Friday, October 17, 2008

[Padauk Myay] 2 New Entries: ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်သူတို့အမြင်

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်သူတို့အမြင်

(အောက်တိုဘာ ၁၄ ရက်နေ့ IPS သတင်းဌာနမှာ ဖော်ပြထားတဲ့ John Feffer ရဲ့ New constitution-radical change or fig leaf? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် တင်ပြလိုက်ပါတယ်။)

၁၅ နှစ်ကြာအောင် ရေးဆွဲပြီးတဲ့နောက်မှာ မြန်မာအစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုံးက စာမျက်နှာ ၁၉၄ မျက်နှာရှိတဲ့ အခြေခံဥပဒေသစ်ကို ထုတ်ပြန်လိုက်တဲ့အခါ တုန့်ပြန်မှုအမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလတုံးက လူထောင်နဲ့သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း ကျရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်အစိုးရက လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး လူထု ၉၂ % က အခြေခံ ဥပဒေကို ထောက်ခံတယ်လို့ ကြေညာခဲ့ပါတယ်။ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အဲဒီအခြေခံဥပဒေကို လက်မခံဘဲပယ်ချခဲ့ပါတယ်။ ပြည်ပက လေ့လာသူများကလည်း အခြေခံဥပဒေကိုရော၊ ဆန္ဒခံယူပွဲရလဒ်ကိုရော သံသယနဲ့ တုန့်ပြန် ခဲ့ပါတယ်။

မြန်မာအစိုးရကတော့ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကူးပြောင်းနိုင်အောင် အထောက်အကူပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော် နှစ်ရပ်လုံးမှာ အမတ်နေရာ ၂၅% ကို ရယူထားမှာဖြစ်တယ်။ ဒါပေမယ့် ကျန်တဲ့အမတ်နေရာ တွေကိုတော့ အရည်အချင်းပြည့်မီတဲ့သူတွေ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခွင့် ရှိမှာဖြစ်ပါတယ်။ ပြည်နယ်တွေအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အရေးတွေရမှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံသမိုင်းမှာ တတိယမြောက် အခြေခံဥပဒေဖြစ်တဲ့ ဒီအခြေခံဥပဒေထဲမှာ ဥပဒေနဲ့အညီ အုပ်ချုပ်နိုင်ဖို့ လိုအပ်တဲ့ အခြေခံတွေ ပါတယ်လို့တော့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ ဥပမာအားဖြင့် အခြေခံဥပဒေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ဖွဲ့စည်းဖို့အတွက် သတ်မှတ်ထားတယ်။ ဒီတရားရုံးဟာ အခြေခံဥပဒေနဲ့ အခြားဥပဒေများကို အဓိပ္ပါယ် ဖွင့်ဆိုမှာဖြစ်သလို အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်ကြားမှာ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာရင် ဆုံးဖြတ်ပေးရမှာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ရ ရက်နေ့က ၀ါရှင်တန်မှာ ဆာဆာကာဝါ ဖောင်ဒေးရှင်းက ဦးစီးပြီး Constitutional Developments in Burma and Malaysia ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ဂျော့ခ်ျတောင်း တက္ကသိုလ်က Dominic Nardi က ဒီလို အခြေခံဥပဒေ ဆိုင်ရာတရားရုံးဟာ အထက်မှာပြောခဲ့တဲ့ တာဝန်နှစ်ခုအပြင် အုပ်ချုပ်သူတွေ အတွက် အာမခံချက်ပေးတဲ့ ယန္တရားတစ်ခုအဖြစ်လည်း တာဝန်ယူရလိမ့်မယ်လို့ ဆွေးနွေးသွားပါသည်။ သူက တကယ်လို့ နိုင်ငံရေး အခြေအနေတွေက ပြောင်းသွားပြီး အတိုက်အခံတွေက လွှတ်တော် နှစ်ရပ်လုံးကို ထိန်းချုပ်သွားမယ်ဆိုရင် အခြေခံ ဥပဒေဆိုင်ရာတရားရုံးဟာ လူနည်းစုဖြစ်သွားတဲ့ (စစ်တပ်နဲ့ သူ့ကို ထောက်ခံသူတွေ) ကို ဥပဒေအရ အကာအကွယ် နည်းနည်းပါးပါး ပေးနိုင်မှာဖြစ်တယ်။ လစ်ဘရယ်မကျတဲ့ နိုင်ငံရေး စနစ်ကနေ လစ်ဘရယ် ဒီမိုကရေစီ စနစ်ကို ပြောင်းတဲ့နိုင်ငံတိုင်းမှာ အာဏာရှင်တွေဟာ အသွင်ကူးပြောင်းရေး ကာလနောက်ပိုင်းမှာ သူတို့ကို အရေးယူတာ မခံရဖို့အတွက် ဥပဒေအရ အကာအကွယ် ရနိုင်ဖို့ ကြိုစားလေ့ ရှိတာကို တွေ့ရတယ်လို့ သုံးသပ်ဆွေးနွေးသွားခဲ့ပါတယ်။

