Friday, October 17, 2008

[Htoo Myat] 1 New Entry: Google pages အသုံးပြု၍ Blogger အတွက် file တင်ခြင်း

Google pages အသုံးပြု၍ Blogger အတွက် file တင်ခြင်း

ဒီနေ့ blogger အမ တစ်ယောက်က Blog မှာ ဖိုင်တင်ဖို့ အကြောင်း မေးတော့ ကျနော် အဲဒီနည်းလေး ပြောပြ ဖြစ်ပါတယ်။ ဂျီတော့ခ် ပေါ်ကနေ တစ်ဆင့် သဘောပေါက်အောင် ပြောရတော့ အနည်းငယ်တော့ ရွာပတ်ပါတယ်။ သို့သော်ငြားလည်း နောက်ဆုံးမှာတော့ အောင်မြင်သွားပါတယ်။

အဲလို ပြောပြရင်း ကျနော် တွေးမိတာက ကျနော့်တုန်းကဆို (အဲဒီတုန်းက Native Myanmar forum မှာ) ကျနော် အကို တစ်ယောက်ကို ဖိုင်တွေကို မပျောက်မပျက်ဘဲ အလကား ဘယ်မှာ တင်လို့ရမလဲလို့ မေးတော့ Google Pages မှာ တင်လို့ ရမယ်လို့ ပြောသွားတယ်။ ကျနော့်တုန်းကဆို တကယ့်ကို အဲဒီ တစ်ခွန်းပဲ ပြောပြသွားတာပါ။ အဲဒီ တစ်ခွန်းနဲ့ပဲ ကျနော့်မှာ ကလိ ကလိရင်း တတ်လာတာ ဖြစ်ပါတယ်။ အခု ဒီပိုစ့်မှာ ကျနော် တစ်ခွန်းထက် ပိုပြောပြဖို့ အစီအစဉ်ရှိပါတယ်။



ကျနော်တို့ Google page creator (or) Google pages ကို ၀င်ချင်တယ်ဆို http://pages.google.com/ဟု ရိုက်ထည့်၍သော် လည်းကောင်း၊ Google မှာ Google pages လို့ ရိုက်ရှာခြင်းဖြင့် လည်းကောင်း လွယ်လင့်တကူ ၀င်ရောက် အသုံးပြုနိုင်ပါတယ်။ Blogger သမားများအတွက် တူညီသော G-mail account ဖြင့်ပင် ၀င်ရောက် အသုံးပြုနိုင်ပါတယ်။

Google page creator မှာ sign in လုပ်လိုက်ရင် တခါမှ မသုံးဖူးသေးဘူး ဆိုပါက Introduction က အရင် လာပါမယ်။ အဲဒါကို အချိန်ကုန်ခံ ဖတ်မနေပါနဲ့။ ကျော်လိုက်ပါ။


Google pages ဟာ လုပ်ရ ကိုင်ရတာ သေလုမြောပါး လွယ်ကူ၊ Page တွေ အများကြီးကို website တစ်ခုလို ကိုင်နိုင် သော်ငြားလည်း ဒီဇိုင်းမကောင်းတာရယ်၊ Url သို့ Address က ရှည်လျား ခက်ခဲတာရယ်ကြောင့် အသုံးပြုသူ နည်းတယ်လို့ ထင်ရပါတယ်။ ခများလည်း အသုံးပြုချင်မှာ မဟုတ်ပါဘူး။

နောက် အထဲ ရောက်သွားရင် အောက်ဖော်ပြပါ အတိုင်း မြင်ရပါလိမ့်မယ်။




အခုလို မြင်ရပြီဆိုရင် ကိုယ် Upload လုပ်ချင်တဲ့ အရာကို ရွေးချယ်ပြီး အဲဒီမှာ upload လုပ်နိုင်ပါတယ်။ Internet connection နဲ့ file size အပေါ် မူတည်ပြီး အချိန် ကြာပါလိမ့်မယ်။ လိုချင်တဲ့ file ကို တင်ပြီးပြီ ဆိုရင် ခေါင်းစဉ် မရှိသေးတဲ့ page ကိုနှိုပ်ပြီး ၀င်သွားပါ။ ပုံမှာဆို အိမ်ပုံလေးနဲ့ အ၀ါရောင် စာရွက်လေးကို မြင်ရနိုင်ပါတယ်။ အဲဒီ no title ကို နှိုပ်ပြီး ၀င်သွားပြီးပြီဆိုရင် အောက်ပါအတိုင်း ထပ်မြင်ရပါမယ်


အဲဒီမှာ ၀ိုင်းထားတဲ့ အနီရောင် အ၀ိုင်း နံပါတ် ၁က ကိုယ်တင်ချင်တဲ့ ဖိုင် နာမည်ကို လျာထားတဲ့ သဘောပါ။ အဲဒါလေးကို select (မျှားနဲ့ နောက်ပြီး အပြာရောင်လေး ဟိုက်လိုက် ဖြစ်သွားအောင် လုပ်ခြင်း) လုပ်ပြီး နံပါတ် ၂ ကို ကလစ်ခ်လိုက်ပါ။ အဲဒီနောက်မှာ... အောက်ပါ ပုံလေးထဲကအတိုင်း တစ်ခု တက်လာပါလိမ့်မယ်။


