PeNang သို့ အလည်တခေါက် (၂)
စာရေးဖို့ mood မလာသေးလို့ ပုံတွေ အရင်ကြည့်ထားကြပါဦး။ နောက်များမှ ပီနန်အကြောင်း အေးဆေး ရေးတော့မယ်။



မလေးရှား ပီနန်မြို့ပေါ်က တရုတ်ဘုံကျောင်း တစ်ကျောင်းပုံပါ။ မလေးရှားငွေ မီလီယံနဲ့ ချီပြီး အကုန်ခံ တည်ဆောက်ထားတဲ့ nine Emperors Temple... ပန်းပု၊ ပန်းကြွတွေကို တရုတ်ပြည်ကနေ မှာထားတာလို့ ဆိုပါတယ်။


အဲဒီ ဘုံကျောင်းထဲမှာ တွေ့ရတယ်။ ကလေး ၁၀၀ ပုံပါ။ ကလေးမရတဲ့ စုံတွဲတွေ ဒီပုံလေးဆောင်ထားပြီး ဆုတောင်းရင် ကလေးရတယ်တဲ့။



ဒါတွေက ရှေးဟောင်း ဘုံကျောင်းပုံပါ။ သက်တမ်းတော်တော်ရင့်ပြီလို့ ပြောပေမယ့် ၁၀၀ ကျော်လောက်ပဲ ရှိပါသေးတယ်။




အဲဒီနယ်မြေကို ရှေးဟောင်းနယ်မြေအဖြစ် ယူနက်စကိုက သတ်မှတ်ထားပါတယ်။



s0wha1
Penang သို့ အလည်တခေါက်
စာရေးရမှာ ပျင်းနေတာနဲ့ ပီနန်မြို့အကြောင်းလည်း ရေးမယ်၊ ရေးမယ်ဆိုပြီး မရေးဖြစ်ဘူး။ ပုံတွေကလည်း ဒီတိုင်းတင်လို့ မရ။ နည်းနည်းပါးပါးဖြစ်ဖြစ် ဓာတ်ပုံအကြောင်းလေးတွေ ရေးရဦးမယ်ဆိုတော့ ပြန်ရောက်တာ တပတ်လောက်ရှိနေပေမယ့် ခုမှ ပို့စ်တင်ဖြစ်တယ်။ ပီနန်ကျွန်းလေးက ဘာမှတော့ မထူးခြားပါဘူး။ လူတွေနေတဲ့ မြို့တွေထဲက မြို့တခုပါပဲ။ အစားအသောက်ကတော့ မဆိုးဘူး။ ဈေးလည်း သက်သာတယ်။ ရာသီဥတုကတော့ စင်္ကာပူနဲ့ တူတူပဲဆိုတော့ ပူတာမှ မတရား၊ မိုးရွာရင်လည်း ချက်ချင်းပါပဲ။

၆၀ဒီဂရီလောက် မတ်ဆောက်တဲ့ တောင်ပေါ်ကို ရထားနဲ့ တက်ကြည့်ကြတာ။ ရထားခက ၂ ရင်းဂစ်ပဲ ပေးရလို့ ကျွန်မတို့မှာ တအံ့တဩ။ ကုန်ဈေးနှုန်းတွေကတော့ စင်္ကာပူနဲ့ အကွာကြီးပဲ။ တော်တော်သက်သာတယ်။ အသွား ၁၅ မိနစ်၊ အပြန် ၁၅မိနစ်ကြာပါတယ်။




ဒုတိယ ကမ္ဘာစစ်တုန်းက ခံတပ်ပုံပါ။ ပီနန်မြို့ ပင်လယ်အစပ်နားမှာ ရှိပါတယ်။





အဲဒီမြို့နယ်က Jasco ကုန်တိုက်ပုံပါ။


နောက်ရက်မှ ကျန်တဲ့ပုံတွေ ထပ်တင်ဦးမယ်။
s0wha1
You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.