Friday, December 26, 2008

[We Fight We Win. -- " More than Media "] 7 New Entries: ကြွေးကြော်သံ

ကြွေးကြော်သံ

၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ဆန့် ကျင်ကြ ။

ဒေါ်အောင်ဆန်းစုကြည်နဲ့နိင်ငံရေးအကျဉ်းသားတွေ

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြ။






Rest of your post

နင်းပြားကတော့ နင်းပြားပါပဲ


December 17, 2008
ဇော်မင်း

၂ဝဝ၆ ခုနှစ်နဲ့ ၂ဝဝ၇ ခုနှစ် ကာလအတွင်း စာရင်းဇယားများအရ အိန္ဒိယနိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ လယ်သမား ပေါင်း ၁၆,၆၃၂ (တသောင်းခြောက်ထောင် ခြောက်ရာသုံးဆယ့်နှစ်) ယောက် ရှိခဲ့သည်။ ထိုသတင်းကို အိန္ဒိယနိုင်ငံမှ နာမည် ကြီး The Hindu သတင်းစာက ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ရေးသားခဲ့၍ သိရှိရသည်။

ထိုကဲ့သို့ မိမိကိုယ်ကိုယ်ကို သတ်သေခဲ့သော လယ်သမား အများစုသည် ပြည်နယ်ငါးခုက ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါ ပြည်နယ်တွေကတော့ မဟာရပ်ရှ်ထရ၊ အန်ဒရာ ပရာဒက်ရှ်၊ ကာနာတာကား၊ မဒရာ ပရာဒက်ရှ်နဲ့ ချက်တီးစ်ဂါး ပြည် နယ်တွေ ဖြစ်ကြသည်။ မိမိကိုယ်ကို သတ်သေခဲ့သူများရဲ့ သုံးပုံနှစ်ပုံသော လူဦးရေဟာ အဲသည့် ပြည်နယ်များက ဖြစ်ကြောင်း တွေ့ရှိရသည်။

မဟာရပ်ရှ်ထရ ပြည်နယ်ကတော့ ၂ဝဝ၆နှင့် ၂ဝဝ၇ အတွင်း သတ်သေသူဦးရေ ၄,ဝဝဝ (လေးထောင်) ကျော် ရှိတာမို့ အများ ဆုံးဟု ဆိုနိုင်သည်။၂ဝဝ၅ ခုနှစ်နဲ့ ၂ဝဝ၆ ခုနှစ် အတွင်းက မိမိကိုယ်ကို သတ်သေခဲ့တဲ့ လယ်သမားပေါင်းဟာ အိန္ဒိယနိုင်ငံမှာ ၁၇,ဝ၆ဝ (တသောင်း ခွန်နှစ်ထောင်နဲ့ခြောက်ဆယ်) ရှိခဲ့တာမို့ ၂ဝဝ၇ မှာနဲ့စာရင် သတ်သေသူ လယ်သမားဦးရေ အနည်းငယ် လျော့ကျသွားသည်ဟု ပြောနိုင်သည်။

၁၉၉၇ ကနေ ၂ဝဝ၇ ဆယ်နှစ်တာ ကာလအတွင်း အိန္ဒိယနိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ လယ်သမားဦးရေ စုစုပေါင်း ဟာ ၁၈၂,၉၃၆ (တသိန်းရှစ်သောင်း နှစ်ထောင်ကိုးရာ သုံးဆယ့်ခြောက်) ယောက် ရှိခဲ့ကြောင်း သည် ဟင်ဒူ သတင်းစာက ထပ်မံဖေါ်ပြထားခဲ့သည်။

အိန္ဒိယအစိုးရဟာ လယ်သမားတွေကို တတ်နိုင်သလောက် တဖက်မှာ ကူညီနေသော်ငြားလည်း လုံလောက်အောင် မကူညီ နိုင်လို့ ဒီလိုအဖြစ်မျိုးတွေကို တွေ့နေရတယ်ဟု သုံးသပ်ကြသည်။ ၂ဝဝ၆ တနှစ်အတွင်း မှာ အစိုးရက လယ်သမား တွေကို ကူညီဖို့ ရူပီးငွေပေါင်း ကုဋေ ၅,ဝဝဝ သုံးစွဲခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ကျယ်ပြောသလောက် မြေယာကို မှီခို လုပ် ကိုင်တဲ့ လယ်သမားများလွန်းတဲ့ အတွက် အားလုံးကို ကာမိစေရန် မတတ် နိုင်ခဲ့။ ထို့အပြင် ကုမ္ပဏီကြီးများ၏ အမြတ်ကိုသာ ကြည့်ပြီး လက်လွတ်စပယ်လုပ်သည့် လုပ်ရပ်များကြောင့် လယ်သမားသတ်သေနှုန်း ဤမျှများပြားရကြောင်း သိရှိရသည်။

