Wednesday, December 10, 2008

[mAunG mYo] 1 New Entry: သူတို့တွေနဲ့တွေ့တယ် (၂)

သူတို့တွေနဲ့တွေ့တယ် (၂)

ကြေအိုးဆိုင်က နေပြီး ကိုရုပ်ဆိုး အလုပ်ကိုသွားတယ် ။ ကိုယ်ကလည်း သူများမအားတဲ့ ရက်မှသွားမသလိုဖြစ်သွားတာ အားတောင်နာတယ် စကားပြောကောင်းတဲ့ အစ်ကိုနဲ့တွေ့ရတာ ပျော်ဖို့ကောင်းပြီး ကြည်နူးဖို့ကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတဲ့အစ်ကိုကြီးကို မြင်တော့ အားကျမိတယ် ။အဲ့ဒီညကတော့ အစ်ကို့အိမ်မှာလိုက်တည်းပြီး ညီအစ်ကိုနှစ်ယောက် ဘလော့ရေးရာအဖြာဖြာကို အလုအယက်လေကန်လိုက်တာ ၁၁ ခွဲမှပဲ အိပ်ယာဝင်ကြတယ် ။နောက်နေ့တွေ့ဖို့ချိန်းထားကြပေမယ့် ဘယ်လိုမှ လွှတ်လို့မရတဲ့ အလုပ်ကိစ္စကြောင့် မလာနိုင်ဖြစ်ပြီး အားနာတဲ့အကြောင်းကို ဖုန်းထဲတွင်ပြောရုံတင်မက ဘလော့မှာပါပို့စ်တင်ထားတဲ့အတွက် ကိုယ်ကတောင် ပြန်အားနာမိတယ် စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ အစ်ကိုကြီးရေ့ အေးဆေးပါဗျာ အနော်က စိတ်မဆိုးတက်ပါဘူးး ဘီယာသောက်ပြီးရင် ပိုစကားပြောလို့ကောင်းမယ့် အစ်ကိုနဲ့တူတူမကစ်လိုက်ရတာကိုတော့ နာတယ်း) နောက်တစ်ခေါက်ပေါ့နော့် ။

မနက်အစာပြေစားပြီးတော့ ပိစိဆိုင်ကို လိုက်ပို့တယ် ။ မောင်ရှင်းသန့်လေးက လာစောင့်နေပြီး အားမနာတမ်း ၂ယောက်သား သူများဆိုင်မှာ နက်ကိုအပီပြင်ကို သုံးပါတော့တယ်ခင်ဗျာ။ ရှင်းသန့်ကမေးတယ် အစ်ကို ကျနော်ဘလော့အကြောင်းသိပ်မသိသေးဘူးပြောပြပါအုံးဆိုလို့ ကျနော့်ရဲ့ လူသိမခံတဲ့ လျှို့ဝှက်ချက်များကိုပြောပြလိုက်တယ်း) " ဘလော့ဂါဆိုတာ ရွှီးနိုင်ပါမှ မရွှီးနိုင်ရင်အလုပ်မဖြစ်၊ ဘလော့တွေလည် ကောင်းတယ်လို့ပြော ၊ အသစ်မတင်ရင်အော် ၊ သိသိ မသိသိ သူငယ်ချင်းချင်းအရင်းကြီးလိုပေါင်း ၊ ဂျပိုးကို လိပ်ဖြစ်အောင်ရေး ၊ ဘလာ ဘလာ ဘလာ........ " အဲ့တာဆိုရပြီး ။ သူလည်း နားငြီးသွားလားမသိ ကျနော် သင်တန်းရှိသေးတယ်အစ်ကိုတဲ့ ဟိဟိ "မသွားနဲ့တော့ ငါ့တစ်ယောက်တည်း ပစ်ထားမလို့လား အဲ့လိုဆို နောက်မလာတော့ဘူး " ဟောက်စားလုပ်လိုက်တာ "ဟုတ်ကဲ့ ဟုတ်ကဲ့ မသွားတော့ဘူး" တဲ့ ဒါလည်း ရွှီးနည်းတစ်မျိုးပဲ မသိရင်မှတ် :P ။

