Friday, October 17, 2008

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 2 New Entries: အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက်

အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက်

မြင့်မိုးဇော်/၁၆ အောက်တိုဘာ ၂၀၀၈။ ။
အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လူငယ်ဆိုင်ရာ ဆုံးဖြတ်ချက်ကို သဘောမတူသည့် အတွက် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး ယနေ့ အဖွဲချုပ်သို့ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင်များက နုတ်ထွက်လွှာတင်သွင်းချိန်တွင် မြို့နယ်လူငယ်များ၏ သဘောထား ကိုပါ အန်အယ်လ်ဒီသို့ တင်သွင်းခဲ့သည်ဟု တွံတေးမြို့နယ်မှ ကိုနေခြည်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထား မပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့နုတ်ထွက်ရာတွင် ပါဝင်သည့် လူငယ်တဦးဖြစ်သူ ကိုနေခြည်ဝင်းက "ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ လူငယ်အများစုရဲ့ သဘောထားမပါဘဲ ဖွဲ့စည်းရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီးပြုလုပ်မယ်ဆိုရင် နုတ်ထွက် မယ်ဆိုတာ ကြိုတင်အသိပေးခဲ့ပါတယ်။ အဲဒီလို တင်ပြခဲ့ပေမယ့် ကျနော်တို့ကို အခုကြေညာချက်ထွက်သည်အထိအောင် မည်သည့်သဘောထားမှ တင်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ကြိုတင်အသိပေးထားတဲ့အတိုင်း အခုလို နုတ်ထွက် တာပါ" ဟု ရှင်းလင်းပြောကြားသည်။

သို့သော် အန်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ၎င်းတို့နှစ်ဦး ထုတ်ပြန်သည့်အမိန့်ကို လိုက်နာသင့်ကြောင်း အန်အယ်လ်ဒီ အလုပ်အမှုဆောင်တဦးဖြစ်သူ ဦးလွန်းတင်က ပြောသည်။

"၁၉၉၅ ခုနှစ် အမျိုးသားညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နုတ်ထွက်လာပြီးနောက်မှာ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရှေ့ဆက်ပြီး အာဏာပိုင်တွေရဲ့ ဘယ်လိုဖိဆီးနှိပ်စက်မှုမျိုးကို ခံရဦး မလဲဆိုတာ မသိနိုင်တာကြောင့် အဲဒီကတည်းက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလည်း ပြင်ဆင်တဲ့ အနေနဲ့  ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့တယ်။ ဒီအာဏာဟာ စစ်ရေးအရ ပြောရမယ်ဆိုရင် အမိန့်ပေးနိုင်တဲ့ အာဏာပင်ဖြစ်တယ်။ ဒီ (၂) ယောက်ဟာ စစ်တပ်မှာဆိုရင် အမိန့်ပေးနိုင်သူ (ကွန်မန်ဒါ) များပင်ဖြစ်တယ်။ သူတို့ ပေးလာတဲ့အမိန့်ဆိုရင် လက်ခံပြီးဆောင်ရွက်ပေးရမှာ ဖြစ်သလို အမိန့်ကို မလိုက်နာသူတွေကိုလည်း အရေးယူရမှာဖြစ်တယ်။ အခုလည်း ဥက္ကဋ္ဌအနေနဲ့ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ စီမံဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ လိုက်နာရမှာဖြစ်တယ်" ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ချုပ်က အောက်တိုဘာ (၁၅) ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်တွင် လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးပြီး ယခင်ကရှိခဲ့သည့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့စည်းရေး တာဝန်ခံများကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးသည့်ကိစ္စမှာ လူငယ်အများစု သဘောထားကို မယူဘဲ ဆုံးဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းမြို့နယ်လူငယ်များ၏ သဘောထား

လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှ မျက်ကွယ်ပြုခဲ့ခြင်းကြောင့် ဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်မှ နုတ်ထွက်ခြင်း

(၁) ၂၉-၇-၂၀၀၈ နေ့တွင် မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လူငယ်ပေါင်း (၄၅) ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အရေးကိစ္စများတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထားမပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြပြီးဖြစ်သည်။

(၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ ထိုတင်ပြချက်အား လက်ခံရရှိကြောင်း အသိအမှတ်ပြုစာကို (၂၉-၇-၂၀၀၈) ရက်နေ့က ရရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