ဥပမာအားဖြင့် ဆိုရပါက ကုမ္ပဏီကြီးများက သူတို့အမြတ်ရနိုင်မည့် သီးနှံကို လယ်သမားများအား စိုက်ခိုင်းသည်။ ထို့အတွက် လယ်သမားများ လိုအပ်သော ထွန်စက်၊ မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် အခြားကုန်ကျစရိတ်များ အတွက် ငွေထုတ်ချေးသည်။ သို့သော် ဈေးချိုချိုနှင့် ပေးသည်တော့မဟုတ်။ တကယ်တန်း သီးနှံထွက်ရှိလာသောအခါ ထင်သလို ဈေးကမရသော အခါများ တွင် လယ်သမားများ အကြွေးတင်ကြတော့သည်။ မြတ်သည့်နှစ်များလည်း ရှိသည်။ မြတ်သူများလည်းရှိသည်။ အရင်းလောက် ပဲ ပြန်ရသူများလည်း ရှိသည်။ အထွက်ကောင်းသော်လည်း နိုင်ငံတကာ ဈေးကွက်တွင် သီးနှံဈေးကောင်းမရသည့် နှစ်များ လည်း ရှိသေးသည်။ မိုးခေါင်၍ ရေကြီး၍ အထွက်နှုန်း ကျဆင်းတာမျိုးလဲ ရှိသေးသည်။ ဒီကြားထဲ ယူထားသော ငွေများအတွက် အတိုးကလည်း တဖက်မှာ ပိလာသည်။ နောက်ဆုံးတွင် တင်ရှိလာသော အကြွေးများကို ပြန်ဆပ်ရန် ခက်ခဲလာတော့၏။ ထိုအချိန်မျိုးတွင် ကိုယ့်ကိုယ်ကို သတ်သေသူ လယ်သမားများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ အိန္ဒိယလယ်သမားတွေ စိတ် ဓာတ်ပြင်းထန်လို့ သတ်သေကြသည်လား (သို့) စိတ်ဓာတ်ပျော့ကြလို့ သတ်သေကြတာလား ဆိုတာတော့ မပြောတတ်။

ကုမ္ပဏီကြီးများ ဤလမ်းစဉ်ကိုသုံး၍ လယ်သမားများကို သူတို့လိုသည့် သီးနှံကိုသာ စိုက်ခိုင်းခြင်းသည် ဥပဒေကြောင်းအရ လုပ်ခြင်တိုင်း လုပ်ခွင့်မရှိပေ။ သို့သော် ပြည်နယ်အတွင်းရှိ အာဏာပိုင် များကလည်း ကုမ္ပဏီကြီးများထံမှ လာဘ်ငွေများ ယူထားသောကြောင့် ဖြစ်ပျက်နေသည်များကို မျက်နှာလွှဲထားသည်။ ဒီမိုကရေစီရှိသော လွတ်လပ်သော နိုင်ငံဖြစ်သော် လည်း ငွေကြေးခြစားမှု ကြီးမားလွန်းခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်။ လူဆင်းရဲတို့ကို ပိုလို့ ဆင်းရဲ စေ သည်။

ဒီမိုကရေစီလည်းမဲ့၊ လွတ်လပ်မှုလည်းမရှိ၊ အကူအညီလည်းမရ၊ လာဘ်စားတာကလည်း နေရာတိုင်း၊ အုပ်စိုးသူ အဆင့်ဆင့် ကိုလည်း ကြောက်နေရသော မြန်မာပြည်လိုမျိုးမှာတော့ လယ်သမားများ ခွေးလှေးကြမ်းပိုး အဆင့်သို့ ရောက်ကြရသည်မှာ မဆန်း။

အိန္ဒိယဗဟိုအစိုးရက ၂ဝဝ၆ ခုနှစ်အတွင်း လယ်ယာ စိုက်ပျိုးရေးကဏ္ဍ အတွက် ရူပီးငွေ ကုဋေပေါင်း ၅,ဝဝဝ ကူညီခဲ့သည်။ မြန်မာစစ်အစိုးရက မြန်မာ့လယ်ယာ စိုက်ပျိုးရေးဏ္ဍအတွက် ၂ဝဝ၆ နှင့်၂ဝဝ၇ အတွင်း ဘယ်ရွေ့ဘယ်မျှ ကူညီပံ့ပိုးပေးခဲ့ သည် ကို မည်သူများ ကြားဖူးပါသနည်း။ နိုင်းယှဉ်ကြည့်နိုင် စေရန်ဖြစ်သည်။