မနက်စာ စားပြီးတော့ သူတို့ ၂ယောက် ကျနော့်ကို ကန်တော်ကြီးကိုလိုက်ပို့ပေးကြတယ် ။ ကြားပဲကြားဖူးတာ မရောက်ဖူးဘူး အတွဲတွေများတာတော့သိတယ် ။ ပြီးတော့ ဓာတ်ပုံတွေရိုက်ကြတယ် မရောက်ဖူးတာကျနေတာပဲလို့တော့ မမှတ်လိုက်ပါနဲ့ဗျာ ရိုက်ခဲ့တဲ့ ပုံလေးတွေဆိုတော့ တင်လိုက်ပါတယ်း)




ကမြင်းတာ များသွားတော့ ပိုက်ဆံအိတ်လေးပါ ကျန်ခဲ့တယ် တော်ပါသေးရဲ့ အိမ်ပြန်လမ်းစရိတ်လေးပျောက်တော့မလို့


ကိုင်း...ပိရိသတ်တွေ တောင့်တနေကြတဲ့ မင်းသားပုံတွေပါ

ဘီယာဗိုက်ကလေးနဲ့ မောင်ပိစိ ( နာမည်ကသာ ပိစိ လူကတော့မပိစိ )

ကြိုးတန်းတွေပေါ်လိုက်ကုတ်တက်နေတဲ့ မျောက်ရှင်းသန့်

ချစ်ချစ်ခင်ခင် Blogger ညီအစ်ကို

ပိစိ လက်ကိုမြှောက်လိုက်စမ်းး :)


ကန်တော်ကြီးက ပြန်တော့ညနေတော်တော်စောင်းနေပြီး ရှင်းသန့်က အိမ်ပြန်တယ် ကျနော်တို့ကဆိုင်ပြန်တယ် ။ ရန်ကုန်ရောက်ရင်ဖုန်းဆက်လို့ပြောတဲ့ ကိုဆင်ခရို ကိုညရောက်တော့ဖုန်းဆက်တယ် ပြီးတော့ သူဘီယာလိုက်တိုက်ပါတယ်ခင်ဗျာ ဒီလိုဖြစ်ရမယ်လေ မောင်မျိုးကျေးဇူးတွေအများကြီးရှိတယ်ဟုတ် သူ့ကို ပယောဂ ကပ်တုန်းက ရေမန်းတိုက်လိုက်ရတာအမောအခုတော့ ကိုယ့်ကို ပြန်တိုက်အလှည့် ။ရှစ်နာရီလောက်ပြန်မယ်ဆိုပြီး အရှိန်လေးရတော့ ည ၁၁ ထိုးသွားတယ်ထင်တယ် ။ လမ်းမီးကစလိုက်မီးလို လင်းလိုက် ပျက်လိုက် လက်ဖက်ရည်ဆိုင်လို ခုံပုလေးတွေနဲ့ သောက်ရတာ ကဗျာကတော့ဆန်သားး ။ခံစားချက်တွေ တူနေတယ်ဆိုပြီး အဖွဲ့ကြသွားတဲ့ ကိုဆင် နဲ့ ပိစိကြားမှာ အလယ်ကထိုင်နေရင် ဟိုဘက် နားထောင်လိုက် ဒီဘက်နားထောင်လိုက်နဲ့ ဇတ်တွေတောင်နာတယ် ။ ဘာအကြောင်းပြောလဲသိချင်လား ဟီးး အိမ်ရှင်မလေသံနဲ့ပြောရရင် "ဒင်း တို့ဒီအရည်ဝင်ရင် ဒီအကြောင်းနဲ့ ဒီဘူတာပဲ သွားသွားစိုက်တယ် " ပေါက်တယ်ဟုတ် ။ အဲ့ဒီညကတော့ "ဆိုတော့" ပို့စ်ရေးပြီး အိပ်လိုက်တာ မနက်လင်းမှန်းတောင်မသိတော့ဘူး ။

ပြန်မယ့် မနက်ရောက်တော့ ၀က်ကလေး မင်းယွန်း ဆီ ဖုန်းဆက်ပြီးနှုတ်ဆက်လိုက်တယ်။ ကိုယ့်အသံကိုတော့မ၀ဲဘူးထင်နေတာပဲ သူ့ပို့စ်မှာတော့ ဒီလိုရေးထားတယ် ။

"ကလင် ..ကလင်.."
"မင်းယွန်းလား... ငှါ မှောင်မျိုးပါ. ငှါ ရန့်ကုန် ရောင်းနေး တယ်"

