Trick-or-Treating
အခုရက်ပိုင်းလုံးဝ မအားဘူး။ အရမ်း အရမ်းကို အလုပ်ရှုပ်နေတယ်။ Halloween က နီးလာပြီ။ ညတိုင်း ညတိုင်း အ၀တ်အစား ထူးထူးဆန်းဆန်းတွေ ၀တ်၊ အိမ်တွေရှေ့ သွား တံခါးခေါက်ပြီး Trick-or-treating လုပ်နေတယ်။ ညတွေများဆို ၃-၄ နာရီ လောက်မှ အိပ်ဖြစ်တယ်။


ဒီအလကား ရတဲ့ လက်ဆောင်လေးရသွားပြီး တော်ပြီလားဆိုတော့ မဟုတ်ဘူး။ ၂၀၀ နဲ့ လဲလို့ ရမယ့် ဟာလေး လိုချင်ပြန်ရော။ ငွေပေး ရွှေပေး ၀ယ်လို့ မရ၊ အကောင်လေးကလည်း ချစ်စရာလေးမို့  လိုချင်မိတာပါ။ ဒါနဲ့  ဆက်ကြိုးစားလိုက်တာ ၄ ရက်မြောက်နေ့ မှ ၂၀၀ ပြည့်လို့  လဲလို့ ရသွားတယ်။ တစ်ခု ရတော့ မကျေနပ်ပြန်ဘူး၊ နှစ်ခု လိုချင် ပြန်ရော။ ကိုယ့်အတွက် တစ်ခု၊ တစ်ခြားတစ်ယောက်အတွက် တစ်ခု။ ခွဲခြား ခွဲခြား မလုပ်ချင်ဘူးလေ။ ဒါနဲ့  ၂ ခု ရအောင် ကြိုးစားလိုက်တယ်။
အင်း အခုတော့ လိုချင်တာ နှစ်ခုလုံး ရသွားပြီ။ တခြား လောဘတွေ တက်မလာခင် Trick-or-Treating သွားခြင်းကို ခေတ္တခန ရပ်ပြီး ဒီဘက်ကို တစ်ချက်လှည့်ကြည့်လိုက်မိလိုက်လို့  ဒီဟာလေးကို ရေးဖြစ်ခဲ့ပါတယ်။ နောက်ရက်တွေ ကျွန်မ ပျောက်နေရင် … တခြား ကိစ္စကြောင့်မဟုတ်ပဲ… အိမ်လည် ထွက်နေခြင်း၊ Halloween အတွင်း Trick-or-Treating သွားနေခြင်းကြောင့်သာ ဖြစ်ကြောင်း သူငယ်ချင်းအပေါင်းကို သိစေအပ်ပါတယ်…
၁၀၀ ပြည့်တုန်းက ရတဲ့ လက်ဆောင်

၂၀၀ နဲ့ လဲလို့ ရတဲ့ အကောင်လေး


၂၀၀ နဲ့ လဲလို့ ရတဲ့ အကောင်လေး

ညတိုင်း ညတိုင်း ဒီလို ပိတ်ထားတဲ့ အိမ်တံခါးတွေကို သွားသွား ခေါက်ရတယ်..

ဘာမှ လက်ဆောင်မပေးတဲ့ အိမ်

On noes! It's a trick! :(
လက်ဆောင်ပေးတဲ့ အိမ်ရှင်က ဒီလိုမျိုးလေး ထွက်ပေးတယ်..

A treat for you! ^___^
Trick-or-treatingက 1st November အထိ လုပ်လို့ ရတယ်။ Halloween ပြီးရင် Thanksgiving လာပါတယ်။ Thanksgiving ပြီးရင် New Year လာမယ်။ New Year ပြီးရင်.. တခြားတစ်ခု ဆက်လာ အုံးမယ် ထင်ပါတယ်.. လိုချင်တာတွေ ၀ယ်ဖို့ ကလည်း ငွေတွေ ရွှေတွေ ရှာရအုံးမယ်.. တကယ်ပါ.. ကျွန်မ ဒီလိုချင်မှု့  လောဘကို မသက်နိုင်သမျှ နောက်ရက်ပိုင်းတွေမှာပါ ဆက်ပြီး ပျောက်နေအုံးမှာပါပဲ..
ဘာမှ လက်ဆောင်မပေးတဲ့ အိမ်

On noes! It's a trick! :(
လက်ဆောင်ပေးတဲ့ အိမ်ရှင်က ဒီလိုမျိုးလေး ထွက်ပေးတယ်..

A treat for you! ^___^

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.