျမရင်ထဲမှာ အားအင်သစ် တွေ လောင်းချလိုက်သလိုပဲ၊ အဖေရယ် ဒီဘ၀မှာတော့ အဖေ့ကို ကျေးဇူးဆပ်ဖို့ မပြောနဲ့ အဖေရဲ့ ရောက်ရှိလာမဲ့ နောက်ဆုံးချိန်မှာ ပြုစုခွင့်မရှိတော့တဲ့ သမီးကို ခွင့်လွတ်ပါ အဖေလို့ပဲ ရင်ထဲမှာ ကြေကွဲစွာ တိုးတိတ်ရွတ်ဆိုရင်း ကမ္ဘာမြေကြီး ဆက်လက်တည်ရှိအုံးမယ်ဆိုရင် အဖေ့ရဲ့ ကျေးဇူးကို ဆပ်ခွင့်ရပြီး အဖေ့နားမှာ တစ်သက်လုံးပြုစုခွင့်ရတဲ့ သမီးဖြစ်ရပါစေလို့ အဖေ့အိမ်ကို လွမ်းလိုက်တာအဖေရယ်။

ကယားမော် ကရင်နီဒုက္ခသည်စခန်း(၁)

ဝန်ကြီးဦးအောင်သောင်းကို အမျိုးသမီးများ ဒူးတုပ် ယပ်ခတ်ပေးကြရ

NEJ/ ၉ ဒီဇင်ဘာ ၂၀၀၈

စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ကျောက်ဆည်စက်မှုဇုန်သို့ စက်ရုံတည်သည့်အချိန် သွားသည့်အခါတိုင်း ဦးအောင်သောင်းကို ယပ်ခတ်ပေးမည့် အမျိုးသမီးနှစ်ဦးအား လက်အောက်ခံအရာရှိများက အသင့်ရှာပေးထားရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောကြားသည်။

ကျောက်ဆည်စက်မှုဇုန် ရှင်းလင်းဆောင် စည်းဝေးခန်းမရှိ နှစ်ယောက်ထိုင် ဆက်တီကုလားထိုင်ကြီးပေါ်တွင် တဦးတည်းထိုင်နေသည့် ဝန်ကြီး ဦးအောင်သောင်းအား အမျိုးသမီးငယ်နှစ်ဦးက ရှေးခတ်ဘုရင်များအား ခတ်ပေးသည့် အရိုးရှည်ယပ်ကြီး တခုစီကိုင်ပြီး ဆက်တီကုလားထိုင် တဖက်တချက်မှ ပုဆစ်တုပ်၊ ဒူးတုပ်အနေအထားဖြင့် ယပ်ခတ်ပေးကြရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

လောလောဆယ်တွင်မူ နေပြည်တော်စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ အထည်အလိပ် လုပ်ငန်းမှ ဝန်ထမ်းအမျိုးသမီငယ်တဦးက ဝန်ကြီး ဦးအောင်သောင်းအား လက်သည်းခြေသည်း ညှပ်ပေးရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးဦးအောင်သောင်းသည် နေပြည်တော်မှာတကြိမ်၊ မန္တလေးမှာတကြိမ် လွန်ခဲ့သည့်လအတွင်း (၂) ကြိမ် သတိလစ်မေ့မြောသွားခဲ့သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,9th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Myanmar Keeper And Coach Banned For One Match

( 2 )မြန်မာနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကုလဆောင်ရွက်ဖို့ အာရှလွှတ်တော်အမတ်များ တိုက်တွန်း

( 3 )Military attache mistaken for looter

( 4 )ဦးဝင်းတင် ဆက်လက်စစ်ဆေးကုသနေ

( 5 )Seed of growth for Myanmar

( 6 )မြန်မာစာရေးဆရာများ စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပ

( 7 )ထိုင်းနိုင်ငံရှိ ရာဘာခြံမှ မြန်မာလုပ်သားများ နေရပ်သို့ ပြန်ကြပြီ

( 8 )Myanmar strives to reduce malaria victims by half in 2010

( 9 )စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်ဖွဲ့နှင့် ကေအဲန်ပီပီ တိုက်ပွဲဖြစ်ပွား