(၃) ၁-၈-၂၀၀၈ ရက်နေ့က ပြုလုပ်ခဲ့သော မြို့နယ်လူငယ်များ၊ ဆက်သွယ်ရေးလူငယ်များနှင့် လူငယ်ပြန်လည် ဖွဲ့စည်းရေး အဖွဲ့ အစည်းအဝေးတွင် လူငယ်များဆန္ဒကို မမေးမြန်းဘဲ လူငယ်ဖွဲ့ စည်းပုံအတွင်း မည်သည့်ပြုပြင် ပြောင်းလဲမှုကိုမှ မပြုလုပ်ရန် လူငယ်များက တင်ပြခဲ့ကြသည်။

(၄) ထို့အပြင် ၁၁-၉-၂၀၀၈ နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဆောင်ကျင်းပသော အစည်းအဝေးတွင် တက်ရောက်ဆွေးနွေးကြမည့်သူ (၁၄) ဦးထံသို့ လူငယ်များဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေး တစုံတရာ ပြုလုပ် မည်ဆိုပါက မြို့နယ်လူငယ်များ အများစုအနေဖြင့် သဘောထားပေးလိုကြောင်း မြို့နယ်ပေါင်း (၁၁) မြို့နယ်နှင့်  လူငယ်လုပ်ငန်းအဖွဲ့ဝင်စုစုပေါင်း (၃၁) ဦးတို့ မှ လက်မှတ်ရေးထိုး အသိပေးခဲ့ကြသည်။

(၅) အစည်းအဝေးကျင်းပနေစဉ်တွင် ဥက္ကဋ္ဌအား သဘောထားပေးလိုသော လူငယ်များ စောင့်ဆိုင်းနေသည်ကို အစည်းအဝေးတက်ရောက်သူများမှ တင်ပြခဲ့သော်လည်း ဥက္ကဋ္ဌမှ ပယ်ချခဲ့သဖြင့် အဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ် တရပ် ဖြစ်သော "အပြန်အလှန်လေးစားလိုက်နာရေး" ဆိုသည့် အချက်နှင့် ဖွဲ့စည်းပုံမူကြမ်း စာအုပ်၊ စည်းကမ်းချက်များ (အခန်း-၅) အပိုဒ် (၁၀)၊ အပိုဒ်ခွဲ(ဂ) ပါ "ဆုံးဖြတ်ချက်တိုင်းသည် ဒီမိုကရေစီနည်းလမ်းဖြင့် အများသဘောတူ ဆုံးဖြတ်ချက်မျိုးသာလျှင် ဖြစ်စေရမည်" ဆိုသည့်အချက်တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် မထီမဲ့မြင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(၆) ထိုသို့ အဖွဲ့အစည်းအတွင်းမှာပင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှုကို မလိုလားသော ခေါင်းဆောင်တဦးသည် ဗမာပြည်နိုင်ငံရေးတပ်ဦးတွင် ရှိနေသော်လည်း ပြည်သူလူထုတရပ်လုံး၏ လိုလားမှုကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ဟု ယုံကြည်သဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်မှု အောက်မှ အောက်ပါအဖွဲ့ ချုပ်လူငယ်များက နုတ်ထွက် လိုက်သည်။

Sources: http://www.newskhitpyaing.co.cc/?p=377

ပြည်ပအလုပ်အလုပ်အကိုင်ရှာဖွေကြသူတို့အကြောင်း ( ၁ )



