ပြောပါဦးမည်။ တနေ့က မြန်မာပြည်မှ လယ်သူမကလေး တဦးကို သတင်းကုန်ကြမ်းအတွက် အင်တာဗျူးခဲ့သည်။ ထိုမိန်းကလေးသည် အသက်နှစ်ဆယ်သာ ရှိသေးသည်။ ထိုင်းနိုင်ငံတွင် ကလေးထိန်းထမင်းချက် အဖြစ်လာရောက်၍ လုပ်ကိုင်နေခြင်းဖြစ်သည်။ သူမမိဘများသည် သထုံနယ်ထဲကဖြစ်၍ လယ်ပိုင်များဖြစ်သည်။ လယ်လေးငါးဧက ပိုင်သော အသေးစားလယ်သမားများ ဖြစ်သည်။ ကိုယ်ပိုင်လယ် ရှိသားနဲ့ ဘာကြောင့် ထိုင်းနိုင်ငံမှာ လာလုပ်နေတာ လည်းဟု မေးမြန်း မိသည်။

လယ်လုပ်ငန်းက အမြတ်မရှိတာ ကြာပါပြီဟုဆိုသည်။ အကြွေးမတင်ဘဲ စားလောက်ရုံ အခြေအနေ ရှိသည်ဆိုလျှင်ပင် သူတို့ အနေနှင့် ထိုင်းနိုင်ငံလာ၍ အလုပ်လုပ်စရာ မလိုပါဟု ဖြေသည်။ လယ်က လုပ်ရင်းလုပ်ရင်း ရှုံးနေသည်ဟု ဆိုသည်။ ဘယ် ကမှလည်း အကူအညီမရရှိပါတဲ့။ တင်လာသည့် အကြွေးများကို ပြန်လည်ဆပ်နိုင်ရန် တခုတည်းသော နည်းလမ်း ကတော့ ထိုင်းနိုင်ငံကို လာ၍အလုပ်လုပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သူတို့ ညီအမနှစ်ယောက် မိဘ နှစ်ပါးနှင့် လူမမယ် မောင်လေးများကို ရွာတွင် ထားရစ်ခဲ့၍ သူတပါးနိုင်ငံတွင် ကျွန်လာခံနေရခြင်း ဖြစ်သည်။

မြန်မာပြည်တွင် လယ်လုပ်တုံးက နေ့စဉ်ဝင်ငွေသည် ကျပ်နှစ်ထောင်ခန့်သာရှိသည်ဟု ဆိုသည်။ ဤသို့ဆို၍ တလကို လယ် သူမတဦး အနေဖြင့် ကျပ်ခြောက်သောင်း ဝင်သည်ဟု တွက်၍မရဟုလည်း ရှင်းပြသည်။ အချို့လများတွင် တလလုံးဝင်ငွေသည် ငါးသောင်းအောက်မှာ ဖြစ်နေတတ်သည်ကိုလည်း ရင်ဆိုင်ကြရသည်။ အခုထိုင်းနိုင်ငံတွင် အလုပ်လုပ်၍ ရသော ဝင်ငွေသည် မြန်မာပြည်နှင့် နှိုင်းစာပါက ပို၍များသလို လစဉ်ဘယ်လောက် ဝင်သည်ဆိုသည်ကို ဘိုင်သေထား၍ တွက်လို့ရသည်ဟု ဆို သည်။ ကလေးထိန်း ထမင်းချက်အလုပ်ဟု ဆိုသော်လည်း ထိုမိန်းကလေး၏ တလဝင်ငွေသည် မြန်မာကျပ်ငွေဖြင့် တွက်မည် ဆိုပါက တလတွင် ကျပ်နှစ်သိန်းခန့် ရှိနေသည်။ ထို့ကြောင့် မြန်မာပြည်တွင် လယ်လုပ်ခြင်းထက် ပို၍အဆင်ပြေသည်ဟု ရှင်းပြလေသည်။

အဆိုပါ လယ်သူမကလေး၏ မိဘများသည် လယ်ပိုင်များဖြစ်သည်။ သူတို့တောင်မှ အကျပ်အတည်း ကြီးသောကြောင့် ထိုင်း နိုင်ငံတွင် အလုပ်လာလုပ်နေရသည်။ လယ်တကွက်မှ မပိုင်သော စာရင်းငှားများ အတွက်ကတော့ စဉ်းစားစရာ တောင် မလိုတော့။

