Tuesday, October 28, 2008

[Htoo Myat] 3 New Entries: International Cartoons (4)

International Cartoons (4)

နိုင်ငံတကာ ကာတွန်း (၁) သို့
နိုင်ငံတကာ ကာတွန်း (၂) သို့
နိုင်ငံကကာ ကာတွန်း (၃) သို့

အပိုင်း (၄)ပါ။

Credit to Cartoonist ပါ။

ဒီတစ်ခါကတော့ ခေါင်းဆောင်များနှင့် ပြည်သူလူထု အပိုင်းပါ။ ကယ်ရီကေးချား ပုံတွေရောပေါ့။


ဒို့လိုချင်တာ ဒါကွ!


မြန်မြန်ကြွတော်မူပါ...

ဘုရင်

ငြိမ်းချမ်းရေးတော့ မသိဘူး ချိုးငှက်ကလေး ကတော့ စားလို့ကောင်းပ။

ကယ်တင်ခြင်း

ကောင်းဘွိုင်း တစ်ခေတ် အမှန်ဖြစ်လေပြီ တကား...

မိဘနှင့် အဆင်ပြေရန် ကြိုးပမ်းမှုကာလ တိုးတက်မှု အစီရင်ခံချက်

အမြဲတမ်း အဆူ အငေါက်ခံရသော ကျနော် မောင်ထူးမြတ်သည် မိဘများနှင့် အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် နားအေးပါးအေး နေနိုင်စေရန် ကြိုးစားနေမှု၏ လတ်တလော ရလာဒ်နှင့် ထုတ်ယူရရှိသော သင်ခန်းစာ များအား လူငယ်များ လေ့လာနိုင်စေရန် သူ့ဘလော့ဂ်တွင် အစီရင်ခံခြင်း ဖြစ်လေသည်။

ကျနော် လက်ရှိဘ၀တွင် ကျောင်းမတက်ရ၊ အလုပ်မလုပ်ရပဲ မိသားစု၏ အပြောင်းအရွှေ့ ကိစ္စကြောင့် လောလော လတ်လတ် လုပ်စရာ မရှိသော လူငယ်တစ်ဦးသာ ဖြစ်သည်။ ယခုအခါ ဘလော့ဂ်ရေးခြင်း၊ စာအုပ်ဖတ်ခြင်း၊ မြန်မာ ၀ီကီတွင် ၀င်ရောက် ကူညီခြင်းတို့ဖြင့် ကျနော့်ဘ၀ကို အဓိပ္ပါယ်ရှိစေရန် ကျနော် အတတ်နိုင်ဆုံး ကြိုးစားနေပါသည်။

တက္ကသိုလ် အသီးသီး၌ တက်နေကြသော ကျွန်ုပ်၏ ငယ်သူငယ်ချင်းများနှင့် အဆက်အသွယ်ရှိ၍ ဘာမှ မလုပ်နိုင်သေးသော ကျနော့် ဘ၀ကို အင်မတန် စိတ်ဓါတ်ကျနေ ရသည့်အထဲတွင် မိဘက ကျနော့် ကျွမ်းကျင်မှု များကို လစ်လျူရှု၍ မတတ်ကျွမ်း သည်များကိုသာ ထောက်ပြကာ အသုံးမကျဟု ကြေငြာနေ သောအခါ ကျနော့် စိတ်ဓါတ် လက်ကျန်သည် မြေပြင် ပေါ်သို့ ကျရုံသာမက မြေကြီးအောက်ပါ ဖောက်ဝင် သွားသည်ဟု ကျနော် ခံစားရပါသည်။

