Tuesday, October 28, 2008

[သက်တန့် ရောင်စဉ် စိတ်ကူးများ] 1 New Entry: ၀ါလကင်းလွတ် သီတင်းကျွတ်

ဝါလကင်းလွတ် သီတင်းကျွတ်

သီတင်းကျွတ်အကြောင်း Tagပို့စ်ကို ခုမှရေးရတာ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်နေမလားပဲ... မရေးပဲနဲ့ နေပြန်ရင်လည်း Tagထားတဲ့ မောင်လေးစိုင်းထွန်းနဲ့ မောင်လေး သံလွင်ဟီးရိုးတို့ကို အားနာစရာ... ရေးပြန်တော့လည်း သီတင်းကျွတ်တာကဖြင့် တန်ဆောင်မုန်းတောင် ရောက်တော့မယ်... အဲ့လိုဖြစ်နေတယ်... ကဲလေ မထူးပါဘူး... ရှေ့မျက်နှာနောက်ထားပြီး ခပ်တိုတိုပဲ ရေးလိုက်တော့မယ်... အဟဲ... :D

ငယ်ငယ်တုန်းက သီတင်းကျွတ်ဆိုရင် မောင်လေးနဲ့ နှစ်ယောက်ပေါင်းပြီး ဆော့တယ်... ဗျောက်အိုးဖောက်၊ ရှူးဒိုင်းတို့ လိပ်ပြာတို့လွှတ်၊ မီးရှူးမီးပန်းဆိုတာကတော့ ပြောနေဖို့တောင်မလို... မီးပုံးလက်တွန်းလှည်းလေး တွန်းပြီးဆော့တယ်ဆိုတာ တစ်ခါနှစ်ခါလားရယ်... မိသားစုဝင်အားလုံး လပြည့်နေ့ဆို မီးပုံးပျံ လွှတ်တယ်... ကျွတ်ကျွတ်အိတ် မီးပုံးတွေ... အိမ်မှာ မီးပုံးလေးတွေ ချိတ်တယ်... ဖယောင်းတိုင်တွေ ထွန်းတယ်... ဆီမီးပူဇော်တယ်... လူကြီးမိဘတွေကို ကန်တော့ မုန့်ဖိုးတောင်းပေါ့... အဲ့တုန်းကတော့ မုန့်ဖိုးရဖို့ အဓိက... အိမ်ကလူကြီးတွေကို လာကန်တော့ထားတဲ့ မုန့်တွေဆိုလည်း အလွတ်မပေးတမ်း စားပဲ... သီတင်းကျွတ်ပြီး တစ်ပတ်လောက်အထိကတော့ ချောင်းလေးတဟွတ်ဟွတ်နဲ့... ဒီနှစ်တော့ ဖေကြီးနဲ့ မေကြီးကို ကန်တော့တယ်... တစ်ခါမှ မလုပ်ဖူးတာတစ်ခု ထူးထူးခြားခြား လုပ်တယ်... ရပ်ကွက်ထဲမှာတော့ ညနေဘက် စတုဒီသာထမင်း ကျွေးကြတယ်... ညဘက်မှာတော့ အပျော်တမ်း ကာရာအိုကေဆိုတဲ့ အသံတွေ ကြားတယ်... အင်း ဆက်မရေးတတ်တော့ဘူး... ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါလို့ မောင်လေးစိုင်းထွန်းနဲ့ မောင်လေးသံလွင်ဟီးရိုးတို့ရေ... ;)

ဒီပို့စ်လေးနဲ့အတူ မောင်လေးစိုင်းထွန်းကို တလက်စတည်း တောင်းပန်ပါတယ်... မောင်လေးက သီတင်းကျွတ်လပြည့်နေ့ မတိုင်ခင် ရေးပေးပါလို့ ပြောပြီး Tagထားတာ... ခုတော့ တန်ဆောင်မုန်းလပြည့် မတိုင်ခင် ရေးပေးသလို ဖြစ်နေတဲ့အတွက်ပါ... သွေ့ပုချိပါ မောင်လေးစိုင်းထွန်းရေ... သြော် ဘာလဲ... ကိစ္စမရှိပါဘူး ရပါတယ်တဲ့လား... ဒါဆိုရင်လည်း ရှဲ့ရှဲ့နီပါကွယ်... :P

You received this email because you are subscribed to the real_time feed for http://www.yellowish-rainbow.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.