Thursday, October 23, 2008

[MONYWA INFO CITY] 1 New Entry: ပေါ့စေချင်လို့ Memory တိုး.. အဟောင်းနဲ့ညားလို့ ပိုလို့ဆိုး

ပေါ့စေချင်လို့ Memory တိုး.. အဟောင်းနဲ့ညားလို့ ပိုလို့ဆိုး

ပေါ့စေချင်လို့ Memory တိုး.. အဟောင်းနဲ့ညားလို့ ပိုလို့ဆိုး
တနေ့က ကျနော့်ဆိုင်ထဲကို ကွန်ပျူတာကြီးပိုက်ပီး လူတစ်ယောက်ဝင်လာတယ် .. ဒီလူကို မြင်ဖူးပါတယ်ပေါ့ ။ ဟုတ်ပါတယ် သေသေချာချာ ကိုမြင်ဖူးတာ. သေချာတယ်..
``ကျနော့်စက်လေး ကြည့်ပေးစမ်းပါဗျာ´´
``ဟုတ်ကဲ့ အစ်ကို ဘာဖြစ်သွားတာလဲ.. ´´
`` အစကတော့ စက်က ကောင်းတယ်ဗျ.. ကျနော်က ခွေကူးဆိုင်ဖွင့်ထားတယ်လေ...ခွေကူးရင် နည်းနည်း ကြာလို့ဆိုပီး. ဆိုင်တဆိုင်ကို သွားပြောကြည့်တော့.. ဘာဆိုလားဗျာ. မှတ်ညဏ်ကဒ် ဆိုလား.သိဘူး အဲဒါ ထည့်ရမယ်ပြောတာနဲ့.. ကျနော်လည်း ကောင်းသလိုလုပ်ပေးပါဗျာ.လို့ ပြောလိုက်တာ´´
ပစ္စည်းက ၂၅၀၀၀ နဲ့ လက်ခ က ၅၀၀၀ ။ စုစုပေါင်း ၃၀၀၀၀ ကျမယ်ဆိုလို့ စက်ကို ထားခဲ့ပီး နောက်နေ့မှ သွားယူလိုက်တာ.. အိမ်ရောက်တော့ စက်ဖွင့်ကြည့်တော့ ..ကြီ........ကြီ ......ဆိုပီ စက်ကအော်နေတာနဲ့ .. စက်ကို အဲဒီဆိုင်ကို ပြန်ပို့တော့..ဘာလုပ်လိုက်တယ်တော့ မသိဘူး.. သူတို့ဆီ ရောက်တော့ ကောင်းသွားတယ်..။´´ ဒါနဲ့ အိမ်ကို ပြန်သည်သွားတယ်.အိမ်ရောက်တော့ စက်ဖွင့်ကြည့်တော့ အဆင်ပြေသွားတယ်..ဒါပေမယ့်.သိပ်မကြာဘူး. အော်ပီး .ရပ်သွားပြန်တယ်. ပြန်ဖွင့်ပြန်တော့ကောင်းပြန်ရော..ဒီလိုနဲ့ ခွေတွေ ခဏ.ခဏ ပျက်တာပဲ။ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက်ပိုဆိုး ဖြစ်တော့တာပဲ ကိုယ့်လူရာ..´´ နောက်ထပ်ပြသေးတယ်.အဲဒီ ဆိုင်ကို အရင်လိုပဲ ..ခဏ. ကောင်းလိုက် .ပျက်လိုက်နဲ့ဗျာ.
အိမ်က မိန်းမက ပွစိ ပွစိ ပြောလွန်းလို့.. အစ်ကို့ ဆိုင်ကို ပြောင်းပီး လာပြတာပါ။´´
ကျနော်လည်း စက်ကို ဖွင့်ကြည့်တော့ ဟုတ်တယ်.သူပြောသလိုပဲ.. ခဏပဲ ရတယ်..မကြာခင် ပြုတ်ကျသွားတယ်.. အသံတွေလည်း ထွက်လာတယ်။
ကျနော်သိလိုက်တာက ဒါ Memory Error လေ.. ကဲ .. စက်ဖုံးကို ဖွင့်ကြည့်လိုက်တော့.Memory 256. ၂ ချောင်းတွေ့တယ်.. ၁ ချောင်းက 05 Warry See ပါတယ်။ တချောင်းကတော့ ဘာမှကို မပါတာ.. ဒါနဲ့ နည်းနည်း မေးမြန်းကြည့်လိုက်တော့..
``ကျနော်က တော့မသိဘူးဗျာ´´ လို့ ပြောနိုင်တယ်. ဒါနဲ့ အဲဒီ အဟောင်း ကိုဖြုတ်ပီး စက်ပြန်ဖွင့်လိုက်တော့ အဆင်ပြေသွားတယ်. ကျနော်လည်း အကျိုးအကြောင်း ပြောပြလိုက်မှ သူ့ခဗျာ နားလည်သွားတော့တယ်။
ကျနော်တောင်းပန်ပါတယ်ဗျာ.. မုံရွာမြို့ မှာ နည်းပညာအသိုင်းဝိုင်းက လက်ချိုးရေ လို့ရတယ်.. ဒီအသိုင်းဝိုင်းလေးကိုတော့ အများအထင်သေးအောင် မလုပ်စေချင်ဘူး.
ရောင်းပါ. ဘာဖြစ်လည်း. အဟောင်းဆိုလည်း .အဟောင်းလို့ပြောလိုက်ပေါ. ခုတော့ဗျာ.
အော်...တော်ပီ မပြောတော့ဘူး..ကိုယ်နဲ့ ဘာမှ ဆိုင်ဘူးလေ. ဟုတ်ဘူးလား
ကိုယ်နဲ့ မဆိုင်ပေမယ့် အများနဲ့တော့ ဆိုင်တာပေါ့နော်. ။ခုတော့ဗျာ သူ့ခဗျာ..
``ပေါ့စေချင်လို့ Memory တိုး အဟောင်းနဲ့ညားလို့ ပိုလို့ဆိုး´´ ဖြစ်ရရှာပီလေ။

You received this email because you are subscribed to the real_time feed for http://aungsan.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.