၁၉၈၇ ခုနှစ်တုံးက အစိုးရက လက်ရှိသုံးနေတဲ့ ငွေတွေကို တရားမ၀င်ကြောင်း ကြေညာခဲ့လို့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ စုဆောင်းငွေတွေ ဆုံးရှုံးခဲ့ရတယ်။ ဒါ့ကြောင့် အခု အခြေခံဥပဒေမှာတော့ တရားမ၀င် ငွေကြေးအဖြစ် ကြေညာတာမျိုး မလုပ်ဖို့ တိတိကျကျ တားမြစ်ထားတယ်။ ဂျော့ခ်ျတောင်း တက္ကသိုလ်၊ အာရှလေ့လာရေးဌာနက ပါမောက္ခ ဒေးဗစ်စတိန်းဘတ်ကတော့ ဒါဟာ အပြုသဘောဆောင်တဲ့ သင်ခန်းစာရရှိမှုပဲလို့ ဆိုပါတယ်။ ဒါပေမယ့် သူက အခြေခံ ဥပဒေဟာ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့ မရအောင်လုပ်ထားတယ်လို့ ဝေဖန်ခဲ့ပါတယ်။

စစ်တပ်က သူတို့ရဲ့အနေအထားကို ခိုင်မာအောင်ကာကွယ်ဖို့အတွက် တစ်ခြား အချက်တွေလဲ လုပ်ထားပါသေးတယ်။ အရေးပေါ် အခြေအနေနဲ့ ကြုံလာရင် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို တစ်နှစ်အထိ အာဏာလွှဲပေးလို့ ရပါတယ်။ နောက်ပြီး အခြေခံဥပဒေကို လွှတ်တော်အမတ်သုံးပုံ နှစ်ပုံရဲ့ ထောက်ခံမှုရမှသာ ပြင်နိုင်တယ်လို့ သတ်မှတ် ထားတယ်။ ဒါ့ကြောင့် စစ်တပ်ရဲ့အခန်းကဏ္ဍ၊ သမ္မတ ရွေးချယ်ပုံစနစ်နဲ့ ကုန်ကုန်ပြောရရင် အခြေခံဥပဒေ ပြင်ဆင်တဲ့ နည်းလမ်းတွေကိုတောင် ပြင်ဖို့ဆိုတာ မလွယ်ပါဘူး။

ဒါပေမယ့် Dominic Nardi ကတော့ အခြေခံဥပဒေ ပြင်ဆင်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အတိုက်အခံတွေ ပြောသလောက် အဆိုးမမြင်ဘူးလို့ ပြောပါတယ်။ သူက အမေရိကန်အခြေခံဥပဒေကို ပြင်ဆင်ဖို့က ဒီထက်အများကြီး ပိုခက်တယ်။ ဒါ့ကြောင့် အမေရိကန်ခေါင်းဆောင်တွေက အခြေခံ ဥပဒေကို ပြင်ဖို့ထက် အခြေခံဥပဒေကို အနက်ဖွင့်မယ့် တရားသူကြီးတွေ ရွေးချယ်ခန့်ထားရေးကို ပိုပြီးအာရုံစိုက်ကြတယ်လို့ ရှင်းပြပါတယ်။ Dominic Nardi က လွှတ်တော် ဥက္ကဌတွေနဲ့ သမ္မတက အခြေခံ ဥပဒေဆိုင်ရာ တရားသူကြီးတွေကို ခန့်အပ်နိုင်ခွင့်ရှိတော့ အခြေခံဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ မိမိတို့အယူအဆနဲ့ နီးစပ်သူများကို ခန့်အပ်နိုင်အောင် လုပ်လို့ရတယ်။ ဒါဆိုရင် အခြေခံဥပဒေကို ပြင်ဖို့အတွက် ကြိုးစားဖို့မလိုဘဲ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ရှုထောင့်ကို ပြောင်းဖို့ ကြိုးစားနိုင်တယ်လို့ ဆွေးနွေးသွားပါတယ်။

