Friday, December 26, 2008

[Sai Wunna] 3 New Entries: မြန်မာရုပ်ရှင်မင်းသမီးတဦး ဂျပန်နိုင်ငံတွင် ဒုက္ခသည်ခိုလှုံခွင့်လျှောက်

မြန်မာရုပ်ရှင်မင်းသမီးတဦး ဂျပန်နိုင်ငံတွင် ဒုက္ခသည်ခိုလှုံခွင့်လျှောက်

(မိုးသောက်ကြယ်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)
ဓာတ်ပုံ (အင်းသားဘ၀၊ အင်းသားအလှ ရုပ်ရှင်ဇာတ်ကားကြီးမှ)
မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဗီဒီယိုလောကတွင် နာမည်ကျော်ကြားခဲ့သည့် အနုပညာရှင် မင်းသမီးတဦးသည် ဂျပန် အစိုးရထံတွင် ဒီဇင်ဘာလဆန်းပိုင်းက ဒုက္ခသည်ခိုလှုံခွင့် လျှောက်လိုက်ကြောင်း သိရှိရသည်။ အသက် ၃၇ နှစ်ရှိပြီဖြစ်သော အဆိုပါမြန်မာရုပ်ရှင်မင်းသမီးသည် ဂျပန်နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရောက်ရှိခဲ့နေခြင်းဖြစ်ပြီး ဒီဇင်ဘာလဆန်းကျမှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်နာဂါဝရပ်ကွက်တွင် တည်ရှိသော ဂျပန်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုနိုင်ရန် ခိုလှုံခွင့်လျှောက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မည်သည့်အကြောင်းကြောင့် ယခုလို ဒုက္ခသည်လျှောက်သည်ဆိုတာကို မသိရှိရသေးသော်လည်း ဂျပန် ရောက် မြန်မာအသိုင်းအဝိုင်းများကြားထဲတွင် ယင်းကိစ္စနှင့်ပတ်သတ်၍ အနုပညာရှင်များ ဂျပန်နိုင်ငံသို့ ဖျော် ဖြေရေးအနေနှင့်လည်ကောင်း၊ အလည်ခရီးအနေဖြင့်လည်ကောင်း အကြိမ်ကြိမ်လာရောက်ဖူးကြသော်လည်း နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တဦးမှ ယခုလိုဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားခြင်းမျိုး ဘယ်ခေတ်အခါ ကမှ မရှိခဲ့ဖူးခြင်းကြောင့် လူပြောများနေလျက်ရှိသည်။

”အတော်အံသြမိတယ်ဗျ၊ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ ကိစ္စမျိုး ဂျပန်က မြန်မာအသိုင်းအဝိုင်းကြားထဲမှာ လာ ဖြစ်တာဆိုတော့၊ ဘယ်လိုပြောရမလဲဗျာ၊ ဒီမှာက ငွေရတာပဲရှိတာ၊ အစစအရာရာ ဆုံးရှုံးနစ်နာတယ်၊ အလုပ် ဆိုလည်း ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်မျိုး၊ အန္တရာယ်ရှိတဲ့ အလုပ်မျိုး၊ ညစ်ပတ်တဲ့ အလုပ်မျိုး အဲဒီလို အလုပ်သုံးမျိုးပဲ လုပ်ရတာလေ၊ အင်မတန်မှ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ရပ်တည်ရတဲ့ အခြေအနေမျိုးရှိ တဲ့ ဒီဂျပန်မှာလာပြီး ဒုက္ခသည်အဖြစ် လာလျှောက်လိုက်တာဆိုတော့ မြန်မာပြည်က အတော်အခြအနေဆိုး နေပြီလို့ပဲ ပြောချင်တယ်ဗျာ …” ဟု ဂျပန်နိုင်ငံတွင် အနေကြာသော မြန်မာလူမျိုးတဦးမှ ၄င်းအမြင်ကို ပြောပြ သည်။

