Friday, October 17, 2008

[မိုးဦးဝေလွင်] 2 New Entries: ခံစားချက်(၂)

ခံစားချက်(၂)

ဘဝတွေကခါးလှတယ်
ငတ်တလှည့် ပြတ်တလှည့်နဲ့
ကျပ်မပြည့်တဲ့ ကလေးလိုပဲ
ဟိုနားရနိုး ဒီနားရနိုး
တမနက်လေးဖြည့်ဖို့အရေး
ခြေအစုံမှာမတ်မတ်တေးပြီးတော့
ရင်အစုံမှာပျို့အန်ရတယ်။

တဝမ်းလှဖို့အရေး
မာနကိုချိုးနှိမ်လို့
အရှက်အကြောက်ရယ်ကင်းစွာနဲ့
နေရောင်ကို တိမ်ဖုံး
ခံပြင်းစရာတွေ
ဟန်တင်းထားတာကလည်းအများသား။

မိုးလင်းတိုင်း
ဗိုက်ထဲက တကြုတ်ကြုတ်နဲ့
မနက်ခင်းရဲ့ ငှက်ကျေးသီတံကလည်း
ငရဲမင်းမှ စစ်ခင်းသံအလား။

မှောင်တိမဲတိုက်
မဲမဲလမ်းတလျှောက်
ဘေးဘီရာဝယ်
ဆီးမီးလင်းရောင်
ဟိုတကွက် ဒီတကွက်
ထွန်းဆီငြီး၏
လမ်းမီးတိုင်လည်းတိုင်တာရှိ၏
မှောင်အတိပြီး၏
ကြယ်လရောင်ဖြင့်
လင်းရရှာသည်
ဩော် ဟိုမြို့ကြီး၏
ထိုထိုလမ်းများတချို့။

အပြောအတွက်ကတော့
စောမထွက်နဲ့
ဗျော်တော်ဗျင်း
ဗျင်းတော်စံရလိမ့်မယ်
အပြောတချက်နဲ့
အသက်စောစောထွက်လို့
နောင်မကြဉ်ခင် အရင်ခံရလိမ့်မယ်
ဒါတောင်မှ ဥပမာတဲ့လား။

ရှိပေမယ့်မရှိယောင်လုပ်
မသိပေမယ်သိယောင်ဆောင်
ဝူးတူးဝါးတားနဲ့
အရူးကပွဲများ အောင်မေ့လေသလား
ဘေးနားက အဖေတရုတ်
ကုလားက ပါလိုက်သေး
ရှိသမျှဟာ သွေးစုပ်
အခွံတောင်ကျန်ပါ့မလား။

ပေးသမျှချွေးနဲ့
နွားလုံးလုံးတာဖြစ်
နွားဆွဲမှ ထွန်ကျူးရမယ်
ထွန်နစ်တော့ ရင်သာပစ်ခံလိုက်တော့
ထွန်အသစ်က ပုံပြင်လိုဖြစ်နေတဲ့
ရွှေရောင်တိုင်းပြည်လား။

//ဒီမှာတင်ရပ်နားခွင့်ပြုပါ ကဗျာကတော့ဆုံးသွားပြီရယ်လို့တော့မဟုတ်ပါ..ဆက်ရေးဖို့အားမရှိတော့လို့ပါ//

သူမနှင့်အမှတ်တရလေးများ

မြောက်ပြန်လေလာတဲ့အခါ
သူ့မရဲ့ရနံ့စူးစူးတွေက
ကျွန်တော်အတွေးထဲ ဝင်လာတယ်။

ညအခါလမင်းကြီးသာတဲ့အခါ
သူမရဲ့နူးညံ့တဲ့မျက်နှာက
ကျွန်တော်အာရုံကိုဖမ်းစားထားတယ်။

တခါတလေ ညညကြရင်
အသက်မဲ့စွာတွေဝေမိတဲ့အခါ
သူမရဲ့ချစ်တယ်ဆိုတဲ့အသံတွေ
နားထဲက မထွက်ဘူး။

ဟိုတနေ့မိုးရွာတုန်းက
သူနဲ့စတွေ့တဲ့နေ့က ရင်ခုန်သံကို
ပြန်ကြားမိတယ်။

သူမနဲ့ရှိခဲ့တဲ့အတိတ်ပုံရိပ်တွေ
မှန်သမျှကျွန်တော့်ဆီမှာ
ရှိတယ်..အမှတ်ရတုန်းပဲ။

ဒါပေမယ့်
အဲဒီအရာတွေက ကျွန်တော်နဲ့
စိမ်းကားနေသလိုပဲ..
သူမကကော….
သူမကတော့ စိမ်းခဲ့တာ ကြာရောပေါ့။
ဖြိုးဝေတိုး ၁၇.၁၀.၀၈

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.