ဒါပေမယ့် National Endowment for Democracy အဖွဲ့က Brian Joseph ကတော့ အဲဒီ ဆွေးနွေးပွဲမှာ အခြေခံဥပဒေက ဒီမိုကရေစီအခွင့်အရေးတွေ ပိုရလာအောင် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်သွားပါတယ်။ သူက အခြေခံဥပဒေထဲမှာ ဒီမိုကရေစီ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့၊ ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက် တစ်ချို့တော့ ပါပါရဲ့။ ဒါပေမယ့် စစ်တပ်က အစိုးရကို ဘာအကြောင်းမှ မပြဘဲ ဖြုတ်ချနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါနေတယ်။ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် သတ်မှတ်ထားတဲ့ ဘောင်ထဲကပဲ အုပ်ချုပ်လို့ရမယ်။ အဲဒီဘောင်ကျော်သွားတာနဲ့ ဖယ်ရှားခံရမှာပဲ။ အဲဒီတော့ အစိုးရက ဘယ်တော့မှ စိတ်ချလက်ချ အုပ်ချုပ်လို့ရမှာ မဟုတ်ဘူး လို့ ပြောသွားပါတယ်။

Brian Joseph က ဒီအခြေခံဥပဒေအောက်မှာ စစ်မှန်တဲ့ အာဏာခွဲဝေမှုနဲ့ အတိုက်အခံတွေအတွက် လှုပ်ရှားဖို့ နေရာမရှိဘူးလို့ ပြောတယ်။ သူက ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်။ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အသေးစိတ်အချက်တွေက အရေးမကြီးဘူး။ အရေးကြီးတာက ပါတီတွေနဲ့ လူထုက လွတ်လွတ်လပ်လပ် စည်းရုံး လှုပ်ရှားခွင့် ရမလား၊ ပြောဆိုခွင့်ရမလား ဆိုတာပဲ။ အဲဒါတွေမရရင်တော့ အလကားပဲလို့ ထပ်ပြောပါတယ်။ သူက အခြေခံဥပဒေအရ နိုင်ငံခြားသားကို လက်ထပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံခွင့်မရှိတဲ့ အချက်ကိုလည်း ထောက်ပြ သွားပါတယ်။

ပါမောက္ခ ဒေးဗစ်စတိန်းဘတ်ကလည်း စစ်တပ်အနေနဲ့ သူ့သြဇာကို အားနည်းသွားအောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတဲ့ အချက်နဲ့ ဒီအခြေခံဥပဒေဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ပုံစံတစ်မျိုးနဲ့ ဆက်လုပ်တာဘဲဆိုတာကို အသိအမှတ် ပြုသွားပါတယ်။ သူက စစ်တပ်ထဲမှာ အခြေခံဥပဒေဘောင် အတွင်းမှာ အာဏာကျင့်သုံးပုံနဲ့ ပတ်သက်ပြီး ပြောင်းလဲလိုတဲ့သူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ ဒါက သိပ်ပြီးဖြစ်နိုင်ချေမရှိလှဘူးလို့ ကောက်ချက်ချ သွားပါတယ်။

၁၆ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက် ခေတ်ပြိုငclick here

  • မြန်မာအပေါ် ကုလအရေးယူရေး တောင်းဆိုချက်ကို CSW ကြိုဆို ခေတ်ပြိုငclick here

  • ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခြင်းမဟုတ်ဟု မစ္စတာဂမ်ဘာရီ ငြင်းဆို ခေတ်ပြိုငclick here

  • လှိုင်သာယာမြို့နယ်မှာ သုံးရေ အရည်အသွေးစစ်ဆေးရန်လိုအပ် ခေတ်ပြိုငclick here

  • မန္တလေးရတနာပုံဈေးနှင့် မီးအာမခံကြေး အရှုပ်တော်ပုံ ခေတ်ပြိုငclick here

  • စီအန်ဂျီ ခွဲတမ်း လျှော့ချ ခေတ်ပြိုငclick here

  • ဒေါ်အောင်ဆန်းစုကြည်၏ ၁၃ နှစ်ကြာ ထိန်းသိမ်းခံရမှု ဆန့်ကျင်ဆန္ဒပြပွဲ မဇ္ဈိမ click here

  • ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခြင်းမဟုတ်ဟု ဂမ်ဘာရီ ရှင်းလင်းရေးသား ဒီဗွီဘီ click here

  • မြန်မာနိုင်ငံမှ အဝတ်အထည်တင်သွင်းသော ကုမ္ပဏီကို သပိတ်မှောက်ရေး နှိုးဆော် အာရ်အက်ဖ်အေ click here