ဤတွင် တချက်စဉ်းစား မိသည်ကတော့ မြန်မာပြည်မှာကော လယ်သမားများ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး ရှိနိုင်သလား ဆိုသည့် အချက်ပင်ဖြစ်သည်။ ရှိနိုင်သည်။ အိန္ဒိယလောက် မများလျှင်သာနေမည်။ သို့သော် သတင်း မှောင်ချထားသော နိုင်ငံ တွင် ဘယ်သူတွေ ဘာဖြစ်နေသည်ကို ဘယ်လိုလုပ်၍ အတိအကျ သိနိုင်မည်နည်း။ အိန္ဒိယ မှာက ဒီမိုကရေစီရှိ၍ သတင်းလွတ် လပ်သော နိုင်ငံဖြစ်၍ သတင်းစာများက အခုလို အတိအကျ ပွင့်ပွင့်လင်းလင်း ရေးသားတင်ပြ နိုင်ခြင်းဖြစ်သည်။ အဆိုးထဲက အကောင်းရှိနေသေးသည်။

မြန်မာပြည် ဆိုတာကလည်း အခုအထိ လယ်ယာမြေကို အမှီပြု၍ အသက်မွေးနေရသည့် လူဦးရေက အများစု ဖြစ်နေ သေး သည်။ လယ်သမား လူတန်းစားတို့ ပိုလို့ဆင်းရဲ လာကြသည် ဆိုတာကတော့ မကြားခြင်မှအဆုံး။ သို့သော် ပွင့်လင်းသော စနစ်မရှိသောကြောင့် ဘာကြောင့်ဆင်းရဲသည်။ ဈေးကွက်အတွင်း ဘယ်လို ရင်ဆိုင်နေရသည်။ သူတို့ကို ဘယ်လိုအကူ အညီ မျိုးပေးနေသည် စသဖြင့် ဘာတခုမှ မကြားရပါ။

ပွင့်လင်းမှုမရှိသော စနစ်အောက်တွင် ပိတ်ဆို့နေသော ထုထည်သည် ကြီးလှသောကြောင့် အလင်းတစကိုပင် မြင်ရန် ခက်ခဲ လှသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၇ ရက် ဒီဇင်ဘာလ ၂ဝဝ၈ ခုနှစ်

Cry Land မှ Smile Land သို့ အခမဲ့














-မြတ်စိုး-

အပြုံးတွေ ဝေဆာနေသော တိုင်းပြည် ကို အခမဲ့သွားလို့ရပါပြီ လို့ အဲအေရှ လေကြောင်းလိုင်း က ကြေညာသွား တာကို သတင်းစာမျက်နှာတွေမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖတ်လိုက်ရပါသည်။ အပြုံးတွေ ဝေဆာနေသော တိုင်းပြည်ဆိုတာက ထိုင်းနိုင်ငံ ကို ဆိုလိုတာပါ။ ထိုင်းနိုင်ငံ ၌ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းဟာ စီးပွားရေး၏ အရေးပါသော ကဏ္ဍ ဖြစ်ပါသည်။ ထိုင်းကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဌာန၏ အဆိုအရ ၂၀၀၇ ခုနှစ်မှာ နိုင်ငံခြားသားခရီးသည် ၁၄.၈ မီလီယံ ခန့် ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ၁၅.ရ သန်း ကျော် ရှိလိမ့်မယ်လို့ ခန့်မှန်း တွက်ဆ ထားခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း မှ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၅.၃ ဘီလီယံ ( ထိုင်းဘတ် ငွေ ၅၄၇ ဘီလီယံ) ၀င်ငွေရှိခဲ့ပါသည်။ ဒီဝင်ငွေဟာ ထိုင်းနိုင်ငံ အမျိုးသား ကုန်ထုတ်လုပ်မှု စုစုပေါင်း၏ ၆ ရာခိုင်နှုန်းကျော်မျှ ရှိပါသည်။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသည်များ အတွက် ပြည်တွင်းခရီးစဉ် ၈၂ မီလီယံ ရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ်မှာ ပြည်တွင်းခရီးစဉ် ၈၃ မီလီယံ ရှိကြလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြသည်။

ဒီလို စီးပွားရေး အတွက် အရေးပါသော ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ နိုင်ငံတကာ လေဆိပ် များ၌ ရက်သတ္တပတ်တပတ်ကြာ အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများ ကြောင့် ငွေကြေး မြောက်များစွာ ထိခိုက် နစ်နာခဲ့ကြရသည်။ နိုင်ငံတကာမှနိုင်ငံခြားသား ခရီးသွား ၃၅၀,၀၀၀ ကျော်ဟာ လေဆိပ် တွေမှာ ပိတ်ဆို့ ခဲ့မှုကြောင့်၊ ခရီးသွားလာမှုနှောင့်နှေးခဲ့ရပြီး၊ အတော်လေးစိတ် အနှောက် အရှက် ဖြစ်ခဲ့ရပါသည်။ ထို့အတူ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြရသော စီးပွားရေးလုပ်ငန်းတွေလည်း ငွေကြေး မြောက်များစွာ ထိခိုက်နစ်နာ ခဲ့ရသည်။