အဲဒီမှာ စက်ဝိုင်း ၁ အရ your files ဆိုတဲ့ဟာမှာ ကြည့်ပါ။ (အဲဒီက ကျန်တဲ့ ဟာတွေကို ရှင်းပြချင်တာ ပါးစပ်ကို ယားနေတာပါပဲ။ သို့သော်လည်း ဒီပိုစ့်နဲ့ သက်ဆိုင်တာပဲ ပြောကြတာပေါ့) နောက် နံပါတ် ၂ အရ ဖိုင်တွေ ရှိနေရင် ကိုယ် အဲဒီ လင့်ခ်မှာ တင်ချင်တဲ့ ဖိုင်ကို တင်ပါ။ အဲဒီအချိန်မှာ နံပါတ်၃ မှာ အဲဒီဖိုင်နာမည် ပေါ်ပါလိမ့်မယ်။ ခများ ပေ့ခ်ျမှာ ပေါ်စေချင်တဲ့ နာမည်ဖြစ်ပါတယ်။

အဲဒါကတော့ ဘာထည့်ထည့် ခများဟာ ခများ မှတ်လို့ရဖို့က လွဲပြီး အရေးမကြီးပါဘူး။ အဲဒီ အင်တာနက် စာမျက်ခွက်ကို အလှဆင်စရာလည်း မလိုပါဘူး။ လူတွေက အဲဒီပေ့ခ်ျကိုတောင် မရောက်လိုက်ပဲ ဖိုင်ကို တန်းဆွဲချနိုင်အောင် လုပ်မှာပါ။ နံပတ် ၄ ကတော့ အများသိကြတဲ့အတိုင်း အိုကေပါ။

နောက် အဲဒါ ပြန်ပိတ်သွားရင်ဖြင့် အပေါ်နားက Publish ကို နှိုပ်နိုင်ပါပြီ။ အဲဒီအခါမှ အဲဒီ ခလုတ်ဘေးက Preview ဆိုတဲ့ စာလေးက View Live ဖြစ်သွားပါမယ်။ အဲဒါလေးကို ညာဖက် ကလစ်ခ် နှိုပ်ပြီး new tab အဖြစ်နဲ့ ဖြစ်ဖြစ် New window နဲ့ဖြစ်ဖြစ် ဖွင့်လိုက်ပါ။ အဲဒီအခါမှာ စာမျက်ခွက်ကြီး တစ်ခုလုံးရဲ့ အလယ်မှာ ခများ တင်ထားတဲ့ ဖိုင်လင့်ခ်ကလေးပဲ အထီးကျန်စွာ တည်ရှိပါလိမ့်မယ်။ အဲဒါလေးကိုမှ ထပ်ပြီး ခုဏကအတိုင်း ညာဖက် ကလစ်ခ်နဲ့ ထပ်ဖွင့်လိုက်ပါ။ အဲဒီမှာ ဖိုင်လေး ကျလာတာကို ဂရုမစိုက်ပါနဲ့ အဲဒီ ပွင့်သွားတဲ့ ဘာမှ မရှိတဲ့ စာမျက်နှာ အပေါ်က လိပ်စာကို ကူးယူလိုက်ပါ။

ပြီးရင် Blogger က ဖိုင်တင်ချင်တဲ့ post ကို ပြန်လာနိုင်ပါပြီ။ ပိုစ့်ကို ပြန်ရောက်ရင် ထုံးစံအတိုင်း ဒီမှာ ဆိုတာလေး လုပ်ပေါ့။ ခများ လင့်ခ်ကို ဒီအတိုင်းပဲ တင်ပေးမယ် ဆိုလည်း ကျနော် မတားပါဘူး။ ဒါပေမဲ့ အင်တာနက်ရဲ့ ထူးခြားဆန်းကျယ် အံ့သြဖွယ်တွေထဲမှာ ဒီမှာ ယူရန် ဆိုပြီး ဖိုင်လေး ကျလာတာ ကလည်း တစ်ခု အပါအ၀င်ပါပဲ။ အခုတော့ ခများကိုယ်တိုင် တန်ခိုးရှင် ဖြစ်ပါတော့မယ်။ တန်ခိုးရှင်ဖြစ်ဖို့ အခွင့်အရေးကို လက်လွတ် မခံပါနဲ့... :)


အဲဒီ ဒီမှာ ဆွဲချပါလို့ ရေးထားတဲ့ အထဲက ဒီမှာကို Select လုပ်ပြီး အောက်ပါ ပုံမှာ ကျနော် အ၀ိုင်းလေး ၀ိုင်းထားတဲ့ အရာလေးကို ကလစ်ခ်ပါ။ အတော်များများက လင့်ခ်ပေးတာနဲ့ သိပြီးသား ဖြစ်မှာပါ။ ကျနော် မသိသူ ရှိနေမှာစိုးလို့ပါ။


နောက်ဆုံး အဆင့်အနေနဲ့ အဲဒီ ပွင့်လာမဲ့ လင့်ခ်ပေးဖို့ နေရာလေးမှာ ခများ ခုဏ ကူးယူလာတဲ့ စာမျက်နှာ အလွတ်က လင့်ခ်လေးကို ထည့်ပေးလိုက်ပြီး အိုကေနှိုပ်ကာ ပိုစ့်ကို အဆုံးသတ်၍ တင်လိုက်ပါ။ ထို့နောက် ပြန်စမ်းကြည့်၍ ဒီမှာ ဆိုသည့်လင့်ခ်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပါက အောင်မြင်ပါပြီ။

သင့် G-mail ရှိနေသ၍ အဆိုပါ ဖိုင်က တည်ရှိနေမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ 100MB ပြည့်ရင် နောက် အကောင့် တစ်ခု ထပ်ဖွင့်ပြီး လုပ်နိုင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.