အောင်ပန်

ယနေ့ နအဖ အစိုးရရဲ့ညံ့ဖျင်းလှသော စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု၊ သူရဲဘောကြောင်စွာနိုင်ငံရေးတင်းမာမှုတို့ကြောင့် မြန်မာနိုင်ငံသားတို့ရဲ့ ဘ၀ရပ်တည်နေထိုင်နိုင်ရေးမှာကြီးမားသောဒုက္ခဖြစ်နေကြရသည်။ ပြည်တွင်းပုဂ္ဂလိလုပ်ငန်းများဆက်လက်ရပ်တည်လုပ်ကိုင်နိုင်ရန်ခက်ခဲလာမှု
တို့ကြောင့်မြန်မာနိုင်ငံသားအများစုမှာပြည်ပ သို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်နည်းအမျိုးမျိုးဖြင့် ကြိုးစားလာကြသည်မှာယနေ့အဆိုးရွားအခြေအနေသို့
ရောက်ရှိနေသည်။ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက်ကြိုးစားနေကြသူများမှာ နေ့စဉ်နှင့်အမျှ ရန်ကုန်မြို့ပန်ဆိုးတန်းလမ်း၊ဆိပ်ကမ်းသာလမ်း
တ၀ိုက်တွင် ကြိတ်ကြိတ်တိုးစည်ကားနေသည်မှာ ယနေ့ နအဖ လက်ထက် နိုင်ငံစီးပွားရေးပြယုတ်တခုဖြစ်ပေသည်။
မြန်မာနိုင်ငံသားအများစုသည် ပင်ကိုယ်သဘာဝအားဖြင့် မိမိမွေးရပ်ကို ခင်တွယ်သူများဖြစ်ကြသော်လည်း လက်ရှိစီးပွားရေးအခြေအနေဆိုးကြီးမှလွတ်မြောက်
နိုင်ရန်အတွက် ပြည်ပတွင်ရရာအလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ လိုင်စင်မရှိပွဲစားများ ထံမိမိတို့ရှေ့ရေးအတွက်
ဝကွက်အပ်ကြရပေသည်။ အများစုမှာ ၀န်ဆောင်ခဈေးမကြီးလှဘဲ အလုပ်သမားအများအပြားခေါ်ယူသော မလေးရှားနိုင်ငံသို့သွားရောက်လုပ်ကိုင်သူတို့မှာ
အများစုဖြစ်ပေသည်။ ထိုသို့သွားရောက်ခဲ့ကြသူများ၊သွားရောက်ရန် စာရင်းသွင်းထားသူအများစုမှာ အညာကျေးလက်မှလူငယ်အများစုဖြစ်နေပေသည်။

ထိုလူငယ်များမှာ မိမိကျေးရွာတွင်ဆက်လက်လုပ်ကိုင်စားသောက်ရန်အလွန်ခက်ခဲလာခြင်း၊ထို့အပြင် အဓမ္မလုပ်အားပေးစေခိုင်းခြင်းစသော အကြောင်းအမျိုးတို့ကြောင့်
ဒေသခံ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၏ လက်ဝေခံပွဲစားများဖြင့်ဆက်သွယ်ကာသွားရောက်ခဲ့ကြခြင်းဖြစ်ပေသည်။ ထိုသို့ပြည်ပသွားရောက်အလုပ်နိုင်ရန်အတွက် ၀န်ဆောင်ခပေးကြရသည်။ ရန်ကုန်ရှိ အေ၈ျင်စီများ၏ ရုံးခန်းအတွင်း မလေးရှားနိုင်ငံအတွက်ဝန်ဆောင်စရိတ်မှာ
လေယာဉ်လက်မှတ်အပါအ၀င် အမေရိကန်ဒေါ်လာ ၆၅၀ နှင့်ညီမျှသော မြန်မာကျပ်ငွေသာဖြစ်သော်လည်း ဒေသခံပွဲစားများကတော့ အနည်းဆုံးဝန်ဆောင်ခ ၁၀သိန်း
မှ ၁၅သိန်းထိရ ယူနေကြသည်။ အများစုမှာလယ်ပေါင်၊နွားရောင်း၊ချေးငှားပေးကြရသည်။ တချို့ဆိုလျင် ၂၀% အတိုးဖြင့်ချေးငှားခဲ့ပြီးဝန်ဆောင်ခပေးကြရသည်။

