Thursday, October 23, 2008

[Burma ( The Power of People)] 1 New Entry: GTalk သုံးစွဲသူများအတွက် သတိပေးချက်။

GTalk သုံးစွဲသူများအတွက် သတိပေးချက်။

မိမိ၏ Gtalk တွင် အခြားသူနှင့် ပြောနေစဉ် အောက်ဖေါ်ပြပါ အင်္ဂလိပ်စာသားများ မိမိထံတွင်လည်းကောင်း အခြားသူများထံတွင်လည်းကောင်း Chat Windows အတွင်း ပေါ်နေပါက မိမိ ဂျီတောအကောင့် GTalk account တွင် ဗိုင်းရပ်စ်ထိနေပါပြီ။ ဒီ့အတွက် မိမိ ဂျီင်္မေးလ် (သို့ ) ဂျီင်္တောအကောင့်ကို ပြန်သန့် ရှင်းအောင် အမြန်လုပ်ရန် လိုပါပြီ။ မိမိ၏ ကွန်ပျူတာ တစ်ခုလုံးနှင့် အကောင့်များအားလုံးကို Anti-Virus latest version များ၊ Spyware (သို့ ) Anti-Spy ဆော့ဝဲလ်များနဲ့  ဖယ်ရှားပြစ်ဖို့  အထူုးလိုနေပါပြီ။

Hi, I am 23 Female Delhi(India) :),
Your asl please?
Sup.. I was checking out yahoo members and i saw your page..
yahoo says you are my top match! :)
ok leave it
please do me a favour

ယခုလို အန္တရာယ်ပေးနေတာတွေ ပေါ်ပေါက်နေလို့ ၊ သတိပေးတာတွေ ရှိနေလို့  GTalk သုံးသူတွေအနေနဲ့  အရမ်းကြီးစိုးရိမ်တာမျိုးလည်း မဖြစ်သင့်ပါဖူး။ အဓိကက မိမိ သုံးစွဲမှုကို အကာအကွယ်ကောင်းကောင်းနဲ့  ပုံမှန် စစ်ဆေးကြည့်နေဖို့ ၊ သုံးစွဲတဲ့နေရာမှာ မပေါ့ဆဘဲ သတိထားပြီး သုံးစွဲဖို့ ၊ သိသင့်သိထိုက်တာတွေကို လေ့လာနေဖို့ ဘဲ လိုပါတယ်။

အင်တာနက်သုံးစွဲမှု လုံခြုံရေး၊ GMail နဲ့  GTalk သုံးစွဲမှု လုံခြုံရေးတို့ အတွက် နညးပညာပိုင်းဆိုင်ရာ တတ်ကျွမ်းသူ အတတ်ပညာရှင်များ၊ အသိပညာရှင်များမှလည်း ၀ိုင်းဝန်းပြီး ကျွန်တော်တို့ နှင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ၊ ဖျက်လိုဖျက်ဆီးလုပ်နေမှုများကို ၀ိုင်းဝန်းကူညီ ကာကွယ်ဆောင်ရွက်ပေးကြပါလို့  ဖိတ်ခေါ်အပ်ပါတယ်။ မေးလ်နဲ့  အသိပေး ပို့ လိုလျှင် niknayman.niknayman@gmail.com ဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.