မောင်မျိုးရဲ့ မွန်သံဝဲ၀ဲ အသံနဲ့ ကျွန်တော့်ဆီဖုန်းဆက်လာပါတယ်။

ညနေမှပြန် ငါလိုက်ပို့ပေးမယ်ဆိုပြီး ကော်ဖီဆိုင်မှာ ချိန်းပြီးတွေ့ကြတယ် ကိုယ့်ကိုမြင်တော့ သူ့ရဲ့မှတ်ချက်က ဒီလို "ကြောင်မျိုးက အပြင်မှာ ဓာတ်ပုံထဲကလိုပဲ ပိန်ပိန်ပါးပါး ပြီးတော့ နှုတ်ခမ်းမွှေး ကားကားနဲ့ ပြောလို့ပြောတာ မဟုတ်ဘူး ခေါင်းပေါင်းဆောင်းပေးလိုက်ရင် သမိန်ပေါသွပ်ပဲ ငှက်ငှက်" အင်းးး ဖြစ်ရလေ။သူနဲ့ခင်တာကြာတော့ သူ့အကြောင်းက အလွတ်ရနေပြီး ပျော်ပျော်နေတက်ပြီး စိတ်ချမ်းသာတဲ့ရုပ်ဆိုတာ တွေ့လိုက်တာနဲ့သိတယ် ငါနဲ့ကွာပါ့နော် ( ၇ ရက်ထမင်းမစားရတဲ့ကျနော့်ရုပ်) ။ပြီးတော့ ကျနော်တို့ နက်ဆိုင်သွားကြတယ်။ နက်သုံးကြပြီးတော့ ရွှေမြို့တော်မှာ ချစ်တီးထမင်းသွားစားကြတယ်။

ဒီလိုစားလို့ ဒီလိုဝနေတား) ၀က်ကလေး မင်းယွန်း

အရှက်မရှိတဲ့ သရက်စိမျက်နှာနဲ့ကျနော် သူများကျွေးတာ ငတ်နေပါတယ် ။ လွဲလိုက်သေးတယ် ထမင်းပန်ကန်ထဲမှာ ငရုပ်သီးကြော် ၊ ပဲဟင်းတွေထည့်ထားပေးပါတယ် ဘေးနာက ၀ါဝါလေးကို ငါးဆုပ်တုံးအောက်မေ့ပြီး ၀ါးစားပစ်လိုက်တာ ချဉ်လိုက်တာဗျာ သံပရာသီးစိတ်ကြီး ထွေးထုတ်ဖို့ကလည်း သူတို့ကို အားနာပြီးတော့မထွေးထုတ်ဖြစ်ဘူး သူတို့တွေတောင်သိလိုက်မယ်မထင်ဘူး ။ မောင်မျိုး လွဲတက်တယ်ဆိုတာ မျက်မြင်တွေ့သွားလို့မဖြစ်ဘူးဆိုပြီး ချဉ်ချဉ်နဲ့စားလိုက်ရတာ အကျိုးဆက်အနေနဲ့ အိမ်ရောက်တော့ Toilet ကို ၁၀ ခေါက်လောက် သွားလိုက်ရတာဗျာာာာာ။ စားပြီးတော့ ပိစိ နဲ့ လမ်းခွဲတယ် မင်းယွန်းက ကျနော့်ကို အဝေးပြေးဂိတ်လိုက်ပို့ပေးပါတယ် စကားတွေလည်းမများကြီးပြောဖြစ်ကြတယ် ( သူ့ရဲ့ထူးဆန်းလွန်းတဲ့ အချစ်များအကြောင်း ) ။

သူတို့တွေနဲ့တွေ့ဖြစ်ကြတဲ့ ကျနော့်ရဲ့ အမှတ်တရတွေ က ပျော်စရာတွေအများကြီးနဲ့ အိမ်ပြန်ခဲ့ပါတယ်။ စရောက်တဲ့နေ့တည်းကနေ ပြန်တဲ့အထိ ဧည့်ဝတ်ကျေလွန်းတဲ့ ပိစိ ၊ အားနာတယ် ညီငယ်ရေ့ ဆိုတဲ့ ကိုရုပ်ဆိုး ၊စကားတောင်သေသေချာချာမပြောလိုက်ရတဲ့ ဂစ်တာ ၊ ဘီယာတိုက်တဲ့ ကိုဆင် နဲ့ လိုက်ပို့ပေးတဲ့ မင်းယွန်းတို့ကို ကျေးဇူးကမ္ဘာ... ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.