နိုင်ငံရေးသမားတစ်ဦးကမှု ”အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှာ မြန်မာတွေ ဒုက္ခသည်အဖြစ် လျှောက်ကြ တယ်။ တချို့က စီးပွားရေးကြောင့်၊ တချို့က မြန်မာပြည် မပြန်ချင်လို့၊ တချို့က နိုင်ငံရေးလုပ်ချင်လို့ စသဖြင့်ပေါ့ နော်။ ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူအရပ်သားတဦး အနေနဲ့ကတော့ သိပ်မဆန်းပါဘူးဗျာ၊ သို့သော် အနုပညာ အသိုင်းအဝိုင်းက နာမည်ကြီး လူသိများတဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးက ဒီလိုလုပ်တာကတော့ ထူးဆန်တာ တော့အမှန်ပဲ။ သို့သော် ဘယ်လိုကြောင့်ပဲ လျှောက်လျှောက် ရှေ့ပိုင်းမှာ ဂျပန်မှာ ဒုက္ခသည်လျှောက်ပြီး တိုင်း ပြည်အတွက် လုပ်နေကြတဲ့ လူတွေအပေါ်ကိုတော့ လေးစားသမှုနဲ့ ကိုယ်ဘာကြောင့်လျှောက်တယ်၊ ပြည်တွင်း မှာ ဘယ်လိုအခက်ခဲမျိုးတွေ ကြုံလာတယ်ဆိုတာကို အများသိအောင် ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်၊ ဒါ မှလည်း နအဖရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ဂျပန်တွေရော မြန်မာတွေရော ပိုမိုသိမြင်လာပြီး နအဖစစ် အာဏာရှင်တော်လှန်ရေးမှာ ရုပ်ရှင်အနုပညာရှင်တွေပါ ထဲထဲဝင်ဝင် ပါလာပြီဆိုတာ အားလုံးတကမ္ဘာလုံးက ပါ သိမြင်လာမှာ”’ဟု ရှင်းပြသည်။

ယခုလို ဂျပန်လဝကထံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်လိုက်သည့် မြန်မာရုပ်ရှင်မင်းသမီးဆိုသူမှာ ‘ဟန် နီထွန်း’ ဖြစ်သည်။

ဝမ်းနည်းကြေကွဲခြင်း

ttn2

ကျွန်တော်တို့ ဘလော့ဂါ အစ်ကိုကြီးတစ်ဦးဖြစ်သည့် ကိုမျိုးချစ်မြန်မာ http://myochitmyanmar.org  ဖခင်ကြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနိုင်သည် အချိန်မတန်မှီ ကွယ်လွန်သွားပါသဖြင့်

မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း ….. ကိုမျိုးချစ်မြန်မာ ဖခင်ကြီး ဦးထွန်းထွန်းနိုင် ကောင်း၇ာ သုဂတိလားပါစေ  ……

စိုင်းဝဏ အဖွဲ့သားများ

အရေးကြီးထုတ်ပြန်ကြေငြာချက်

ငွန်ငယ်… အီးမေးအတွင်းသို့ ရောက်လာသော စာဖြစ်ပါတယ်။ဟုတ်မဟုတ် ဆိုတာ အသေချာတော့မသိပါ။မေးပို့ပေးသူကို ဖော်ပြခြင်း မပြု့သည်ကိုအားလုံးနားလည် လိမ့်မည်ဟုထင်ပါသည်။ဘာပဲဖြစ်ဖြစ် အားလုံးသိထား၊သတိထားရမှာပါ။

(စစ်အစိုးရကိုတော်လှန်နေသော ညီအကိုမောင်နှမများခင်ဗျာ..

စစ်အအစိုးရမှ ပြည်တွင်းရှိနိုင်ငံရေးလှုပ်ရှားသူများကို ဒုက္ခပေးသည်ကိုအားမရဘဲ ပြည်ပတွင်နေပြီးစစ်အစိုးရကိုတော်လှန်နေသော ညီအကိုမောင်နှမများကိုပါ ဒုက္ခပေးရန် အာဏာရူးကြီးသန်းရွှေ၏ခိုင်းစေချက်အရ ၀န်ကြီးမောင်ဦးမှ ပူးတွဲပေးပို့သောအမည်စာရင်းပါ လူ(၂၀)ဦးအား (၂၀) ရက်နေ့က မဲဆောက်သို့စေလွှတ်ခဲ့ပါသည်။အထက်ပါလူများ၏ စာရင်းအား ညီအကိုမောင်နှမများ၏ ဘလော့ဂ်တွင်ဖော်ပြ သတိပေးနိုင်အောင်ပေးပို့အပ်ပါသည်။

(ပြည်သူများအတွက်ရပ်တည်နေသောသူများ..)

အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။


စာရွက်ပေါ်သို့ နှိပ်၍ အကြီးချဲ့ ဖတ်နိုင်ပါသည်။

http://www.ngunngemoe.co.cc/ မှ ကူးယူပါသည် ။

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.