Sunday, November 23, 2008

[ကိုတိုးလေး..............] 1 New Entry: အချစ်

အချစ်

ငါ့မျက်လုံးတွေမှေးစက်ချိန်မှာ
နှလုံးသားထဲမှာ
ပြေးဆော့နေတာ
မင်းရဲ့ပုံရိပ်တွေပါ။

*နှလုံးသွေးတစ်ချက်ခုန်လိုက်တိုင်းမှာ
ငါ့တစ်ကိုယ်လုံးမှာစီးမျောနေတာ
မင်းကိုချစ်တဲ့
ငါ့ရဲ့ဝိဥာဉ်တွေပါ ။

*ငါ့ရဲ့အချစ်တွေကို
မင်းလျစ်လျူရှုတဲ့အခါ
ငါ့မျက်ဝန်းမှာခိုတွဲလာတာ
ဝမ်းနည်းခြင်းရဲ့သက်သေ
နှလုံးသားရဲ့မျက်ရည်တစ်စက်ပါ။

*ငါဝန်ခံပါတယ်ချစ်သူ
မင်းကိုစွဲလမ်းလို့တမ်းတ
ငါ့ရဲ့အလွမ်းညတွေလဲ
ကြာရှည်ခဲ့ပါပြီ ။

*ငါ့ရဲ့ဘ၀ဟာမင်း
ငါ့ရဲ့ညဟာမင်း
ငါ့ရဲ့အရာအားလုံးဟာမင်း
မင်းအတွက်ရှင်သန်တဲ့ငါ
တစ်ကယ်တော့ငါဟာငါမဟုတ်ခဲ့ပါဘူး။

*အသိအမှတ်မပြုရင်တောင်
ကျောခိုင်းမသွားပါနဲ့
မယုံကြည်ရင်တောင်
လျစ်လျူရှုမထားပါနဲ့ချစ်သူ။

*မမြင်နိုင်ရင်တောင်
လှည့်ကြည့်ပေးပါ
မကြားနိုင်ရင်တောင်
နားစွင့်ပေးပါချစ်သူ ။

*အတိတ်တွေကိုစွန့်ခွါ
သာယာတဲ့အနာဂါတ်
ပျော်စရာအိမ်မက်တွေထဲက
တမ်းတခဲ့ငါ့ရဲ့ဧဒင်
ထာဝရှင်သန်နေစေဖို့
မင်းလေးရဲ့မေတ္တာ
အကြင်နာတွေဆောင်ကြဉ်း
ငါ့ဘ၀ကိုလင်းလက်ပေးပါချစ်သူ။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.