ကျနော် စိတ်မကောင်းပါ။
  • ဘီဂင်နာ အဖြစ်နှင့် မိဘကူညီခြင်း လုပ်ငန်းစဉ်ကို ၀င်လုပ်ရာ ရလာဒ်က ပရော်ဖက်ရှင်နယ် ကဲ့သို့ မထွက်သဖြင့် အပြောခံရသည်။ အဆိုပါ ခိုင်းစေသော အလုပ်မှာ သင်မကျွမ်းကျင်၍ ယခုမှ စလုပ်သော အလုပ်ပင် ဖြစ်သော်ငြားလည်း လုပ်ပြီးပါက ထိပ်တန်းအဆင့် ပုံမှန် ကျွမ်းကျင်သူ လုပ်သော ရလာဒ် ထွက်မည်ဟု မိဘက မျှော်လင့်သည်။
  • မောင်ထူးမြတ် ကွန်ပျူတာ ပညာ၊ အင်္ဂလိပ်စာ၊ သုတစာပေဖတ်ခြင်း၊ အင်တာနက်နှင့် ဂစ်တာတီးခြင်း တို့ကို ပိုမို တတ်မြောက်ရန် သင်ယူလိုစိတ် လျော့နည်းလာသည်။ ထိုအရာများအား မည်မျှ တတ်တတ် အိမ်အလုပ် မကူနိုင်ပါက အသုံးမကျသူ ဖြစ်မြဲဖြစ်နေမည်မို့ ဖြစ်လေသည်။
  • သင် အိမ်မှာချည်း ကုပ်နေနေရလျှင် စိတ်ခိုင်ခိုင် ထားခြင်း၊ သို့မဟုတ် တခြားအသံ မကြားရရန် သီချင်း ကျယ်ကျယ်သာ နားထောင်နေရန် အဆိုပြုသည်။ အလုပ်မရှိ၊ ကျောင်းမရှိနှင့် စိတ်ဓါတ်ကျနေသော လူငယ် တစ်ဦးအတွက် မိဘက တစ်ချိန်လုံး အော်ဟစ်နေသည်မှာ ရင်ကြပ်နေသူကို လည်ပင်း ညှစ်သတ်နေ သကဲ့သို့သာ တူတော့သည်။
  • အမြင်မတော်လျှင် ၀င်လုပ်ပေါ့ ဆိုသောကြောင့် မျက်စိပြူး၍ ရှာပါသော်လည်း အမြင်တော်သေးသည်ဟု ထင်မိ၍ မလုပ်ပဲ နေမိ၏။ သို့သော် မိဘ အမြင်၌ အမြင်မတော်တာကို မလုပ်ပဲ နေရကောင်းလား ဟု ထပ်ဆိုသဖြင့် ဘာမှမတွေ့သည်ကို ရှင်းလင်း ရခြင်းများကြောင့် မောင်ထူးမြတ် မျက်လုံးအမြင် ပျက်စီးစ ပြုပြီလောဟု ကောက်ချက်ချမိပေသည်။
  • မောင်ထူးမြတ်၏ မေ့လျော့ခြင်း၊ လောလောလတ်လတ် အရေးကြီးသော ကိစ္စရှိနေ၍ မလုပ်ဖြစ်သေးသော ကိစ္စတို့ကို ချက်ချင်း မလုပ်ဖြစ်ပါက သွားတော့ မောင်ထူးမြတ် မလုပ်နဲ့တော့၊ ငါ့ မျက်စိရှေ့က အမြန်ထွက်သွားရင် ကောင်းမည်ဟု အကြံပေးသောကြောင့် ထွက်သွားမိပြန်လျှင်လည်း မကူညီဘူးဟု အပြောခံရသည်။ မထွက်သွားပဲ ဆက်ရပ်နေလျှင်လည်း အခြေအနေက မကောင်းပြန်ပေ။
  • အထက်ပါ ဖြစ်ရပ်အရ လူကြီးမိဘသည် အလုပ်လက်မဲ့ ကျောင်းမတက်ရ ဖြစ်နေသော လူငယ် တစ်ယောက်တွင် သူတို့ခိုင်းသော ကိစ္စမှ လွဲ၍ အခြား ပိုအရေးကြီးသည့် ကိစ္စဟူ၍ မရှိဟု တစ်ထစ်ချ မှတ်ယူသည် ဟု ကောက်ချက်ဆွဲသည်။
  • ချစ်စွာသော သူငယ်ချင်း လူငယ်အပေါင်းတို့၊ ကိုယ့်အိမ်တွင်း ကိုယ် ကွန်ပျူတာ တစ်လုံးနှင့် အေးအေး ချမ်းချမ်း နေပါသော်လည်း၊ မိဘအမြင်၌ အပြင်ထွက် ပေတေကာ အိမ်မကပ်ပဲ နေသော လူငယ်တစ်ဦး အား အမြင် မကြည်လင်ခြင်း ခံရ သည်နှင့် မည်မျှမှ မခြားနားပါ။ သင် အိမ်မကပ်လည်း အိပ်မကပ်ဘူးဟု အပြောခံရမည် ဖြစ်သကဲ့သို့ပင် ကွန်ပျူတာနှင့် စာအုပ်နှင့် နေလျှင်လည်း တစ်မျိုး အပြောခံရ တတ်သည်။
  • မိဘက သင့် အပြုအမူများနှင့် ပတ်သက်၍ မည်သည့်အခါမျှ ကျေနပ်လာမည်ဟု ကျွန်ုပ် မယူဆပါ။ ကျောင်းတွင် ရလာဒ် ကောင်းခြင်းကသာ သင့်အား မိဘမှ ဂုဏ်ယူစေရန် အထောက်အကူ ပြုသည်။
  • ထို့ကြောင့် ကျောင်းမတက်နိုင်လျှင် အပြင်သာ ထွက်ကြပါ။ ကျွန်ုပ်သည် အိမ်အတွင်း၌ အေးအေးချမ်းချမ်း နေလိုသော ဗီဇ ပါလာသောကြောင့် အခုမှ အပြင် လျှောက်သွားရန် မဖြစ်နိုင်တော့ပါ။ အိမ်ထဲ၌ နေခြင်း၊ အပြင်လျှောက်သွားနေခြင်း တို့က တူညီသည်။ အိမ်မှာနေခြင်းသည် တစ်နေ့လျှင် အကြိမ်များစွာ အနည်းငယ်စီ အသုံးမကျကြောင်း ကြေငြာခြင်း ခံရ၍ အိမ်မကပ်ခြင်းသည်ကား ပြန်လာမှ တစ်လုံး တစ်ဝကြီး အိမ်မကပ်ကြောင်း အပြောခံရပေမည်။
ကျနော့်သည်ကား မိဘက အသုံးမကျဟု ဆက်တိုက် ပြောနေသော်လည်း (မကောင်းမှန်း သိသော်လည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၊ ဘ၀င်မြင့်သည့် စိတ်ကို တမင်မွေးမြူကာ) ကိုယ့်ကိုယ်ကိုယ် သိသည်၊ တတ်သည်၊ နားလည်သည်၊ အသုံးဝင်သည်ဟု ပြန်လည် ၀ါဒဖြန့်၍ ယခုထက် စိတ်ဓါတ် ပိုမကျအောင် ရပ်တည် နေပါသည်။