( 10 )နိုင်ငံတကာငွေကြေးအကျပ်အတည်းကြောင့် ကျောက်မျက်ပြပွဲရောင်းအားကျ

( 11 )မိဘမဲ့ ရံပုံငွေ ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲ ချင်းမိုင်တွင်ကျင်းပ

( 12 )Myanmar to auction heavy wood loaded on abandoned vessel

( 13 )မြန်မာနိုင်ငံမှ အိမ်မွေးတိရိစ္ဆာန်များ အီလ်ပွဲတော်အတွက် ဘင်္ဂလာသို့ အလုံးအရင်းဖြင့် ၀င်ရောက်

( 14 )Myanmar plans embassy in Kuwait

( 15 )ဘောလုံး လောင်းကစား ပိုမိုကျယ်ပြန့်လာ

( 16 )Reported Myanmar Landmine Deaths Double

( 17 )Obama urged to step up efforts in confronting genocide

( 18 )ဆူဇူကီးဖလား ၂၀၀၈ ဘောလုံးပြိုင်ပွဲဝင် မြန်မာအသင်း အုပ်စုအဆင့်တွင် ထွက်ရ

( 19 )Eight ministers and Rangoon's mayor to resign soon

( 20 )Myanmar to hold first Miss IT contest

( 21 )မူဆယ် ဆေးရုံတွင် ဆေးစစ်သူ ၁၃ ရာခိုင်နှုန်း HIV နှင့် အတူနေ

( 22 )မြန်မာနိုင်ငံအနှံ့ မှောင်ခိုဓာတ်ဆီဆိုင်များ မှိုလိုပေါက်

( 23 )Forest Cleared for Rubber Plantation

( 24 )၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်

( 25 )Madeleine K. Albright Grant ဆုကို WLB ရရှိ

( 26 )ဆန်ချော ဝယ်ယူစားသုံးသူ လျော့ကျ

( 27 )Burmese Military Plays Politics with Sport

( 28 )လှိုင်သာယာ အစိုးရဘဏ် မီးလောင်

( 29 )ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်ကျောင်းသားအသင်းမှ ပထမဆုံး အကြိမ် ကွန်ပြူတာ အင်တာနက် သင်တန်းဖွင့်လှစ်

( 30 )UN Urged to Expand Ability on Preventing Atrocities

( 31 )More Burmese Workers Leave Malaysia

( 32 )စာနယ်ဇင်းလုပ်ငန်းများ ရပ်ဆိုင်းရမည့်အခြေအနေဆိုက်

( 33 )Isolated, but Not Insulated

( 34 )Ban on night travel inconveniences travellers in Myitkyina

( 35 )နစ်နာမှုကြောင့် ILO တိုင်ကြားခဲ့သူများ ထောင်ဒဏ်ချမှတ်ခံရပြီ

( 36 )Wa engage in war games on the border

( 37 )၀ပြည်အစဉ်ငြိမ်းချမ်းနေ - လက်နက်နှင်ငြိမ်းချမ်းရေး လဲလှယ်ရန် မလိုဟု UWSA တပ်မှူးပြော

( 38 )No Great Wall of China on the Wa front

( 39 )စက်တင်ဘာ သံဃာ့ဆန္ဒပြမှုနှင့် ဆက်စပ်အရေးခံရသူ ကသာထောင်ရောက်

( 40 )One surrender that wasn't reported

( 41 )ထောင်အာဏာပိုင်တို့၏လုပ်ရပ်ကြောင့် အခက်တွေ့နေကြ

( 42 )ကုရ်ဘာနီအိဒ်ပွဲတော် မဲဆောက်တွင် ကျင်းပ အလှူခံသူ တသောင်းခန့် လာကြ

( 43 )တရားမ၀င် မြန်မာအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခံရ

( 44 )Ban urges "group of friends", corporates to influence Burma

( 45 )မော်လမြိုင်မြို့ရှိ မြိုင်ရတနာဈေးဆိုင်နှင့် ဆိုင်ခန်းငှားရမ်းခ နှစ်ဆမြင့်တက်

