Friday, October 17, 2008

[မင်းဒင်] 1 New Entry: မြင့်မိုရ် ကို ဖြိုခဲ့သူများ

မြင့်မိုရ် ကို ဖြိုခဲ့သူများ



အညတြ သူရဲကောင်းများအတွက် အမူမော်ကွန်း။

သူတို့ သည် အညတြများဖြစ်ပါသည်။စွန့် စားခဲ့သူများ ဖြစ်ပါသည်။တိုက်ရဲ၊သေရဲ သူများ ဖြစ်ပါသည်။တိတိပပ ညွှန်းဆိုရလျှင် ပြည်သူ့ ဘက် က ရပ်တည်ခဲ့သော အညတြစစ်သည်ဟောင်းများ ဖြစ်ပါသည်။ပြည်သူလူထု မက်ခဲ့သော အိပ်မက်ကို ပုံပေါ်လေငြား စွန့် လွှတ်၊ ပေးဆပ်မှုများဖြင့်
အခမဲ့ ထုဆစ်ပေး သွားခဲ့သူများ ဖြစ်ပါသည်။သို့ သော် ရင်နာကြေကွဲ ၊ ဝမ်းနည်းဘွယ် ကောင်းသည်ကား သူတို့ အမည်မျှကိုပင်


အပြည့်အစုံမှတ်တမ်း ၊တပိုဒ်တပါဒ မကျန်မရှိလေခြင်းပင်တည်း။၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉)ရက် ၊ ညနေ(၄း၃၀) အချိန်တွင် အာဏာသိမ်းစစ်တပ်အား ရှိစုမဲ့လက်နက် ၁၆ လက်ဖြင့် ရင်ဆိုင်ခုခံခဲ့သော ၁၆ ယောက်သော ပြည်သူ့ စစ်သည်တော် တို့ ၏ အမည်များကို ရနိုင်
သရွေ့ ရှာဖွေ တင်ပြလိုက်ပါသည်။


တပ်သား ကရင်ကြီး(ကျဆုံး)
လှိုင်မြို့ နယ်(၅) ရပ်ကွက်
(စံရိပ်ငြိမ် ဘဏ်တိုက်ပွဲအတွင်း တွင်ကျဆုံး)


တပ်ကြပ်ကြိး လှရွှေ
လှိုင်မြို့ နယ် (၅) ရပ်ကွက်
(ယခု ဖင်လန် နိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရ)


တပ်ကြပ်ကြီး အုန်းမြင့်
လှိုင်မြို့ နယ် (၅) ရပ်ကွက်
(မဲဆောက် အုန်းဖန်မြို့ နယ် ။ နို့ ဘိုး ဒုက္ခသည် စခန်း ရပ်ကွက်(၁၄)တွင် မိုင်းထိဒါက်ရာဖြင့် ခြေထောက်ပြတ် ဒုက္ခိတ ဘဝရောက်လျက် ရှိကြောင်း သတင်းရ)


တပ်သား ခင်သန်း
လှိုင်မြို့ နယ် (၅) ရပ်ကွက်
(၁၉၉၅ ခုနှစ်တွင် အင်းစိန်အကျဉ်းထောင်တွင်း၌ ရှိကြောင်းသတင်းရ)

တပ်သား ငွေရ
လှိုင်မြို့ နယ်( )ရပ်ကွက်

တပ်သား အုန်းသန်း
လှိုင်မြို့ နယ်( )ရပ်ကွက်

တပ်သား လှဦး
လှိုင်မြို့ နယ်( )ရပ်ကွက်

........................
........................
........................

အပြည့်အစုံ ဆက်လက် ဖြည့်စွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြစေလိုပါသည်။
ကိုလှရွှေ ။ အုန်းမြင့် နှင့် ခင်သန်းတို့ ၏ သတင်းကို ပေးပို့ ခဲ့ သော ကိုဝေလင်း ။ ကိုသိန်းထိုက်အောင်။ နှင့် အုန်းသန်း၊ လှဦး၊ ငွေရ တို့  ၏ အမည်များကို
ပေးပို့ သော ကိုဇော်ထွန်း တို့ အား ကျေးဇူးအထူးတင်ရှိပါသည်။


လေးစားလျက်

မင်းဒင်

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.