Friday, December 26, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 6 New Entries: နောက်မကျစေနဲ့

နောက်မကျစေနဲ့

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။
ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာ
ချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲ
အထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို့ ဘ၀ကအထီးကျန်လိုက်တာ..။

ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။
ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။

ကောင်လေး - ဘာ game လဲ..။
ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ့ ပေါ့...ဘယ်လိုလဲ..။
ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။

ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။
၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။
သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်လေ..။

၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကို Circusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို
့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ့တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ
့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အို
ကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေး
သတိမထားမိလိုက်ဘူးတဲ့..။


ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။
ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။
၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် bus အတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်း လမ်းကြမ်းတော့ကားကခုန်နေတာပေါ့. .။ အဲဒီမှာ ကောင်မလေးက ကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။

၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီgame ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို့ game ရဲ့နောက်ဆုံးနေ့လေ..။
ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။
မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။
ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။
ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။

မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။
သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။
ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။
သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို့ ကောင်လေးဆေးရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........
သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။

ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ ထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။
ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...
ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။
စာထဲမှာရေးထားတာကတော့........
"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ
ကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ် အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။
gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။ ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။

ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း ၀မ်းနည်းပက်လက်ငိုပါတော့တယ်....။

"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကို အရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။
ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgame လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊
ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေး မင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"

နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။
ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......

------------------------------- ---------------------------------------
------------------------------------------------
ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ... အရမ်းနောက်မကျသွားခင်ပေါ့.........။

၆၁ နှစ်မြောက် မလွတ်လပ်ရေးနေ့ဖိတ်ကြားလွှာ

သန်းရွှေရဲ့ခွေးတွေလာပြီ

စစ်အစိုးရကို တော်လှန်နေသော ညီအကိုမောင်နှစ်မများခင်ဗျာ …

စစ်အအစိုးရမှ ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူများအား ဒုက္ခပေးရသည်ကို အားမရဘဲ ပြည်ပတွင်နေပြီး စစ်အစိုးရကိုတော်လှန်နေသော ညီအကိုမောင်နှမများကိုပါ ဒုက္ခပေးရန် အာဏာရူးကြီးသန်းရွှေ၏ ခိုင်းစေချက် အရ ပြည်ထဲရေးဝန်ကြီး မောင်ဦးမှ ပူးတွဲပေးပို့သော အမည်စာရင်းပါ လူ (၂၀) ဦးအား (၂၀) ရက်နေ့က မဲ ဆောက်သို့ စေလွှတ်ခဲ့ပါသည်။ အထက်ပါ လူများ၏ စာရင်းအား ညီအကိုမောင်နှစ်မများ၏ ဘလော့ဂ်တွင် ဖော်ပြသတိပေးနိုင်ရန် ပေးပို့အပ်ပါသည်။

ဘန်ကီမွန်း တင်ဆက်မယ့် မြန်မာ့ရေးရာ ဆပ်ကပ် ပဒေသာ

Internet မှ ဟာသများ

သူများတာဝန်ကို ဆက်ထမ်းနေရတယ်


သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့ တွင် ယောက်ျားတစ်ယောက် ငိုယိုနေသည်။
နှုတ်မှလည်းပြောသည်။
" သူမသေသင့်ဘူး ၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊
ငါအင်မတန် ကံဆိုးပါလား "
" ဒီဂူမှာ ခင်ဗျားရဲ့ အဖေ ဒါမှမဟုတ် သားကို မြုပ်ထားတာလားဗျာ "

" ဟင့် အင်း၊ ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျား"


ဝါရင့် ကားမောင်းသမား


ခရီးသည် အဘိုးကြီးတစ်ဦး တက္ကစီ စီးလာသည်။
ကားမောင်းသမား ကို စပ်စုပြီး သူကမေးသည်။
" စိတ်မရှိပါနဲ့ ငါ့ တူ ၊ သိချင်လို့ ပါ ၊ တကယ်လို့ ငါ့ တူ အရက် ၀မ်းပက်
သေက်ထားရင် ကားမောင်းနိုင်ပါ့ မလား "
" မောင်းနိုင်တာပေါ့ ဗျာ "
" တူးပက်သောက်ထားရင်ကော"
" ဒါလည်းမောင်းနိုင်မှာပဲ"
" အင်း၊ ငါ့ တူကို ကြည့်ရတာ ပထမတန်းစား ကားမောင်းသမားနဲ့ 
တူတယ်၊ ဒါနဲ့  ဖန်ခွက်တစ်ခွက်အပြည့် သောက်ထားရင်ကော "
တက္ကစီသမား စိတ်တိုလာသည်။
" အဓိပ္ပာယ်မရှိတဲ့  မေးခွန်းတွေကို ဘာလို့ မေးနေရတာလဲ အဘိုးကြီး၊
အခုမောင်းနေတာ မြင်တယ်မဟုတ်လား "
( P.S - အစ်ကိုတော်များ အတွက်ရည်ညွှန်းသည်)

 

သတင်းသုံးခု

ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

အမေတာဝန်ယူတယ် ….
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "

 

ဒါကို ပိုနှမြောတယ် …

ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။
သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ ပြန်လာကြသည်။
အရာရှိက တစ်ယောက်ချင်းစစ်သည်။ သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင်
ဝီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။ အိပ်ထောင့် ထဲ ထည့်ရန် လုံးဝပင်
စိတ်မကူးဘဲ ယခုကဲ့ သို့ ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။
" ဟေ့  ရပ်လိုက်စမ်း "
သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ
ဝိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်ဆိုးသဖြင့် အရာရှိက
အောက်ပါအတိုင်း အောက်ပါအတိုင်းပြောလိုက်သည်။
" ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။ အဲ့ ဒီအချိန်အတွင်းမှာ
ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း တစ်၊ နှစ်၊ သုံး "
" ဗလွမ်း ၊ ဗလွမ်း "
အရာရှိ မျက်လုံးဖွင့်လိုက်သည်။
"အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ "
သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက အံသြတကြီးမေးသည်။
" ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "


မှန်လိုက်လေ

လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော

ပါးစပ်ကပဲ ပြန်ထုတ်တာ"

သြော်

" သမီးနဲ့ ဈေးဝယ်တောင် အတူတူ မသွားရဲ ပါဘူးရှင်။ သမီးချောချောမွေးမိတဲ့ ဒုက္ခ တော်တို့ သိမှာမဟုတ်ပါဘူး"

" သဘာဝပဲလေ ဆီဆက်ပိုင်ရှင်ကြီးရယ်။ဝိုင်းဝိုင်းလည်နေလို့ စိတ်ညစ်နေတာပေါ့ ။"

" ၀ိုင်းဝိုင်းလည်နေတာ စိတ်မညစ်ပါဘူးနော်။ လမ်းထောင့် က သူဌေးက ယောက္ခမကြီးလို့ ခေါ်ခေါ်နေတာ

စိတ်ညစ်တာ"

" သူဌေးကခေါ်တာများ "

" အို…သူ့ အသက်က ကျုပ်ထက်သုံးနှစ်ပိုကြီးတယ်တော့ "


ဒေါ်ဒေါ်ပဲဆုံးဖြတ်ပါ

ကောင်လေးနဲ့ ကောင်မလေး ပန်းခြံထဲမှာ စကားထိုင်ပြောနေကြတုန်း ကောင်မလေးရဲ့ အမေရောက်လာပြီး …

" ကဲပြောစမ်း …။ မင်းငါ့ သမီးကို ဘာတွေပြောနေတာလဲ။ ဖြားယောင်းသွေးဆောင်နေတာမဟုတ်လား"

ဒီတော့ ကောင်လေးက " မဟုတ်ရပါဘူးဒေါ်ဒေါ် သူကချည်းပြောနေတာပါ"

 

လုပ်အားခ

အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ တစ်ခုနှင့် တစ်ခု

ရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။ မန်နေဂျာက အကြံရပြီး အနီးရှိ ထောင်တစ်ခု၏

ထောင်ပိုင်ထံ ဖုန်းဆက်ပြီး မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော ထောင်ကျအကျဉ်းသား

ရှိပါက စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။ မကြာမီ ထောင်ဝါဒါတစ်ဦးနှင့် အတူ

အကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင့် မီးခံသေတ္တာကို ပြလိုက်သည်။ အကျဉ်းသားက

နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ဖဏအကြာတွင် မီခံသေတ္တာကို

အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။

မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။

အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော့ ငါးသိန်းရတာပဲ။


အားလုံးသဘောတူရင်

သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။

ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး

သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။

ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။

ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။

တို့ အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"

ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။

" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"


စဉ်းစားပါဦး

သူမ "ငါနိုင်ငံခြားသွားမလို့ "

သူငယ်ချင်း " ဘာလုပ်ဖို့ "

သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "

သူငယ်ချင်း " အတော်ကုန်မှာပဲနော်"

သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "

သူငယ်ချင်း " နှမြောစရာကြီးဟယ်"

သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"

သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်

မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"

 

ပြောချင်လွန်းလို့ 

မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကားအလွန်တတ်ချင်သဖြင့်
အမြဲလေ့ လာလျက်ရှိသည်။ နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ့ လာကျက်မှတ်သည့် အပြင်
အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း မြန်မာစကားအသံထွက်များကို ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။
တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီဒလျှက် မြို့ ထဲသို့ ထွက်လာစဉ် လမ်းလျှောက်လာသော
မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း
ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။ ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို
ထုတ်လျှက် စာရွက်များကိုအပြင်းအထန်လှန်နေသည်။ ကိုရွှေမြန်မာမှာမူ သူ့ ကိုရေးမှတ်သွားကာ ဖမ်းဆီးမည်
ထင်ပြီး ကြောက်လန့် နေ၏ ။ သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍ အားရပါးရအော်လိုက်သံကို
ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရလေသည်။
ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော အောင်မလေးဗျ ဟူသတည်း။

သုံးဆယ့်တစ် နှင့် စပ်စုသူ

အရုးတစ်သိုက်ချောက်ကမ်းပါးနားမှာရပ်ပြီးချောက်ထဲလက်ညိုးထိုးပြီးတော့ သုံးဆယ့်တစ် သုံးဆယ့်တစ်  ဆိုပြီးအော်နေကြတာကိုတွေ့တဲ့ စပ်စုတဲ့သူတစ်ယောက်က သွားမေးတာပေါ့
ဘာလို့လဲ ဆိုတော့အရုးတွေကဘာမှမပြောဘူးသုံးဆယ့်တစ်သုံးဆယ်တစ်ပဲအော်ပြီးလက်ညိုးထိုးနေတယ်ချောက်ထဲကို အဲ့ဒီလူကစိတ်မရှည်တာနဲ့ချောက်ကမ်းပါးနားသွားကပ်ကြည့်တာပေါ့
အဲ့တော့မှအရုးတွေကအဲ့လူကိုတွန်းချလိုက်ပြီး တော့လက်ညိုးဝိုင်းထိုးပြီး သုံးဆယ့်နှစ်သုံးဆယ့်နှစ်  ဆိုပြီး ဆက်အော်နေကြတယ်

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.