ဒီလို ထိခိုက်နစ်နာခဲ့ရသော ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကို ပြန်လည်ဦးမော့ လာအောင် ပြုလုပ်ဖို့အတွက် အဲအေရှလေကြောင်းလိုင်းက လက်မှတ် ၁၀၀,၀၀၀ ကို ထိုင်နိုင်ငံသို့ အခမဲ့ စီးနှင်းခွင့်ပြု မယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကကြေညာခဲ့ပါသည်။ အဲအေရှလေကြောင်းလိုင်းက ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နှင့် တရုတ် နိုင်ငံများမှ တဆင့် ထိုင်းနိုင်ငံသို့ ဇန္န၀ါရီ ၆ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့ အတော အတွင်း အခမဲ့ စီးနှင်းခွင့် ပြုသွားမယ်လို့ကြေညာသွားပါသည်။ ထိုင်းနိုင်ငံ သို့ ဒီရက်အတွင်း အခမဲ့ စီးနှင်းခွင့်ပြုရာမှာ ထိုင်း ပြည်တွင်းခရီးစဉ်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ အဲအေရှ လေကြောင်းလိုင်းဟာ တရုတ်၊ ထိုင်းနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများ သို့ တပတ်လျှင် ခရီးစဉ် ၄၀၀ ကို ပျံသန်း ရာတွင် ထိုင်းနိုင်ငံသို့ တပတ်လျှင် ခရီးစဉ် ၃ရ၈ ကို ပျံသန်းလျှက်ရှိတာကြောင့် ၊ လေကြောင်းလိုင်း၏ စီးပွားရေးလုပ်ငန်း ဟာ ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းပေါ်မှာ အများကြီး မှီခိုနေတာကြောင့် ဖြစ်ပါသည်။

ဒီလို လက်မှတ် ၁၀၀,၀၀၀ ထိုင်းနိုင်ငံသို့ အခမဲ့ စီးနှင်းခွင့်ပြုသွားမည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လှုံ့ဆော်သည့် လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းကို ပြန်လည် ဦးမော့လာစေလိမ့်မယ်လို့ အဲအေရှလေကြောင်းလိုင်း အကြီးအကဲ တိုနီဖါနန်းဒက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါသည်။

အပြုံးတွေ ဝေဆာနေသော တိုင်းပြည်၏ အခြားတဖက် (သို့) Smile Land မှ Cry Land သို့

၁၉၉၆ ခုနှစ်မှာ မြန်မာနိုင်ငံမှာ န၀တစစ်အုပ်စုက "Visit Myamar year" ဆိုပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကို လှုံ့ဆော်သည့် လှုပ်ရှားမှုတွေကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။ သို့သော်လည်း န၀တစစ်အုပ်စု မျှော်မှန်း ထားသလို အောင်မြင်မှု မရှိဘဲ၊ အရှက်တကွဲ အကျိုးနည်းမှုနဲ့ ကြုံတွေ့ခဲ့ရပါသည်။ မြန်မာပြည်ကို လာရောက် လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသွားတွေ၏ အဆိုအရ Visit Myamar year ဟာ ကြောက်မက်ဖွယ် အိပ်မက် ဆိုး တခုလို ခံစားခဲ့ရတယ်။ ကျနော်
မြန်မာပြည်ကို သွားရောက် လည်ပတ်ခဲ့သော ကမ္ဘာလှည့် ခရီးသွားတွေ နဲ့ တွေ့ဆုံးစဉ် သူတို့ရဲ့ အတွေ့အကြုံ ကို အခုလိုကြားသိခဲ့ရပါသည်။

