Thursday, October 23, 2008

[Royal-Myanmar.com] 1 New Entry: ဘရာဇီးအသင်း မြန်မာအသင်းနှင့်နာဂစ်ရန်ပုံငွေပွဲကန်မည်။

ဘရာဇီးအသင်း မြန်မာအသင်းနှင့်နာဂစ်ရန်ပုံငွေပွဲကန်မည်။

Brazil Legends To Raise Fund For Myanmar

နာဂစ်ရန်ပုံငွေပွဲအတွက် ဘရာဇီးဘောလုံးအသင်း မြန်မာဘောလုံးအသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။ ကစားပွဲများကို အောက်တိုဘာ ၂၆ရက် နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့ ရှိ ကစားကွင်းနှစ်ကွင်းတွင်ကစားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ ဘရာဇီးအသင်းမှ ကစားသမား ၁၇ ဦး လိုက်ပါလာမှာဖြစ်ပြီး ၄င်းတို့ထဲတွင် ၁၉၉၄ ကမ္ဘာ့ချံပီယံအသင်းမှ ပေါ်လိုဆာဂျီယိုနှင့် ၁၉၉၈ ကမ္ဘာ့ချံပီယံအသင်းမှ ဆီဇာ ဆမ်ပိုင်ယိုတို့ ပါဝင်လာမယ်လို့သိရပါတယ်။ မေလ အတွင်းက မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဧရာဝတီဒေသ နှစ်ခုသို့လည်း ဘရာဇီးအသင်းမှ သွားရောက်ကြည့်ရှူမည်ဟုလည်းသိရှိရပါတယ်။

လက်မှတ်တန်ဖိုး ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရှိမည်ဖြစ်ပြီး၊ ရရှိလာသည့်ရန်ပုံငွေကို နာဂစ်အတွက်ပေးလှူသွားမယ်လို့သိရပါတယ်။
Source: Goal.com

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.