  • လေဘေးကြောင့် ပျက်စီးသော နိုင်ငံသားကဒ်ပြားများ အသစ်ပြုလုပ်ရန် ငွေတောင်းနေ အာရ်အက်ဖ်အေ click here

  • နိုင်ငံရေးအမှုများ၏ တရားလို ရဲမှူး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် အာရ်အက်ဖ်အေ click here

  • ကျောင်းသားခေါင်းဆောင်များ မိမိတို့ရပိုင်ခွင့်ကို တရားသူကြီးထံ ကိုယ်တိုင်တောင်းဆို အာရ်အက်ဖ်အေ click here

  • ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်၍ ရခိုင်ဒီချုပ် အရွေးခံမည်မဟုတ် ဒီဗွီဘီ click here

  • ဆုတောင်းပွဲလုပ်ခြင်းသည် သူပုန်ထခြင်းမဟုတ်၍ ကြောက်စရာမလိုဟု ဦးဝင်းတင် ပြော ဒီဗွီဘီ click here

  • ရှားပါးကျားများမြန်မာပြည်မှာ အရောင်းအ၀ယ်ဖြစ် - ဗွီအိုအေ click here

  • Dulac နို့မှုန့်များ အစားထိုးကုန်နှင့် လဲပေးနေ - မဇ္ဈိမ click here

  • ရခိုင်ပြည်နယ် မြို့တော်မှာ လုံခြုံရေး ထူထပ် - မဇ္ဈိမ click here

  • မြန်မာနိုင်ငံအတွက် လုပ်နိုင်သမျှ လုပ်မည်ဟု ဗြိတိန်က ကတိပြု - မဇ္ဈိမ click here

  • အိန္ဒိယ-မြန်မာ နယ်စပ်မှ နောက်ထပ် ကုန်သွယ်ဂိတ်များ အကျိုးရှိနိုင်မည်လား - မဇ္ဈိမ click here

  • အဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များ တရားခွင်တွင်ကြားနာခွင့်ရရန် စာရေးတောင်းဆို - ဧရာဝတီ click here

  • တရုတ်ပြည်ထုတ် နို့နှင့်လုပ်သောမုန့်များ ရန်ကုန်ဈေးကွက်အတွင်း တွင်ကျယ်နေ - ဧရာဝတီ click here

  • ချင်းပြည်နယ်တွင်း အစားအစာအခမဲ့ မဖြန့်ဝေရန် အာဏာပိုင်များ အမိန့်ထုတ် - ဧရာဝတီ click here

  • သီတင်းကျွတ် အထိမ်းအမှတ် ကာတွန်းမီးထွန်းပွဲတော် မဲဆောက်တွင်ကျင်းပ - ဧရာဝတီ click here

  • ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရောက်ရှိရန် ပြည်ပလေကြောင်းလိုင်းများအား တိုက်ရိုက်ဆင်းသက်စေသင့် မြန်မာဖိုရမ်ီ click here

  • ခရီးသွားနယ်ပယ်သစလျှက်တစ်ပြက် click here

  • တတိယတစ်ခေက် ဂပနသို့ လျှက်တစ်ပြက် click here

  • မြန်မာ-တရုတ်သတင်းလမ်းခင်းခဲ့ပြီ လျှက်တစ်ပြက် click here

  • ကွန်ပျူတာတပ်ဆင်ကျွမ်းကျင်မှုပြိုင်ပွဲ ကျင်းပမည် ၀ိကလီးအလဲဗင်း click here

  • မြန်မာနိုင်ငံမှဆန်တန်ချိန်တစ်သိန်း နှစ်စဉ်ပုံမှန်ဝယ်ယူသွားရန် ဘင်္ဂလားဒေ့ရှ်ကမ်းလှမ်း ၀ိကလီးအလဲဗင်း click here

  • ၂၀၀၉ ခုနှစ်တွင် ဂျပန်နိုင်ငံတွင်းသို့ Work Permit ဖြင့် တရားဝင်လုပ်ကိုင်ကြမည့်သူများအား ဘာသာစကား ကျွမ်းကျင်မှုအဆင့်ပါ ထည့်သွင်းစဉ်းစားသွားမည်ဟုသိရ ၀ိကလီးအလဲဗင်း click here

  • စကု(ဇဂု)ဟုခေါ်ပါသည် မြန်မာတိုင်းမ် click here

  • ယခုနောက်ပိုင်းလူကြိုက်များလာသောဈေးဝယ်စင်တာပါသည့်ကွန်ဒိုများ မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.