Friday, December 26, 2008

[ဆိုးသွမ်း] 1 New Entry: အကောင်းဆုံးဟာသ

အကောင်းဆုံးဟာသ


ခင်ဗျားရဲ့ အမြင်တွေက
သိပ်ကို ရိုးစင်းလွန်းတယ်.......

ဒီအတိုင်းဆက်သွားနေရင်
တစ်နေ့တော့.....ခင်ဗျားလည်း ကျဆုံးရဦးမှာပဲ

ခင်ဗျားလည်း စာတွေဖတ်ဖူးမှာပေါ့
လောကမှာ အောင်မြင်ချင်ရင်
ဘယ်လိုမျက်နှာပေးမျိုး တပ်ဆင်ရတယ်ဆိုတာ

အဟဟဟ....
ဘာလည်း..." တရားမျှတမှု " ဟုတ်လား
ချာလီချက်ပလင်ပြီးရင် ၂၁ ရာစုအတွက် ခင်ဗျားက ရီစရာအကောင်းဆုံး
လူပဲ ဖြစ်လိမ့်မယ်

လိမ်သင့်တဲ့နေရာ လိမ်လိုက် ၊ ဖားသင့်တဲ့နေရာ ဖားလိုက်
မြှောက်ပေးသင့်တဲ့နေရာ မြှောက်ပေးလိုက်
မခေါ်ချင်တဲ့အခါ ၊ ကန်းနေသလိုသာ နေလိုက်

သဘောကတော့
ရေလိုက်...ငါးလိုက်ပေါ့.....ပေါက်တယ် မဟုတ်လား
သူတို့တွေ ပြောကြတယ် ၊ လုပ်နေကြတယ်
တကယ်တော့ အောင်မြင်ချင်ရင်
လောကမှာ
" မျက်နှာပြောင်တိုက်ဖို့ပဲ " လိုတယ်။

အော်...ကျန်သေးတယ် ကျန်သေးတယ်
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ်
လောကမှာ ဘယ်လိုပဲ ဆုံးဖြက်ဆုံးဖြက်
" ကိုယ့်လူကိုယ့်သား ၊ ကိုယ့်ဆွေမျိုးဆိုတဲ့ " လူတွေအတွက်
အရင်ကြည့်ပြီး ဆုံးဖြက်နေတဲ့သူတွေ ရှိနေသ၍

ခင်ဗျား...ကျဆုံးနေရဦးမှာပဲ


မှတ်ချက် ။ ။ ဘာမှ မဟုတ်ပါဘူး။ စာမရလို့ လျှောက်ရေးနေတာ။း) ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိင်ကြပါစေ။

http://s4.dancingsantacard.com/santa_yourself_3.aspx

http://www.dancingsantacard.com/?santa=4564239



You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.