ထိုသို့ဝန်ဆောင်ခပေးပြီး မလေးရှားရောက်သွားသူများရှိသလို ကြားခံပွဲစားများ၏ လိမ်ညာမှုကြောင့်ပြည်ကိုမရောက်ရဘဲမိသားစုဘ၀ပျက်ကြရတာတွေလည်းအများ
အပြားရှိပေသည်။ ရောက်ရှိသွားကြသူများမှာလည်း မိမိလုပ်ကိုင်လိုသော၊မြန်မာပြည်မှ အေးဂျင့်ကအာမခံလိုက်သော အလုပ်များကိုလုပ်ကိုင်ကြရသည်မဟုတ်ဘဲ
မလေးရှားအေးဂျင့်များပို့ဆောင်သော အလုပ်ခွင်သို့သာဝင်ကြရသည်။ ထိုသို့မိမိေ၇ာက်ရှိသော အလုပ်ရှင်၏ လူသားပီသစွာဆက်ဆံခံရသည်များနှင့်ကြုံရရင်တော့
ကံကောင်းသူများဟုမှတ်ယူရပေသည်။ တချို့မှာ အလုပ်ရှင်၏ မတရားခိုင်းစေခြင်းခံကြရသည်။ ရရှိသောလုပ်ခလစာမှာလည်း အသုံးအဖြုန်းအသောက်အစားမရှိပါမှ
မိမိ မိသားစုထံ ဒေါ်လာ၁၀၀၊ ၁၅၀နှင့်ညီမျှသောငွေကိုသာပို့နိုင်ကြသည်။ မိမိကိုယ်ပိုင်ငွေးကြေးဖြင့် သွားရောက်လုပ်ကိုင်သူများအတွက် အဆင်ပြေသည်ဟုပြောနိုင်
သော်လည်း၊ ငွေ ၁၀၀ ကို ၂၀ တိုးဖြင့် ချေးငှားရောက်သွားသူများအဖို့အတိုးသံသရာတွင်လည်နေပြီးပြည်တွင်းတွင်ကျန်ရစ်ခဲ့သော မိသားစုဝင်ရော၊ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူရော အဆင်မပြေမှုများစွာကြုံတွေ့နေကြရသည်။

မလေးရှားတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော မြန်မာအများစုမှာ မလေးရှားအစိုးရကိုပေးရသောလဲဗီးကြေး၊မိမိစားစရိတ်၊အသုံးအဆောင်စရိတ်၊မြန်မာပြည်တွင်းရှိ
မိမိသားစူဝင်များထံငွေပြန်ပို့ခြင်းစ သည်တို့ကြောင့် မြန်သံရုံးထံအခွန်မှန်မှန် မပေးဆောင်နိုင်ကြတော့ဘဲ၊ မိမိတို့ပါတ်စ်ပို့ကိုတရားဝင် မဟုတ်သော ပြင်ပပါတ်စပို့
အတုဂိုဏ်းများဖြင့် သာ သက်တမ်းတိုးတုံးများပြုလုပ်ထားခြင်းတို့ကြောင့် မိမိတိုင်းပြည်ကို တရားဝင်ပြန်မ၀င်ကြတော့သူများဖြစ်နေကြသည်။ထိုသူများ၏ပြောပြချက်မှာ
မိမိရပ်ရွာဒေသပြန်လျှင်လည်း အလုပ်မရှိခြင်း၊မိမိအနေနဲ့ယ္ခုဒီမှာလုပ်နေတာကမှ ၃လတခါငွေပို့နိုင်သေးတယ်။ အကယ်၍ မိမိတိုင်းပြည်ပြန်မည် ဆိုရင် အခွန်မပေးမှု၊
တရားမ၀င်ပါတ်စပို့ပြင်ဆင်တို့ဖြင့်ဖမ်းဆီးခံရမည်။ ပြန်ဖြစ်ခဲ့ရင်လည်း လူမှောင်ခိုဂိုဏ်းများဖြင့်ဆက်သွယ်ပြီး မလေးရှားနယ်စပ်၊ထိုင်းနယ်စပ် တို့မှ တရားမ၀င်ပြန်ရမည်ဖြစ်ကြောင်းပြောပြသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်သို့သွားရာ အဝေးပြေးလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ၊စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားမရှိသော ဆိုင်မှာအတော်ရှားလှပေသည်။မလေးရှားနိုင်ငံတွင်ရောက်ရှိလုပ်ကိုင်နေသောမြန်မာအများစုမှာ စက်ရုံလုပ်သားများ၊ခြံလုပ်သားများ၊ဆောက်လုပ်ရေးလုပ်သားများ
အဖြစ်လုပ်ကိုင်ကြရသည်။ စားသောက်ဆိုင်၊ဈေးဆိုင်များလုပ်ကိုင်ကြရသူတို့မှာအဆင်ပြေသည်ဟုပြောရပေမည်။

