အပြုံးတချက်
အပြုံး တချက်ဟာ ဒီလောက် ခက်ခဲပါသလား ...
ကျနော် အကြိမ်ကြိမ် ပြန်စဉ်းစားနေကြည့်မိသည်။ စဉ်းစားလိုက်တိုင်း အဖြေက မိမိကိုယ်ကို သာ အပြစ်တင် နေမိသည်။ ဘာကြောင့် ဒီလောက် ဖော်ရွေမှု နည်းရပါသလဲဟု .. ဖြစ်ပုံက ဒီလို ..
ကျနော် အလုပ်လုပ်သော ကာစီနိုထဲတွင် လှည့်ကာ ကျနော်တို့ Dept နှင့်သက်ဆိုင်သော Slot Machines များကို လှည့်ကြည့်နေတုန်း ဖြတ်လာသော Marketing မန်နေဂျာကို ကျနော် တွေ့လိုက်သည်။ တွေ့လိုက်ပါလျှက် မိမိ အထက်လူကြီးတယောက်ကို ပြုံးပြသင့်ပါလျှက် ကျနော် သူ အနားရောက်လာချိန်ထိ ကျနော်မပြုံးပြ မိသည့်အပြင် အဲ့အချိန်မှာ ကျနော့မျက်နှာက တော်တော် တည်နေခဲ့သည်ဟု ကျနော်ထင်သည်။ သူကတော့ အဲ့လိုမဟုတ် Marketing မန်နေဂျာ ပီသစွာ ဖော်ရွေသော အပြုံးတချက်ကို ကိုယ့်လက်အောက် ငယ်သားပင် ဖြစ်စေကာမူ ပြုံးပြသွားခဲ့သည်။ အဲ့ဒီ စက္ကန့်ပိုင်းလေး အတွင်းမှာပင် ကျနော် အရှက်ကြီး ရှက်ရတော့သည်။ မိမိလုပ်နေသည်က လူအများနှင့် ဆက်ဆံနေရသော နေရာတခု ထို့အပြင်ကိုယ့် အလုပ်က ပိုရွေ့ လူအများနှင့် တိုက်ရိုက်ထိတွေ့ရသော အလုပ်။ အများကြီး စဉ်းစားမိကာ မိမိ အပြုအမူအတွက် အရှက် ရမိတော့သည်။ ထိုကြောင့် သူ တပတ်ပြန်လာသော အခါ ကျနော် က ဦးအောင် ဖော်ဖော်ရွေရွေ ပြုံးပြ လိုက်မိသည်။ ထို့အတွက် သူက ကျနော့ ပုခုံးကို ပုတ်ကာ ခေါင်းညိမ့် ဆက်လျှောက်သွားတော့သည်။
အမှန်က ကျနော် ဒီရက်ပိုင်း တော်တော့ ကို အလုပ်များနေသည်။ ပုံမှန် ၀န်ထမ်းတယောက် အနေနှင့် သိပ်မများ နိုင်ပေမဲ့ ကျနော်တို့ယူထားရသော နေရာက တဌာနလုံးမှာမှ ကျနော်အပါအ၀င် လေးယောက်သာရှိသည်။ ကျနော်တို့ ညဂျူတီတွင် ၂ ယောက်သာရှိသည့် အတွက် အထဲတွင်ရော ရုံးခန်းတွင်ပါ ကျနော်တို့ အလုပ်များ ကြသည်။ ဒီရက်ပိုင်း ပိုများသည့် အကြောင်းက နေရာတူ သူငယ်ချင်းတယောက်က အပြီး ပြန်သွားခဲ့သည်။ သူပြန်သွားတော့ သူကိုင်ထားသော ပရော့ဂျက်များကို HOD လုပ်သူက ကျနော့ကို လုပ်နိုင် မလုပ်နိုင် မမေးပဲ တာဝန်ပေးခဲ့သည်။ ပေးခဲ့တာက ကျနော်လုံးဝ မကျွမ်းကျင်သော ဂရပ်ဖစ်ဒီဇိုင်းများ ... ပထမရက်ပိုင်း တော်တော်ကို စိတ်တိုခဲ့သည်။ သို့ပေမဲ့ သူ့ဆန်စား ရဲရမည် ဟု တင်းကာ ဖြစ်အောင် လေ့လာခဲ့ကာ အရင် အခြေခံနှင့် ပေါင်းပီး ကျနော်တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ထုတ်သမျှ ဒီဇိုင်းကို ဂျေးများကာ ပြန်ပြင်ခိုင်းခဲ့သော မားကက်တင်း ဌာနကိုလည်း ကျေးဇူးတင်သည်။ သူတို့ ဂျေးများလို့သာ အခု ကျနော် နားလည်ရသည်။ တပတ်အတွင်း ကျနော် ဒီဇိုင်း ၇ ခု ထုတ်ပေးခဲ့သည်။ သို့ပေမဲ့ ရလဒ်က ကျနော် လူရှေ့သူရှေ့ မရှောင် ဟန်မဆောင်နိုင်လောက်အောင် စိတ်ကျဉ်းကျပ်မှုကြောင့် မျက်နှာက မှုန်ကုတ်ကုတ် ဖြစ်သွားရသည်။ နောက် တချက် ရီပြဖို့ကို သေမလောက် တွန့်တိုနေခဲ့တော့သည်။ တချက်ရယ်ရင် တရက်အသက်ပိုရှည် မည်ဟု ကြားဖူးပေမဲ့ ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ကျနော့် အလုပ်ပိခဲ့သည်။ သို့ပေမဲ့ ဒီမနက် သင်ခန်းစာက ကျနော့ကို ပြုပြင်ပေးလိုက်ပြီ။
အလုပ်ဘယ်လောက်များများ ကျနော် နောက်ကို ပြုံးဖို့ ၀န်မလေးတော့ပါ။ ကျနော့အပြုံးက လူတယောက်ကို စိတ်အဆင်ပြေမှု ပေးနိုင်တယ်ဆို ကျနော် ပြုံးရကျိုး နပ်ပီဟု .....

You received this email because you are subscribed to the real_time feed for http://moethaukyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.