သူတို့ရဲ့ အတွေ့ အကြုံအရ ၇ နာရီသွားရမဲ့ ခရီးစဉ်ဟာ ၁၄ နာရီလောက် အချိန်ပေးခဲ့ရတယ်။ မြို့ တွင်း ပြေးဆွဲနေသော အများပြည်သူ စီးနင်းသည့် ယာဉ်တွေဟာလည်း အိုးမင်းဟောင်းနွမ်းနေပြီး၊ မြန်မာဘာသာ ဖြင့်သာ ရေးသားထားသောဘက်စ်ကား နံပါတ် တွေ၊ ခရီးသွားလမ်းညွှန်တွေလည်း မြန်မာဘာသာဖြင့်သာ ရေးသားထားတာကြောင့် ဘယ်ကားစီးရမှန်းမသိ၊ ဘယ်ကို ရောက်မှန်းမသိ၊ ဘယ်လိုသွားရမှန်းမသိဘဲ၊ အခြားဂြိုလ်ကမ္ဘာတခုကို ရောက်သွားသလိုခံစားခဲ့ကြရတယ် လို့ ပြောပြခဲ့ကြသည်။ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေဟာ မြေပုံလမ်းညွှန်တွေကို အင်္ဂလိပ်လိုဖော်ပြရေးသားထားတာကြောင့် ဘယ်နေရာကို ဘယ် ဘက်စ်ကား စီးရင် ရောက်မယ်ဆိုတာ အလွယ်တကူသိနိုင်ကြပေမဲ့ ၊ မြန်မာပြည်မှာတော့ တော်တော် လေး ကို အခက်အခဲ ရှိခဲ့ကြတယ်လို့ ပြန်ပြောပြတာ ကြားခဲ့ရသည်။ မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့ မှာ တောင် တချို့တည်းခိုခန်းတွေမှာ လျှပ်စစ်မီး မကြာခဏဆိုသလို ပြတ်ခဲ့မှုတွေကြောင့် ၊လေအေးစက် မလာဘဲ ပူပြင်းတဲ့ ရာသီဥတုကို သာ ခံစားခဲ့ကြရတယ်။

ကမ္ဘာလှည့် ခရီးသွားတွေဟာ သူတို့ သွားလည်တဲ့ နိုင်ငံရဲ့ ပညာရေး၊ကျန်မာရေး အဆင့်အတန်းကို အကြမ်းဖျင်း သိရှိချင်ရင် ထိုတိုင်းပြည်ရှိ အများသုံအိမ်းသာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ယေဘူယျ အားဖြင့် ပြောလေ့ရှိကြတယ်။ မြန်မာနိုင်ငံမှာတော့ မြို့တော် ရန်ကုန်မှာတောင်အများသုံး အိမ်သာတွေကိုလဲ ရှာရ မလွယ်သလို၊ ရှိတဲ့ အများသုံးမြေအောက် အိမ်းသာတွေကလည်း ထိမ်းသိမ်းရှောက်မှု မရှိသည့်အတွက် ညစ်ပတ်နံစော်နေတာတွေ့ခဲ့ရတယ်လို့ သိရသည်။ ခရီးစဉ်တချို့မှာ ကမ္ဘာလှည့်ခရီးသွားတွေ ကို နောက်က အမြဲတမ်း လိုက်ပါစောင့်ကြည့်နေသည့်အတွက် ကမ္ဘာလှည့်ခရီးသည်များစိတ်အနှောက်အရှက်ဖြစ်ခဲ့ကြပါသည်။ တချို့ ကမ္ဘာလှည့်ခရီးသွားတွေဟာ မြန်မာပြည်မှာ လည်ပတ်ခွင့် ဗီဇာ ၁ လ ရ ရှိခဲ့သော်လည်း ၃ -၄ ရက် နဲ့ ဘန်ကောက်သို့ ပြန်ပြေးသွားကြရသည်။

၁၉၉၆ မြန်မာ့ခရီးသွားနှစ် တွင် ရန်ကုန် နှင့် မန္တလေးမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကျနော့်သူငယ်ချင်း ဂျိုး၊ ပေါလ်၊ ဂျိမ်းစ် နှင့် ဘရမ်ဒါ တို့ကို ဘန်ကောက်၌ ပြန်လည်ဆုံတွေ့စဉ်၊ မြန်မာပြည်၏ ထူးခြားသော အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်။ မြန်မာပြည် အလည်အပတ် ခရီးစဉ်မှာ ဘာတွေ ထူးထူးခြားခြား တွေ့ခဲ့သလဲလို့ ကျနော် မေးခဲ့တယ်။ သူတို့ က မြန်မာပြည်မှာ ထူးခြားတာတွေ့ခဲ့တာကတော့ " Pagodas နဲ့ Soldiers" ကို သူတို့သွားခဲ့တဲ့မြို့ တိုင်းမှာ တွေ့ခဲ့ရတယ်လို့ ရီသွမ်းပြောဆို ခဲ့ကြပေမဲ့၊ မြန်မာလူမျိုးတယောက် ဖြစ်တဲ့ ကျနော်အတွက်ကတော့ ငိုရခက်ခက်၊ ရီရခက်ခက်ဖြစ်ခဲ့ရပါသည်။ မှန်ပါသည်။ တကယ်တော့ အပြုံးတွေဝေဆာနေသော တိုင်းပြည် ဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ အခြားတဖက်မှာ ငိုကြွေးနေသောတိုင်းပြည် ဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ အခြေအနေမှန်တွေကို သူတို့ တွေ့ရှိသွားခဲ့ကြတာပါဘဲ။