ယ္ခုကဲ့သို့သွားရောက်ကိုင်သူများမှာ တရားဝင်မှတ်ပုံတင်ထားသောရန်ကုန်မြို့ရှိ အလုပ်အကိုင်ရှာဖွေရေးအေ၈ျင်စီများကိုဝန်ဆောင်ခပေးခဲ့သူများအကြောင်းဖြစ်သည်။
ထို့အပြင်မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဟုတကြော်ကြော်ဟစ်ကြွေးနေကြသော စစ်တပ်မိသားစုပိုင် စစ်မှုထမ်းဟောင်းများအဖွဲ့၊မြ၀တီအမည်ဖြင့်ဝန်ဆောင်ခယူ
ကာ မြန်မာလူငယ်များကိုပို့ဆောင်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ထိုစစ်မှုထမ်းဟောင်းအဖွဲ့နှင့်ဆက်သွယ် ရောက်ရှိသွားကြသောမြန်မာလုပ်သားများမှာအခြားပုဂ္ဂလိ
ကအေးဂျင့်များဖြင့် ရောက်ရှိသွားသူများထက်ထူးခြားသောအခွင့်အရေးများမရရှိသည့်အပြင် ပိုမို၍ အဆင်မပြေကြောင်းပြောပြကြသည်။ထိုသူများမှာ မြန်မာသံရုံအား
အခွန်အပြည့်ပေးဆောင်ရခြင်း၊မိမိအိမ်သို့ငွေလွှဲလိုလျင် လွှဲခ ပိုမိုခြင်း၊ လစာနည်းပြီး ကြမ်းတမ်းသော အလုပ်များသာဖြစ်နေခြင်း တို့ကြောင့် မြန်ပြည်သို့စာချုပ်ပြည့်
လျင် ပြန်သွားကြပြီး၊ပုဂ္ဂလိကအေးဂျင့်များနှင့်ဆက်သွယ်ကာပြန်ရောက်လာကြသူများလည်းရှိသည်။

မလေးရှားနိုင်ငံသို့သွားရောက်လုပ်ကိုင်သူများကို အေဂျင်စီများကစုဆောင်းထားပြီး မလေးရှားအေဂျင်စီ
ကိုယ်စားလှယ်များ ရန်ကုန်သို့လာပြီးအင်တာဗျူးကြသည်။
ထိုသို့အင်တာဗျူးရာတွင် မလေးရှားကိုယ်စားလှယ်များက တရက်လျင်လူ ၂၀၀ခန့်အင်တာဗျူးပြီး၊ မေးခွန်းဟူ၍ သိပ်မမေးဘဲ အင်တာဗျူးခံရသူတို့မှာ ပုဆိုးခါးတောင်း
ကျိုက်ပြ၇သည်။ လက်ချောင်းများဆန့်ပြ ကွေးပြရသည်။သဘောမှာ ကိုယ်ခန္ဒာ ကောင်းမကောင်းစစ်ဆေးခြင်းသာဖြစ်သည်။ထိုသို့အင်တာဗျူးနေသူများဘေးမှဘာသာ
ပြန်ပေးနေသူများမှာ စစ်အရာရှိအငြိမ်းစားများကိုတိုင်ပင်ဖြစ်သည်။ လက်ရှိ အာဏာရ စစ်အရာ၇ှိများက တိုင်းပြည်ရဲ့သယံဇာတများကိုလက်ညှိုးထိုးရောင်းစား နေကြသလိုစစ်မှုထမ်းဟောင်းများ၊လက်ရှိစစ်အရာသားသမီးများလည်း နိုင်ငံလူသားရင်းမြစ်တွေကို ရှေးအခါက ဥေ၇ာပမှာရှိခဲ့တဲ့ ကျွန်ရောင်းဝယ်ပုံအတိုင်း စီးပွားရှာနေကြကြောင်းတင်ပြလိုက်ရပါတယ်။

(ယ္ခုလ ၅ ၇က်နေ့က တူ၇ကီနိုင်ငံအတွင်းကားမှောက်မှုတွင် တရားမ၀င်ခိုးဝင်လာသော မြန်မာနိုင်ငံသားအပါအ၀င် ၁၈ဦးသေဆုံးခြင်း၊ ဧပြီလ၉ ၇က်နေ့က
ထိုင်းနိုင်ငံအတါင်းခိုးဝင်ခဲ့သော အအေးခန်းကားအတွင်း မြန်မာ၅၄ ဦးသေဆုံးခဲ့ရခြင်း စသောသတင်းများဖတ်ရပြီး ယ္ခုဆောင်းပါးကိုရေးသား၇ခြင်းဖြစ်ပါတယ်။)

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.