International Cartoons (3)

နိုင်ငံတကာ ကာတွန်း (၁) သို့
နိုင်ငံတကာ ကာတွန်း (၂) သို့

နိုင်ငံတကာ ကာတွန်း (၃) အထိ ရောက်လာပါပြီ။ ဒီအပိုင်းမှာတော့ ငွေကြေး၊ ငွေကြေးကြောင့် အကြိုး သက်ရောက်မှု၊ ငွေကြေး သုံးစွဲမှုနဲ့ သက်ဆိုင်တာ အများစု တင်ပါတယ်။ ထုံးစံအတိုင်း သတ်မှတ်ထားတဲ့ အကြောင်းအရာ နဲ့ မဆိုင်တာ တစ်ပုံ ကတော့ အမြဲ ပါတာပေါ့။ Credit to Cartoonists ပါ။

ပစ္စည်းတွေ တပ်မှာ ကျန်ခဲ့တာနဲ့ ပြန်ယူဖို့ လေယဉ်ချိန်လည်း မလောက်တော့လို့ နီးရာကုန်တိုက်မှာပဲ လိုတာလေး ၀င်ဝယ်ခဲ့တော့တယ်... ဟင်းဟင်း

အခင်းဖြစ်ပွားရာနေရာ၊ တာဝန်မှအပ စည်းဝိုင်းအတွင်း မ၀င်ရ။


ငွေရှိရင် လောကမှာ ဘာမဆို လုပ်လို့ရတယ်။


ကုန်ဈေးနှုန်းရထား ကြိတ်ခြင်း


အကျင့်ပါနေသော ခေါင်းဆောင်ကြီး

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.