ဒါဟာ န၀တစစ်အုပ်စု၏"Visit Myamar year" မအောင်မြင်ရတဲ့အကြောင်းအရင်းခံတွေကို စာဖတ်သူတွေကို ကျွန်တော် ရှာဖွေလေ့လာထားသ၍ ဝေမျှတာပါ။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ မင်္ဂလာဒုံလေဆိပ် ဟာ အရှေ့တောင်အာရှ၏ တံခါးပေါက် သဖွယ်ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ ကနေတဆင့် တခြားနိုင်ငံတွေ ကို ခရီးဆက်ခဲ့ကြတယ်။ အခုတော့ မြန်မာနိုင်ငံ၏ မင်္ဂလာဒုံလေဆိပ်ဟာ စတုဒီသာကျွေးတဲ့ အလှူမဏ္ဍပ်သာသာ အဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီလို့ ........


Rest of your post

ဂျပန် ဘုရင် ကြီး အာကီဟီတို ၇၅ နစ်မြောက်မွေးနေ့ ကျင်းပ












ဂျပန် ဘုရင် ကြီး အာကီဟီတို ၇၅ နှစ်မြောက် မွေးနေ့ပွဲ ကို ဒီဇင်ဘာလ၂၃ ရက် နေ့ က ဂျပန်နိင်ငံတိုကျိုမြို့ နန်းတော်မှာ စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ပြည်သူလူထုက သူ့ကို ဆုမွန်ကောင်းတောင်း နေကြပုံကို တွေ့ မြင်ရပါတယ်။ မြန်မာပြည်က ဘုရင် ရူးကတော့ သူမွေးနေ့ က ဘယ်နေ့ မှန်းတောင် လူထုက မသိကြဘူး။

ကံဆိုးလှတဲ့မြောက်ကိုးရီးယား ဒုက္ခသည်များ

မြောက်ကိုရီးယား လူမျိုး ဒုက္ခသည် ၁၉ ဦးဟာ မြန်မာ နယ်စပ်မှာ ဒီဇင်ဘာ ၂ရက် က တာချီလိတ်မြို့ မှာ အဖမ်းခံရပါတယ်။ သူတို့ ကို တရားမ၀င်ခိုးဝင်မှုနဲ့ စစ်အစိုးရက ဖမ်းဆီးထားပါတယ်။ တာချီလိတ်မြို့ က ရန်ကုန်ကနေ မိုင် ၃၇၅ မိုင်ဝေးပါတယ်။ လူဝင်မှုဝန်ထမ်း အရာရှိတဦး အဆိုအရ ဒီလူတွေဟာ ထောင် ၂ နှစ်ကနေ ၃နှစ်လောက် အထိတော့ကျခံနိင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ခိုးဝင်လာတဲ့ ဒုက္ခသည် ၁၉ ဦးမှာ ၁၅ ဦးက မိန်းမ တွေ ဖြစ်နေပါတယ်။ ကင်ယောင်အီး အစိုးရထံမှာ လွတ်မြောက်ဖို့ အတွက် နစ်စဉ် မြောက်ကိုး ရီးယား လူမျိုး ၁၀၀ လောက်ဟာ တရုပ်နိင်ငံကို ဖြတ်ပြီး ထွက်ပြေးလေ့ရှိတယ်။ သူတို့ က တောင်ကိုရီးယားနိင်ငံ ဆိုလ်းမြို့ သို့ မဟုတ် ထိုင်းနိင်ငံ ဘန်ကောက်မြို့တွေမှာ ခိုလှုံဖို့ ကြိုးပန်းသူတွေဖြစ်ပါတယ် လို့ လူအခွင့်အရေး အဖွဲ့ တွေ ကဆိုပါတယ်။


တောင်ကိုရီးယား အစိုးရကတော့ဘန်ကောက်၊ မွန်ဂိုးလီးယားနဲ့ ရုရှား မှာ ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ မြန်မာ အစိုးရတာဝန်ရှိသူ တဦးကတော့ စီးပွားရေး အကြောင်းပြချက်နဲ့ ထွက်ပြေးလာသူတွေဆိုရင်တော့ တောင်ကိုရီးယားကို လွဲပြောင်းပေးမှာ ဖြစ်ပြီး နိင်ငံရေး အကြောင်းပြချက် ဆိုရင်တော့ မြောက်ကိုရီးယား ကို ပြန်လည်လွဲပြောင်းပေးမယ်လို့ ဆိုပါတယ်။


