Tuesday, October 28, 2008

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: ထွက်သက်

ထွက်သက်

... ... ...
... ...
- ဟောဒီ မာနတွေကို
အန်ချခဲ့ရ။

- ပြီးတော့လည်း
အဲဒီ မာနတွေကိုပဲ ပြန်ကောက်စားရ။

- ဘ၀ဆိုတာ
မာန စိုက်ပျိုးရေး ကွင်းပြင်ကြီးပေါ့။


- (တကယ်တော့လည်း)
အဲဒီ မာနလောက်ကိုမှ
စိုက်လို့ ပျိုးလို့မရရင်
လူဆိုတာတောင် ပေါ်ချင်မှ ပေါ်ခဲ့မှာ ..။

- (ကျုပ်ဆိုတာကကော)
အဲဒီ မာနတွေကိုပဲ ... အန်ချ
ပြန်စား
လေဖိအားနဲရပ်ဝန်းထဲ ခုန်ဝင်
လူဖြစ်ချင်လွန်းလို့
ကိုယ့်ကိုကိုယ် - မာနနဲ့ဖို့ပြီး သေခဲ့တယ်။

ကေးကေးဇံ
(၁၉ ၊ ၁၂ ၊ ၉၃) ၂၀၉ ခွဲရုံး

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.