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်

မိဘမဲ့ ရံပုံငွေ ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲ ချင်းမိုင်တွင်ကျင်းပ

နွယ်လေး | ဒီဇင်ဘာလ ၈ရက်၊ ၂၀၀၈ခုနှစ်။

ရန်ကုန်ရှိ မိဘမဲ့ဂေဟာ ရံပုံငွေအတွက် ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံ နာမည်ကြီး အဆိုတော်များက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ချင်းမိုင်ဆောင်း အမှတ်တရ ဂီတဖျော်ဖြေပွဲကို   ထိုင်းနိုင်ငံအခြေစိုက် ခရစ်ယာန် ကချင်လူငယ် အဖွဲ့မှ ဦးစီးပြီး မနက်ဖြန် ဒီဇင်ဘာလ ၉ ရက်နေ့ ည ၆နာရီ မှ ၁၀နာရီထိ ချင်းမိုင်မြို့ တရုတ်ယူနန်ဘုံကျောင်းတွင် ကျင်းပမည်ဖြစ်သည်။
 "ဘန်ကောက်က သူငယ်ချင်းနဲ့လေ ရန်ကုန်က လာတဲ့ ခရစ်ယာန်လူငယ်လည်း ပါတယ်။ ရန်ကုန်မှာ သူတို့ ဘုရားကျောင်းပေါ့နော် ဘုရားကျောင်းအတွက် အလှူနည်းနည်းပါးပါး နောက်ပြီးတော့ သူတို့ သိတဲ့ မိဘမဲ့ဂေဟာတွေလေ အဲလိုဟာလေးတွေ ရှိတယ်။ အဲလိုဟာ လေးတွေကို သူတို့လူငယ်တွေ အနေနဲ့ ပါးပါး လှူနိုင်အောင်  ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ " ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုအား ရမ်က ပြောသည်။
ဂီတပွဲတော်တွင် ရင်ဂို၊ မေခလာ၊ ဘိုဖြူ၊ ထူးအယ်လ်လင်း၊ မီးမီးခဲ၊ ကဗျာဘွဲ့မှုးနှင့် အယ်လ်ဆာရာ စသည့် နာမည်ကြီး အဆိုတော်များပါဝင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်များကို ၀င်ကြေး လက်မှတ် တစ်စောင်ဘတ် ၁၅၀ နှင့် ရောင်းချပေးသည်ဟု ကချင်လူငယ် အဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောသည်။
"အစက ဘတ် ၃၀၀ ဆိုပြီး လုပ်ထားတယ်။ ဒါပေမယ့် ဒီမှာစီးပွားရေး အခြေနေလဲ မကောင်းတော့ အားလုံးလည်း ကြည့်နိင်အောင် အားလုံးလဲကြည့်ချင်တော့ balance ဖြစ်အောင် ဆိုပြီးဈေးနှုန်း လျှော့လိုက်တယ်။ ဒီမှာနေတဲ့ ကိုယ့်မြန်မာလူမျိုးတွေအတွက် လုပ်ပေးရတာ ကျမတို့လဲ ၀မ်းသာ တယ်။"
ခရစ်ယာန် ဘာသာဝင် အဆိုတော်များအပြင် အခြားဘာသာဝင် အဆိုတော်များသည် အခက်အခဲများကြားမှ ကြိုးစားပြီး အားတက်သရော လာရောက်ကူညီ သီဆိုခြင်းဖြစ်ပြီး ပြီးခဲ့သည့် သောကြာနှင့် စနေနေ့ည၌ ဘန်ကောက်မြို့တွင် နှစ်ညဖျော်ဖြေခဲ့ပြီး ပရိတ်ဿတ်ပေါင်း သုံးရာကျော် လာရောက် အားပေးခဲ့သည်။
လွန်ခဲ့သည့်လများအတွင်းကလည်း နာမည်ကြီး အဆိုတော် ဆုန်သင်းပါရ်နှင့် အတူ မြန်မာပြည်မှ ထင်ရှားသော အဆိုတော်များသည် ချင်းမိုင်မြို့တွင် နာဂစ်နှင့် ချင်းပြည်နယ် အစာငတ်မွတ်ခေါင်းပါးမှု ဘေးသင့် ဒုက္ခသည်များ တွက် ရံပုံငွေ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။  

