Tuesday, October 28, 2008

[ကေ.တီ.အမ်] 2 New Entries:

http://ktm-smile.blogspot.com/feeds/5251330811882682307/comments/default

ကွင်း

ငါရေးတဲ့ စာသား
ငါဖန်တီးတဲ့ သံစဉ်
ရောင်စုံဘောလုံးတွေပါ
အထီးကျန်ဆန်ဆန်
ကန်သွင်းသူလည်း ငါ
ဂိုးဖမ်းသူလည်း ငါ
သွားကြပါ လုပ်ကြပါ
ထက်မြက်တဲ့ခြေလှမ်းတို့
ငါ့ဦးနှောက်က ပင့်ကူကိုတော့
အစာငတ်အောင်မလုပ်ကြနဲ့
ငါ့ရဲ့ရောင်စုံအချိန်တွေ
ငါ့ရဲ့ရောင်စုံစာသားတွေ
ငါ့ရဲ့ရောင်စုံသံစဉ်တွေ
မြောင်းထဲမှာ ကျက်စားနေကြတယ်
ဦးနှောက်အကြောင်းသိချင်ရင်
ကိုယ့်ဦးနှောက်ကိုအရင်ဖွင့်ကြည့်
သတိ သတိလေးတော့ထား
အသင်တို့၏ ရွှေချထားသောလက်တွေ
မြောင်းထဲကိုတော့ လာမနှိုက်ကြပါနဲ့

ကေ.တီ.အမ်

လေကြီးခြင်း မိုးကြီးခြင်း

လေကြီးခြင်း မိုးကြီးခြင်း

အာခေါင်မှာ အနာပေါက်တာပါ
ပေါင်ပေါ်က တတောင်ဆစ်အရာ
ဗလပွကလည်း
ဘယ်သူနဲ့မှ မဆိုင်ပါဘူး

မနေနိုင်မထိုင်နိုင်
ကမ္ဘာဟည်းမလားလို့
ဖနောင့်တွေအရိုအက်
ဦးနှောက် အရည်ခမ်းနဲ့
သွေးကြောအားလုံး ဖြဲကြည့်တိုင်း
အဲဒီအကြောတော့ မတွေ့မိဘူး

လည်ပင်းထက်က
လူတကာဆွဲပေးတဲ့ ပန်းကုံးနဲ့
အမြင်တွေ တဖြည်းဖြည်းဝါး
ငါ့အရပ် ငါ့ဇာတ်က
လက်ခုပ်သံတွေစုံလို့ပေါ့
ပွင့်ဖတ်တိုင်းလည်း ငါတံဆိပ်ခတ်တာ
၃၂ ချောင်းလုံးမှာအစွယ်မပြည့်လို့

အကြောတစ်ခု ရှာတွေ့တော့
သွေးတစက်မှ ဖွေမရ ရှာမရ
ဒါတောင် လူကုံထံ အသိုင်းအ၀ိုင်းထဲ
အရေခွံခွာ မြေခွေးတစ်ကောင်အလား
သေချာပါတယ် … ရှေ့ဆက်ခြင်းတွေ
အလိုက်သိတဲ့ လက်သုံးချောင်းအတွက်
ဂုဏ်ယူမြဲသာ …. ကျေနပ်ဆဲသာ

ကေ.တီ.အမ်

You received this email because you are subscribed to the real_time feed for http://ktm-smile.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.