အောင်လှထွန်း ( ရန်ကုန်- ရိုက်တာ)


လူအခွင့်အရေး အဆိုးဝါး ဆုံး ဖေါက်ဖျက်မှု ဆုကို ဆိုးပေ ( သန်းရွှေ ) နဲ့  မောင်မဲ ( မူကာဘီ ) ပူးတွဲ ရရှိ

နယ်စည်းမခြားဆရာဝန်များ အသင်းက လူအခွင့်အရေးအဆိုးဝါးဆုံးဖြစ်နေတဲ့ ၁၀နိင်ငံစာရင်းမှာ မြန်မာနိင်ငံနဲ့ ဇင်ဘာဘွေနိင်ငံက ပြည်သူကျန်းမာရေးကိုလစ်လျူရှု့ ထားဆုံးပဲလို့ သတ်မှတ်ခံရပါတယ်။ ၁၀ နိင်ငံရာဇ၀င် လူဆိုးစာရင်းထဲမှာတော့ ကွန်ဂို၊ ဆိုမာလီး၊ အီရတ်၊ ဆူဒန် တို့လည်း ပါကြပါတယ်။ ဒီစာရင်းကို တနင်္ဂလာနေ့ က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိင်ငံနဲ့ ဇင်ဘာဘွေနိင်ငံတွေက အစိုးရ အမ်အက်စ်အက်ဖ် ကလူထုတွေကို လုံလောက်တဲ့ဆေးဝါး ကုသမှုမပေးရုံမက ကူညီပေးချင်တဲ့သူတွေကို မကူညီနိင် အောင်လုပ်ကြ တယ်လို့ ပြစ်တင်လိုက်ပါတယ်။

အမ်အက်စ်အက်ဖ် က မြန်မာနိင်ငံမှာ ကိုယ်ခံအားကျဆင်းရောဂါဝေဒနာရှင်တွေကို အဓိက ကူညီပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အစိုးရက သေလုမျောပါဖြစ်နေတဲ့ လူနာတွေကို ပြစ်စလက်ခတ်ထားတယ်။ ထိရောက်တဲ့ ကူညီမှုတွေ မလုပ်ဖူးလို့ ဆိုပါတယ်။ ဇင်ဘာဘွေကလူထုတွေ က တော့ ကာလ၀မ်းရောဂါ ကြောင့် အကြီးအကျယ် ဒုက္ခရောက်နေကြပါတယ်။ အခြေအနေတွေကို အချိန်မှီထိမ်းမှုတွေ မလုပ်တဲ့ မူကာဘီ ကိုပြစ်တင်ကြပါတယ်။

Rest of your post

ဝမ်းနည်းကြေကွဲ မိ ခြင်း

( ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းထွန်းနိင် )


ကျနော်တို့ ရဲ့  Freedom Fighter Bolger ညီအကိုမောင်နှ မတဦး ဖြစ်တဲ့ ကိုမျိုးချစ်မြန်မာ ဖခင်ကြီးအကယ်ဒမီ ဦးထွန်းထွန်း နိင် အချိန်မတိုင်မှီ ကွယ်လွန် သွားရရှာတဲ့အတွက် မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ မိပါတယ်။ အထူးသဖြင့် မိသားစုတကွဲ တပြားဖြစ်နေရချိန်မှာ ၀မ်းနည်ဖွယ်ရာ ဖြစ်ရပ်ကို ကျနော်တို့ ခံစားဖူးတဲ့အတွက် မမေ နဲ့ ကိုမျိုးချစ်မြန်မာ တို့ရဲ့  သောက တွေကို ကျနော် တို့ မျှယူ ပါတယ်။ ခင်ဗျားရဲ့ ဖခင်ကြီးဟာ သူချစ်မြတ်နိုးတဲ့အနုပညာနဲ့ ပြည်သူလူထုကို ရိုးသားစွာ အလုပ်အကြွေး ပြုခဲ့မှုတွေက သူရဲ့ ပရိတ်သပ်တွေ ဖြစ်ခဲ့တဲ့ ကျနော် တို့ကို ထာဝရအမှတ်ရစေ နေ့မှာ ဖြစ်ပါတယ်။ အကယ်ဒမီ ဦးထွန်းထွန်းနိင် ကောင်းရာသုဂတိသို့ လားပါစေ။

မိုးသီးဇွန် နှင့် ရဲဘော်များ





Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.