Friday, December 26, 2008

[mAunG mYo] 1 New Entry: မင်း မဟုတ်တဲ့ မင်း

မင်း မဟုတ်တဲ့ မင်း




တန်ဖိုးကြီးကြယ်တွေသာ
တစ်လုံးပြီးတစ်လုံးကြွေကျ
တစ်လုံးကြွေလို့ တစ်လုံးလူပြန်ဝင်စားခဲ့ရင်
အဲ့ဒီကြယ်က မွေးကတည်းက ရေငုံနှုတ်ပိတ်

ကျခဲ့တဲ့ မျက်ရည်တွေ
စီးတက်မယ်ဆို ပင်လယ်ဖြစ်နေပြီး
ကြမ်းခဲ့ဖူးတဲ့ဘ၀တွေ ဒီ့ထက်ကြမ်းစရာမရှိတော့လောက်အောင်
ကမ္ဘာမီးလောင် သားကောင်းတွေချနင်းခဲ့ရ
ကြားတက်တဲ့နားဆို ငိုသံတွေကို မင်းကြားလိမ့်မယ်

ရင်ခွင်ပျောက်တဲ့ ခလေးတွေရဲ့ မျက်ဝန်း
မင်းသေချာကြည့်ပြီး လိပ်ပြာသန့်နိုင်သလား
ငါးပိရည်နဲ့ အားပြု ငါးပိရည်သာ အဟာရဆိုရင်
မင်းစားနေကျ ဆီးဖူးထော်ပတ်ကို မြိုချလို့ကျသလား

သူရဲကောင်းတွေရဲ့
သံမဏိစိတ်ဓာတ်က နံရံတွေကြားမှာ
ပေးဆပ်သူတို့ ရဲ့
နှလုံးသားနန်းတော်က သံတိုင်တွေနောက်မှာ
နားစွင့်လိုက်စမ်းမှာ ............
အဲ့ဒီက "တောက်"ခေါက်သံပြင်းပြင်းတွေက
ကမ္ဘာမြေတုန်ခါမတက် မြည်ဟီးနေပြီးး

တကယ်တော့ အလင်းရောင်ဆိုတာ
ငါမမွေးခင်တည်းက ရှိမှ မရှိခဲ့တာ
အလင်းရောင်က ဆောင်းတွင်းမီးဖိုလိုနွေးထွေးလား
ညနေခင်း ဆည်းဆာလို လွမ်းမောဖွယ်ကောင်းလား
ကောက်ရိုးမီးလို ခဏလေးပဲ လင်းခွင့်ရှိလားးး
ဘာဆို ဘာမှမသိ

မင်းသာ လူစိတ်ရှိရင်
မင်းသာ ထမင်းစားရင်
မင်းသာ မင်း ပီသရင် .................
ငါတို့တွေ ခုချိန်လောက်ဆို ????
အခုတော့ မင်း က မင်း မပီသတဲ့ မင်း
မင်းကြောင့်
မင်းကြောင့်ဆိုရင် "ကေအေတီ" လို ၀ိဋ်ကြွေးတွေကို
ဘယ်ဆပ်လို့ကုန်မလဲ

ခက်ဆစ်။ ။ မင်း= သက်ရှည်ကျန်းမာလွန်းပြီး မသေနိုင်သော မျောက်အိုကြီး /
ငါ= ပေစောင်းစောင်းကောင်



P>S= ရေးချင်စိတ်ဖြစ်လို့ရေးလိုက်ပါ၏ ဒီလိုမျိုးလေး တစ်ခါခါတော့ ရေးခွင့်ပြုပါး) မနေ့က Hit Counters 60,000 ကျော်၍ ပိတိတွေဖြာပြီး အီးအီးတွေပါ အယ်လေ ဟုတ်ပါဘူး ဗုံးတစ်လုံးဖောက်ပါ၏ :P






You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.