Tuesday, October 28, 2008

[အငွေ့ပျံ အိပ်မက်] 1 New Entry: ပြန်ရောက်ပြီဗျို့

ပြန်ရောက်ပြီဗျို့

ဘာရယ်မဟုတ်ပါဘူး။ ဘလောဂ့်လေးတခုလုပ် ဟိုရေး၊ ဒီရေး ရင်ထဲကခံစားချက်တွေပေး အဲဒီလို နဲ့ နည်းနည်းလေးတွေးမိလာတယ်။ ကျနော် ဘလောဂ့်
ဘာကောင်းလဲ...?
ဘာတွေပေးနိုင်လဲ...?
ကိုယ်တိုင်ဘဲ ဖြေကြည့်မိတယ် ...။ အဖြေက တော်တော်လေး အဆိုးဘက်ရောက်နေတယ် ...။

ဘာကြောင့်လဲဆိုရင် ...

ကျနော်ရေးတဲ့ စာ၊ ကဗျာဆိုတာ ကျနော့်ရဲ့ ခံစားချက်ထွက်ပေါက်တွေအဖြစ် ကျနော် ဖန်ဆင်းထားမိလို့ပါ။ ကျနော့်ထွက်ပေါက် က ကျနော့်အတွက်တော့ မဆိုးလှပါဘူး။ ဘော်ဒါတွေအတွက်တော့ ဘာမှမပေးနိုင်တဲ့ သုညကမှ တန်ဖိုးရှိဦးမယ်။ ကျနော်က အနှုတ်လက္ခဏာတွေပေးမိခဲ့တာကိုဗျ။

ကျနော် ဘလောဂ့်လမ်းကလေးမှာ ကျနော် ရေဖျန်းမိခဲ့တယ်။ လျှောက်သွားတဲ့ ဘော်ဒါတွေ အေးချမ်းမှုလေးတွေနဲ့ ဖြတ်ကျော်သွားနိုင်ကြတယ်။ ကျနော့်ဘလောဂ့်လမ်းကလေးမှာ မီးတပုံရှို့မိခဲ့တယ်။ လျှောက်သွားတဲ့ဘော်ဒါတွေ မီးခိုးမှိုင်း၊ အပူလှိုင်းနဲ့ ပြန်သွားကြရတယ်။

ဒီတော့ ကျနော်ရေဘဲ ဖျန်းပါရစေတော့ဗျာ။ ရယ်မောခြင်း (၀ါ) ဟဿ နဲ့ ကျနော့်ဘလောဂ့်ရဲ့ နေ့သစ်တွေမှာ ဘော်ဒါတွေနဲ့ ပျော်စရာဘဲလုပ်ပါတော့မယ်ဆိုတဲ့အကြောင်း မောင်းခတ်တယ်ဗျို့....။


ကြိုတင်အသိပေး ပန်ကြားခြင်း


ဒီစာမျက်နှာလေးပေါ်မှာ ဖန်တီးထားသမျှသော ပန်းချီ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ နည်းပညာဆိုင်ရာ အချက်အလက် စသည်ဖြင့် ဖန်တီးထားမှုအားလုံးသည် တစုံတခုမျှ ကျနော့်၏ ကိုယ်ပိုင်ဖန်တီးထားမှုများ မဟုတ်ကြဘဲ အလျှင်းသင့်သလို ကြိုက်တာယူ၊ ကြုံရာဆွဲ ထင်တိုင်းကြဲထားခြင်းများသာ ဖြစ်သဖြင့် လူကြီးမင်းတို့၏ စီပွားရေး လုပ်ငန်းများတွင် အသုံးပြုလိုပါက ကျနော့်ထံခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်သာတိုက်ရိုက် သက်ရောက်မှုရှိပါလိမ့်မည်။
Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

You received this email because you are subscribed to the real_time feed for http://lostofthedream.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.