http://www.nmg-news.com/nmg/news081208b.html

Monks lead efforts to fight Moulmein market fire while authorities looked on, say eyewitnesses

Mon 08 Dec 2008, Blai Mon and Mi Kyae Goe
Monks from at least three monasteries in Moulmein lead efforts to contain last week's market fire, while authorities looked on, say local eyewitnesses. In spite of their efforts, over 1,000 stores were destroyed.

According to a monk from Moulmein, monks rushed to Moulmein's fire station when they heard of the fire, and that the fire brigade had yet to respond beyond sending one water-less truck. "We are waiting on orders from superior officers," the monk quoted the firemen as saying.

Monks then drove one of the fire trucks to the burning Zay Gyi market, said a senior monk from a Moulmein monastery. Moulmein residents at the fire site confirmed seeing a fire truck arrive driven by monks, and accompanied by three to four government firemen.

Eyewitness then report seeing monks shoulder fire houses, organize people helping to remove goods from the burning market and even use their monastic robes to beat at the flames. Fire trucks from Mudon, Paung and Kyaikmayaw Townships in Mon State and Hpa-an Township in Karen State eventually arrived, but too late to be of substantial help.

It is unclear how many of Moulmein's 200 monasteries contributed to the fire fighting effort. Sein Ma Ma, Shin Phyu, Ye Chaung and other monasteries are confirmed to have participated, harnessing a combined total of over 300 men.

The government controlled New Light of Myanmar newspaper, in contrast, devoted only a few lines to the fire and made no mention of who participated its suppression. The story did, however, specify a final number of shops lost to the blaze: 1,124.

Shopkeepers and their employees find themselves in a difficult situation in the aftermath of the fire, say former shopkeepers and the senior monk. For many, the fire meant a loss of all or nearly all inventory.

Presenting even more difficulty, shopkeepers looking to recover must now struggle to find a venue for their sales. Some, mostly small-scale sellers who roamed the aisles between stalls, have set up shop in front of the burned out Zay Gyi, causing traffic jams and crowding.

Others have sought to purchase space in Myaing Yadana Market, Moulmein's largest market. But real estate prices there doubled nearly overnight, with shops in prime locations selling for 120 million kyat and lesser spaces for no lower than 30 million.

In the past, shop spaces in Myaing Yadana sold, or rented by the month, for much lower, said one seller who lost his shop in the blaze. "Before the highest price was 60 million kyat, now the price is double that – 120 million kyat," he told IMNA. "The highest rent for one stall used to be 300,000 kyat per month. Now, it is about 1 million kyat."

The high cost of purchasing space in the Myaing Yadana market has priced most sellers out of the equation, he added. "We cannot hire people or buy new stalls because we cannot sell 1 million kyat worth of goods every month," he said. "Some people paid for new stalls, but most people cannot reopen."

According to rumors circulating in Moulmein, authorities are planning to build a three-story market in place of the burned-out Ze Gyi. Unfortunately for those who lost their shops, however, people will have to repurchase store space, even if they owned stores lost in the fire.

ဗိုလ်ချုပ်အောင်ဆန်း ၏ ရှားရှားပါးပါးဓါတ်ပုံများ

ကိုမျိုး စုစည်းတင်ပြသည်

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.